Saturngod » UCSY
To my junior in UCSY
ဒီနေ့ http://www.myanmardaily.net/ ကနေ ucsy ning site လေးကိုတွေ့လိုက်တယ်။ ဘာပဲပြောပြော ကိုယ့်ကျောင်းဆိုတော့ ဖတ်ဖြစ်လိုက်ပါတယ်။ ကျောင်းမှာ project လေး လုပ်ခိုင်းတာ သိတော့ ဝမ်းသာမိသွားတယ်။ အဲ… အဲမှာ မကျေလည်တာလေး တစ်ခုကို သွားဖတ်မိပါတယ်။ computer ပြဿနာပါ။ ကိုယ့် laptop နဲ့ ကိုယ် presentation ကို ပြခိုင်းတာပါ။ ကျောင်းသားတစ်ယောက်က laptop မရှိရင် ဘယ်လိုလုပ်မလဲပေါ့။တကယ်တော့ ကျွန်တော်တို့ ကျောင်းမှာ တက်နေတဲ့သူ အများစုက သာမာန် လူတန်းစားနဲ့ ငွေကြေးသိပ်မတတ်နိုင်တဲ့ သူတွေများပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ စလုံးမှာဖြစ်ဖြစ် အခြားနိုင်ငံတစ်ခုမှာဖြစ်ဖြစ် စာတော်ရင် ပညာသွားသင်နိုင်တယ်။ စလုံးမှာ သွားမသင်နိုင်ဘူး။ ၁၀ တန်းက အမှတ်မကောင်းဘူးဆိုရင်လည်း IDCS ကို အဆင့်ဆင့်တက်သွားနိုင်ပါတယ်။ မြို့ထဲမှာလည်းဖြစ် သင်ကြားနေရာမှာကလည်း computer တက္ကသိုလ်ထက် နေရထိုင်ရတာ အဆင်ပြေ။ Library လည်း ရှိ။ Internet လည်းရ။ အဲလို အဆင်ပြေတဲ့နေရာတွေမှာ တက်နိုင်ကြပါတယ်။ဒါမှမဟုတ် ရတနာပုံမှာ သွားတက်ရင်လည်း ဖြစ်သေးပါတယ်။ Laptop တွေလည်း အပြင်ကထက် စျေးအနည်းငယ်သက်သာတဲ့ နှုန်းထားနဲ့လည်း ဝယ်နိုင်အောင် လုပ်ထားတာတွေကို တွေ့ရတယ်။ ဒါပေမယ့် computer တက္ကသိုလ်နဲ့ ယှဉ်ရင် စရိတ်ကတော့ မသေးဘူးပေါ့။
Laptop မရှိတာ စိတ်ပျက်စရာ။ စိတ်ညစ်စရာမဟုတ်ပါ။ ကျောင်းမှာလည်း လူတိုင်း Laptop ကိုင်နေတာမဟုတ်သလို ကျောင်းရဲ့ သင်ကြားပုံအရ လိုလည်း မလိုအပ်ပါ။ Project presentation ပြတဲ့အခါမှာ Laptop မဟုတ်ပဲ System Unit နဲ့ကော ပြလို့ မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ System Unit ကြီးကိုတော့ အလေးခံပြီး သယ်လာရတာတော့ ရှိမှာပေါ့။ နောက်ပြီး သူငယ်ချင်းတွေနဲ့ကော ဝေမျှ မပြနိုင်ဘူးလား။ သူငယ်ချင်းတစ်ယောက် Laptop ရှိရင် သူ့ Laptop နဲ့ သူ့ သူငယ်ချင်းတွေ ပြနိုင်တာပဲလေ။ နောက်ပြီး သူငယ်ချင်းတွေ ပေါင်းပြီး Laptop ကို အပြင်မှာ ငှားလို့မရဘူးလား။ လူစုလိုက်ရင် စျေးက သက်သာသွားမှာပါ။ ဖြေရှင်းစရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဆရာမ ကို စိတ်ဆိုးနေရင် အလုပ်မဖြစ်တဲ့အပြင် ကိုယ်ပါ ငရဲရတာ ပဲအဖတ်တင်မယ်။
project လုပ်ခိုင်းတာကလည်း ကြီးကြီးမားမာ မဟုတ်သလို အခက်အခဲလည်း မရှိလောက်ဘူးလို့ ထင်ရလောက်ပါတယ်။ အဲ.. ကျောင်းသားတွေရဲ့ အမြင်ကို ကြည့်လိုက်တော့ ဘယ်က စလုပ်ရမှန်း မသိတဲ့သူတွေက အများကြီးပဲဗျ။ ဘယ်လောက်ထိ လွယ်သလဲဆို ကြိုက်တဲ့ ခေါင်းစဉ်တဲ့ဗျာ။ ဘယ်လောက်တောင် ရှင်းလိုက်လဲ။ ဖတ်ကြည့်လိုက်တော့ ဒီလိုလေး ရေးထားတယ်။
TOPIC
CONTENTS———————————————————————  PAGE
