Google Analytics In Air

ကျွန်တော်တို့တွေ အမြဲ Google ကို အသုံးပြုနေကြဆဲပါ။ ကိုယ့် website ဒါမှမဟုတ် blog လူဝင်နှုန်းကို ကြည့်ဖို့အတွက် Google Analytics ကို အသုံးပြုကြပါတယ်။ ကျွန်တော်လည်း အခုအချိန်ထိ သုံးနေဆဲပါ။ သုံးလို့လည်းကောင်းတယ်။ ဘယ်နိုင်ငံကနေ ကိုယ့် blog ကို လူတွေ ကြည့်လဲဆိုတာသိနိုင်တယ်လေ။ တနေ့ကို လူဘယ်နှစ်ယောက်လောက် ဝင်လဲ စတာတွေ သိနိုင်တယ်။ Continue reading

My Lockbox

My Lockbox program ဟာ folder lock လိုမျိုး program တစ်ခုပါပဲ။ သင့် folder ကို အခြားသူတွေ မမြင်ရအောင် ကာကွယ်ပေးထားတယ်။ သင့်အနေနဲ့ LockBox ကနေ password ရိုက်ထည့်ပြီး ဖြည်မှသာ အဲဒီ folder လေးကို မြင်ရပြီး ဖွင့်လို့ရမှာပါ။ အရင်က folder lock သုံးဖူးပေမယ့် adobe air နဲ့ ညှိနေတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ adobe air သုံးချင်တာနဲ့ ဖြုတ်ချခဲ့ရပါတယ်။ folder lock က free version မဖြစ်တဲ့အတွက်ကြောင့် patch လုပ်ပြီး အသုံးပြုခဲ့တာကြောင့် stable ဖြစ်တယ်လို့ ပြောလို့မရဘူး။ အခု My Lockbox ကတော့ folder lock မှာပါတဲ့ feature အားလုံးနီးပါး ပါဝင်မှုရှိပြီး free version ဖြစ်တာကြောင့် စိတ်ချလက်ချသုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ အခုလက်ရှိ တစ်ခြား folder encryption တွေ lock တွေထက် free ရတဲ့ My Lockbox ကို စိတ်ကျေနပ်မိတယ်။ အဲ…. သူက folder lock လိုမျိုးပဲ Linux ဘက်ကနေ ကြည့်ရင်တော့ lock ဖြစ်မနေပဲ ဖွင့်လို့ရနေပါတယ်။ windows ပိုင်းကနေဆိုရင်တော့ စိတ်ချရတဲ့ Locker လေးပါပဲဗျာ…. Folder Lock လုပ်ဖို့ software သုံးချင်ရင်တော့ My Lockbox လေးကို စမ်းသုံးကြည့်လိုက်ပါဗျာ..

http://www.fspro.net/folder-lock-box/

Ubuntu Tweak

Windows Tweak လိုမျိုး Ubuntu Tweak ဆိုတာလည်းရှိပါတယ်။ ကျွန်တော်တို့တွေ Ubuntu မှာ လိုပြီး အရေးပါတဲ့ software တွေ လွယ်လွယ်ကူကူရှာပြီး သွင်းနိုင်တယ်။ splash screen တက်အောင်လုပ်လို့ရတယ်။ ဒါတင်ဘယ်ကမလဲ ကျွန်တော်တို့ရဲ့ Music, Picture စတဲ့ Default folder တွေကို ကိုယ့်စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ပြီး Start Menu က Ubuntu logo လေးကို မကြိုက်ရင် Ubuntu Tweak နဲ့ လဲပစ်လိုက်လို့ရတယ်။ နောက်ပြီး My Computer , Trash စတာတွေကို Windows မှာလို Desktop ပေါ်မှာ ပေါ်အောင် လုပ်လို့ရတယ်လေ။ ဘာပဲပြောပြော Ubuntu အသုံးပြုသူအနေနဲ့တော့ သွင်းထားသင့်တယ်။ သူ့ကို download ချမယ်ဆိုရင်တော့ ဒီမှာ ရယူနိုင်ပါတယ်။

Launchy

Launchy ကတော့ တော်တော်ကောင်းတယ်ဗျာ ။ Run command ထက်တောင်သာသေးတယ်။ အခုတော့ Ubuntu မှာလည်း သုံးလို့ရတော့ တကယ့်ကို ရှယ်ပဲဗျာ။ ကိုသာသာ ကိုလည်း ကျေးဇူးတင်ပါတယ်။ Launchy.net မှာ အခုပဲ download ချလိုက်ပါ။ Essential For Ubuntu မှာလည်း ထည့်သွင်းလိုက်ပါပြီ။

Anim-FX

ကျွန်တော် Flash နဲ့ website တွေဆွဲတုန်းက အသုံးပြုခဲ့တာပါ။ မနေ့ကမှ အသုံးလိုလို့ ပြန်သုံးရင်း သူများတွေလည်း သုံးကြည့်ရအောင်ဆိုပြီး မျှဝေလိုက်ပါတယ်ဗျာ။ သုံးကြည့်လိုက်မှ ခိုက်သွားမယ်။ Flash ဆွဲတတ်စရာမလိုပဲ intro လန်းလန်းလေးတွေ လုပ်လို့ရပါတယ်။

Download

EasyCafe

Cafe Software တော်တော်များများရှိပါတယ်။ ဒါပေမယ့် တကယ်အသုံးပြုမယ်ဆိုရင် ရွေးချယ်ရခက်ပါတယ်။ ကိုယ့်စက်က လန်ထွက်နေတယ်။ Memory ကလည်း လန်းတယ်။ ဒါဆို ကိစ္စမရှိဘူးပေါ့။ အဲ.. Memory က 256 MB လောက်ပဲရှိတယ်။ ဒါဆို စပြီး ရွေးချယ်ရခက်လာပြီ။ နောက်ပြီး CPU speed ကလည်း ပါသေးတယ်။ ကျွန်တော်အနေနဲ့ကတော့ အသေးဆုံး အပေါ့ဆုံး။ Server ထိုင်စရာမလိုပဲ server client သီးသန့်သွင်းရတဲ့ ဟာလေးပဲသုံးချင်တယ်။ နောက်ပြီး memory လည်း မကုန်တာလိုချင်တယ်။ Server မှာကတော့ memory ကော harddisk ပါ powerful ဖြစ်ဖို့လိုတယ်။ စက်တစ်လုံးအတွက်က ကိစ္စမရှိဘူးလေ။ client တွေအများကြီး powerful ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ နောက်တော့ ကိုပီဇီ ကျေးဇူးကြောင့် EasyCafe ဆိုတာကို တွေ့သွားတယ်။ တော်တော်ကောင်းတယ်လေ။ ပေါ့လည်းပေါ့တယ်။ screen saver လည်းပြောင်းထားလို့ရတယ်။ ကျွန်တော်ကတော့ ပေါ့တာလေးကိုပဲ သဘောကျတယ်။ ငွေတွက်ဖို့အတွက် အဓိက software သုံးရတာပါ။ Cafe ဆိုင်တွေလည်း EasyCafe ကို စမ်းသုံးကြည့်စေချင်ပါတယ်။ Cafezee က အသုံးပြုတဲ့ လူတွေက Ctrl + Alt+ Del နဲ့ cafezee ကို ခဏပိတ်ထားလို့ရပါတယ်။ သူကတော့ အဲလိုလုပ်တာနဲ့ တစ်ခါတည်း ပြန်ထွက်သွားပါတယ်။ အဲဒါလေးကို သဘောကျတာပါ။