Windows Phone 7.5 Mango အတွက် မဟာဘုတ် App ပါ။ မြန်မာလို နဲ့ အင်္ဂလိပ် လိုပါ ပါဝင်ပါတယ်။
Category Archives: nothing
BetterLetter
ကျွန်တော်တို့ ရုံးက အသစ်ထုတ်လိုက်တဲ့ Game ပါ။ စာလုံး Game တွေ သဘောကျတဲ့ သူတွေအတွက်ပါ။ အဓိက English စာလုံး game ပါပဲ။ စစ ဆော့ချင်းမှာ စာလုံး တစ်လုံးလာမယ်။ အဓိပ္ပာယ်ရှိတဲ့ စာလုံး တစ်လုံး ဖြည့်မယ်။ နောက်တစ်ယောက်က နောက်ထပ် စာလုံး ထပ်ဖြည့်တဲ့ အခါမှာ စာလုံးတွေကို နေရာရွေ့ပြီး ဖြည့်လို့ရတယ်။ ကစားကြည့်ပါ။ ပျော်စရာ ကောင်းသလို English စာလုံး အသစ်တွေလည်း တိုးတက်ပါတယ်။


Xoom Root
အစ်ကို ဝမ်းကွဲက သူ ဝယ်ထားတဲ့ Xoom မှာ မြန်မာလို ထည့်ချင်လို့ ဆိုတာနဲ့ Root စမ်းလုပ်ကြည့်တယ်။ သူ့မှာက one click မရှိတဲ့ အတွက်ကြောင့် အချိန်တော့ နည်းနည်းပေးလိုက်ရတယ်။
http://forum.xda-developers.com/showthread.php?t=1242241
မှာ အသေးစိတ်ရေးထားတယ်။ Root မလုပ်ခင်မှာ data တွေ အားလုံးကို backup လုပ်ထားပါ။ data တွေ အကုန်ပျက်သွားမှာ ဖြစ်ပြီး လုံးဝ အစ အတိုင်း ဖြစ်သွားမှာ ဖြစ်လို့ပါ။
OrnagaiMe Winner!
အခုတလော အလုပ်ကို လုံးဝ ကို မအားတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။ ရုံးအလုပ်တစ်ခုတည်းပဲ အာရုံစိုက်ပြီး လုပ်နေတာကြောင့်လည်း ပါတာပေါ့။ facebook တောင် တခါတလေလောက်ပဲ ကြည့်ဖြစ်တယ်။ သတင်းတွေလည်း သိပ်မဖတ်ဖြစ်ဘူး။ ရုံးမှာ အလုပ်များနေတာနဲ့ OrnagaiMe မဲပေါက်တဲ့သူ စာရင်းကို အခုမှပဲ ကြေငြာဖြစ်တော့တယ်။ ကျွန်တော် အခု 30 free ပေးထားပါတယ်။ မဲပေါက်တဲ့သူတွေ email တွေမှာ စစ်ကြည့်လိုက်ပါခင်ဗျာ။ Promo code ဘယ်လို သုံးရမလဲ မသိသူတွေကတော့ ဒီမှာ ဖတ်ကြည့်ပါ။
Making Rest API – Part 2
Ava framework ကို ဒီမှာ download ချလိုက်ပါ။ ရလာတဲ့ zip file ကို localhost အောက်မှာ testRest ဆိုပြီး ပေးထားပါတယ်။ zip file ထဲက file တွေအားလုံးကို testRest အောက်ကို ပို့လိုက်ပါတယ်။