အရမ်းကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ Laptop တစ်ယောက်တစ်လုံးကတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါလေးကိုတော့ တချက်ညှိယူဖို့လိုတယ်။ သေချာမေးဖို့လိုတယ်ပေါ့။ တစ်ယောက်ပြီးမှ တစ်ယောက် အဲဒီ Laptop နဲ့ ပြလို့မရဘူးလားပေါ့။
ကြိုက်တဲ့ခေါင်းစဉ် ဖြစ်တဲ့အတွက် ကြိုက်တာပြောပေါ့။ Web 2.0 လား API လား။ oAuth , REST လိုမျိုး web service တွေလား။ ဒါမှမဟုတ် Mobile Development တွေအကြောင်းလား။ အများကြီးပါ။ wiki ကနေ reference လုပ်နိုင်သလို googling လုပ်လိုက်ရင်လည်း ရပါတယ်။ ကျွန်တော်တို့နှစ်တွေတုန်းက အဲလိုမရှိခဲ့ဘူး။ Honus တုန်းက seminar လေးသဘောလောက် လုပ်ခဲ့တာပဲရှိပါတယ်။
နောက်ပြီး forum ထဲမှာ ဖတ်ကြည့်လိုက်တော့ ဆရာမက စာထဖတ်ခိုင်းပြီး ရှင်းခိုင်းတာကို မကြိုက်ကျပြန်ဘူး။ ဆရာမရှင်းပြတာလေးကို နားထောင်တာပဲ လုပ်ချင်ကြတာကို တွေ့ရတယ်။ ကျွန်တော်တို့ နှစ်တွေက အတိုင်းပါပဲ။ သူငယ်တန်းကနေ စပြီး ၁၀ တန်းအထိ ငှက်ပျော်သီး အခွံ့နွှာကျွေးတာကနေ တက္ကသိုလ်ထိရောက်လာတော့ စာဖတ်ရာမှာ အားနည်းနေကျတုန်းပဲ။ စာကိုအခုဖတ်ပြီး မရှင်းနိုင်ဘူး။ နည်းပညာ စာအုပ်တွေ ဖတ်ရာမှာ အားနည်းတာကြောင့်ဖြစ်ပါလိမ့်မယ်။ ဝတ္ထုတွေကတော့ လှိုင်လှိုင်ဖတ်ပါ့။ ကျွန်တော်တို့ နှစ်တွေတုန်းကလဲ အဲလိုပါပဲ။ မပြောင်းလဲသွားပါဘူး။
ဘာပဲပြောပြော မဖြစ်နိုင်တာတွေအတွက် စိတ်ဓာတ်ကျနေစရာအကြောင်းမရှိပါဘူး။ မရ ရအောင်ကို ဖောက်ထွက်ရမှာပဲ။ UCSY ကျောင်းသားကျောင်းသူတွေက IDCS တို့မှာ တကယ် စာလုပ်တဲ့လူတွေနဲ့ ယှဉ်လိုက်ရင် ဒီ project လေးက ဘာမှမဟုတ်ပါဘူး။ http://www.mgpyone.net/ မှာ Assignment တစ်ခုလုပ်တာ ဘယ်လောက် အပင်ပန်းခံရလဲဆိုတာလေးတွေ ရေးထားပါတယ်။ ကျောင်းက ဒီလို project လေး စပြီး လုပ်ပေးနေတာကိုပဲ ကျေးဇူးတင်ရမလိုလိုပဲ။
သိပ္ပံမောင်ဝ က သူ့သား မောင်လူမွှေးကို ပေးတဲ့စာလေး စနေနေ့က ကိုသာသာပေးလို့ ဖတ်လိုက်ရတယ်။ သူပြောထားတာလေး သဘောကျမိတယ်။ သူ့သားကို သူက ပြောတယ်။ စာမေးပွဲကျလည်း ကိစ္စမရှိဘူး။ စာတကယ်တတ်ဖို့လိုတယ်။ စာတကယ်တတ်တဲ့သူက စာမေးပွဲကို ကြောက်စရာမလိုဘူး။ စာတကယ်မတတ်တဲ့သူတွေကသာ စာမေးပွဲဖြေရမှာကို ကြောက်နေကြတယ်။ သူပြောတာ တော်တော်လေးကို မှန်တယ်ဗျ။ သိပ္ပံမောင်ဝ တော်တယ် ခေတ်အမြင်ရှိတယ်ဆိုတာကို အံသြကြီးစွာနဲ့ ဖတ်မိတာပဲ။ အဲတုန်းက ၁၉၄၁ လောက်ပဲ ရှိတယ်ထင်တယ်။
