USB Disk Ejector

ကျွန်တော်တို့တွေ ပုံမှန်သုံးနေကျ windows ရဲ့ tray icon ကနေ လုပ်ရတာ အလုပ်ရှုပ်တယ်… drive icon တွေများလာရင် ရှုပ်ကုန်ကောလို့ ထင်တဲ့ လူတွေအတွက်… အသုံးဝင်မယ်ထင်ပါတယ်… ကျွန်တော်ကတော့ desktop ပေါ်မှာ တင်ထားပြီးသုံးတယ်… tray icon ဆီသွားရတာ ရှုပ်တယ်ဆိုပြီး desktop မှာ တင်ထားပြီး double click နှိပ်ပြီး လိုအပ်တာကို ဖြုတ်လိုက်ရုံပဲ….

http://quick.mixnmojo.com/usb-disk-ejector


Mihov Image Resizer

Size လေးက သေးပေမယ့် စုံတယ်ဗျ… Image Resize သာမကဘူး.. jpg က နေ GIF , BMP အဲလိုမျိုး convertor လေးတွေလည်း ပါတယ်။ Image တွေအများကြီးကို resize လုပ်လို့ရတယ်။ internet မှာ photo ပုံတွေကို တစ်ခုခြင်း ချုံပြီး တင်နေရင် အချိန်ကြာတယ်။ ဒါလေးနဲ့ဆို ရိုက်ထားတဲ့ photo တွေအများကြီးကို တစ်ခါတည်း ချုံ့လိုက်နိုင်တဲ့အတွက် အချိန်ကုန် သက်သာတာ အမှန်ပဲဗျ။

http://www.mihov.com/eng/ir.html


pictomio

တကယ်လို့ သင်ရဲ့ Graphic Card ဟာ Game ကစားဖို့အတွက် အကောင်းဆုံးဆိုတာကို တပ်ထားတယ်။
ဒါမှမဟုတ် သင့်ရဲ့ ကဒ်ဟာ ShaderModel 2.0 ကို support လုပ်ပြီး 128 MB လောက်ရှိတယ်။
ဒါမှမဟုတ် 256 MB Express Card ကောင်းကောင်းတစ်ခု တပ်ထားတယ်။
ဒါဆိုရင် Graphic Card ကို Game ကစားဖို့တစ်ခုအတွက်ပဲ အသုံးချတော့မှာလား။
တခြား အံသြဘွယ် လှပဆန်းသစ်မှုတွေ ခံစားဖို့ မကြိုးစားတော့ဘူးလား။
Graphic Card ဆိုတာ Game ကစားဖို့အတွက်ပဲ အသုံးပြုတော့မှာလား။
လှပဆန်းသစ်မှုတွေ ခံစားချင်တယ်။ ရုပ်ရှင်လောကထဲကလို ကမ္ဘာထဲရောက်သွားစေချင်ရင်တော့
pictomio ဆိုတဲ့ Photo , Video Browser လေးကို စမ်းစေချင်ပါတယ်။
အခုတော့ Beta Version ပဲထွက်သေးပေမယ့်…
မယုံလောက်အောင် ဆန်းသစ်တဲ့ Browser တစ်ခုပါ။
လုံလောက်တဲ့ Graphic Card တစ်ခုတော့ လိုအပ်ပါတယ်။
လှပစမ်းသပ်မှုရှိလှပါတယ်။ ကျွန်တော်တို့တွေ တွေ့မြင်နေရတဲ့…
ခေတ်လွန်ရုပ်ရှင်ထဲကလို လေပေါ်မှာ ပုံတွေ ပျံနေသလိုမဟုတ်ပေမယ့်…
Photo တွေကို ပြပေးတဲ့ Carrousel ကတော့ တကယ်လှပပြီး သဘောကျဖို့ကောင်းပါတယ်။

လှပဆန်းသစ်မှုတွေပြည့်နေပေမယ့်…
Graphic Card တောင်းဆိုမှုကြောင့် သုံးရတာနည်းနည်းလေး နှေးတတ်တာကို တွေ့ရမှာပါ။
Photo က အဲလောက် ပြသနာမရှိပေမယ့်…
Video ဆို သိသာဆို နှေးသွားတတ်ပါတယ်။
နောက်ပြီး Tab တစ်ခုကနေ တစ်ခု ခပ်မြန်မြန်ကူးပြောင်းရင်…
အလိုလိုနေရင်း လေးပြီး ပိတ်သွားတတ်တာကို တွေ့ရပါတယ်..

