ဒီနေ့ ရုံးမှာ MMUnicode Embed အတွက် ထပ်ပြီး update လုပ်ဖို့ စဉ်းစားမိလာတယ်။ မနေ့ညကတည်းက စဉ်းစားမိပေမယ့် ရေးဖို့က ပျင်းနေတယ်။ ရုံးရောက်တော့ လူပျိုကြီးကိုတော့ လှမ်းပြီး အကြောင်းကြားလိုက်သေးတယ်။ ကျွန်တော် ဒီနေ့ comment မှာ ဇော်ဂျီနဲ့ ရိုက်ရိုက် unicode နဲ့ ရိုက်ရိုက် ရိုက်လို့ရအောင် လုပ်တော့မယ်လို့။ တကယ်တန်းတော့ ကျွန်တော် ငပျင်းမို့ပါ။ comment တဲ့သူတွေက unicode နဲ့ ဖတ်ပြီး comment တာတွေကို ဇော်ဂျီ နဲ့ ရိုက်သွားတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းရတာပေါ့။ အဲလို ပြောင်းရတာ ပျင်းလို့ comment ရေးတာတွေကို ဇော်ဂျီနဲ့ ရေးရေး Unicode နဲ့ ရေးရေး ရအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ။
Continue reading
Category Archives: Project
Zawgyi Keyboard for iOS Development
Zawgyi keyboard ကို iOS အတွက်ကတော့ MMKeyboard အကြောင်းပြောခဲ့ပြီးပါပြီ။ ကျွန်တော့်မှာ လက်ရှိ Ornagai အတွက်ရေးထားတဲ့ MMKeyboard ရှိတယ်။ Ornagai Myanmar To English Dictionary အတွက်ပေါ့။ MMKeyboard ကို တွေ့တော့ စဉ်းစားမိတာ တစ်ခုရှိတယ်။ မြန်မာစာ iPhone Application တွေလုပ်တဲ့အခါမှာ မြန်မာစာ keyboard ပြဿနာ ဖြစ်နေတာပဲ။ မြန်မာစာ keyboard မပါတော့ မြန်မာလိုရိုက်လို့မရဘူးပေါ့။ ဒါကြောင့် Ornagai မှာ သုံးမယ့် Keyboard ကို Open Source ပေးဖို့ စဉ်းစားမိတယ်။ သာမာန်လူတွေ အနေနဲ့ကတော့ မြန်မာစာရိုက်ဖို့ MMKeyboard က အဆင်ပြေပါတယ်။ Developer တွေအတွက်ကတော့ ကိုယ်ပိုင် Keyboard ရှိမှပဲ မြန်မာလိုရိုက်မယ့် Application တွေ အဆင်ပြေမှာ။ တစ်ခြား အပိုင်းတွေက လေ့လာလို့ရပေမယ့် keyboard ရေးဖို့ကတော့ ရှာလို့တွေ့မှာ မဟုတ်ဘူး။ ကျွန်တော်လည်း အစက မရေးတတ်ပါ။ အခု အလုပ်မှာ Objective C ကြီးပဲ တောက်လျှောက်ရေးနေရတော့ နည်းနည်းလေး သိသွားတယ်ဆိုရမယ်။ အခု ကျွန်တော် ရေးထားတဲ့ဟာလေးကို လေ့လာပြီး ယူသုံးလိုက်ရင် iOS developer တွေအနေနဲ့ မြန်မာ App တွေ များများထွက်လာမယ်လို့ မျှော်လင့်ပါတယ်။
Ornagai Setup
Ornagai ကို localhost မှာ ဘယ်လို သွင်းရမလဲ ဆိုသူများအတွက်
https://github.com/saturngod/ornagai-V2/wiki/Ornagai-Setup
အရင်ဆုံးတော့ Ornagai ကို download ချထားဖို့တော့ လိုတာပေါ့။
Nifty Framework
MVC ဘယ်လို ရေးရလဲ။ MVC ကို ကိုယ့်ဘာသာ ကိုယ် PHP နဲ့ရေးချင်တယ်။ MVC ကို CI တို့အခြား Framework မသုံးချင်ဘူး။ ကိုယ်တိုင် စမ်းရေးကြည့်ချင်တယ်။ ဘယ်လို ရေးရမှန်းမသိဘူး။ အဲလိုမျိုး မေးခွန်းလေးတွေ ခဏခဏ ကြားနေရတဲ့အတွက် ကျွန်တော် Nifty ဆိုတဲ့ framework ကို ရေးထားပါတယ်။ အရမ်းကို ရိုးရှင်းပြီး OOP ကိုပဲ အသုံးပြုထားပါတယ်။ MVC ပဲ ပါပါတယ်။ helper တို့ database class တို့ မပါပါဘူး။ core ပဲပေါ့။ core တည်ဆောက်ပုံ သိရှိသွားရင် အပေါ်မှာ ကိုယ့်ဘာသာကိုယ် helper class ထည့်တာတို့ database class ထည့်တာတို့ကို လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါလိမ့်မယ်။
Continue reading
အင်္ဂလိပ် မြန်မာ အဘိဓာန် သို့မဟုတ် Ornagai
အင်း… ပြောစရာမလိုဘူး ထင်လို့ မပြောပဲ နေခဲ့တာ… ကြားပေမယ့် မလိုဘူးထင်လို့ မပြောပဲ နေခဲ့တာ …. ခက်တယ်… ရှင်းဆိုလည်း ရှင်းရတာပေါ့..