ပြီးရင် http://localhost/testRest ဆိုပြီး ခေါ်ကြည့်ရင် အောက်ကလို မြင်ရပါမယ်။

ကဲ .. ကျွန်တော်တို့တွေ စရေးလို့ရပါပြီ။
/system/application/controller အောက်က file တွေကို ဖျက်လိုက်ပါ။
/system/application/model အောက်က file နှင့် /system/application/view အောက်က file တွေပါ အပါအဝင်ပေါ့။
ပြီးရင် /system/config/development.php မှာ config လုပ်ရပါမယ်။
const base_url="http://localhost/testRest"; const home_controller = 'posts';
ပြီးရင် database config ကို ပြင်ပါမယ်။ ကျွန်တော်က rest ဆိုတဲ့ database မှာ posts table ကို ဆောက်ထားတာပါ။ ဒါကြောင့် ဒီလိုရေးထားပါတယ်။
Continue reading
ငါတို့နိုင်ပြီ
ဒီနေ့ မြန်မာ နဲ့ ဗီယက်နမ် ပွဲကို မကြည့်ဖြစ်လိုက်ဘူး။ မကြည့်ဖြစ်ဘူးဆိုတာကလည်း ရုံးချိန် ဖြစ်နေလို့ ဆိုရမယ်။ မလေး နဲ့ ပွဲတိုင်းက အိမ်ရောက်ရောက်ခြင်း ဖွင့်ကြည့်ပြီး အားပေးလိုက်ပေမယ့် ရှုံးသွားခဲ့တယ်။ ဒီနေ့တော့ ရုံးချိန်မှာဆိုတော့ online ကနေ status လေး ကြည့်နေရုံပဲ။ Facebook မှာ မြန်မာ ဂိုးစသွင်းပြီးဆိုတော့ ဝမ်းသာသွားမိတာ အမှန်ပဲ။ တစ်ချိန်တစ်ခါတုန်းက မြန်မာ အသင်းပေါ် မကျေမနပ်ဖြစ်တဲ့ စိတ်တွေ ပျောက်သွားတယ်။ ပြောလည်း ခံရမှာပဲလေ။ ဘယ်လောက်ရုံးရုံး အမြဲတန်း အားပေးနေမိတာပဲ။ မှတ်မိသေးတယ်။ ငယ်ငယ်တန်းက ဗီယက်နမ် နဲ့ ပွဲမှာ အောင်ကျော်ကျော် ထုတ်ခံလိုက်ရတော့ မကျေမနပ်တွေ ဖြစ်လိုက်ရဖြစ်ခြင်း။ အဲတုန်းက ကျွန်တော် ကလေးပဲ ရှိအုံးမယ် ထင်ပါ့။ အဲဒီ ပွဲမှာ ရှုံးသွားလို့ ငိုတောင် ငိုမိတယ်။ နောက်ပိုင်း ဗီယက်နမ် နဲ့ ကန်တိုင်း မြန်မာတွေကို နိုင်စေချင်တယ်။ အဲဒီတုန်းက ခံစားချက် ရင်ထဲမှာ စွဲကျန်ခဲ့တယ်။
ငယ်ငယ်ကတည်းက ဘောလုံးကန်ရင် ဂိုးသမား နေရာပဲ လုပ်လာတော့ ရှေ့တန်း နောက်တန်း အလယ်တန်းတွေထက် ဂိုးသမားတွေကို ပိုသဘောကျတယ်။ အဲဒီ အချိန်အခါတုန်းက ဂိုးသမား အောင်ကျော်ကျော်ကို လေးစား အားကျ မိတာ အမှန်ပဲ။ အဲဒီခေတ်တုန်းက အခုခေတ်လို အင်္ဂလန်ပွဲတွေ ပြနေတာ မဟုတ်ဘူးလေ။ အောင်ကျော်ကျော် ထုတ်ခံရတုန်းက တီဗီ ရှေ့မှာ မကျေမနပ်နဲ့ ဒိုင်လူကြီးကို အားပါးတရ အော်ငိုပြီး ပြောခဲ့တာတွေ မှတ်မိသေးပါ့။ ဒီ ခံစားချက်လေးက တော်တော်နဲ့ မပျောက်သွားပဲ ဗီယက်နမ် ဆို မကျေမနပ် ဖြစ်နေဆဲပဲ။ ဗီယက်နမ် နဲ့ တွေ့လိုက်တိုင်း မြန်မာ တွေ ရှုံးပဲ ရှုံးလွန်းလို့ မကျေမနပ်တွေ ဖြစ်ခဲ့တာ အမှန်ပဲ။
အင်္ဂလိပ်စာတက်တုန်းက ဆရာက သူ ဗီယက်နမ် သွားခဲ့တုန်းက အတွေ့အကြုံ ပြောပြတယ်။ ဗီယက်နမ်တွေက ယဉ်ကျေးတယ်တဲ့။ မြန်မာ ဗီယက်နမ် ဘောလုံးပွဲ TV မှာလာလို့ ဆိုင်မှာ ဆရာထိုင်ကြည့်နေတယ်တဲ့။ ဗီယက်နမ်လည်း နိုင်သွားကော သူတို့တွေ ထ ပျော်ကြတယ်။ ခဏနေတော့ ဆရာတို့က မြန်မာက ဆိုတာ သိတော့ တိုးတိုးနေကြ။ သူတို့က မြန်မာ က ဆိုပြီး ဆိုင်ကလူတွေကို သတိပေးတယ်လို့ ဆရာပြောတာ မှတ်မှတ်ရရပဲ။
