ဒီနေ့ http://www.myanmardaily.net/ ကနေ ucsy ning site လေးကိုတွေ့လိုက်တယ်။ ဘာပဲပြောပြော ကိုယ့်ကျောင်းဆိုတော့ ဖတ်ဖြစ်လိုက်ပါတယ်။ ကျောင်းမှာ project လေး လုပ်ခိုင်းတာ သိတော့ ဝမ်းသာမိသွားတယ်။ အဲ... အဲမှာ မကျေလည်တာလေး တစ်ခုကို သွားဖတ်မိပါတယ်။ computer ပြဿနာပါ။ ကိုယ့် laptop နဲ့ ကိုယ် presentation ကို ပြခိုင်းတာပါ။ ကျောင်းသားတစ်ယောက်က laptop မရှိရင် ဘယ်လိုလုပ်မလဲပေါ့။ Continue Reading »
စာတွေ့နဲ့လက်တွေ့
ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။ ဒါပေမယ့် ကျောင်းမှာကလည်း OOP concept ကို သိအောင်ပဲ သင်ပေးနိုင်တယ်။ တတ်အောင် မသင်ပေးနိုင်တော့ OOP ကို မသုံးဖြစ်တောပြန်ဘူး။ VB.NET 2003 လောက်ရောက်တော့ OOP ဖြစ်လာတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲ ဖြစ်သွားတာ။ Logic ပိုင်းတွေ ပြောင်းချလိုက်ရတာကို။ VB 6 ကနေ လာတဲ့သူ အဖို့ OOP နဲ့ အဝေးကြီးလို ဖြစ်သွားတာ။ အဲဒါကြောင့် Java ကို လုံးဝကို မထိတော့တာ။ Continue Reading »
ကျောင်းတော်က…
MZ က post [1] တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ..
ကျွန်တော် ဒီနေ့ ကျောင်းကို ရောက်ခဲ့တယ်... ကျောင်းက အရင်အတိုင်းပဲ... အဆောင်သစ်တစ်ခု ဆောက်နေတယ်... အိမ်သာကတော့ အရင်ကထက် ပိုစုတ်ပြတ်သွားတယ်... တံခါးပိတ်ဖို့ ဂျက်တောင်မရှိဘူး.. ကြိုးနဲ့စွဲထားရတယ်.. ဒါတွေကတော့ ထားပါ... ဒီကျောင်း အသစ်ဆောက်တုန်းက ကျွန်တော် တို့တွေ ပထမဆုံး တက်ခဲ့ရတာပဲ... အဲတုန်းက ကျောင်းကြီးကတော်တော်လေး ကောင်းပါတယ်... ဒါပေမယ့် ကျောင်းသားတွေ ဆိုးတယ်ဗျ... အဲတုန်းက ယောင်္ကျားလေး အိမ်သာထဲမှာ မှန်တပ်ထားတယ်.. ဆရာ ဆရာမတွေကို မကျေနပ်တိုင်း ကျောင်းက မှန်ကိုခွဲ... ဒေါသထွက်တိုင်း မှန်ကို ခွဲ... တံခါးကို ဆောင့်ကန်... မှန်ခွဲလိုက်တော့ ၃ ခါလောက် ပြန်တပ်ပေးသေးတယ်.. နောက်ပိုင်း ဆက်မတပ်ပေးတော့ဘူး... အေးသွားတာပဲ.. မှန်လည်း ထပ်ကွဲစရာ မလိုတော့ဘူးပေါ့... တံခါးကို ဆောင့်ကန်တော့ ကြာတော့ တံခါးက ပျက်စီးကုန်တာပဲ... နောက် တစ်နှစ် ထပ်ပြင်သေးတယ်.. ဘာလို့လည်းမသိဘူး... ကျောင်းက အိမ်သာတွေက နှစ် အစလောက်ပဲ ကောင်းတယ်.. နောက်ပိုင်း ပျက်စီးကုန်တယ်.. ကျွန်တော်တို့ hons ရောက်တော့ နောက်ပိုင်း ဆက်မပြင်တော့ပဲ ဒီအတိုင်း ပစ်ထားလိုက်တာ... အခုထက်ထိပဲ.. တော်သေးတာကတော့ အိမ်သာထဲက ရေပိုက်ခေါင်းကိုတော့ ပြင်ပေးလို့... အခုနောက်ပိုင်း ကျောင်းသားတွေတော့ ဘယ်လိုနေလဲမသိဘူး... အခုအချိန်မှာ စဉ်းစားကြည့်ရင် ကျွန်တော်တို့ first year တုန်းက လူတွေက တော်တော်ဆိုးတာပဲလား တော်တော်ရဲတာပဲလား မသိဘူး.. ကျောင်းကို အများကြီး ဖျက်စီးသွားတယ်.... ကျောင်းကလည်း အခုနောက်ပိုင်း ဘာလို့ ပြန်မပြင်လဲတော့ မသိဘူး... ကျောင်းဆောင် အသစ်တွေပဲ ဆက်ဆောက်နေတယ်.. ဆရာ ဆရာမ တွေလည်း လိုအပ်နေတာကို... ကျောင်းကို လူထပ်ခေါ်မလို့လားမသိဘူး... ထပ်ခေါ်တော့လည်း master မှာ thesis လုပ်နေတဲ့လူတွေ... master တက်နေပြီး thesis လုပ်တဲ့လူတွေက industry အတွေ့အကြုံမရှိဘူး.. သူတို့ထပ်သင်လိုက်တဲ့ first year တွေကတော့.... စဉ်းစားဖို့ မလိုတော့ဘူး.. master တက်ပြီး ဆရာမ လုပ်မှပဲ Phd ဆက်တက်လို့ရတာဆိုတော့ ဆရာ ဆရာမကို မဖြစ်မနေ လုပ်ရတာပဲ...
ဆရာ ဆရာမတွေအနေနဲ့ thesis လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်သင်ကြားရတဲ့ဘာသာကို ကိုယ့် thesis လောက် အာရုံစိုက်ဖို့ မအားဘူးလေ... ဘာလို့လည်းဆိုတော့ thesis အတွက် စာတွေ အများကြီးဖတ်ရတယ်.. အဲဒီတော့ ကိုယ်သင်ကြားမယ့် ဘာသာ ကို သေသေချာချာ မဖတ်နိုင်ပဲ မနက်ဖြန် သင်မယ်ဆို ဒီနေ့မှ ပြန်ဖတ်.. သေသေချာချာ သင်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တယ်လေ... ဆရာ ဆရာမတွေ အနေနဲ့ thesis လုပ်နေတဲ့အတွက်ကြောင့် ကျောင်းသားတွေကို စာသင်တာ ကောင်းမှာ မဟုတ်တာသေချာတယ်... master thesis က လွယ်တယ်ဆိုပေမယ့် ဖတ်ရတဲ့ စာတွေကတော့ မနည်းပါဘူး.. industry အတွေ့အကြုံမရှိတဲ့အတွက် thesis လုပ်တဲ့အခါမှာလည်း လုပ်ရကိုင်ရတာ ခက်ခဲမှုတွေရှိတယ်.. ဘာလုပ်ရမှန်းမသိဘူး.. နောက်ပြီး supervisor ကလည်း thesis အတွက် ရေးပါသေးတယ်လေ... thesis ကိစ္စကို နောက်မှ ဆက်ပြောတော့မယ်... thesis လုပ်နေရတဲ့ ကျောင်းသား ကျောင်းသူတွေက အမှန်တိုင်းပြောရင် pressure ကများတယ်... သာမာန် ရိုးရိုး အလုပ်မလုပ်ပဲ လုပ်နေတဲ့လူတွေတောင် pressure များနေရင် စာလည်းသင်နေရတဲ့ ဆရာ ဆရာမတွေကလည်း တော်တော်ပင်ပန်းမှာပါ... ဒါကြောင့် စာသင်တဲ့အခါမှာ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်တဲ့ အခါမှာ ရောင်လည်လည်ဖြစ်နေတာပဲ... ရောင်လည်လည်ဖြစ်နေတော့ နားလည်အောင် ဖတ်ဖို့အတွက် အချိန်က သိပ်မပေးချင်ဘူး.. ဘာလို့လည်းဆိုတော့ ဒီမှာက မီးမလာတဲ့ အခက်အခဲ.. internet အခက်အခဲ... မပြည့်စုံတဲ့ Library စတဲ့ အခက်အခဲတွေ အပြင် အခြား မပြည့်စုံတဲ့ အခက်အခဲတွေကြောင့် thesis ကို ဦးစားပေးပြီး thesis အတွက် စာဖတ်တာနဲ့တင် ရောင်လည်လည်ဖြစ်နေတဲ့ ကိုယ်သင်ကြားရတဲ့ စာတွေ ဖတ်ဖို့ အချိန်မပေးနိုင်တော့ဘူးလေ.. .
