Joomla Day ကို မန်းမှာ လုပ်မယ်လို့ ဆိုပါတယ်။ Joomla Day က ဘာလဲဆိုတာကိုတော့ ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံက Joomla ဝါသနာရှင်တွေ ပညာရှင်တွေ အတူတကွ တွေ့ဆုံဆွေးနွေးကြမယ့် ပွဲဆိုလည်း မမှားပါဘူး။
Category Archives: News
Zawgyi iPad Keyboard on cydia
http://cydia.macforus.com မှာ ဇော်ဂျီ iPad Keyboard ရပါပြီ။ os 4.2 အတွက်သာ ဖြစ်ပါသည်။ 3.2 အတွက် မရပါ။ Zawgyi Keyboard iPad 4.2 ကို install လုပ်ပါ။ respring လုပ်လိုက်ပါ။ (cydia တွင် respring လို့ ရှာပြီး သွင်းလိုက်လျှင် respring app ရမည်) သို့မဟုတ် restart လုပ်လို့လည်းရပါသည်။
Setting -> Keyboard -> Myanmar ကို ရွေးပေးလိုက်ပါ။
keyboard က ကိုဝေဖြိုးလင်းပဲရေးထားတာပါ။
Zawgyi Keyboard 4.1 Now Available on Cydia
cydia က http://cydia.macforus.com source မှာ ကိုဝေဖြိုးလင်းရဲ့ zawgyi keyboard တင်ပြီးပါပြီ။ Zawgyi Keyboard iOS 4.1 ကို နှိပ်ပြီး install သွင်းနိုင်ပါတယ်။ Thai keyboard တော့ ပျောက်သွားမယ်ထင်ပါတယ်။ iphone 4.2 အတွက်တော့ အခြား နောက်တစ်ယောက်ပြန်ပြင်ပေးထားတာရှိပါတယ်။ အခု ကိုဝေဖြိုးလင်း iPad Keyboard ကို ရေးနေတယ်လို့လည်း ပြောပါတယ်။ ကျွန်တော်ကတော့ လက်ရှိ ရေးထားတဲ့ keyboard project ကို close လုပ်လိုက်ပါပြီ။ ဆက်လက်ပြီး ထုတ်တော့မှာ မဟုတ်။ ဟိုနေ့က စမ်းထားတဲ့ alpha version နဲ့တင် stop လုပ်လိုက်ပါပြီ။
Zawgyi layout iOS 4.1 keyboard By Wai Phyo Lin
သူ့ပို့ထားတဲ့ mail လေးပါ။ အခုရုံးမှာ မို့ ညမှပဲ စမ်းတော့မယ်..
Hi,
I just finished my keyboard for iOS 4.1.
Please the attachment file.
copy 10 files under ./myankey/ to /System/Library/Framework/UIKit.Framework/
copy KeyboardTitles.strings to /Applications/Preferences.app/English.lproj/
Please backup before overwrite.
In Settings > General > Keyboard > International Keyboards > Add New Keyboard.. ==> Myanmar မြန်မာ
If you tap on Myanmar, you can choose “Software Keyboard Layout” as “Myanmar-Zawgyi” and “Myanmar-Alphabetical-Order”
I just finished Myanmar-Zawgyi.
Do not select “Myanmar-Alphabetical-Order”.
If there is error, please let me know.
MyanmarKeyboard
Zawgyi Keyboard iOS 4.1 only (alpha)
Alpha version ကို စမ်းသပ်ချင်သူများ အရင်ဆုံး Zawgyi iOS Font package ကို update လုပ်ဖို့ လိုပါတယ်။ Cydia > Changes > Refersh လုပ်လိုက်ရင် Zawgyi Font iOS အသစ်ဖြစ်နေတာကို တွေ့မှာပါ။ Upgrade လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်က keyboard file ကို download ချပါ။
keyboard
Zip ကို ဖြည်လိုက်ရင် file ၈ ခုပါပါတယ်။
အဲဒီ ၈ files ကို /System/Library/Frameworks/UIKit.framework/ ထဲကို ထည့်လိုက်ပါ။ ပြီးရင် restart ချပါ။
ပြန်တက်လာရင် Setting > General > Keyboard > International Keyboard > Add New Keyboard > Czech ကို ရွေးလိုက်ပါ။
Continue reading
MMKeyboard
MMKeyboard ကို MMKeyboard ကနေ promo code ပေးလို့စမ်းကြည့်ဖြစ်တယ်။ ကျွန်တော်လည်း ထွေထွေထူးထူး ရေးစရာ မရှိတော့ဘူးထင်တယ်။ တော်တော်များများကို ထူးတေဇာ blog မှာ ရေးပြီးပါပြီ။ စသုံးသုံးခြင်းမှာတော့ မြန်မာစာ ရိုက်ရတာ iPad မှာတော့ touch က နှေးနေတယ်။ sound ကို off လိုက်တော့ အရင်ကထက် ရိုက်ရတာ ပိုကောင်းသွားတယ်။ နောက်တချက်က Zawgyi Keyboard မှာ back မပါလာတာပဲ။ စာလုံးများသွားလို့ ပြန်ဖျက်ချင်ရင် english keyboard ကို ပြန်ဖွင့်ပြီးတော့ ဖျက်နေရတယ်။ ပက်ဆင့်တွေ နံပတ်တွေ မပါသေးပေမယ့် အဆင်တော့ပြေပါတယ်။
