Discussion on Facebook

Facebook မှာ ကို Zack ၊ ကို သီဟ တို့နဲ့ ဘောလုံးပွဲ အကြောင်းပြော ဖြစ်တာလေး ပြန်ပြီး စုစည်းပြီး blog မှာ တင်ထားတာပါ။

Zack : မြန်မာလူမျိုးတွေ နိုင်ငံတကာ ဘောပွဲ အရမ်း ကြည့်ချင်နေတယ်ဆိုတာကတော့ အသေအချာပဲ ဒီ movie ကိုကြည့်ပါ။ လူစုလူဝေးနေရ ထိုင်ရသွားရစားရတာတွေမှာ အလေ့အကျင့် မရှိတဲ့ မြန်မာတွေ အတွက်တော့ ပြသနာပေါ့။ ပြောမယ်ဆိုရင်တော့ educated ဖြစ်ဖို့လိုတယ်ဆိုပေမယ့် ခုလိုလာကြည့်ကြတဲ့ သူအတော်တော်များများရဲ့ နေ့စဉ်ဘဝတွေက စားဝတ်နေရေးတွေနဲ့ လုံးပန်းနေရမှာ သေချာတယ်။ လွတ်လပ်စွာပြောဆိုခွင့်မရှိသေးတ ဲ့ တိုင်းပြည်မှာ ကွင်းထဲလူစုမိတော့မှ တဘက်အသင်းကို -ီးပဲဆိုပြီး ဆဲနေတာတွေကလဲ ဘယ်သူကို အပြစ်တင်ရမလဲ

Myanmar VS Oman Soccer Match Interrupted by Crowd with Violence!! HD from Htoo Tay Zar on Vimeo.

Hooligans made ugly World cup qualifer, Myanmar Vs Oman from Hpone Myint Khaing on Vimeo.

SG: ကျွန်တော်ကတော့ ကိုယ့်လူမျိုးကို စိတ်ညစ်စရာလို့ မမြင်ပဲနဲ့ ကျွန်တော် တို့ မျိုးဆက်တွေ နောက်မျိုးဆက်တွေမှာ ဒီလိုမျိုး မဖြစ်အောင် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်သလောက် educate လုပ်ပေးဖို့ လိုတယ်။ ပညာတတ်တာ မတတ်တာ ထက် ယဉ်ကျေးလာအောင် ကိုယ်တိုင် စံ နမှုနာ အနေနဲ့ နေထိုင်အောင် ကြိုးစားပြဖို့ လိုတယ်။ ဒီလို လုပ်တာတွေ မကောင်းဘူးဆိုတာ နားလည်အောင် ပညာပေး စည်းရုံးမှုတွေ လုပ်ရမယ်။ ကလေးတွေကို မဆဲ နဲ့ ဆိုပြီး လူကြီးတွေက ကလေးတွေ ရှေ့မှာ ဆဲပြနေရင် ဆဲမှာပါ။ ဆဲတာ မကောင်းဘူး ဘာကြောင့် မကောင်းတာလဲဆိုတာကို အခြေခံ အချက်ကျကျ ပြန်ရှင်းပြဖို့ လိုတယ်။ အရင်ဆုံးဗျာ .. ကျွန်တော်တို့ မျိုးဆက်တွေက ဖြစ်တယ်ဆိုရင် ကျွန်တော် အပါအဝင် ပညာပေးစည်းရုံးမှုတွေ အားနည်းသေးလို့ educate မဖြစ်တဲ့လူတွေကို ပြောရဆိုရခက်တယ်။ နားမလည်တဲ့ ကောင်တွေဆိုပြီး လွှတ်ထားလိုက်လို့ ။ ဘီယာ သောက်တာထက် မူးပြီး ဆဲတာကို ဝိုင်းပြီး အပြစ်မပြော မတားတတ်ကြတဲ့ ကျွန်တော်တို့ မျိုးဆက် အပြစ်တွေလည်း ပါတာပေါ့ဗျာ။ ပြောရင်တော့ အများကြီးပဲ။ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ့်ပတ်ဝန်းကျင်မှာ စံပြ အနေနဲ့ အရင်ဆုံး နေနိုင်အောင် ကြိုးစားဖို့ လိုတယ်
Continue reading