ကျောင်းမှာ သင်ကြားတဲ့ course ကကောင်းတယ်.. ဒါပေမယ့် သင်ကြားတဲ့ course တွေကို first year ကတည်းက course တွေကို အီလည်လည်နဲ့ ဖြစ်လာခဲ့တော့... course က ဘာမှမဟုတ်တော့ဘူး.. self-study လုပ်နိုင်ဖို့ အရမ်းလိုအပ်တယ်.. ကျောင်းကလည်း self-study လုပ်ဖို့ အားမပေးဘူး.. ဆရာ ဆရာမတွေကလည်း စာသင်ဖို့အတွက် သီးသန့် train လုပ်ထားတာမဟုတ်ဘူး.. first year ကတည်းက အဲလို စလိုက်တော့ နောက်ပိုင်းမှာ တပ်ပျက်တာပဲ.. တနည်းပြောရင် ကျောင်းသားတွေအနေနဲ့ ငယ်စဉ်ကတည်းက ကိုယ်ပိုင် self-study ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မသွင်းထားဘူး.. ဒါတွေကလည်း ငယ်စဉ်ကတည်းက မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း ဆိုင်တယ်.. ဘယ်အရာမဆို ကိုယ်လုပ်မှ ကိုယ်ရမယ်.. ကိုယ်လိုချင်တဲ့အရာတွေကို ဘယ်သူမှ အရန်သင့်လာမပေးဘူး... အဲလိုစိတ်ဓာတ်လေးတွေ မရှိတော့.. သူများ အပြစ်ပုံချ အလုပ်တွေ လုပ်လာကြတယ်.. ကျောင်းမှာလည်း စာသင်တော့လည်း လိုအပ်တဲ့ ဟိုဖြတ် ဒီဖြတ်ပဲ စာသင်တော့ ပိုဆိုးကုန်တယ်... ဟိုဖြတ် ဒီဖြတ် မသင်ရင်လည်း မဖြစ်ဘူးလေ... course က ၁ နှစ်စာဆိုပေမယ့် တကယ်တန်းသင်မယ်ဆို စာအုပ်တွေက ၁ နှစ်နဲ့ မပြီးဘူးလေ... ဒါကြောင့် ၁ နှစ်အတွင်းပြီးအောင် ဖြတ်ပြီးသင်ရမှာပဲ...
ကျောင်းမှာက နိုင်ငံတကာ အဆင့်မမီဘူးဆိုတာ အမှန်ပဲ.. အခြားမကြည့်နဲ့ ကျောင်းလခပဲကြည့်လေ... နိုင်ငံတကာ ကျောင်းလခလည်းမဟုတ်တော့.... ဒီလောက်ပဲရမှာပေါ့... ကျောင်းကားခ တိုးလို့ အော်ကြတဲ့ ကျောင်းသားတွေ တစ်ပြုံကြီး... နိုင်ငံတကာ အဆင့်မီကျောင်းဖြစ်စေရမယ်... ကျောင်းလခ ကလည်း နိုင်ငံတကာ ကျောင်းလခ ဖြစ်သွားမယ်.. ဒါဆို.... အဲဒီအခါ စဉ်းစားကြည့်ပါ... လက်ရှိတက်နေတဲ့လူတွေထဲက ၂၀% လောက်ပဲတက်နိုင်မယ်... နိုင်ငံတကာနဲ့ ယှဉ်ရင် ဈေးမများတဲ့ ဆေးကျောင်းကိုတောင် မတက်နိုင်လို့ ကျောင်းထွက်ရတဲ့ ကျောင်းသားတွေ ဒီနိုင်ငံမှာ များနေတာ.. ကျောင်းလခ တွေ ဈေးတက်ခဲ့ရင်တော့.....
ကျွန်တော်ပြောတာ နည်းနည်းများသွားပြီ... တကယ်တန်းတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နေနဲ့.. ကိုယ်တိုင် ကြိုးစား.. တတ်နိုင်ရင် ကျောင်းပြီးတာနဲ့ စလုံးဖြစ်ဖြစ် master စတက်... ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားပေါ့ဗျာ.. အပြစ်တင်နေတာနဲ့ ကိုယ့်ဘဝကြီးက တိုးတက်သွားမှာ မဟုတ်ဘူး... ကိုယ်ပြောနေလို့လည်း သူတို့တွေက ပြင်ဖို့ အခွင့်အရေးရှိအုံးမှ ပြင်လို့ရမှာလေ... ကိုယ်တတ်နိုင်သလောက် ကျောင်းကိုဖြစ်ဖြစ် ပညာလိုချင်သူတွေကို ဖြစ်ဖြစ် ကူညီပေးပြီး ဘဝ အတွက် ရုန်းကန် လှုပ်ရှားကြတာပေါ့ဗျာ..
