MZ မှာ T.K တင်ထားတာတွေ့လို့ပါ။ http://www.mysteryzillion.org/forums/showthread.php/9114-Ubuntu-Myanmar-LoCo-Team ကို ပြန်လည် ဖော်ပြထားပါတယ်။
Myanmar Ubuntu LoCo Team ဖွဲ့စည်းနိုင်ရန်နှင့် Ubuntu အကြောင်း ပိုမိုသိရှိနားလည်ပြီး အသုံးချနိုင်ရန် ရည်ရွယ်ပြီး အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ဗိုလ်အောင်ကျော်လမ်း နှင့် မဟာဗန္တုလလမ်းဒေါင့်ရှိ BAK Computer Mark ၏ Wifi-FreeZone တွင် Ubuntu အကြောင်း ရှင်းလင်း ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ Ubuntu အကြောင်း မြန်မာဘာသာဖြင့် Wiki မှ လေ့လာသင်ယူနိုင်ရန် Wiki အား ဖတ်ရှုလေ့လာပုံနှင့် Wiki ၏ နည်းပညာပိုင်း ဆိုင်ရာ သတ်မှတ်ချက်များကို လေ့လာရန်မလိုပဲ Microsoft Word နှင့် OpenOffice ကိုအသုံးပြု၍ Wiki ရေးသား ပြုပြင်ခြင်းများ ပြုလုပ်ပုံကို ရှင်းလင်းပြသ သွားမည် ဖြစ်ပါသည်။
နည်းပညာပိုင်းဆိုင်ရာနှင့် မိမိ၏ လူနေမှုပတ်ဝန်းကျင်အား Web ပေါ်တွင် မျှဝေလိုသူများအတွက် Web + Log ဟုခေါ်ဆိုသော Blog ဝန်ဆောင်မှုကို WordPress Engine ဖြင့် SubDomain နှင့် Hosting အား အခမဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ WordPress ကို ဇော်ဂျီဖောင့်နှင့် Unicode မြန်မာဖောင့်များ Blog ဖတ်ရှုသူ၏ စက်ထဲတွင်ရှိရန် မလိုအပ်ပဲ Browser တွင် မြန်မာဘာသာဖြင့် မြင်ရအောင် ပြင်ဆင်ထားပြီး မြန်မာဖောင့်များ ထည့်သွင်းထားခြင်းမရှိသော စက်များမှ မြန်မာဘာသာ Post တင်ခြင်းနှင့် Comment ပေးခြင်းများကို ပြုလုပ်နိုင်ရန် စီစဉ်ထားပါသည်။ အခြားသော Blog များဖြစ်သည့် Blogspot, WordPress နှင့် Live Journal များမှ မိမိ post များကို လက်ရှိ WordPress သို့ ထည့်သွင်းနည်းများမှအစ အသုံးချနည်းများအား လက်တွေ့ သင်ကြားပေးမည်ဖြစ်ပါသည်။
Ubuntu LoCo Team ဆိုတာဘာလဲ
Ubuntu Localization Community Team ကို အတိုခေါ်တာပါ။ Ubuntu ကို ဒေသတွင်း အဆင်ပြေစွာ အသုံးပြုနိုင် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးတဲ့ အစုအဝေး အဖွဲ့အစည်းလေးပါ။ တစ်ယောက်ချင်းတွေလဲ ပိုကောင်းအောင်ဆောင်ရွက်နေတာတွေရှိတာပါပဲ။ ဒါပေမယ့် အဖွဲ့အစည်းလေးနဲ့ ဆိုတော့ ၁+၁ = ၁ , ၁+၁=၂ နဲ့ ၁+၁=၀ တို့ထက် သာတဲ့ ၁+၁=၃ ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုပေါင်းလာရင် ရရှိလာတဲ့ အကျိုးအမြတ်ကို ဆိုလိုတာပါ။ ဒေသတွင်း ဆိုရာမှာ အသုံးချဆော့ဝဲ အသွင်အပြင်နဲ့ ဘာသာစကား လိုဂို အမှတ်အသားနဲ့ ပိုစတာတွေ စတစ်ကာတွေကို ဒေသနဲ့ကိုက်ညီအောင် လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် ဆောင်ရွက်ပြီး ဖြန့်ဖြူးတာကို ဆိုလိုပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့ အပိုင်းကို ဝင်ရောက်ကူညီ ပြင်ဆင် ဖြည့်စွက်ရင်းနဲ့ပဲ Localization အတွက် ပိုမိုကိုက်ညီအောင် ပြုပြင်သွားလို့ရပါတယ်။ Open Soure ရဲ့ အနှစ်သာရကို အပြည့်အဝ အသုံးချတယ်လို့ပြောနိုင်တာပေါ့။
Continue reading →