Mac သမားတွေအတွက် Mac Blog လေး သီးသန့်လုပ်ထားတယ်။ www.macforus.com မှာ English မြန်မာ ၂ ဘာသာနဲ့ ရေးထားတယ်။ အဓိကတော့ Mac မှာ အလကားရတဲ့ software လေးတွေနဲ့ Tip လေးတွေ အားရင် အားသလို အမြဲရေးသွားမှာပါ။ မြန်မာနိုင်ငံမှာ နည်းပါလှတဲ့ Mac သမားတွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်ဗျာ။
Category Archives: Our Site
Zawgyi 2009 & Ornagai
Zawgyi 2009 မှာ ornagai က စပြီး ပြဿနာ စကြုံနေရတယ်။ ဘာပြဿနာလဲဆိုတော့ ပက်ဆင့် ပြဿနာပဲ။ အခြားဟာတွေက normalize လုပ်ထားတော့ ကိစ္စမရှိပေမယ့် ပက်ဆင့်က storage ပုံစံပြောင်းသွားတယ်။ ပက်ဆင့်အတွက် code point နှစ်ခု သွားသိမ်းတယ်။ zawgyi 2008 သုံးက တစ်ခုပဲ သိမ်းထားတယ်။ အခု စဉ်းစားနေတာ ဘာဆက်လုပ်ရမလဲဆိုတာကိုပေါ့။ 2008 နဲ့ပဲ ရှာရှာ 2009 နဲ့ပဲရှာရှာ ရအောင်လုပ်ရမယ်လေ။ 2008 က ပက်ဆင့်တွေက 2009 မှာ ဖတ်လို့ရတယ်။ ဒါပေမယ့် 2009 က ပက်ဆင့်တွေကို 2008 မှာ ဖတ်လို့မရဘူး။ အဲဒီဟာကို စဉ်းစားနေတာ။ 2009 ကို 2008 format ပြောင်းတဲ့ system ထည့်ရင်ကောင်းမလားပေါ့။ အခုပြဿနာ တစ်ရပ်က ဘာလဲဆိုတော့ မေတ္တာဆိုတဲ့ စာလုံးဆိုပါဆို့ Continue reading
Shortest URL
bit.ly နဲ့ tinyurl တို့ရဲ့ service ကိုယူပြီးပြန်ရေးထားတယ်။ မူရင်း site ထက် မြန်တာပေါ့။ ဘာလို့လည်းဆိုတော့ ဘာပုံမှ မပါလို့ပဲဗျ။ ကျွန်တော် bit.ly မှာ ဆို ကြာတယ်လို့ထင်ရတယ်။ သူ့ ပုံတွေ loading လုပ်နေတာကြောင့်လည်းပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် သုံးဖို့အတွက် ရေးထားတာပါ။ PHP code ကိုတော့ http://davidwalsh.name ကနေ ယူပြီး jquery နဲ့ ပေါင်းပြီး ရေးထားတာ။ လိပ်စာကတော့
http://www.saturngod.net/webtool/
အဲ..မေ့တော့မလို့… HTML5 ကိုသုံးထားတော့ firefox3.5 နဲ့ chrome 2 မှာမှ အဆင်ပြေမှာနော်…
Text To Speech Add in Ornagai
အခု ornagai.com မှာ စာတစ်လုံးခြင်းဆီအတွက် အသံထွက် စနစ်လုပ်ထားတယ်။ text to voice စနစ်ဆို ပိုမှန်မှာပေါ့။ vozme.com ရဲ့ feature တွေကိုပဲ အသုံးပြုထားတာပါ။ ကိုယ်တိုင် ရေးလည်း ရပေမယ့် မရေးတော့ပဲ အရန်သင့်ရှိတဲ့ vozme.com ကို သုံးလိုက်တယ်။ ကိုယ်တိုင်ရေးဖို့ကလည်း မခက်ပါဘူး။ PHP မှာ text to voice အတွက် class က ရှိပြီးသားလေ။ ကိုယ်တိုင်လုပ်မယ်ဆိုရင် ကိုယ့် server ပေါ်မှာ အသံ file ကို tmp အနေနဲ့ သုံးရလိမ့်မယ်။ ပြီးရင် tmp mp3 တွေ ပြန်ဖျက်ရမယ့် အလုပ်ရှိသေးတယ်လေ။ ဒါကြောင့် အရန်သင့် vozme.com ကိုပဲ သုံးလိုက်တာ။ အခုတော့ စာလုံးတွေ ဖြည့်နေတုန်းပဲ။ အနီးနားမှာရှိတဲ့ dictionary နဲ့ပဲ ဖြည့်လိုက်တယ်။ အရင်ဆုံး စာလုံး ပြည့်အောင် လုပ်ရမယ်။ ပြီးရင် stardict အတွက်လုပ်ရမယ်။ stardict က platform ၃ မျိုးလုံးသာမက iphone တွေအတွက်ပါရှိလို့ အဆင်ပြေတယ်။
ပြင်ဆင်စရာတွေ အများကြီး
ကျွန်တော်တို့ အခုမှ MZ စတက်တယ်။ ပြသနာတွေကလည်း အများကြီးပဲဗျ။ MZ တက်အောင် လုပ်ဖို့လည်း မလွယ်ဘူး။ Database တွေ ပြန်ရဖို့လည်း မလွယ်ဘူး။ အခု အမှန်အကုန် ဝယ်သုံးနေပြီ။ Template ကို ဝယ်တာလည်း မလွယ်မှန်းသိလာပြီ။ $30 ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အများ တစ်ခုလုပ်မိလိုက်တယ်။ 10% off coupon ကို google ကနေ ရှာပြီးထည့်သုံးလိုက်မိတယ်။ အဲမှာ ဆိုးတာပဲဗျာ။ $3 လေး လျော့သွားတာပဲရှိတယ်။ $3 အတွက် ကျွန်တော်တို့မှာ အချိန်တွေ အများကြီးပေးလိုက်ရတယ်။ ကိုမင်းကျော် ရဲ့ paypal လည်း ပိတ်ခံထိသွားတယ်။ ပြန်ပွင့်အောင် အချိန်တွေ ပေးလိုက်ရတယ်။ ကျွန်တော် MZ အတွက် $3 လေး နှမြောမိလိုက်တာဗျာ။ MZ ဟာ အခုအချိန်မှာ member တွေရဲ့ အလှုနဲ့ ဆက်လက်ရပ်တည်မယ်။ ဆက်လက် ရှေ့ဆက်သွားမယ်။ အခုအချိန်မှာ Vbulletin နဲ့ Hosting ကို member တွေအားနဲ့ ဝယ်မယ်။ member တွေကို ယုံကြည်လို့ အကြွေးနဲ့ Vbulletin နဲ့ Hosting ကို ဝယ်ပြီးပြီ။ ကျွန်တော် ယုံကြတာကတော့ အကြွေး ဆပ်နိုင်မယ်ဆိုတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ member တွေရဲ့ လိုလိုလားလား စေတနာတွေ ကျွန်တော် ခံစားမိနေပြီ။ MZ ရှေ့ဆက်ဖို့ member တွေက ကူညီကြလိမ့်မယ်ဆိုတာတော့ အထူးပြောနေစရာမလိုတော့ဘူး။ MZ ရှေ့ဆက်ဖို့ အခြားအခြားသော ကိုယ်ပိုင် ဝင်ငွေတွေကနေလည်း အလှုထည့်ပြီး ရပ်သွားမှာပါ။ အလှုစာရင်းကိုလည်း ကျွန်တော်တို့တွေ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးမယ်။ MZ meeting မှာ MZ ရဲ့ အသုံးစရိတ်တွေ ဝင်ငွေတွေကို ဖော်ပြပေးမှာပါ။
Continue reading
MZ နဲ့ edu ရပြီနော်