- http://www.mysteryzillion.org/forums/showthread.php?t=4586 [↩]
သင်ကော ဘာလုပ်မလဲ
ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။ မတတ်ပေမယ့် အခြေခံတွေတော့ ရသွားပါတယ်။ Programming ဆိုတာဘာလဲ HTML ဆိုတာ ဘာလဲဆိုတာ အနည်းအကျဉ်းလောက်သိသွားတယ်။ ဒါပေမယ့် Professional အနေနဲ့ ရပ်တည်တဲ့လူက လွန်စွာနည်းပါးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကကော..... Continue Reading »
မောတယ်
Computer တက္ကသိုလ်အကြောင်း မရေးတာတောင် တော်တော်လေးကို ကြာခဲ့ပြီ။ ရေးချင်တာတွေ ရှိတယ်။ မရေးသင့်ဘူးထင်လို့ပေါ့။ draft ထဲရောက်နေတဲ့ post တွေအများကြီးပဲ။ publish မတင်ဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အခုအချိန်မှာ ပြောလည်း မောရုံပဲရှိမယ်လေ။ အခုအချိန်မှာ ကျောင်းက အစွန်းရောက် နေပြီ။ မိန်းကလေးတွေဆို ဟိုအင်္ကျီမဝတ်ရဘူး။ ဒီအင်္ကျီ မဝတ်ရဘူး။ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ တော်တော်များနေတာကို တွေ့ရတယ်ဗျာ။ ကျွန်တော် ခေတ်က ဘဝဆိုးလှပြီထင်တာ။ အခုခေတ် ကလေးတွေက University နဲ့ state ကျောင်း အတူတူလို့ပဲ ထင်ရလောက်အောင် ဆိုးရွားသွားတယ်။ Continue Reading »
ပါရမီရှင်လော
ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။
စိတ်ကုန်တယ်
အော်... လူတွေ လူတွေ... ကိုယ်ဘာလုပ်နေလို့ ဘာလုပ်နေမှန်းသိရဲ့လားမသိဘူး...
ကိုယ်လုပ်နေတာ ဘာလဲဆိုတာ သိရဲ့လားမသိဘူး...
အခုလည်း UCSY ကို မပိတ် ပိတ်အောင်လုပ်နေပြီ....
အဲလိုလုပ်တဲ့ကောင်မှ တကယ့်ကို ပညာရေးကို ဖျက်ဆီးတဲ့ကောင်တွေ....
နိုင်ငံကို ဖျက်ဆီးတဲ့ကောင်တွေ....
သေသေချာချာ တိတိကျကျမဟုတ်ပဲ... ကြားတာလေး တစ်စွန်းစ နှစ်စွန်းစနဲ့ သတင်းရေးတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး...
နောက်ပြီး မဟုတ်မမှန်တွေ မရေးသင့်ဘူး...
ကိုယ့်ကျောင်းအကြောင်းမို့ ကိုယ်သိတယ်...
ကျောင်းကလူတွေ နိုင်ငံရေး စိတ်ဝင်စားတာ မရှိသလောက်ပဲ...
