CB Bank iPhone app

CB Bank iPhone app ဟာ CB Bank ရဲ့ Branch တွေ အားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုလို့ ရပြီး ဖုန်း နံပတ် ၊ လိပ်စာ ၊ fax စတဲ့ အချက် အလက်တွေ ပါဝင်ပါတယ်။ နောက်ပြီး မြေပုံကနေ တဆင့် အနီး ဆုံး branch ကို ရှာဖွေလို့ရပါတယ်။ အင်တာနက် connection ရှိဖို့ တော့လိုတာပေါ့။ Mobile Banking တွေ မရသေးပေမယ့် လက်ရှိ bank လိပ်စာတွေ နဲ့ ဖုန်းနံပတ်တွေကို လွယ်လွယ်ကူကူ ရအောင် ဖန်တီးပေးထားတာပါ။ နောက်ပြီး အတိုးတွက်တဲ့ Calculator တစ်ခု ပါဝင်ပြီး ကိုယ်ငွေစုထားရင် ဘယ်နှစ်နှစ် ကြာရင် bank ထဲမှာ ဘယ်လောက်ရှိသွားပြီဆိုတာကို တွက်ချက်လို့ရပါတယ်။ နောက် version တွေမှာတော့ Branch တွေရဲ့ photo တွေ ပါဝင်လာပါမယ်။ နောက်ပြီး အခြား feature အသစ်တွေလည်း ပါဝင်လာဖို့ရှိသလို iPad version လည်း ထွက်ရှိလာမှာပါ။ iPhone version က Branch list ကို ဒီထက် ပိုမိုကောင်းမွန်လာအောင် ပြုပြင်ဖို့ ရှိပါတယ်။

Continue reading

Nook color is best for End User

စာဖတ်ဖို့အတွက် Android Tablet ရွေးမလား Nook Color ရွေးမလားဆိုရင်တော့ Nook Color ကို recommend လုပ်ပါတယ်။ Android ဆိုတာက Geek တွေအတွက်ကတော့ ထမင်းစားရေသောက် လုပ်ချင်တာ လုပ်ဖြစ်ပေမယ့် End user တွေအတွက် တော်တော် အလုပ်ရှုပ်မယ့် ကိစ္စတွေရှိပါတယ်။ စာဖတ်ဖို့အတွက် App ထပ်သွင်းရတာ ရှိမယ်။ Epub , PDF , docx , doc စတဲ့ format တွေ ဖတ်ဖို့အတွက် App ထပ်သွင်းရပါမယ်။ Market ထဲကို ဝင်ပြီး ရှာရမယ်။ ပြီးရင် App ကို ဖွင့်ပြီး SD card ကနေ စာအုပ်ဖွင့်ရမယ်။ အဲဒီအတွက် Computer နဲ့ ချိတ် စာအုပ်တွေ ထည့်။ ပြီးရင် App သွားပြီး file တွေ ရွေးပေးရပါအုံးမယ်။  Nook color  ဆိုရင်တော့ Computer နဲ့ Nook Color ကို USB နဲ့ ချိတ်။ ပြီးရင် file ကူး။ ဒါဆိုရင် ဖတ်လို့ရပြီ။ ဘာ အဆင့်မှ မလိုပါဘူး။ စာအုပ်ဖတ်ဖို့အတွက် သီးသန့်ပါ။ အခြား Game ပါဆော့ချင်ရင်တော့ Android Tablet ဖြစ်ဖြစ် iPad ဖြစ်ဖြစ် ဝယ်ပေါ့ဗျာ။
Continue reading

မြန်မာပြည်သား (ရန်ကုန်ဘဆွေ)

ကိုငြိမ်းချမ်းထွေးက ရန်ကုန်ဘဆွေရေးတဲ့ မြန်မာပြည်သား စာအုပ်ဖတ်ကြည့်ပါလားလို့ပြောတာနဲ့ သူငယ်ချင်း စလုံးလာမယ့်သူကို စာအုပ် ၂ အုပ်မှာလိုက်တယ်။ ၁ အုပ်က ရန်ကုန်ဘဆွေ မြန်မာပြည်သား နဲ့ မြသန်းတင့် ရဲ့ သုခမြို့တော်။ သုခမြို့တော်က ရန်ကုန်အိမ်မှာ ဝယ်ထားတဲ့ စာအုပ်ရှိပေမယ့် ရှာရတာနဲ့ ရှုပ်တာနဲ့ သူငယ်ချင်းကိုပဲ ဝယ်လာခိုင်းလိုက်တယ်။ ရန်ကုန်ဘဆွေ ရဲ့ မြန်မာပြည်သား စာအုပ်ကို အခုဖတ်ကြည့်လိုက်တော့ ရှေးတုန်းက ဓလေ့လေးတွေ ရေးထားတဲ့ စာအုပ်ကောင်းပဲဗျ။

