Internet And Your Personal

ဒီနေ့ google မှာ saturngod gmail ဆိုပြီး ရှာကြည့်လိုက်တော့ ကျွန်တော့် information တော်တော်များများထွက်လာတယ်။ အထူးသဖြင့် deviantart.com က information ပဲ။ ကျွန်တော်တို့တွေ community site တွေထဲမှာ ကိုယ့် Information တွေ ဖြည့်မိတာတွေ ကိုယ့် email လိပ်စာတွေ ထည့်မိတာတွေ ရှိကောင်းရှိမယ်။ ဒါဟာကောင်းလားဆိုတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီလိုမျိုး ကိုယ့် Information ကို အလွယ်တကူရှာတွေ့နိုင်တာ ကျွန်တော့် အထင်အတွက်တော့ မကောင်းဘူးထင်တာပဲ။ ကျွန်တော် ကိုယ်တိုင်က အေးအေးဆေးဆေးပဲ နေတတ်တဲ့လူတစ်ယောက်ဖြစ်ပြီး ကိုယ့်အကြောင်းလူမသိစေချင်ဘူး။ ဟိုးအရင်တုန်းက Internet ဆိုတာဘာမှန်း ကောင်းကောင်းမသိခင်တုန်းက တွေ့ရာနေရာမှာ ကိုယ့် information အမှန်တွေပဲ ထည့်ခဲ့ဘူးတယ်။ email တွေဆိုလည်း AT လို့မသုံးပဲ တိုက်ရိုက် @ ဆိုပြီး သုံးခဲ့ဘူးတယ်။ အဓိကတော့ email ပဲ။ ဘာဖြစ်လို့လည်းဆို နောက်တော့ ကြော်ငြာတွေ လိမ့်ဝင်လာတတ်တာပဲ။ အခုဆို တနေ့တနေ့ spam mail နဲ့တင် နည်းတာမဟုတ်ဘူး။ ကျွန်တော့်အမြင်ကတော့ google က crawl တွေ yahoo က crawl တွေ အခြား search engine က crawl တွေက community က profile တွေကို ဝင်ရောက်ရှာဖွေနေတာကို တွေ့ရတယ်။ တနည်းပြောရရင် ကိုယ့် information တွေအကုန်လုံးက search engine တွေဆီကိုရောက်ရှိနိုင်ပြီး  သူတို့အနေနဲ့ လူတွေ ဘာကြိုက်တတ်လဲ။ ဘယ်လိုလူတွေ ဘာကိုရှာချင်ကြလဲ ဆိုတာတွေကို သိနိုင်တယ်လေ။ search engine ကနေ ကိုယ့် information ရှာဖွေနိုင်တာကတော့ ကိုယ့် mail ကို spam တွေရောက်လာနိုင်ဆိုတာအပြင် အခြား အကြောင်းအရာတွေ အများကြီးလည်း ဖြစ်နိုင်တယ်လေ။ ကောင်းတာကတော့ ကိုယ့် အကြောင်းကို လူတွေ လွယ်လွယ်သိနိုင်တာအပြင် ကံကောင်းရင် ရည်းစားစာတွေပဲ ရနိုင်တာပေါ့။ virus ကပ်ပါလာရင်တော့ သိဘူး…. =P

 


Don’t Install Nero 8.2 with custom Insall

typical install ဆို အဆင်ပြေတယ်ဗျ… custom install ဆို nero express မပါလာတော့ဘူး.. အဲမှာ သေတာပဲ.. သူမပါတော့ data ကို multi-session ကူးမရတော့ဘူး.. အခုတော့ ရွာပတ်နေတယ်.. 8 သွင်းပြီးတာ မှားပြီ… အခု 7 ပြန်သွင်းတာလည်း မရပြန်ဘူး.. ခက်၏… ခက်၏… 8 က typical ဆို အဆင်ပြေတယ်.. custom ဆိုလုံးဝကို အဆင်မပြေတော့တာ… အခုထက်ထိ 7 သွင်းနေတာ မရသေးဘူး.. ထပ်ကြိုးစားကြည့်အုံးမယ်.. 8 က hard disk နေရာယူတာ အရမ်းများတယ်.. typical သွင်းရင် 1.3 GB တောင်.. နည်းတာမဟုတ်ဘူး… အခုချိန်မှာတော့ 8 မသွင်းသင့်သေးဘူးလို့ထင်ပါတယ်… ကျွန်တော်ကတော့ ခေါင်းစားနေပြီ..