Ornagai မပေါ်လာခင် လွန်ခဲ့တဲ့ ၃ နှစ်လောက် …. ၁၂ လ ပိုင်း ၂၀၀၇ တုန်းက စည်သူ က ကျွန်တော့်ကိုပြောတယ်။ သူ babylon အတွက် dictionary တစ်ခု လုပ်ချင်တယ်။ ဒါပေမယ့် ရိုက်ထားတဲ့စာတွေ မရှိဘူး။ စာတွေ ရှိရင် Babylon builder နဲ့ ပြောင်းပြီး babylon အတွက် လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်။ အဲတုန်းက ဘာသွားတွေ့လဲဆိုတော့ မြန်မာစာ အဖွဲ့က ထုတ်ထားတဲ့ English Myanmar Dictionary ကို သွားတွေ့တယ်။ စည်သူက အထဲက ရေးထားတဲ့ font က Kannaka font ဖြစ်နေတယ်။ နောက်ပြီး ကျွန်တော်တို့ ၂ ယောက် လိုချင်တဲ့ ပုံစံ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ English Myanmar Dictionary မှာ စာလုံးတွေက adj , adv တွေ ခွဲထုတ်ထားတာ မဟုတ်ဘူး။ စာလုံး တစ်ခုထဲမှာ adj က ဘာ adv က ဘာဆိုပြီး ထပ်ရှင်းထားတာ။ အဲဒါကို ပြောင်းလိုက်ရင် search လုပ်တဲ့အခါမှာ စာလုံးတွေ ရှာတွေ့တော့ မှာ မဟုတ်ဘူးလို့ စည်သူ နဲ့ ကျွန်တော် တိုင်ပင်ခဲ့တယ်။ ဒါနဲ့ စည်သူက MZ မှာ တင်မယ်ကွာဆိုပြီး တင်လိုက်တယ်။ အဲဒီ post က အခုထက်ထိ ရှိနေတုန်းပဲ။ Continue reading
jQbox
jQbox is a jquery plugin for alert, confirm , html box. In Web 2.0 , we don’t want to use tradional alert, confirm box. So, I decided to write jQbox plugin. In my office, I always use popup insted of alert , confirm , upload, ajax , etc… So, I think, I should write plugin and I can use easily all the time.
Ornagai in iPhone / iPodTouch
Ornagai English To Myanmar, Myanmar To English ကို iPhone/ iPodTouch တွေမှာ သုံးလို့ရပါပြီ။ မြန်မာစာ search အတွက် syllable breaking , normalization တွေမသုံးထားတဲ့ အတွက် search ပိုင်းကတော့ ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသုံးတော့ တည့်ပါတယ်။ အခုဟာက wedictpro 1.0 ကို အသုံးပြုထားတာပါ။ ကျွန်တော့်အနေနဲ့ stardict မှာ သုံးတဲ့ dict လေးထည့်ပေးလိုက်တာပဲရှိတယ်။ လိုအပ်ချက်တွေကတော့
- Jailbreak
- Installous
How to install Installous ?
(copy from http://atomicdevelopment.net/blog2/2009/10/22/ipod-touch-3-1-2-firmware-jailbreak-guide-burmese/)
၁. အင်တာနက်ချိတ်ပြီး Cydia ကို ဖွင့်ပါ။
၂. Manage > Sources > Edit > Add ကို သွားလိုက်ပြီး “http://cydia.hackulo.us” လို့ ထည့်လိုက်ပါ။
၃. ပြီးရင် search ကိုသွားပြီး installous လို့ ရိုက်ထည့်ပြီး installous ကိုရှာ။ ပြီးရင် install လုပ်လိုက်ပါ။
၄. Springboard ပေါ်မှာ installous ကို တွေ့ပါလိမ့်မယ်။
Download IPA Here (1.8MB)
အဲဒါကို SFTP နဲ့ \private\var\mobile\Library\Downloads\ မှာ တင်လိုက်ပါ။ Installous ကို ဝင်ပြီး Download ကနေ install လုပ်လိုက်ရင်ရပါပြီ။ ပြီးရင် Spring Board မှာ WeDictPro ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ ပေါ်လာရင် restart ချလိုက်ပါ။ ပြန်တက်လာရင် ပေါ်လာတာကို တွေ့ရပါမယ်။
Ornagai Tree
Ornagai ကို ပြန်လုပ်ပါအုံးမယ်ဗျာ။ အခုတလော Zawgyi Keyboard ကို အာရုံစိုက်လိုက်တာ ornagai လည်း ဆက်မရေးဖြစ်ဘူး။ jquery လည်း ဆက်မသင်ဖြစ်ဘူးဖြစ်သွားတယ်။ အရင်ဆုံး ornagai v2 ကိုပြီးအောင် ရေးမယ်။ အောက်မှာ ကျွန်တော်တို့ornagai ရဲ့ tree structure လေးပါ။ ဘာတွေ ဆက်လုပ်သွားမယ်။ Ornagai V2 မှာ ဘာတွေ ရလာမယ်ဆိုတာပါ ထည့်သွင်းထားပါတယ်။