ကျွန်တော်အသုံးပြုတဲ့ Card က VGA 256 MB ဖြစ်တာကြောင့်ဖြစ်မှာပါ။
ShaderModel 1.1 လောက်ပဲရှိပါတယ်။
ဒါကြောင့် နှေးနေပါတယ်။ Express Card ကောင်းကောင်းလောက်ဆို အလုပ်ကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်မိပါတယ်။

Graphic Card ကောင်းကောင်းရှိတဲ့သူတွေ စမ်းသုံးချင်ရင်တော့

http://www.pictomio.com မှာ စျေးနှုန်းကတော့ Priceless ဖြစ်ပြီး download ချနိုင်ပါတယ်။။


Total Video Converter

File Type တွေ အများကြီးပြောင်းလို့ရပါတယ်… VCD ကနေ MP3 ပြောင်းနိုင်ပါတယ်.. တခြား Audio File

တော်တော်များများကိုလည်းပြောင်းနိုင်ပါတယ်.. FLV ကိုလည်းဖွင့်နိုင်သည့်အပြင် FLV ကနေ MPEG ကိုလည်းပြောင်းနိုင်ပါတယ်..

Download
Crack


Zawgyi Keyboard Installer For Vista

ကျွန်တော် Zawgyi-one Keyboard ကို install လုပ်လို့ရသွားပြီ…
Vista မှာ Install လုပ်လို့မရသူတွေ အတွက် ကျွန်တော်လုပ်ထားတဲ့ installer လေးနဲ့လုပ်ကြည့်လိုက်ပါ…
ပြီးရင်တော့ Language setting မှာထုံးစံအတိုင်းပဲပေါ့…
File Size ကတော့ ပါးပါးလေးမှ ပါးပါးလေး…
4KB ပဲရှိတယ်…
Download


Vista_Crack

ကျွန်တော် Window Vista လည်းသွင်းပြီးရော… Zawgyi-one Keyboard ကို Install လုပ်လို့မရတော့လို့.. ကျွန်တော့်ရဲ့ web text editor လေးကိုအားကိုးနေရတယ်… တော်ပါသေးတယ်… ဒါလေးရှိသေးလို့… နောက်မို့ဆိုမတွေး၀ံစရာပဲ…
Windows Vista ကတော့ xp နဲ့ တခြားဆီပဲဗျ…တော်တော်လေးကောင်းတယ်.. Right Click -> Personalize -> Windows Color And Apperance မှာ Aero က သုံးမှ transpancy ဖြစ်တာ..နောက်မို့ဆို တော်တော် ရုပ်ဆိုးတာ.. xp နဲ့သုံးရတာမတူဘူးဗျ… ကျွန်တော်စက်မှာ မဆိုသလောက်လေးနှေးသွားတယ်.. Feature တွေကတော့ ကျွန်တော်မပြောတော့ဘူး… စာအုပ်တိုင်းမှာပါနေတာ… မြန်မာနိုင်ငံမှာ crack ပြသနာတက်နေတယ်…၁လပဲသုံးလို့ရတယ်တဲ့…ကျွန်တော့်မှာ crack တစ်ခုရှိတယ်..ကျွန်တော်က ၁လမပြည့်သေးတော့ time of ဖြစ်မဖြစ်ဆိုတာကို မပြောနိုင်သေးဘူး…ဘာပဲဖြစ်ဖြစ်စမ်းကြည့်လိုက်ပေါ့….
Crack File ကတော့…
Download


Adobe Acrobat 8 Professional

Adobe Acrobat 8 Professional ထွက်ပြီဗျ….GUI ပိုင်းကတော့ တော်တော်လေးပြောင်းလဲထားတယ်ဗျ….ပိုပြီးတော့ smart ဖြစ်သွားတယ်…နောက်ပြီး ms word ကိုလေး တိုက်ရိုက် export လုပ်လို့ရတဲ့အပြင် တခြား export file တွေလဲရလာတာတွေ့ရတယ်…နောက်ပြီး PDF File တွေကို merge လုပ်လို့ရလာတယ်.. အခု ရန်ကုန် ကဆိုင်တွေမှာ ၀ယ်လို့ရနေပါပြီ…တစ်ခွေထဲပါ….သွင်းရတာလည်းမြန်ပါတယ်..နောက်ပြီး အခွေထဲမှာ Adobe Reader 8 တောင်ပါလိုက်သေးတယ်..