အကုန်လုံးက IQ မမြင့်ရင်နေမယ်... IQ နဲ့ EQ ကတော့ ကောင်းတာသေချာတယ်... Continue Reading »
ကျောင်းသားဘဝက DBMS
ဒီနေ့မှ ကျောင်းက DBMS စာအုပ်လေးတွေ့လို့ လှန်လျော ကြည့်လိုက်တယ်.. တကယ်ကောင်းတဲ့ စာအုပ်ပဲ... ကျွန်တော် မှတ်ထားတာမှားတာလေးတွေ... အဲ တော်တော်များများ မှတ်ထားတာ မှားနေတာကို တွေ့ရတယ်... အခု ဒီစာအုပ်ကို ဖတ်နေတဲ့သူက UCSY Hons ပြီးတဲ့သူဆို ကျွန်တော်မေးကြည့်ချင်ပါတယ်... Distribution Database , Rational Database အဲဒါတွေက ဘာတွေလဲ... ကျွန်တော့်အထင် တော်တော်များများ သိမှာမဟုတ်ပါဘူး.. ကျွန်တော်လည်း သိတော့သိတယ်.. ဒါပေမယ့် အပြည့်အစုံမသိဘူး.. သိတဲ့ဟာတွေက တချို့အပိုင်းလေးတွေ မှားနေတာတွေ့ရတယ်... CJ.Date ရေးတဲ့စာအုပ်က တော်တော်ကောင်းပါတယ်.. ခက်တာက သူများတွေတော့ မသိဘူး... ကျောင်းတက်တုန်းက စာမေးပွဲနီးရင် ဟိုကနေ ဟိုအထိ... ဒီအပိုင်းမပါဘူး.. ဟိုဟာကို ဖျက်... ဒီကနေဒီအထိပဲ... ဆိုပြီး ကွင်းတွေဝှက်လာတာ.. အဲဒါလေးပဲ ဖတ်လာတာ... အမှန်တိုင်းပြောရင် ဖတ်တော့ ဖတ်လိုက်တာပဲ ရှိတာ.. သေသေချာချာ နားမလည်ဘူး.. သေသေချာချာ နားလည်စရာလည်း မလိုဘူးလေ... စာမေးပွဲက နှိုက်နှိုက် ချွတ်ချွတ်မေးတာလည်းမဟုတ်... ကိုယ်နည်းနည်းပါးပါး ဖောတတ်အောင် နားလည်ရင် အောင်ပြီလေ... (အဲဒါကြောင့်ပဲ DBMS ကို ကြာလေလေ ဝေးလေလေ ဖြစ်လာတာပဲ) မနက်ဖြန်စာမေးပွဲဖြေမယ်ဆို ဒီနေ့ည ကွင်းတွေဝှက်တဲ့အထဲကမှ ကိုယ်နားလည်တဲ့အပိုင်းလေးပဲဝှက်... နားမလည်တဲ့ပိုင်းတွေကို ဖြုတ်.... အဲဒါနဲ့ စာလေးတွေက နည်းနည်းတိုတိုလေးတွေဖြစ်ကုန်ကော.. အဆက်အစပ်တော့ ရှိပါရဲ့ မပြည့်စုံတော့ဘူးပေါ့... အော်... သေသေချာချာ စာဖတ်လို့ရမယ့်နေရာ.. စာဖတ်လို့ကောင်းမယ့်နေရာ ကျောင်းမှာရှိရင်ကောင်းမှာပဲ... သူများတွေပြောပြောနေတဲ့ ကျက်စာတွေကို ကျွန်တော်က DBMS အပါအဝင်အဲလိုလုပ်ခဲ့တော့ အမှတ်နည်းမှာ သေချာတယ်... သူများတွေက ၃ မျက်နှာ ၄ မျက်နှာ ဖြေရတာကို ကျွန်တော့်မှာတော့ ၁ မျက်နှာလောက်ပဲရှိတယ်.. စဉ်းစားမိရင်တော့ ရယ်ချင်တာအမှန်ပဲ.. UCSY က လူတွေ ကျက်အားလား.. ဖတ်အားလား.. မှတ်အားလားတော့ မသိပါဘူး... တကယ်တော်တာတော့ အမှန်ပဲ.... နှမြောဖို့ကောင်းတာက ဖြေပြီး ဘာမှန်းမသိလိုက်တာပဲ... Privileges ဆိုတာ ဖြေတုန်းက သိလိုက်တယ်... အခုတော့ မသိတော့ဘူး.. အဲလိုတွေ အများကြီးပဲ...
ကျွန်တော်လည်း CJ.Date စာအုပ်မှာ SQL အပြင် အခြား syntax တွေပါသေးတယ်.. အဲဒါတွေ ဘယ်မှာသုံးရမှန်းမသိ.. အခုထက်ထိလည်း မသိသေးတာအမှန်ပဲ... အဲ... google မှာရှာလိုက်ရင်တော့ ဘယ်မှာ ဘယ်လိုသုံးလဲဆိုတာကိုတော့ လွယ်လွယ်ကူကူသိနိုင်မှာပါ..
အော်... သေသေချာချာစဉ်းစားမိရင်... အချိန်တွေ... အချိန်တွေ....
