PHP

အရင်ဆုံး PHP ကို http://www.php.net ကနေ Download ချ လိုက်ဗျာ။ ပြီးရင် Zip ဖြည်ပြီးတော့ C:\PHP ဆိုတဲံ folder ဆောက်လိုက်။ အဲဒီအထဲကို ကူးချ Zip ဖြည်ထားတဲ့အထဲမှာ ပါတာတွေကို ကူးချလိိုက်။ ကျွန်တော် ပြောတဲ့ သဘောက C:\PHP\ မှာ ထည့်ခိုင်းတာနော်။ အဲဒီ အောက်ကို Folder လိုက်ကူးခိုင်းတာမဟုတ်ဘူး။ အဲဒီအောက်ကို php-cgi.exe ပါတဲ့ ဟာကို ကူးခိုင်းတာ။ အဲဒီမှာ ဘာ Folder တွေရှိလာမလဲဆို
C:\PHP
.\dev
.\ext
.\extras
.\includes
.\Pears
ဆိုပြီးရှိရမှာ။
php.ini-recommended ကို နောက်က -recommended ကိုဖြုတ်လိုက်ပါ။

ပြီးရင် C:\PHP\php.ini ကိုပြင်မယ်။
;cgi.force_redirect = 1 ရှေ့က ; ကိုဖြုတ်လိုက်။
cgi.force_redirect = 0 လို့ပြင်လိုက်ပါ။

;include_path = “.;c:\php\includes” ကိုရှာလိုက်ပါ။ ပြီးရင် ; ကိုဖြုတ်လိုက်ပါ။
; Windows: “\path1;\path2″
include_path = “.;c:\php\includes”

extension_dir = “./ext/” ဆိုပြီးပြင်ပါ။ ပြီးရင်
extension=php_gd2.dll ကိုရှေ့က ; ကိုဖြုတ်လိုက်ပါ။
extension=php_imap.dll ၊ extension=php_mysql.dll တို့ကို လည်း ရှေ့က ; ဖြုတ်လိုက်ပါ။
ပြီးရင် php_mysql.dll အောက်မှာ
extension=php_mysqli.dll
ထပ်ဖြည့်လိုက်ပါ။
ပြီးရင် save သိမ်းလိုက်ပါ။
IIS ကိုဖွင့်လိုက်ပါ။
Website အောက်က Default website ကို r-click လုပ်။ Properties ကို click လုပ်ပါ။ Home Directory ဆိုတဲ့ Tab ကို၀င်လိုက်ပါ။ Configuration Button ကိုနှိပ်လိုက်ပါ။ Mapping မှာ Add ကိုနှိပ်။ Executable မှာ C:\PHP\php-cgi.exe ကိုရွေးလိုက်ပါ။ Extension ကို .php လို့ရိုက်လိုက်ပါ။ ပြီးရင် Ok နှိပ်လိုက်ပါ။
Notepad ထဲမှာ

<?php
phpinfo();
?>

လို့ရိုက်လိုက်ပြီး C:\Inetpub\wwwroot ထဲမှာ infophp.php အဖြစ်သိမ်းလိုက်ပါ။ ပြီးရင် IE မှာ http://localhost/infophp.php ကို run လိုက်ပါ။ php နဲ့ ပတ်သက်ပြီး Information တွေပေါ်လာပါမယ်။ ဒါဆိုရင် PHP သွင်းပြီးသွားပြီ။