မနေ့ညကတည်းက စည်သူလုပ်နေတာ မနက် ၈ နာရီခွဲတော့ ထခေါ်တယ်။ MZ အတွက် အကုန်လုပ်ပြီးပြီ။ Database က MySQl 5 ကနေ 4 ကိုပြန်ပြောင်းပြီးတင်ရတယ်။ အခု mysteryzillion.org ရပြီ။ လာခဲ့ပါအုံးဆိုလို့ ကျွန်တော်လည်း ၉ နာရီ အရောက်ပြေးလိုက်ရတယ်။ ရောက်တာနဲ့ MZ stable stage ရောက်အောင် file တွေပြင် template ဝယ်ဖို့ကြိုးစားနဲ့ ၁၂ ကျော်ကျော်လောက်မှ စတင်တည်ငြိမ်လာပြီး ၂ နာရီလောက်မှာ ရောက်သွားတယ်။ ဝယ်ထားတဲ့ template ကတော့ ၁၂ နာရီစောင့်မှ ရမယ်ဆိုလို့ စောင့်နေရတယ်။ $30 တောင် template အတွက်ပေးရပါတယ်။ နောက်တော့ ကျွန်တော် edu အတွက် ဆက်လုပ်တယ်။ sithu က အဲဒီအချိန်မှာ template ဝယ်ဖို့နဲ့လိုအပ်တဲ့ plugin တွေ ရှာဖွေထည့်တယ်။ ၃ နာရီထိုးခါနီးမှာတော့ edu ရသွားတယ်။ ပြီးတော့ ကျွန်တော်တို့လည်း ခဏ နားပြီး ညမှ ဆက်ကြရမယ်ဆိုပြီး သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတဲ့ဆီသို့ သွားပေလေတော့သည်။
MZ will come soon
MZ မကြာခင်ပြန်လာမှာပါ။ အခုအကုန်လုံး ဝိုင်းဝန်းလှုကြလို့ အဆင်ပြေလာပါပြီ။ grid server နဲ့ vbulletin ကို ကိုမင်းကျော်က စိုက်ဝယ်ပေးထားတယ်။ အလှုငွေနဲ့ အကြွေးပြန်ဆပ်မှာပါ။ အခုဖြစ်နေတဲ့ ပြသနာတစ်ခုကတော့ Continue reading
Infobox MZwiki ရတော့မည်
တနေကုန်လုံး မူးနောက်သွားတာပဲ။ MZwiki မှာ မူရင်း wikipedia လို infobox လေးရဖို့ ဖတ်လိုက်ရတဲ့စာတွေ မနည်းဘူးပဲ။ အဓိကတော့ မူရင်း code ကို နားလည်အောင် မနည်းဖတ်ရတယ်။ မူရင်း code ကြီးက တကယ့်ကို structure ကျလွန်းတယ်။ နောက်ပြီး တော်ရုံတန်ရုံကူးလို့မရအောင် လုပ်ထားတယ်။ မနည်းနားလည်အောင် ဖတ်ရတယ်။ သူ့အတိုင်း တိုက်ရိုက်ကူးရင်မရဘူးဗျ။ Mediawiki မှာသုံးတဲ့ parser တွေကို သေသေချာချာ ဖတ်ရတယ်။ နောက်ပြီး စမ်းပြီးလုပ်ရတယ်။ အခုတော့ တော်တော် အဆင်ချောလာပြီ။ မူရင်းလောက်မတူရင်တောင် မူရင်းလောက်နီးပါး ကောင်းအောင် ပြုပြင်ဖြည့်စွက်ထားတယ်။ ကိုယ်ပိုင် template တွေ သေသေချာချာ ဆွဲရတယ်။ code တွေကို လိုက်ဖတ်လေလေ မူရင်းလုပ်ထားတဲ့လူတွေကို သဘောကျလေလေပဲ။ တကယ်ကောင်းတဲ့ structure ဗျာ။ ကျွန်တော်တို့ အရင်ကလို ဖြစ်သလို table တွေနဲ့ထည့်တာ view source နဲ့ကြည့်ရတာ မျက်စိနှောက်တယ်။ အခုတော့ ရှင်းသွားပြီ။ မူရင်းလိုဖြစ်အောင် အတတ်နိုင်ဆုံးလုပ်နေပါတယ်။ MZwiki မှာ စမ်းထားတာကို Bill Gate အကြောင်း ဘာမှမပြည့်မစုံရေးထားတဲ့ နေရာမှာ သွားကြည့်လို့ရတယ်။ သေချာပါတယ်။ အခြားလုပ်နေဆဲ မြန်မာ wiki တွေအတွက် ကောင်းကောင်းကူးယူသုံးစွဲလို့ အဆင်ပြေမှာပါ။ အခု မြန်မာ wiki တွေက ကျွန်တော် အရင်က ချပြခဲ့တဲ့ table structure အတိုင်းသွားနေကြပါတယ်။ အခုတော့ နောက်ထပ် တဆစ်ချိုးပြောင်းနိုင်တော့မှာပါ။