နားမလည်နိုင်တဲ့ UCSY
ကျောင်းကိုတော့ နားမလည်တာ အမှန်ပဲဗျ... ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ.... ပထမနှစ်ကတည်းက ဟို အခန်းမပါဘူး.. ဒီအခန်းမပါဘူး... ဟိုဟာ ကျက်စရာမလိုဘူး.. ဟိုကတော့ ပယ်တယ်... ဒီလို ဘောင်ထဲကနေ စာကို အလွတ်ကျက်ပြီး hons အောင်လာခဲ့တာလေ.... တနည်းပြောရင် လွတ်လပ်စွာ ဖတ်ပြီး တွေးခေါ်မှုတွေ.. ဆွေးနွေးမှုတွေ မရှိတော့ဘူးပေါ့... အဲ... Master လည်းရောက်ရော... ကိုယ်တိုင် စာမဖတ်တာ ပြသနာတရပ်လို ဆရာမတွေက စပြောပါပြီ... master မှာ ကိုယ်တိုင် စာဖတ်ရမယ်ဆိုတာတွေကော.. ကိုယ်တိုင်လေ့လာရမယ်ဆိုတာတွေကော... ကျောင်းသားတွေက စာဖတ်အားနည်းတာတွေကော... ဆရာမတွေ မကျေမနပ်ချက်တွေက စုံပါ့... အမှန်တိုင်းဆိုေ ကျောင်းသားတွေကိုယ်တိုင်က ပထမနှစ်ကတည်းက စာဖတ်မှမဖတ်တာ.. ကျက်ပဲ ကျက်လာတာလေ... အဲဒါကို သွားအပြစ်တင်တော့.... အခြေခံမရှိအောင် လုပ်လိုက်တာ ဘယ်သူလဲ... အခြေခံမရိုက်သွင်းထားတဲ့ ကျောင်းကို အပြစ်တင်ရမှာလား... အခြေခံမရှိပဲ မလုပ်တတ်တဲ့ ကျောင်းသားတွေပဲ အသုံးမကျတာလား.... ဘယ်သူ့ အပြစ်မှန်းတော့ မသိပါဘူး...
အဲ.. နောက်တစ်ချက်က တတိယနှစ်က တစ်နှစ်လုံး သင်ပေးလိုက်တဲ့ VB 6 , Java ကိုတော့ second year မှာ နည်းနည်းလေး မဆိုသလောက် GUI ပိုင်းတွေ မပါ... database ချိတ်ဆက်နည်းတွေ မသင်... VB မှာတော့ database ပိုင်းလေးတွေပါသင်တယ်။ အဲ.. Master Thesis ကတော့ VB နဲ့လုပ်လို့ရဘူးတဲ့။ အန်.... သူတို့ ကောင်းကောင်းသင်လိုက်တာ VB လေ.... ထားပေါ့.... out of date ဖြစ်လို့ဆိုပြီး VB.NET ရမလားအောက်မေ့တယ်... မရပါ... C# နဲ့မှ ရမယ်တဲ့... သင်ခဲ့တာက C++ နည်းနည်း Java မဆိုသလောက် သင်ပြီး C# ဆိုတာ ဘာမှန်းတောင် မသိတဲ့ ကျောင်းသား ကျောင်းသူတွေပဲ ညံ့နေတာလား... လုံးဝမသင်ဘူးတဲ့ langauge နဲ့ Thesis လုပ်ခိုင်းတာ အပြစ်လား... အဲ... web ပိုင်းဆိုလို့ HTML နဲ့ Javascript ပဲ သင်လိုက်တာ... CSS ဆိုတာ မသိ... ASP.NET , PHP ,JSP ဆိုဝေး... AJAX ဆိုတာ ဘာကြီးလဲလို့ မေးနေတဲ့ ကျောင်းသားတွေက တစ်ပုံတစ်ပင်.... Theory ပိုင်းတွေကတော့ ကောင်းပါ့... ခက်တာက အလွတ်ကျက်... လက်တွေ့က ဝေးကွာ... ဘာမှန်းကို မသိတော့ ဘယ်မှာ သုံးမရမလဲဆိုတာ ဝေး... ကျောင်းစာတွေကို http://www.mysteryzillion.com/forums/blog.php?b=19 အဲမှာလို သင်ပေးရင်တော့ သဘောပေါက်လွယ်သား.... အမှန်တိုင်းပြောရင် ကျောင်းကို နိုင်ငံတကာ အဆင့်မှီစေချင်တယ်... ဆရာ ဆရာမတိုင်းလည်း မှီချင်မှာပဲ... တစ်ခြား လူမသိနိုင်တဲ့ အခက်အခဲလေးတွေလည်း ရှိကောင်းရှိမှာပေါ့.. တနေ့နေ့ တချိန်တချိန်မှာ နိုင်ငံတကာ အဆင့်မှီ ဖြစ်ကောင်း ဖြစ်လာမှာပါ...
