MMEXCEL 1.1

Office 2007 မှ မြန်မာလိုပေါင်းလို့ရပေမယ့် office 2003 user တွေ အတွက်တော့ အခက်တွေ့နေတုန်းပဲ… ဒါကြောင့် mmexcel ကို ပိုကောင်းအောင် ပြန်လုပ်ထားပါတယ်။
function တွေရိုက်စရာမလိုပဲ… toolbar ကနေ click လုပ်လိုက်ရုံနဲ့ရအောင် လုပ်ထားပါတယ်။

Download File : http://www.mediafire.com/?e1wkgjvtv1t
Manual File : http://www.mediafire.com/?2bmm3bhendh


mmexcel

Excel တွင် မြန်မာစာ နံပါတ်များကို ဇော်ဂျီ ၊ မြန်မာ၂ ၊ မိုင်မြန်မာ စသည်တို့ဖြင့် ပေါင်းနှုတ်မြှောက်စား နိုင်ပါပြီ။
မြန်မာ၂ တွင် Myanmar2.2 ပြောင်းပြီးလုပ်နေစရာမလိုတော့ပါဘူး။

Myanmar2.2 က မြန်မာ နံပါတ်တွေက english နံပါတ်ကို font ပြောင်းထားတာ။ တကယ် Myanmar Unicode ကို သုံးပြီးလုပ်ထားတာမဟုတ်တာကို ကျွန်တော်တွေ့ရှိလိုက်ရပါတယ်။
အခု ကျွန်တော် excel အတွက် Add In တစ်ခုရေးထားပါတယ်။
မြန်မာစာ နံပါတ်တွေ ပေါင်းနှုတ်မြှောက်စားဖို့အတွက်ပေါ့။
နောက်ပြီး opensouce ပါ။

ကျွန်တော့်ထက်တော်တဲ့ ပညာရှင်တွေ မြန်မာနိုင်ငံမှာ အများကြီးပါ။
သူတို့တွေ ဒီထက်ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အခု version မှာ အားနည်းချက်က မြန်မာစာ အနှုတ် ဂဏန်းကို excel တွင် ရိုက်လို့မရသေးတာပါ။

တကယ်တမ်းရေးကြည့်တော့ တော်တော်လေးလွယ်ပါတယ်။
ဘာဖြစ်လို့ Myanmar2 အဖွဲ့က သူတို့ package အထဲမှာ excel add in မထည့်သွင်းခဲ့တာလည်းတော့် ကျွန်တော်မစဉ်းစားတတ်အောင်ပဲ။ ဒါကြောင့် ကိုယ့်ဘာသာကိုယ်ရေးပြီး အကုန်လုံးကို မျှေ၀လိုက်ပါတယ်။

How To Install
Excel ကို ဖွင့်ပါ ။
Tool -> Add In ကို၀င်ပါ ။
Dialog Box တက်လာလျှင် browse လုပ်လိုက်ပါ ။
AddIns Folder ထဲတွင် choose လုပ်ရင် open dialog box တက်လာမည် ။
ထိုအထဲသို့ mmexcel.xla file ကို paste လုပ်လိုက်ပါ ။
ထို့နောက် mmexcel.xla ကိုရွေးပြီး OK လုပ်လိုက်ပါ ။
ပြီးလျှင် OK ထပ်လုပ်ပါ ။

How To Use
မြန်မာ နံပါတ်များကို ပေါင်းလိုပါက

Cell ထဲတွင် နံပါတ်များရေးလိုက်ပါ။

Example : A1 ထဲတွင် ၅ ထည့်ထားသည်။
A2 ထဲတွင် ၈ ထည့်ထားသည်။
A3 ထဲတွင် ၉ ထည့်ထားသည်။

ပေါင်းလိုလျှင် cell ထဲတွင် =mmsum(A1:A3) ဟုထည့်ကာပေါင်းလိုက်သည်။
A1:A3 သည် A1 မှ A3 အထိပေါင်းမည်ဟုပြောခြင်းဖြစ်သည်။
ပုံမှန် =sum function သုံးခြင်းနှင့်အတူတူပင်။

