Category Archives: News
Updated MMUnicode Embed
ဒီနေ့ ရုံးမှာ MMUnicode Embed အတွက် ထပ်ပြီး update လုပ်ဖို့ စဉ်းစားမိလာတယ်။ မနေ့ညကတည်းက စဉ်းစားမိပေမယ့် ရေးဖို့က ပျင်းနေတယ်။ ရုံးရောက်တော့ လူပျိုကြီးကိုတော့ လှမ်းပြီး အကြောင်းကြားလိုက်သေးတယ်။ ကျွန်တော် ဒီနေ့ comment မှာ ဇော်ဂျီနဲ့ ရိုက်ရိုက် unicode နဲ့ ရိုက်ရိုက် ရိုက်လို့ရအောင် လုပ်တော့မယ်လို့။ တကယ်တန်းတော့ ကျွန်တော် ငပျင်းမို့ပါ။ comment တဲ့သူတွေက unicode နဲ့ ဖတ်ပြီး comment တာတွေကို ဇော်ဂျီ နဲ့ ရိုက်သွားတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းရတာပေါ့။ အဲလို ပြောင်းရတာ ပျင်းလို့ comment ရေးတာတွေကို ဇော်ဂျီနဲ့ ရေးရေး Unicode နဲ့ ရေးရေး ရအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ။
Continue reading
Font Embed problem in Unicode
ဒီနေ့ ရုံးမှာ MMUnicode Embed အတွက် ထပ်ပြီး update လုပ်ဖို့ စဉ်းစားမိလာတယ်။ မနေ့ညကတည်းက စဉ်းစားမိပေမယ့် ရေးဖို့က ပျင်းနေတယ်။ ရုံးရောက်တော့ လူပျိုကြီးကိုတော့ လှမ်းပြီး အကြောင်းကြားလိုက်သေးတယ်။ ကျွန်တော် ဒီနေ့ comment မှာ ဇော်ဂျီနဲ့ ရိုက်ရိုက် unicode နဲ့ ရိုက်ရိုက် ရိုက်လို့ရအောင် လုပ်တော့မယ်လို့။ တကယ်တန်းတော့ ကျွန်တော် ငပျင်းမို့ပါ။ comment တဲ့သူတွေက unicode နဲ့ ဖတ်ပြီး comment တာတွေကို ဇော်ဂျီ နဲ့ ရိုက်သွားတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းရတာပေါ့။ အဲလို ပြောင်းရတာ ပျင်းလို့ comment ရေးတာတွေကို ဇော်ဂျီနဲ့ ရေးရေး Unicode နဲ့ ရေးရေး ရအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ။
Continue reading
Add font embed in my blog
အခု blog မှာ font embed ထည့်ထားပြီးပြီ ဖြစ်တဲ့အတွက် font မရိှတဲ့ သူများလည်း မြင်ရပါလိမ့်မယ်။ RSS မှာလည်း မကြာခင် ထည့်ပေးပါမယ်။ ဒါဆိုရင် RSS မှာ font မရိှတဲ့သူများလည်း မြင်ရမယ်လည်း ထင်တာပဲ။ RSS ကိုတော့ စမ်းရအုံးမယ်။ iOS မှာလည်း မြင်ရအောင် ဖန်တီးပေးထားတယ်။ ဘယ် Mac မှာလည်း မြင်ရအောင်တော့ font embed ထည့်ထားပါတယ်။ အကုန်လုံး အဆင်ပြေအောင် ဖန်တီးပေးရင်တော့ wordpress အတွက် plugin ထုတ်ပေးပါမယ်။ နောက်ပြီး အခြား website တွေအတွက် javascript ထုတ်ပေးပါမယ်။ အခု စမ်းသပ်ဆဲမုိ့ပါ။
Unicode , Zawgyi And Me
အခုကေတာ့ Blog ကို ဇော်ဂျီကနေ Unicode ကို ပြောင်းလိုက်ပြီ။ Converter ကတော့ ကိုယ့်ဘာသာကိုယ် PHP နဲ့ ရေးလိုက်တာပဲ။ ကိုယ့်ဘာသာကိုယ် ရေးထားတာဖြစ်လို့ 100% တော့ မမှန်ဘူးဖြစ်နေတယ်။ ကိစ္စမရှိ။ စာဖတ်သူတွေ ဖြည့်ပြီး နားလည်ပေးမယ်လို့ ထင်ပါတယ်။ Unicode 5.2 stable ဖြစ်သွားပြီလို့ ဆိုတာကြောင့် Unicode ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။
Unicode နှင့် ကျွန်တော်
