iOS Resource

iOS developer တွေ အနေနဲ့ အသုံးဝင်တဲ့ resource အချို့တွေက

Cocoa Control

iOS မှာ အခြား သူတွေ အသုံးပြုထားတဲ့ control တွေကို လွယ်လင့် တကူ ရှာဖွေ အသုံးပြုနိုင်ပါတယ်။ တော်တော်များများကတော့ github မှာ share ထားပြီးထားသားပါ။ http://cocoacontrols.com က resource တွေ အားလုံးကို စုစည်းထားပေးတာပါ။ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဥပမာ။။ twitter ipad version လိုမျိုး ဖန်တီးချင်တယ်ဆိုရင် လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်။

iOS Weekly

iosdevweekly.com ကို iOS Developer တိုင်း subscribe လုပ်ထားသင့်ပါတယ်။ အပတ်စဉ် iOS devleopment နဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ newsletter တွေ ပို့ပေးပါတယ်။ ပုံမှန်အားဖြင့် News , Design, Code , Tool ဆိုပြီး Section ၄ ခု ပါပါတယ်။

Continue reading


ZG2Uni with node.js

javascript နဲ့ ရေးထားတဲ့ zawgyi to unicode ကို node.js ပြန်ပြောင်းထားပါတယ်။ node.js နဲ့ အသုံးပြုမယ်ဆိုရင် node.js ကို သွင်းထားဖို့လိုပါတယ်။ node.js က windows မှာလည်း လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ windows မှာ အသေးစိတ် သွင်းနည်းကိုတော့ ဒီမှာ ဖတ်ပါ။

https://github.com/saturngod/ZG2Uni_NodeJS/zipball/master ကို download ချလိုက်ပါ။ zip ကို ဖြည်လိုက်ရင် folder ထဲမှာ app.js file ကို တွေ့ပါလိမ့်မယ်။

Continue reading


iPhon 4S

မနေ့က Oct 28 ရက် စင်္ကာပူမှာ iphone စပြီး ရောင်းချပါတယ်။ M1 ကတော့ ၂၈ ရက်နေ့ မနက် ၁၂ နာရီ ( ၂၇ ရက်နေ့ ည ၁၂ နာရီ ) ကတည်းက စတင် ရောင်းချပါတယ်။ Signtel မှာတော့ ညကတည်းက တန်းစီတဲ့ သူတွေ အများအပြားပါပဲ။ ကျွန်တော်ကတော့ လိုင်းအသစ်ကို starhub ကပဲ လျှောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် online pre order မရလို့ သွားတန်းစီးရပါတယ်။

မနက် ၉ နာရီ ကတည်းက Clementi Mall မှာ စပြီး တန်းစီပါကော။ ၁၀ နာရီမှာ ဆိုင်ဖွင့်ပြီးတော့ ၁၂ နာရီလောက်မှာ ကျွန်တော့်အလှည့်ကို ရောက်လာပါကော။ ကျွန်တော့် အရှေ့က တစ်ယောက်က 32 GB စာရင်း ကောက်ထားတဲ့ အထဲမှာ ပါပြီး အရှေ့ရောက်မှ 32 GB မရှိတော့ဘူးဆိုလို့ ပြဿနာ ဖြစ်ပါလေရော။ 32 GB ၅ လုံးပဲ ရှိတဲ့အတွက် အစောကြီးကတည်းက စာရင်းကောက်ထားပါတယ်။ သို့ပေမယ့် ရောင်းတဲ့သူက အခြား သူကို ၂ လုံး ရောင်းလိုက်တဲ့အတွက် အစောကြီးကတည်းက ကုန်သွားပါလေရော။ ဒါနဲ့ စာရင်းကောက်ထားတာတွေက တလွဲတွေ ဖြစ်ကုန်ပါလေရော။ ဒါနဲ့ ကျွန်တော့် ရှေ့က တစ်ယောက် 16 GB ပြောင်းယူလိုက်ရပါတယ်။

ကျွန်တော့် အလှည့်ရောက်တော့ New Line လျှောက်မှာ ဖြစ်တဲ့အတွက်ကြောင့် Address သေချာအောင် Bank Bill စာရွက်လိုပါတယ်တဲ့။ ” passport လည်းပါလာပါတယ်။ bank bill စာရွက်တော့ မပါလာဘူး။ အိမ်ပြန်ယူရမယ် ။ ပြန်လာရင် Queue ပြန်တန်းစီရမလား” ဆိုတော့ တန်းစီရပါမယ်တဲ့။ အဲလိုပြောပြီးတာနဲ့ နောက်လူ တစ်ယောက်ကို ခေါ်ပါလေရော ။ ကျွန်တော် စကားတောင် ပြီးအောင် မပြောလိုက်ရဘူး။ ဒါနဲ့ အိမ်ပြန် Queue ပြန်တန်းစီပေါ့။ ၁ နာရီခွဲလောက်နေတော့ အရှေ့ကလူတွေက ထွက်သွားလို့ ဘာဖြစ်တာလဲပေါ့ ဆိုပြီး ဆိုင်က ဝန်ထမ်းကို သွားမေးကြည့်လိုက်တော့မှ 16 GB ကော 32 GB ကော out of stock ဖြစ်သွားပြီး။ 64 GB တစ်မျိုးပဲ ကျန်တော့တယ်။ ဒါဆိုရင် ကျွန်တော် ၁ နာရီခွဲ တန်းစီထားတာ အလကားဖြစ်သွားတာပေါ့။ အဲဒီကတည်းက starhub ရဲ့ အလုပ်လုပ်ပုံကို စိတ်တော်တော် ညစ်သွားတယ်။ ၉ နာရီကတည်းက စလိုက်တာ ၁ နာရီထိုးတဲ့ အထိ အချိန်ကုန်သွားတာပဲ အဖတ်တင်လိုက်တယ်။ ဒါနဲ့ Jurong Point သွား။ Starhub မှာ မေး ။ မေးဖို့တေင် တော်တော် စောင့်လိုက်ရတယ်။ မမေးခင်မှာပဲ out of stock ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပါလေရော။ ဒါနဲ့ပဲ မရခဲ့ပြန်ဘူး။
Continue reading