အခုတော့ နိုင်ပါပြီ။ ကျွန်တော်တို့တွေ နိုင်ပါပြီ။ နှစ်ပေါင်းများစွာ ရင်ထဲမှာ မကျေမနပ် ဖြစ်ခဲ့တာတွေ ကျေနပ်သွားရတယ်။ တစ်ခါတည်း ဗီယက်နမ်ကိုလည်း စိတ်မကောင်းပါဘူး လို့ ပြောချင်တယ်။ ရုံးကနေ ပြန်တော့ iPhone ကနေ facebook ဝင် refresh ချချပြီး result ကို စောင့်ကြည့်နေရတယ်။ Lavendar ကနေ Redhill ထိက မြေအောက်ထဲမှာ ဆိုတော့ လိုင်းက မမိဘူး။ စိတ်ကတော့ လှုပ်ရှားနေတာ အမှန်ပဲ။ Redhill ကျော်တော့ 3G မိတာနဲ့ refresh ချလိုက်တော့ ၂ ဂိုး ဖြစ်နေပြီ။ 3G က ခဏ ပျက်သွားတယ်။ ရတော့ refresh ချလိုက်တော့ ၃ ဂိုး ဖြစ်သွားတယ်။ ပျော်လိုက်တာ အရမ်းပဲဗျာ။ refresh တစ်ခါ ချလိုက်တိုင်း ၁ ဂိုး ဝင်ဝင် သွားတယ်။ bus ကားဂိတ်ကို လမ်းလျှောက်သွားရင် refresh ချလိုက်တော့ ၄ ဂိုး ဖြစ်သွားပြီ။ bus ကား လာတော့ refresh ချလိုက်တော့ ၅ ဂိုးမှာ ဖြစ်သွားလေမလား ဆိုပြီး ကြည့်လိုက်ပေမယ့် ၄ ဂိုး ၁ ဂိုးနဲ့ ပွဲပြီးသွားတယ်။ ဘာပဲ ပြောပြော ကျွန်တော်တို့တွေ နိုင်ပြီ။
အိမ်ပြန်ချိန်မှာ လမ်းလျှောက်ရတာ လေထဲမှာ လမ်းလျှောက်နေရသလိုပဲ။ ငါတို့တွေ နိုင်ပြီ။ ကြေးပေမယ့် ကျေနပ်တယ်။ နှစ်ပေါင်းများစွာ ကျွန်တော့် ရင်ထဲမှာ ခံစားနေရတာ ဒဏ်ရာ သက်သာသွားပြီ။ ငါတို့တွေ နိုင်ပြီ လို့ ထပ်ခါ တလဲလဲ ရေရွှတ်နေမိတယ်။ မြောက်ကြွမြောက်ကြွ အရသာကိုလည်း ခံစားရပြီ။ အရှေ့တောင် အာရှ ဘောလုံးပွဲမှာ တတိယလေး ရတာကို မြန်မာတွေ ပျော်နေလိုက်ကြတာဗျာ။
ဒီတစ်ခါ မြန်မာ အသင်းကို သဘောအကျဆုံးပဲ။ ဟန်ဆန်ကိုလည်း တကယ့်ကို ချီးကျူးမိပါတယ်ဗျာ။ နောက်ပြီး မြန်မာ ဘောလုံး အဖွဲ့ချုပ် အပါအဝင် ဘောလုံးသမားတွေကော နည်းပြကော အသင်းအဖွဲ့ဝင်တွေကော အားလုံးကို ကျေးဇူးလည်း အထူးတင်မိပါတယ်။
iOS Resource
iOS developer တွေ အနေနဲ့ အသုံးဝင်တဲ့ resource အချို့တွေက
Cocoa Control
iOS မှာ အခြား သူတွေ အသုံးပြုထားတဲ့ control တွေကို လွယ်လင့် တကူ ရှာဖွေ အသုံးပြုနိုင်ပါတယ်။ တော်တော်များများကတော့ github မှာ share ထားပြီးထားသားပါ။ http://cocoacontrols.com က resource တွေ အားလုံးကို စုစည်းထားပေးတာပါ။ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဥပမာ။။ twitter ipad version လိုမျိုး ဖန်တီးချင်တယ်ဆိုရင် လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်။

iOS Weekly
iosdevweekly.com ကို iOS Developer တိုင်း subscribe လုပ်ထားသင့်ပါတယ်။ အပတ်စဉ် iOS devleopment နဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ newsletter တွေ ပို့ပေးပါတယ်။ ပုံမှန်အားဖြင့် News , Design, Code , Tool ဆိုပြီး Section ၄ ခု ပါပါတယ်။

ZG2Uni with node.js
javascript နဲ့ ရေးထားတဲ့ zawgyi to unicode ကို node.js ပြန်ပြောင်းထားပါတယ်။ node.js နဲ့ အသုံးပြုမယ်ဆိုရင် node.js ကို သွင်းထားဖို့လိုပါတယ်။ node.js က windows မှာလည်း လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ windows မှာ အသေးစိတ် သွင်းနည်းကိုတော့ ဒီမှာ ဖတ်ပါ။
https://github.com/saturngod/ZG2Uni_NodeJS/zipball/master ကို download ချလိုက်ပါ။ zip ကို ဖြည်လိုက်ရင် folder ထဲမှာ app.js file ကို တွေ့ပါလိမ့်မယ်။