Installer တွေကလည်း install လုပ်ရင် ချက်ခြင်း တက်မလာပဲ Loading အရမ်းကြာတာဆိုးတယ်ဗျာ… နောက်ပြီး 7 ပြန်သွင်းတော့ ဘာ key မှ ထည့်လို့မရတာ တော်တော်ဆိုးတယ်ဗျို့.. အဲဒီအဆင့်မှာ တစ်နေတာ… nero 8 သွင်းမိတာ မှားပြီပဲ..


pictomio

တကယ်လို့ သင်ရဲ့ Graphic Card ဟာ Game ကစားဖို့အတွက် အကောင်းဆုံးဆိုတာကို တပ်ထားတယ်။
ဒါမှမဟုတ် သင့်ရဲ့ ကဒ်ဟာ ShaderModel 2.0 ကို support လုပ်ပြီး 128 MB လောက်ရှိတယ်။
ဒါမှမဟုတ် 256 MB Express Card ကောင်းကောင်းတစ်ခု တပ်ထားတယ်။
ဒါဆိုရင် Graphic Card ကို Game ကစားဖို့တစ်ခုအတွက်ပဲ အသုံးချတော့မှာလား။
တခြား အံသြဘွယ် လှပဆန်းသစ်မှုတွေ ခံစားဖို့ မကြိုးစားတော့ဘူးလား။
Graphic Card ဆိုတာ Game ကစားဖို့အတွက်ပဲ အသုံးပြုတော့မှာလား။
လှပဆန်းသစ်မှုတွေ ခံစားချင်တယ်။ ရုပ်ရှင်လောကထဲကလို ကမ္ဘာထဲရောက်သွားစေချင်ရင်တော့
pictomio ဆိုတဲ့ Photo , Video Browser လေးကို စမ်းစေချင်ပါတယ်။
အခုတော့ Beta Version ပဲထွက်သေးပေမယ့်…
မယုံလောက်အောင် ဆန်းသစ်တဲ့ Browser တစ်ခုပါ။
လုံလောက်တဲ့ Graphic Card တစ်ခုတော့ လိုအပ်ပါတယ်။
လှပစမ်းသပ်မှုရှိလှပါတယ်။ ကျွန်တော်တို့တွေ တွေ့မြင်နေရတဲ့…
ခေတ်လွန်ရုပ်ရှင်ထဲကလို လေပေါ်မှာ ပုံတွေ ပျံနေသလိုမဟုတ်ပေမယ့်…
Photo တွေကို ပြပေးတဲ့ Carrousel ကတော့ တကယ်လှပပြီး သဘောကျဖို့ကောင်းပါတယ်။

လှပဆန်းသစ်မှုတွေပြည့်နေပေမယ့်…
Graphic Card တောင်းဆိုမှုကြောင့် သုံးရတာနည်းနည်းလေး နှေးတတ်တာကို တွေ့ရမှာပါ။
Photo က အဲလောက် ပြသနာမရှိပေမယ့်…
Video ဆို သိသာဆို နှေးသွားတတ်ပါတယ်။
နောက်ပြီး Tab တစ်ခုကနေ တစ်ခု ခပ်မြန်မြန်ကူးပြောင်းရင်…
အလိုလိုနေရင်း လေးပြီး ပိတ်သွားတတ်တာကို တွေ့ရပါတယ်..