တိုးတက်အုံးမယ် UCSY
ဒီနေ့ကျောင်းကို သွားဖြစ်သွားတယ်။ ကျောင်းက national thesis ဆိုလို့ စိတ်ဝင်စားလို့ သွားပြီး စုံစမ်းတာလည်း ပါတာပေါ့။ national thesis မဟုတ်ခင်က 2006 က thesis တွေကိုလည်း သူငယ်ချင်း အကူအညီနဲ့ ဖတ်ဖြစ်ခဲ့တယ်။ နှမြောတယ်ဗျာ။ အချိန်တွေကို နှမြောမိတယ်။ thesis ဆိုတာက project အဆင့်သာသာလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ theory တွေ စာတွေကတော့ အများကြီးပဲဗျ။ တကယ်တန်းလုပ်တဲ့ အပိုင်းက project သာသာတောင် မရှိဘူးဗျာ။ နှမြောလိုက်တာ အချိန်တွေကို။ thesis တစ်စောင် အတွက် အချိန်က ၁ နှစ်လောက်ပေးရတယ်။ စဉ်းစားကြည့်လေဗျာ။ ၁ နှစ်ဆိုတဲ့ အချိန်က thesis လေး တစ်စောင် ကောင်းကောင်းလောက်တော့ ထွက်သင့်တာပေါ့။ ဒါမှမဟုတ်လည်း project ထက်သာတဲ့ idea တွေ technology တွေဖြစ်သင့်တယ်လေ။ အခုဟာက ခေါင်းစဉ်ကြီးတွေကသာ လန်ထွက်နေတယ်။ အနှစ်သာရကတော့..... ဟူး.... ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာပါ စုံစမ်းခဲ့ပါသေးတယ်ဗျာ။
ကျွန်တော့်သူငယ်ချင်းက mobile phone နဲ့ ပတ်သက်ပြီး လုပ်ချင်တယ်။ရမလား ။ စမ်းဖို့အတွက် ဘယ်မှာ စမ်းလို့ရမလဲ။ seminar မှာ ပြဖို့ server တွေဘာတွေရနိုင်မလား။ မြန်မာနိုင်ငံမှာကလည်း mobile phone အတွက် Internet ပိုင်းလည်း မပေး။ SMS လေးသာ ပေးထားတယ်။ ဘယ်လိုလုပ်မှာလဲ။ ဖြေလိုက်တဲ့ ဆရာမ အဖြေကတော့ မိုက်တယ်။ အခက်အခဲလေးတွေရှိတယ်တဲ့။ လုပ်ချင်ရင် ကြိုးစားကြည့်ပေးမယ်တဲ့။ PhD တွေလည်း mobile phone အတွက်လုပ်တာတွေ ရှိတယ်။ ပိုပြီးတော့ အကုန်အကျများသွားမှာတော့ သေချာတယ်။ သေရော။ ကျောင်း thesis အတွက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စိုက် ။ ကျောင်းက supporting က မရ။ ထွက်လာပါတော့မယ်။ thesis ကောင်းကောင်း။ ဘယ်လိုလုပ် လုပ်ချင်စိတ်ရှိမှာလဲဗျာ။ အရေးထဲ supervisor က ရစ်သေး။ ပြီးရင် seminar မှာကလည်း ရစ်သေး။ ထားလိုက်ပါ။ seminar မှာကတော့ မဟုတ်လို့ ရစ်တာပဲ။ ကျွန်တော်တောင် thesis တွေကို ဒီနေ့ဖတ်ပြီး ကျွန်တော်ဆိုလည်း မေးခွန်းတွေ မေးမိမှာပဲ။ thesis က project သာသာလေးဖြစ်နေတာကိုဗျ။ ကျောင်းကလည်း thesis လုပ်ချိန်မှာ ဘာ supporting မှ မပေးတော့ ဘယ်သူက လုပ်ချင်မှာလဲ။