ညမီးအိမ် သို့

update: ညမီးအိမ် unicode သုံးလို့ရသွားပါပြီ။ ပြဿနာက Masterpiece Uni Sans font ကို windows မှာ သွင်းထားမိလိုက်လို့ပါ။

ပြီးခဲ့တဲ့ ၂ ရက်လောက်က facebook မှာ ညမီးအိမ်က MZ ကို ပြန်လာချင်တယ်။ ခက်တာက Unicode ထက် ဇော်ဂျီကို သုံးချင်တယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ Unicode ကို အခုထက်ထိ မသုံးတတ်သေးဘူးလို့လည်း ဆိုလာပြန်တယ်။ သူ့လို ဘဝတူတွေ ရှိပါတယ်ဆိုတာကို သိစေချင်တယ်လို့ ရေးလာပါတယ်။

တွေ့တွေ့ချင်းပဲ ချက်ခြင်းပြန်ဖြေမလို့ ဆိုပေမယ့် ရုံးမှာ အလုပ်ချိန် ဖြစ်နေတာကြောင့် ဖြစ်သလို နောက်ပြီး ရှင်းရင်လည်း အများကြီး ရေးနေရမှာ ဆိုးတာကြောင့် post တစ်ခု အနေနဲ့ပဲ ရေးလိုက်ပါတယ်။

ညမီးအိမ် ရေ… MZ ကို မဝင်ဖြစ်တော့တာကိုတော့ သတိထားမိတယ်။ တော်တော်များများလည်း ပြန် မဝင်တာကိုလည်း တွေ့မိပါတယ်။ တကယ်တန်း​ unicode ဘာကြောင့် ပြောင်းရလဲဆိုတာကို မပြောခင် MZ ဝင်ဝင်ခြင်းမှာ

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။

ဆိုပြီး ရေးထားတာ ကို တွေ့မှာပါ။ Unicode Guide လေးကို ချပြီး စမ်းကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ။ ညမီးအိမ် အနေနဲ့ download ချပြီး guide book ကို သေချာ မဖတ်ဖြစ်ဘူးနဲ့ တူပါတယ်။ အဲဒီ guide book လေးက အခု ဒီစာ ရေးနေတဲ့ အချိန်မှာ အကြိမ်ပေါင်း 7772 ကြိမ် download ချပြီးပါပြီ။

Continue reading


Yunghkio for multi platform

ဒီနေ့ ကို tala chan က mail ပို့ပြီးတော့ Yunghkio အသစ် ကို mywebfont မှာ ထည့်ပေးဖို့ ပြောတယ်။ blog မှာလည်း comment ရေးထားတာ ကို တွေ့ပါတယ်။ အစက yunghkio က mac မှာရပြီဆိုတာကို မသိသေးဘူး။ သူ ပို့လိုက်တော့မှပဲ သိတော့တယ်။ ဒါနဲ့ ချက်ခြင်းပဲ mywebfont မှာ update လုပ်ထားပါတယ်။

မွန်စာ ရှမ်းစာ website တွေ အနေနဲ့ font embed လုပ်ချင်ရင်တော့

<link href='http://mywebfont.appspot.com/css?font=yunghkio' rel='stylesheet' type='text/css'/>

ဆိုတဲ့ link လေးကို <head> နဲ့ </head> ကြားမှာ ထည့်ပေးလိုက်ရင် ရပါပြီ။

ပြီးရင် CSS က font family တွေကိုတော့

font-family:Yunghkio,Myanmar3;

ဆိုပြီး လိုက်ပြင်ပေးဖို့ လိုပါတယ်။

Yunghkio font အသစ်ကိုတော့ ဒီမှာ download ချနိုင်ပါတယ်ဗျာ။


Change Font In Adium

Zawgyi နဲ့ gtalk ပြောလို့ မရဘူးဆိုတဲ့သူတွေ အနေနဲ့ Adium ကို အသုံးပြုစေချင်တယ်။

Adium မှာ font ပြောင်းဖို့အတွက် Adium > Preference > Appearance ကိုသွားပါ။

Contact List မှာ List Layout က customize button ကို နှိပ်လိုက်ပါ။ ပုံတွင် ပြထားပါတယ်။

Continue reading


Variable in Node.js Callback

Node.js ကို အသုံးပြုတော့မယ့်ဆိုရင် variable ကြေငြာခြင်းက အရမ်းကို အရေးပါပါတယ်။ Node.js က javascript နဲ့ မတူတာတွေက OOP ကို ပိုင်နိုင်ရမယ်။ javascript မှာလို varaible တွေကို အများကြီး သုံးလို့ရပေမယ့် ကြေငြာပြီးတော့ သုံးသင့်တယ်။ ဥပမာ ကြည့်ရအောင်

အဲဒီ code ကို ကြည့်လိုက်ရင် အဖြေက

0
1
2

10

1
1
2

10



10
1
2

10
Continue reading