ကျွန်တော်အသုံးပြုတဲ့ Card က VGA 256 MB ဖြစ်တာကြောင့်ဖြစ်မှာပါ။
ShaderModel 1.1 လောက်ပဲရှိပါတယ်။
ဒါကြောင့် နှေးနေပါတယ်။ Express Card ကောင်းကောင်းလောက်ဆို အလုပ်ကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်မိပါတယ်။

Graphic Card ကောင်းကောင်းရှိတဲ့သူတွေ စမ်းသုံးချင်ရင်တော့

http://www.pictomio.com မှာ စျေးနှုန်းကတော့ Priceless ဖြစ်ပြီး download ချနိုင်ပါတယ်။။


WinUHA

သိတာတော့ ကြာပြီ… ဒါပေမယ့် မသုံးဖြစ်ခဲ့ဘူး… download ချထားတဲ့ file က UHA နဲ့ဆိုတော့မှ စမ်းဖြစ်တော့တယ်… ကျွန်တော် winrar နဲ့ ယှဉ်ကြည့်ခဲ့ပါတယ်.. WinUHA က winrar ထက်ပိုပြီး ချုံ့နိုင်ပါတယ်… ဒါပေမယ့် ကျွန်တော် ယှဉ်ကြည့်တဲ့အခါမှာတော့

Continue reading


Nero Burning 8

Nero Burngin 8 ကတော့ GUI design ကို စမ်းသစ်ထားတယ်ဆိုတာထက် အသုံးပြုရလွယ်ကူပြီး user friendly ဖြစ်အောင် လုပ်ထားတာပါ။ အလှအပထက် အသုံးပြုရလွယ်ကူရေးကို ဦးစားပေးထားတာကို တွေ့ရပါတယ်။ smartstart ကို အဓိကပြောင်းလဲထားပါတယ်။ အရင်အဟောင်း nero burning rom ကတော့ပါရှိပေမယ့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါဘူး။ smartstart ကတော့ အတတ်နိုင်ဆုံး wizard တွေကို လျော့ချထားတယ်။ တနည်းအားဖြင့် user အနေနဲ့ မျက်စိရှုပ်စရာမဖြစ်ပဲ ကြည့်လိုက်ရုံနဲ့ သုံးလို့ရအောင် ပြောင်းလဲထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် mp3 အတွက် rip ကိုပါ ထည့်သွင်းထားပြီး home entertainment အတွက်ပါ ထည့်သွင်းထားတာကို တွေ့ရတယ်။ သဘောအကျဆုံးကတော့ smartstart ပါပဲ။ ဒါပေမယ့် အရင်ကလို ကိုယ့်ပုံလေး background အတွက် ထည့်လို့မရတာတော့တာနဲ့ aero effect လေးမပါတော့တာကို သိပ်သဘောမကျကလွဲရင် တော်တော်လေးကောင်းတယ်လို့ ဆိုရမယ်..


Burglish WebText Editor

စမ်းကြည့်လိုက်တော့ တော်တော်လေး သဘောကျသွားတယ်.. မဆိုးဘူးဗျ… စမ်းကြည့်ပါလား.. burglish သမားတွေ အနေနဲ့ မြန်မာလို မရိုက်တတ်ဘူး.. ဒါပေမယ့် မြန်မာစာတော့ မပျောက်သင့်ဘူးလို့ ထင်တယ်.. burglish လိုရိုက်ပေမယ့် စာလုံးကတော့ မြန်မာစာလုံးပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်.. ကျွန်တော် စမ်းကြည့်တော့ တော်တော်လေးကို မိုက်တယ်.. တကယ်တော်တယ်ဗျာ… ရေးထားတာကတော့ AJAX တွေနဲ့ လန်ထွက်နေတာပဲ. မြန်လည်း မြန်တယ်နော်.. တော်တော်မိုက်တယ်.. သဘောတော့ တော်တော်ကျမိတယ်.. Web Text Editor မှာလည်း ထည့်သွင်းဖို့ ကြိုးစားနေပါတယ်..

http://burglish.googlepages.com/testarea.htm