PHP 4 နဲ့ PHP 5 ဘာကွဲသလဲဆိုတာတော့ သေသေချာချာမသိဘူး။ ကျွန်တော်က PHP 4 တုန်းက Database ကို UTF-8 နဲ့သွားသိမ်းလို့မရဘူး။ PHP5 ရောက်တော့ သိမ့်လို့ရသွားတယ်။ မြန်မာစာတွေကို ကောင်းကောင်းသိမ်းလို့ရတယ်။ ဒါပေမယ့် MYSQL 5 လိုလိမ့်မယ်။ MYSQL5 မှ UTF-8 ကိုကောင်းကောင်းလေး support ပေးထားတယ်။ PHP ကို browser နဲ့ မဆိုင်ဘူးလို့ထင်တယ်ဗျ။ ဘယ် browser မှာ မဆို ကောင်းကောင်းလေးကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ IIS ပဲသုံးတယ်။ Aparche Web Server ပေါ်မှာ သွင်းနည်းတော့ ကျွန်တော်မသိဘူး။ windows သုံးတဲ့သူတွေကတော့ IIS သုံးပြီးတော့ Linux သုံးတဲ့သူတွေကတော့ Aparche Web Server သုံးတယ်။

MySql ကရော MSSQL 2000 တင်ထားတဲ့ စက်မှာ ထပ်တင်လို့ရပါတယ်။ PHP ရေးမယ်ဆိုရင်တော့ MYSQL သုံးသင့်တယ်။ ဘာဖြစ်လို့လည်းဆို Free Hosting ရလို့ပါ။ MSSQL ဆို internet မှာ free မရပါဘူး။
PHP စလေ့လာမယ့်သူတွေအတွက်တော့ Visual Quick Pro Guide PHP And MYSQL For Dynamic Web Sites ဆိုတဲ့ စာအုပ်လေးကို recommend ပေးချင်ပါတယ်။ သူက PHP3 နဲ့ 4 ရယ် MYSQL 3 နဲ့ 4 အတွက်ပါ။ version ကတော်တော်လေး out နေပေမယ့် စလေ့လာမယ့်သူတွေ အတွက်တော့ တော်တော်လေးကောင်းပါတယ်။

စေတန်


PHP VS ASP.NET 2005

PHP လည်း web programming ပါပဲ။ ဒါပေမယ့် ဘာကြောင့်လူသုံးများလဲဆိုရင် Free Download ရလို့ပါ။ နောက်ပြီး သူနဲ့တွဲသုံးတဲ့ MySQL Database ကလည်း Free Download ပါပဲ။ နောက်ပြီး Free Hosting တွေလည်း အများကြီးရှိပါတယ်။ ဘာဖြစ်လို့လည်းဆို Linux sever မှာ run နိုင်လို့ပါ။ Linux server ကစျေးသက်သာပါတယ်။

ASP.NET ဆိုတာ Microsoft က ထုတ်လိုက်တဲ့ web programming ပါ။ တနည်းပြောရရင် VB.NET သို့မဟုတ် C#.NET ကိ်ု HTML နဲ့ တွဲလိုက်တာပါ။ အဲဒါက လွယ်အောင်ပြောလိုက်တာပါ။ ဒီထက်ကျယ်ပြန့်ပါသေးတယ်။ ASP.NET က ရေးမယ်ဆိုင် Visual Studio .NET 2005 ၀ယ်ရပါမယ်။ ဒါမှ ရေးလို့ရမှာပါ။ မြန်မာနိုင်ငံမှာက 500 ကျပ်ပဲပေးရပေမယ့် နိုင်ငံတကာမှာ 600 လောက်ပေးရတယ်ထင်တယ်။ ဒီထက်များရင် များအုံးမှာ။ သေသေချာချာမသိလို့ပါ။ သူနဲ့တွဲသုုံးတဲ့ SQL Server Database ကလည်း စျေးတော်တော်လေးပေးရပါတယ်။ နောက်ပြီး Free Hosting တွေက မရှိသလောက်ရှားတယ်။ ဘာဖြစ်လို့လည်းဆို Microsoft Server မှာတင်ရတယ်။ သူက စျေးတော်တော်လေးများတယ်ဗျ။

အခုဆိုရင် PHP ဟာ ASP.NET ထက် ပို အသုံးများရသလဲဆိုတာသိလောက်ပါပြီ။