Server and me

သောကြာနေ့ညက rackspace မှာ cloud server ကို လပေးနဲ့ စမ်းကြည့်တယ်။ အဓိကတော့ MZ နဲ့ Ornagai အတွက် server ပေါ့။ အရင်ဆုံး ကိုယ့် blog ကို ကိုယ်တင်တော့ nginx ကို သုံးမယ်ဆိုပြီး ဆုံးဖြတ်ထားလို့ ngix ကို တင်လိုက်တယ်။ php fpm ကို သွင်းလိုက်တယ်။ ပုံမှန် .php file ကို စမ်းကြည့်တယ်။ ရတယ်။ ဒါနဲ့ wordpress တင်ဖို့ လုပ်တော့ စပြီး တိုင်ပတ်တာပဲ။ .htaccess အလုပ်မလုပ်တော့တဲ့ အတွက်ကြောင့် wordpress configure က စပြီး ဂဂျောင်ပါလေရောပေါ့ဗျာ။ သို့ပေမယ့် wordpress website မှာရေးထားတဲ့အတွက်ကြောင့် အဆင်ပြေသွားတယ်။

ဒါပေမယ့် site က နှေးနေတယ်။ တော်တော်လေးကို နှေးနေတာ။ ဘာဖြစ်လို့ နှေးမှန်းမသိဘူး ဖြစ်နေတယ်။ အခုအချိန်တော့ ထင်သလောက် မနှေးတော့ဘူး။ နှေးရခြင်း အကြောင်းက DNS cache က fully update မဖြစ်သေးတာကြောင့်ပါ။ နောက်ပြီး configure တွေ လွဲနေတာကြောင့်လည်း ပါတယ်။ PHP APC နဲ့ ဆို မြန်တယ်ဆိုတာနဲ့ PHP APC ကို သွင်းပြီး wordpress နဲ့ တွဲသုံးလိုက်တာ အရမ်းကို မှန်သွားတယ်။ W3 Plugin က PHP APC ကို support လုပ်ပေးတယ်ဆိုတော့ ဘာမှ ပြင်စရာ မရှိဘူး။
Continue reading


We bought it

မနေ့က Lion ထွက်လာပြီ။ Lion ထွက်လာတာ ထက် ပိုပြီး တန်ဖိုးရှိတာတွေ သိလိုက်ရတယ်။ Lion download ချလိုက်ပြီလို့ ကြေငြာလိုက်တာနဲ့ ကျွန်တော် အပါအဝင် အခြား မြန်မာတွေကပါ ဝယ်ဖို့ ဆုံးဖြတ်ထားတာပဲ။ Warez Site တွေမှာ ရနိုင်တယ်။ Free ရနိုင်တယ်ဆိုတာကို သိရဲ့ နဲ့ ပိုက်ဆံပေပြီးတော့ကို သုံးတာ။ Lion ကို US $29.99 ဆိုတာက စလုံး S$ 36 လောက်ပဲ ရှိတယ်။ အရမ်းကို တန်ပါတယ်။ ပိုက်ဆံပေးပြီးတော့ ဝယ်သင့်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ တကယ်လည်း ဝယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနေပြီး ဒုက္ခခံပြီး download ဆွဲချရတာတောင် ဝယ်ခဲ့ကြတယ်။ ဘာပဲ ပြောပြော ဒါက ကောင်းမွန်တဲ့ လက္ခဏာတွေပဲ။ ခိုးသုံးတာထက် တန်တယ်ထင်တဲ့ အရာကို အစစ် အမှန် ဝယ်သုံးရတာ ပိုတန်ဖိုးရှိပါတယ်။ တန်ဖိုးရှိတယ်ဆိုတာ ပစ္စည်းတန်ဖိုးအပြင် လူ့တန်ဖိုးပါ ပိုရှိပါတယ်။ ကျွန်တော်လည်း မနေ့ညက Lion ဝယ်မလို့ ပြင်ပြီးကာမှ June 6 နောက်ပိုင်း Mac book pro ဝယ်ထားတာကို သတိရတော့ ရက်ကို ကြည့်မိလိုက်တယ်။ June 9 က ဝယ်ထားတော့ Free ရမှာ သေချာတာနဲ့ online မှာ ရှာကြည့်လိုက်တော့ Apple က request program ကနေ Redeem code ယူလို့ရပါတယ်။ ဒါနဲ့ပဲ Lion ကို Free ရသွားတယ်။
Continue reading