အနှုတ် အတွက် =mmminus(A1:A3) ဟုသုံးနိုင်သည်။ သို့သော် Myanmar Unicode အနှုတ်ဂဏန်းကိုမူမသိသေးပေ။

အစားတွက် အတွက် =mmdiv(A1:A3)
အမြှောက်အတွက် =mmmul(A1:A3)
Average အတွက် =mmavg(A1:A3)

Opensource
ဒီ mmexcel သည် opensource ဖြစ်ပါသည်။ ကျွန်တော် VBA File ကို passsword ထည့်သွင်းထားခြင်းမရှိပါ။
လေ့လာလိုသူများ ပိုမိုကောင်းမွန်အောင်ပြုပြင်လိုသူများသည် Tool -> Macro -> Visual Basic Editor ကိုဖွင့်လိုက်ပါ။ MMexcel.xla ကိုတွေ့ရပါမည်။ သူ့၏ အောက်တွင် Modules Folder ပါ၀င်ပါသည်။ ထို Folder အောက်တွင် Module1 ကိုဖွင့်လိုက်ပါ။ ရေးသားထားသော source code များကိုမြင်တွေ့ရပါမည်။
download


hellomm

ကျွန်တော် Myanmar Chat နောက်တစ်ခုပြီးသွားပြီ….အရင်တုန်းက MMchat က AJAX သုံးထားလို့ နှေးတယ်ဗျ…ကောင်းလည်းကောင်းတယ်…အခု ကျွန်တော် နောက်ထပ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ…နာမည်ကတော့ hellomm ပါ…သူကတော့ ရိုးရိုး php တစ်ခုနဲ့ပဲရေးထားတာ…သုံးရတာမြန်ပါတယ်…နောက်ပြီ Profile ပါပါတယ်… သုံးပျော်မယ်လို့ ထင်ပါတယ်.. လိပ်စာကတော့ http://hellomm.mysteryzillion.com

ကျေးဇူးတင်လျက်…
စေတန်


MMGSearch

MMGSearch ကမြန်မာ search engine လို့ဆိုရမယ်။ ဒါပေမယ့် result တွေကို google ကနေယူထားပါ။ မြန်မာ Font နဲ့ပြန်ပြပေးထားတယ်။ ကြိုက်တဲ့ Font လည်း ပြောင်းသုံးနိုင်တယ်။ နောက်ပြီး ကိုယ့် website မှာ MMGSearch ကိုထည့်လို့ရတယ်။ လိပ်စာက http://mmgsearch.awardspace.com


MMGLite

MMGLite ဟာ မြန်မာလို မေးပို့ မေးလက်ခံနိုင်ပါတယ်။ gmail အသုံးပြုသူများအတွက်သာဖြစ်ပါတယ်။ gmail သုံးသူ အချင်းချင်း မြန်မာလို စာပို စာလက်ခံနိုင်တယ်။ ဒါပေမယ့် HTML base မဟုတ်ပဲ text base ဖြစ်နေသေးတယ်။ သုံးရတာက မြန်မာ GUI ပဲ ။ glite ကို ပြန်ပြင်ထားတာ။ gmail အသုံးပြုသူတွေ အတွက်တော့ တော်တော်လေးကောင်းမယ်ထင်တယ်။ နောက်ပြီး Font Embed သုံးထားပြီ Zawgyi-one Keyboard မရှိပဲ မြန်မာလို ရိုက်နိုင်အောင်လုပ်ထားတယ်။ လက်ကွက်က ၀င်းအင်း၀နဲ့ အတူတူပါပဲ ။ နောက်ပြီး မြန်မာစာလုံး သစ္စာတို့ ဘာတို့ ကိုရိုက်လို့လွယ်အောင်လုပ်ထားပါသေးတယ်။ သုံးကြည့်လိုက်ပါ ။ လိပ်စာက http://mmglite.awardspace.com