iPhone version က မထင်မှတ်ပဲ ပိုကောင်းတယ်။ ရိုက်ရတာ မြန်တယ်။ iPad version က ဘာလို့ ပိုနှေးနေတာလဲတော့ မသိဘူး။ iPhone က လက်တစ်ချောင်းတည်းနဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ကိစ္စမရှိပေမယ့် iPad ရဲ့ keyboard က ရိုက်ရတာ နည်းနည်းလေးတော့ ခက်နေတယ်။ ဘာကို ခက်နေတာလဲ မသိဘူး။ အခုရိုက် အခုမပေါ်ပဲ နည်းနည်းလေး စောင့်နေရတယ်။ တောက်လျှောက်ရိုက်သွားရင်တော့ ပြဿနာ ဖြစ်တော့တာပဲ။ iPhone version မှာတော့ အဲဒီ ပြဿနာတွေ မရှိဘူး။ လွယ်လွယ်ကူကူ ရိုက်လို့ရတယ်။ တောက်လျှောက်ရိုက်လည်း မနှေးသွားဘူး။
ဘာပဲပြောပြော jailbreak မလုပ်ချင်တဲ့သူတွေ ဇော်ဂျီနဲ့ iPhone မှာ ရိုက်ချင်တဲ့ လူတွေ အတွက် အဆင်ပြေပါတယ်။ ဝယ်ချင်တဲ့သူတွေကတော့ iTune store မှာ ဝယ်လို့ရပါတယ်။ $0.99 နဲ့ ဝယ်ရတဲ့အတွက် တန်တယ်လို့ ဆိုလို့ရပါတယ်။
November 8, 4th anniversary
ဘာလိုလိုနဲ့ blog ရေးတာ ၄ နှစ်တောင် ရှိသွားပြီ။ ဒီနှစ်တော့ ဘာလုပ်မလဲတော့ မစဉ်းစားရသေးဘူး။ အရင်တုန်းကလို post အဟောင်းတွေထဲက ကောင်းတာတွေလဲ ဆွဲထုတ်ဖို့ အချိန်မရ။ ဒါကြောင့် Ornagai Free version ကို တင်မလို့ ဆုံးဖြတ်ထားတယ်။ Paid version မှာကတော့ စာလုံးရေ ပိုစုံပါတယ်။ Free version ကတော့ လက်ရှိ website က data တွေနဲ့ အတူတူပါပဲ။ Paid version ကတော့ စာလုံးရေ အသစ် ၁ ထောင်ကျော်တာနဲ့ ပုံမှန် update လုပ်သွားပေးမှာပါ။
WaitZar need new member
WaitZar တွင် အောက်ပါ အကူအညီများ လိုအပ်လျက်ရှိသည်။
Testers – WaitZar အသစ်ကိုစမ်းသပ်ပေးဖို့ လိုအပ်ပါတယ်။ Tester တွေကမြန်မာလို ဖြစ်ဖြစ် ရှမ်းလို ဖြစ်ဖြစ် ရေးတတ်ပြီးတော့ program ကလုပ် သင့်တိုင်းအတိုင်း မလုပ်ရင် အသိပေးဖို့လိုအပ်ပါတယ်။ ကျွန်နော် ဒို့ tester အများကြီးလိုပါတယ်။
Documenters – Document ရေးသူများကတော့ Wait Zar နဲ့ပတ်သက်ပြီးတော့ ရေးချင် ပြီးတော့ WaitZar ဘယ်လိုသုံးရမလဲ ဆိုတာကိုရေးပေးရပါမယ်။ Blog တွေ Wiki တွေလိုမျိုးမှာ ရေးရပါမယ်။ ဘယ်ဘာသာ စကားနဲ့မဆို ရေးလို့ရပါတယ်။ WaitZar ရဲ့ အသုံးပြုနည်းလမ်းညွန်ကို လဲ ဝိုင်းပြီးတော့ ရေးလို့ရပါတယ်။ ဒီလိုလူမျိုးတွေလဲ အများကြီးလိုအပ်ပါတယ်။
Translators – ဘာသာပြန်သူ တွေကတော့ မြန်မာလိုဖြစ်ဖြစ် တိုင်းရင်းသားလိုဖြစ်ဖြစ် ကောင်းကောင်းရေးနိုင်ဖို့ လိုပါတယ်။ ့English လိုရှိပြီးသားကို ဘာသာပြန်ဖို့ဖြစ်ပါတယ်။ ဘာသာပြန်သူ အနည်းငယ် လိုအပ်ပါတယ်။
Coders – Coders တွေ ကတော့ WaitZar ရဲ့အဓိက program ရေးတဲ့နေရာမှာ ပါဝင်ရမှာဖြစ်ပါတယ်။ Coders တွေက C++programming ကိုသိရှိပြီးတော့ source code ကိုအချိန်ပေးပြီးတော့ ဖတ်ပြီးနားလည် အောင်လုပ်ဖို့ လိုပါတယ်။ coder မျိုးစုံလိုအပ်ပါတယ်။ အချို့က ရှုပ်နေတဲ့ code ကိုရှငး်ဖို့ အချို့က feature အသစ်တွေ ထပ်ထဲ့ဖို့အချို့က ရှိပြီးသား feature ကိုပိုကောင်းအောင်နဲ့ ပြဿနာရှိရင် ရှင်းဖို့လိုအပ်ပါတယ်။
Module Writers – Module Writers တွေကတော့ third-party နည်းပညာကို သုံးပြီးတော့ WaitZar နဲ့အတူတွဲလုပ်ဖို့ပါ။ ဥပမာ ကျွန်နော်ဒို့ Key Magic keyboard ကို WaitZar ပေါ်မှာသုံးလို့ရပါတယ်။ ဒီလိုမျိုး WaitZar ကိုအခြားလူသုံးများတဲ့ keyboard နဲ့ သုံးလို့ရအောင် ရေးလို့ရပါတယ်။ ပြဿနာ ရှိရင်လဲ အခြား coder တွေကို အသိပေးဖို့လိုပါတယ်။