Google Calendar

တစ်ချိန်တစ်ခါတုန်းကတော့ Google Calendar ကို public holiday ကြည့်ဖို့ သက်သက်သာ အသုံးပြုခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ Google Calendar ကို ကောင်းကောင်းကြီး အသုံးချနေရပြီ။ အရင်က Google Calendar ကို မသုံးဖြစ်တဲ့ အကြောင်းအရင်းကတော့ Offline မရလို့ ဆိုရမယ်။ သို့ပေမယ့် Mac မှာ iCal နဲ့ တွဲသုံးလို့ရသလို iPhone, iPad တို့မှာလည်း email ထည့်ထားပြီး Calendar ကို on လိုက်တာနဲ့ သူ့ အလိုလို iCal မှာ sync သွားလုပ်ပေးတယ်ဆိုတော့ တော်တော်လေးကို အဆင်ပြေသွားတယ်။
Continue reading


Problem in Mahabote App

တခြား ဖုန်းတွေမှာ Day of the week တွေကို OS ကနေ reply ပြန်တာ တစ်ခု လျော့နေတယ်။ ဘာလို့ ဖြစ်တာလည်းတော့ သေချာမသိသေးဘူး။ လက်ရှိ သုံးထားတာကတော့ NSDateFormatter ကနေ ပြန်ပြီး ထုတ်ထားတာပဲ။ ကျွန်တော့် ဖုန်းနဲ့ ipad မှာတော့ မှန်ပေမယ့် UK နဲ့ Australia က ဖုန်းတွေမှာ မမှန်ဘူးဖြစ်နေတယ်။

ဘယ်လိုလည်း ဆိုတော့ တနင်္လာဆိုရင် ၂ ကို select လုပ်ရမှာ ဖြစ်ပေမယ့် ၁ ကို သွား select လုပ်နေတယ်။ ၁ ဖြစ်တဲ့အတွက်ကြောင့် တနင်္ဂနွေ ကို သွားပြီး select လုပ်လိုက်တဲ့အတွက်ကြောင့် result က မှားပြီး ပြနေတယ်။ fixed လုပ်ပြီး ကျွန်တော် upload ပြန်လုပ်လိုက်ပါ့မယ်။ နောက်အပတ်လောက်မှာ app store က approve ဖြစ်ပြီးရင် အခု ပြဿနာဖြစ်နေတဲ့သူတွေ တချက်ပြန်စမ်းပေးစေလိုပါတယ်။

နောက်တစ်ချက်က မြန်မာနှစ်သစ်ကူးပြီးမှ မွေးသည် ဆိုတဲ့ button က April 1 ကနေ ၁၃ အတွင်းပဲ အလုပ်လုပ်ခွင့်ပေးထားတယ်။ အဲဒီ အတွင်းက သင်္ကြန် ဖြစ်နေတတ်တယ်။ တခြား ရက်တွေဆိုရင်တော့ နှစ်သစ်ကူးပြီးမှ မွေးမမွေးကို ဆုံးဖြတ်လို့ရတယ်။ အခု UI design က အသုံးပြုသူတွေကို နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပုံစံဖြစ်နေတယ်။ အဲဒါကိုလည်း ပြန်ပြင်ပြီးတော့ နောက် version မှာ fixed လုပ်ပေးပါမယ်။