Unicode ကို ဘယ်တုန်းက စသိသလဲဆိုတော့ မြန်မာ 1 ကတည်းက စသိတယ်ဆိုရမယ်။ အဲတုန်းက ကြားဖူးတာပဲရှိတာ။ Unicode ဆိုတာ ဘာမှန်းမသိ။ နောက်တော့ မြန်မာ 2 ပေါ်လာတာတော့ ကျွန်တော် စသုံးတယ်။ အဲတုန်းက ဇော်ဂျီ ပေါ်ပြီလား မပေါ်သေးဘူးလားမသိဘူး။ သုံးရတာ လုံးဝ အဆင်မပြေ။ ရိုက်ရတာလည်း အဆင်မပြေ။ အချို့ စာလုံးတွေ ရိုက်လို့မရ။ ဒါကြောင့် မြန်မာစာ ရိုက်ဖို့ ဝင်း ကိုပဲ သုံးတော့တယ်။ နောက်တော့ Planet မှာ ဇော်ဂျီ ပြောင်းသုံးပြီဆိုတာနဲ့ font ကို download ချ။ keyboard ကို download ချပြီး သုံးကြည့်တယ်။ ၂၀၀၅ ခုနှစ် နှစ်ကုန်လောက် တုန်းက ထင်တယ်။ အဲတုန်းက forum မှာ တော်တော် အချိန်ကုန်ခဲ့တာ။ ဝင်း နဲ့ အစက ရိုက်နေတာကနေ မြန်မာ English ၂ မျိုး ရိုက်လို့ရတယ်။ ကိုယ် ရိုက်ချင်တဲ့ စာ တော်တော်များများ အေးအေးဆေးဆေး လွယ်လွယ်ကူကူ ရိုက်လို့ရတယ်။ မြန်မာ ၂ ကို ကျွန်တော်အဲတုန်းက နည်းနည်း သုံးသေးတယ်။ ကိုယ့်ဘာသာကိုယ် စာရေးဖို့အတွက် ဟိုစမ်းဒီစမ်း ထင်တယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ကျွန်တော် blog ကို စရေးဖြစ်တာ။ အဲဒီ မတိုင်ခင်က မိုင်မြန်မာလည်း ထွက်ပြီထင်တယ်။ unicode 4.0 ကို အခြေခံထားတာ။ ဇော်ဂျီကတော့ unicode 4.0 နဲ့တော့ တူပေမယ့် လိုနေတာတွေ အကုန်အဆင်ပြေအောင် ထပ်ဖြည့်ထားတာပေါ့။ ဘယ်သူကမှလည်း သုံးပါ ဆိုပြီး အတင်းအကျပ် မခိုင်းပါဘူး။ အဲတုန်းကတော့ Unicode သွင်းပြီး rendering အတွက် တော်တော်လေးကို ခက်ခဲတာ။ တော်တော်လေးဆိုတာ ကျွန်တော် ပြောတဲ့ တော်တော်လေးက ခက်တယ်။ XP မှာ unicode ထည့်ဖို့ သာမာန် End User အနေနဲ့ မလွယ်ပါဘူး။ နောက်ပြီး unicode သွင်းဖို့အတွက် XP windows အခွေလိုတဲ့ အတွက် End User တွေအတွက် မလွယ်လှပါ။ End User တော်တော်များများမှာ Windows ခွေ ကိုယ်ပိုင် မရှိသလို သူတို့အတွက်လည်း လိုတဲ့ အရာလို့ မမြင်ဘူးလေ။
Continue reading
Parallel Universe
Parallel Universe is a javascript that written by Mad Computerist. It can detect zawgyi or unicode. It will force to change css font. So, user can see zawgyi and unicode at the same time. I installed unicode and can’t see all of the zawgyi font in facebook. But I don’t want to force font on browser. Ko Nyein Chan Htwe ( ODF ) told me, why we can’t live in two universe. Why we can’t run parallel universe.
Continue reading
MM Bookmarklet short link
dropbox မှာ တင်ထားတဲ့ bookmarklet link ကို သွားရခက်နေသူများအတွက်
http://bookmarklet.saturngod.net
Creative Ziio
Creative ကလည်း Android Tablet ကို ထုတ်လိုက်ပါပြီ။ ထုတ်လိုက်တာကတော့ မကြာသေးပါဘူး။ Creative ဆိုတာကတော့ စကာင်္ပူရဲ့ အထင်ကရ company တစ်ခု ဆိုလည်း မမှားပါဘူး။ အထူးသဖြင့် speaker တွေနဲ့ ပတ်သက်ပြီး နာမည်ရှိတဲ့ Brand လို့ဆိုနိုင်ပါတယ်။ ကျွန်တော် Nook Color ကို order မှာပြီး ၃ ရက်အကြာလောက်ထင်တယ်။ တော်တော်လေး မကျေမနပ်ဖြစ်သွားရတဲ့ Product လို့ဆိုရမယ်။ စျေးနှုန်းကလည်း 8 GB ကို S$360 ပဲ ပေးရတယ်။ အခု အချိန် မြန်မာငွေ ပေါက်စျေးနဲ့ဆိုရင်တော့ ၂ သိန်းခွဲလောက်ပဲ ရှိပါတယ်။ ၇ လက်မ ဖြစ်တဲ့အတွက် စာဖတ်လို့လည်း အဆင်ပြေပါလိမ့်မယ်။ 16 GB ကိုတော့ S$390 ပေးရပါတယ်။ တကယ်လို့ ၇ လက်မ သေးလို့ ၁၀ လက်မ လည်းရှိပါသေးတယ်။

Continue reading