ကျောင်းက course တွေကတော့ တိုးတက်ပါအုံးမယ်။ ဒါပြီးဒါလာမယ်။ ဒါလာရင် ဒါဖြေပုံစံကြီးဗျာ။ Open မဖြစ်ဘူး။ ဆရာ ၊ ဆရာမတွေအစ internet သုံးလို့မရ။ ကျောင်းသား ကျောင်းသူတွေ မပြောနဲ့ ဆရာ ၊ ဆရာမတော်တော်များများတောင် internet ဆိုတာ ကောင်းကောင်းမသိ။ internet မှာ စာအတွက် လိုအပ်တာတွေကို ဘယ်လိုရှာဖွေရမလဲဆို ဝေလာဝေး။ သုံးတတ်တဲ့ ဆရာ ၊ ဆရာမတွေကတော့လည်း ကျောင်းမှာ ဇိမ်ကျကျလေးမသုံးရ။ သုံးခွင့်ကိုမရှိလို့ပါဗျာ။ IPStar ကြီးကို အလှပြထားတာကြီး။ ဘာလဲဗျာ။ နှမြောဖို့ ကောင်းလိုက်တာ။ နည်းပညာတိုးတက်ရေးဆိုပြီး ပါးစပ်က အော်နေပြီးတော့ ဒီပုံကြီး ဘယ်လိုလုပ် တိုးတက်မှာလဲ။ ပြောခံထိတာတောင် နည်းသေး။ Computer က ကောင်တွေ အပြင်မှာ သင်တဲ့ကောင်လောက်တောင် မတက်ဘူးလို့။ ပြောခံလည်း ထိသင့်တယ်။ Internet မပြောနဲ့ ebook တောင် ဖတ်တာမဟုတ်။ ကျောင်းစာတွေကို အသေပဲ ကျက်။ ပြောင်းလဲတဲ့ နည်းပညာ မပြောနဲ့ ကျောင်းစာအုပ်ထဲက နည်းပညာ ကို မေး ။ သိဘူး။ အဲ.. ခေါင်းစဉ်နဲ့ မေးလိုက်.. တတွတ်တွတ်တော့ ရွတ်ပြလိုက်မယ်။ ဆရာ ၊ ဆရာမတွေလည်း ကြာတော့ လေ့လာ စွမ်းအားတွေ ကျကုန်တာပေါ့ဗျာ။ ကျွန်တော်မေးလိုက်ချင်ပါတယ်။ နည်းပညာကို တကယ်ကော တိုးတက်စေချင်ရဲ့လားဗျာ။ မတိုးတက်စေချင်လည်း ဘာမှ မပြောပါနဲ့လား။ ပါးစပ်က အော်နေပြီး လက်တွေ့က ဘာမှ မချပေးလို့ ကျောင်းသားကျောင်းသူတွေ သူများ ပြောခံထိတာပဲ ရှိတယ်။
နည်းပညာ မတိုးတက်ခင် အရင်ဆုံးတော့ အခြေခံ သင်ရိုး သင်ကြားပုံတွေ ပြောင်းသင့်ချိန်တန်ပြီဗျာ။ အခြေခံ သင်ကြားပုံ မပြောင်းလဲပဲ အဆင့်မြင့် နည်းပညာတိုးတက်ရေးအော်နေရင် မထူးပါဘူးဗျာ။ အရင်ဆုံးတော့ အခြေခံပညာတိုးတက်ပြောင်းလဲရေးကို လုပ်သင့်နေပြီ။ ဒီမှာ Master ပြီးလို့ စလုံးရောက်တဲ့လူတွေ မျက်နှာငယ်တဲ့ကိစ္စတွေလည်း မပြောချင်တော့ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မမြင် အပြစ်မတင်ချင်ပါဘူးဗျာ။ ဒီအချိန်မှာ မွေးမိတာ ကိုယ့်ကံပဲပေါ့။ ကိုယ်လုပ်နိုင်တာလေး လုပ်ပြီးပဲ ပါးစပ်လေး ပိတ်ပြီး ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပါပဲ။ ကျောင်းလည်း ပြီးသွားပြီ။ ဘဝကြီးလည်း စလေပြီ။ မုန်တိုင်းတွေလည်း ကြုံကောင်းကြုံမယ်။ ပျော်ခြင်းတွေလည်း တွေ့ဆုံနိုင်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ ရှင်သန်နေတော့မယ်.............. မျှဝေခြင်းနဲ့ ပျော်ရွှင်တော့မယ်....