Continue reading

Rework

အခုတလော Rework ဖတ်နေတယ်။ အကုန်လုံးတော့ မပြီးသေးဘူး ပြီးခါနီးတော့ ရောက်နေပြီလို့ ဆိုလို့တယ်။ Rework စာအုပ်က ဖတ်ကြည့်လိုက်တော့ ပြီးခဲ့တဲ့ Getting Real စာအုပ်နဲ့ တော်တော်လေးကို တူပါတယ်။ သို့ပေမယ့် Getting Real ထက်စာရင် အရေးအသားပိုကောင်းပြီး ပြေပြစ်လာတယ်လို့ ဆိုလို့ရမယ်။ Getting Real စာအုပ်က ဖတ်လို့ကောင်းတယ်။ အဲဒီထက် Rework က ပိုဖတ်လို့ကောင်းတယ်လို့ ပြောလို့ရမယ်။ Rework ကို ကိုဒီဘီ ရဲ့ မှတ်ချက်ကတော့ ရှင်းရှင်းလေးပဲ။ ဖတ်လိုက်တော့ shock ဖြစ်သွားတယ်တဲ့။ ဒီထက် ပိုပြီး မပြောသလို ပြောစရာလည်း မလိုလောက်အောင် ပြည့်စုံသွားတဲ့ စကားလို့ပဲ ဆိုရပေမလားပဲ။ ဟုတ်ပါတယ်။ တကယ်ပဲ shock ဖြစ်သွားပါတယ်။ သမာရိုးကျ နည်းစနစ်တွေကို ခနဲ့ထားသလိုလိုတွေလည်း အများကြီးပါပါတယ်။ နောက်ပြီး စကားကြီးစကားကျယ်ပြောတဲ့သူတွေကိုလည်း နှိပ်ကွပ်ထားတဲ့ စာလုံးတွေလည်း ပါဝင်နေတယ်။ နောက်ပြီး သူတို့ရဲ့ တွေးပုံခေါ်ပုံတွေက လောကကြီးကို တည့်တည်ကြည့်တယ်လို့ ပြောရမလား ကန့်လန့် ကြည့်တယ်ဆိုရမလား။ အရပ်စကားဆိုရင်တော့ ကန့်လန့်တိုက်တယ်လို့ ဆိုရင် ပိုမှန်မယ်ထင်တယ်။ ဟင် လောကကြီးကို တည့်တည်ကြည့်တယ်ဆိုတော့ ကျွန်တော်တို့က အခု စောင်းစောင်းကြီးကြည့်နေလို့လားဗျ။
Continue reading

Chrome Extension for Web Developer

Aug 18 ထုတ်တဲ့ chromium မှာ မြန်မာစာ ပြဿနာ fix လုပ်ပေးပြီးသွားပြီ ဖြစ်လို့ Safari 5 ကနေ Chromium ကို ပြောင်းသုံးနေတယ်။ အရင်တုန်းက Chromium ကို သုံးရင်း extension အတွက် enable လုပ်ပေးရပေမယ့် အခု version မှာ မလိုတော့ဘူးလေ။ Extension တွေကို တိုက်ရိုက် သွင်းလို့ရတဲ့အတွက်ကြောင့် ပိုအဆင်ပြေပြီး သုံးဖြစ်နေတယ်။ ကျွန်တော်လက်ရှိ သုံးနေတဲ့ Extension တွေကတော့

Chrome SEO

လက်ရှိ site မှာ Google Index လုပ်ထားတာ ဘယ်လောက်လဲ။ ဘယ် search engine တွေက ကိုယ့် sites ကို ဘယ်လောက် Index လုပ်ထားလဲ။ Back link တွေက ဘယ်လောက်ရှိလဲ။ Domain Detail စတာ စတာတွေ အတွက် သွင်းထားသင့်တဲ့ Extension ပါ။ Web Development လုပ်ရင် SEO ကလည်း အရေးပါပါတယ်။ Continue reading

Why blog ?

မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။
Continue reading

Linux is evil

Do you believe it ? Try like that in terminal. Linux can’t teach you about love, peace , happiness. But he can teach how to kill ? If you don’t know how to kill , try

$man kill

( just kidding…. kill also have in Mac kill — terminate or signal a process )

Photosynth

Microsoft Lab ရဲ့ prodcut တစ်ခုပါ။ ကြားဘူးတာတော့ ကြာပြီ။ ဒါပေမယ် ့အရင်က dial-up နဲ့သုံးတော့ စမ်းဖို့က မလွယ်လှဘူး။ အခုပြန် သတိရတော့ photosynth ရဲ့ website ဖြစ်တဲ့ http://photosynth.net ကိုအရောက်သွားခဲ့ပါတယ်။ website ထဲ ရောက်ရောက်ခြင်း မှော်ဝင်နေတဲ့နေရာတစ်ခု ရောက်သွားလား အောက်မေ့လောက်အောင် Design ပိုင်းက ဆွဲဆောင်မှုရှိပါတယ်။ ဒါနဲ့ စတင်စမ်းသပ်ဖို့ လုပ်လိုက်တော့ 8 MB လောက် download ချပြီးမှ ကြည့်လို့ရမယ်ဆိုတာနဲ့ download ချလိုက်ပါတယ်။ ပြီးတော့ စတင်ကြည့်ရှုလိုက်တဲ့အခါမှာတော့ ဟာ ခနဲ့ ဖြစ်သွားခဲ့ရပါတယ်။ ကြည့်ရတာတော့ တော်တော်လေးကို ကောင်းလိုက်တာဗျာ။ ခေတ်လွန်တွေထဲများ ရောက်နေသလား အောက်မေ့ရတယ်။

Continue reading