နောက်ပြီး comment မှာ မေးထားသလို US မှာ က ၁ ရက် နောက်ကျတဲ့အတွက် နှစ်သစ် မကူးသေးပေမယ့် မြန်မာမှာက နှစ်သစ်ကူးသွားပြီ။ အဲဒီဟာကို ဘယ်လို တွက်ထားသလဲဆိုတော့ နှစ်သစ် မကူးသေးဘူးလို့ သတ်မှတ်ပြီးပဲ တွက်ထားပါတယ်။ မြန်မာ time zone နဲ့ ကိုက်ပြီး မတွက်ထားပါဘူး။ ဘာလို့လည်းဆိုတော့ time zone calculation တွေ အများကြီး ရေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ထည့်မတွက်ထားတာပါ။ နောက်ပြီး ထည့်တွက်သင့် မတွက်သင့်ကိုလဲ မသိလို့ပါ။ တကယ်လို့ ဒီ အထဲမှာ မဟာဘုတ် တတ်ကျွမ်းတဲ့ ဆရာများရှိရင်လည်း အကြံဉာဏ်လေး ပေးခဲ့စေချင်ပါတယ်။ Time Zone calculation လုပ်ဖို့ကတော့ သိပ်မလွယ်တော့ ထည့်တွက် ဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။

အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ်။ Download ချပြီး စမ်းသပ် အသုံးပြုသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

update: iPhone 4 ပြဿနာပါ။ အခု fixed လုပ်ပြီး submit လုပ်ထားပါတယ်။ version အဟောင်းကော အသစ်ကော စမ်းသပ်ပေးတဲ့ ကို ပြည့်ဖြိုးဟန်ကိုလည်း ကျေးဇူးတင်ပါတယ်။


That is a life

အခုတလော စာရေးမယ်လို့ စဉ်းစားလိုက်တိုင်း အကျိုးမရှိတဲ့ အရာတွေပါပဲလေ လို့ စဉ်းစားမိပြီး မရေးဖြစ်တော့ဘူး။ အရင်တုန်းကလို စိတ်ထဲရှိတာကို မပေါက်ကွဲတတ်တော့ဘူး။ ပြဿနာ ကြုံတိုင်း စိတ်ပျက်နေမယ့် အစား ပေါက်ကွဲထွက်မယ့် အစား ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားတတ်လာတယ်။ အလုပ်ကို ပိုလုပ်တတ်လာတယ်။ Project Manager နဲ့လည်း အဆင်ပြေလာ သလို project တွေလည်း အချိန်ကိုက် ပြီးလာတယ်။

ရင်ထဲမှာ ရေးချင်တာတွေ ရှိတယ်။ သို့ပေမယ့် ရေးချလိုက်ရင် ဘာ အကျိုးထူးမှာလဲလို့ စဉ်းစားမိပြန်တယ်။ ကိုယ့်အတွက်လည်း အကျိုးမထူး ဖတ်တဲ့သူအတွက်လည်း ဘာမှ ရေရေရာရာ မဟုတ်ဘူးလို့ ထင်တာနဲ့ တစ်ညလောက် အိပ်ပြီး မနက်ရောက်မှ ရေးချင်ရင် ရေးတော့မယ်ဆိုပြီး နေခဲ့တဲ့ ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ကုန်တယ်။ မနက်မိုးလင်းလာတဲ့ အခါ ညက စဉ်းစားထားတာတွေထဲက အမှားတွေကို ပြန်တွေ့လာတယ်။ စိတ်ဆိုး ဒေါသထွက်တဲ့ ခဏမှာ အမှားတွေက ဆက်တိုက် ဆက်တိုက် ဖြစ်အောင် တွန်းအားပေးနေသလိုပဲ။ စိတ်ဆိုးတာပဲ ဖြစ်ဖြစ် ဒေါသထွက်တာပဲ ဖြစ်ဖြစ် ထင်သလောက် အလုပ်မဖြစ်ဘူး။
Continue reading