ကျောင်းသား ကျောင်းသူတွေလည်း စာတကယ်တတ်ရင်တော့ စာမေးပွဲဆိုတာ ကြောက်စရာမရှိဘူးလို့ထင်တာပဲ။ စာတကယ်တတ်ဆိုလို့ လူပျိုကြီးကို သွားသတိရမိတယ်။ သူက စာတကယ်တတ်တယ်လို့ ပြောရမယ်။ အခုထက်ထိ ကျောင်းစာတွေကို မှတ်မိနေတုန်းပဲဗျ။ ဘယ်နှစ်မှာ ဘာသင်ခဲ့လဲဆိုတာကို မှတ်မိနေဆဲပဲ။ ကျွန်တော်ကတော့ ကျောင်းတုန်းက ကျောင်းစာ တကယ်မတတ်ခဲ့ဘူး။ သိပ္ပံမောင်ဝ ပြောသလို စာမေးပွဲ အောင်ရုံပဲ စာလုပ်ခဲ့မိတဲ့အတွက် အခုအချိန်မှာ နောင်တရမိတယ်လို့ ရေးထားတာလေး ဖတ်မိလိုက်တော့…. ကိုယ့်အစား ပြောပေးလိုက်သလိုပါလားလို့တောင် ထင်မိလိုက်သေးတယ်။ ဘာပဲပြောပြော ကျောင်းက ဒီလို project လေးလုပ်ပေးတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ အရင်ကထက်စာရင် စာပိုဖတ်ဖြစ်မယ်လို့ မျှော်လင့်လိုက်ပါတယ်ဗျာ။ တချိန်မှာ အောင်မြင်တဲ့ သူတွေ UCSY ကနေ ဆက်လက်ပြီး ပေါ်ထွက်နေအုံးမှာပဲ။ ကိုယ့်ရှေ့က စီနီယာတွေလည်း အခက်အခဲတွေကြားကနေ ဘဝကို တိုးတက်အောင်မြင်အောင် ကြိုးစားခဲ့ကြတာပဲ။ ကိုယ်လည်း အခက်အခဲတွေ တွေ့အုံးမှာပဲ။
သိပ္ပံမောင်ဝ မှာသလို ကျောင်းသားဘဝမှာ အချစ်ရေးတွေထက် စာကို ပိုတတ်အောင် ကြိုးစာစေချင်တယ်လို့ သူ့သားကို ရေးထားပေးတဲ့ စာမှာ တွေ့ရပါတယ်။ သူ့သားကို ရေးထားပေးတဲ့စာဆိုပေမယ့် ကျောင်းသား ကျောင်းသူအားလုံးကို ရေးထားပေးတဲ့စာလိုပါပဲဗျာ။ ဂျုနီယာတွေအနေနဲ့လည်း အချစ်ရေးမှာ အရမ်း ရူးသွပ်ခြင်းထက် စာတကယ်တတ်အောင်လည်း စာကို အချိန်ပေးပြီး ဖတ်စေချင်ပါတယ်။ စာတကယ်တတ်ရင် project လည်းကြောက်စရာမလိုသလို စာမေးပွဲဆိုတာလည်း ကြောက်စရာ မရှိပါ။
စာတွေ့နဲ့လက်တွေ့
ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။ ဒါပေမယ့် ကျောင်းမှာကလည်း OOP concept ကို သိအောင်ပဲ သင်ပေးနိုင်တယ်။ တတ်အောင် မသင်ပေးနိုင်တော့ OOP ကို မသုံးဖြစ်တောပြန်ဘူး။ VB.NET 2003 လောက်ရောက်တော့ OOP ဖြစ်လာတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲ ဖြစ်သွားတာ။ Logic ပိုင်းတွေ ပြောင်းချလိုက်ရတာကို။ VB 6 ကနေ လာတဲ့သူ အဖို့ OOP နဲ့ အဝေးကြီးလို ဖြစ်သွားတာ။ အဲဒါကြောင့် Java ကို လုံးဝကို မထိတော့တာ။
အခုအချိန်မှာ ပြန်စဉ်းစားကြည့်လိုက်ရင် ၄ နှစ်တာ ကာလ။ ကျွန်တော့်အတွက် ၄ နှစ်ခွဲ ကာလလို့ ဆိုလို့ရမယ်။ DSE ကို ၁၀ တန်းပြီးပြီးခြင်း တက်လိုက်တော့ ၄ နှစ်ခွဲ လောက် စာတွေ တောက်လျှောက် သင်လာရတယ်။ Data Flow Diagram က DSE မှာ second term မှာ သင်တာ။ computer တက္ကသိုလ်မှာကတော့ သေချာ မသင်ဖြစ်ဘူး။ စာမေးပွဲ နီးလာမှ ဒီပုံတွေ ပါတယ်။ ဒီပုံတွေပါတယ်ဆိုပြီး ပါတဲ့ ပုံတွေပဲ သင်တာတော့ တော်တော်လေးကို ဆိုးသွားတယ်။ DSE တက်ထားလို့သာ  DFD , ERD တွေ ရနေတာ။ DSE တုန်းက project လုပ်တုန်းက DFD ကို သေချာလုပ်ခဲ့ရတာလည်း ပါတာကိုး။ ဆရာမကလည်း သေချာရှင်းပြပေးနိုင်တာလည်း ပါတယ်။ သေချာရှင်းပြနိုင်မှာပေါ့။ အဖွဲ့က ၃ ဖွဲ့ ပဲရှိတော့တာလေ။ ဒါကြောင့် project လုပ်နေတုန်း တောက်လျှောက် ဆရာမ နဲ့ သေချာ ဆွေးနွေးလုပ်ခဲ့တော့ DFD ပိုင်းတွေ data analyst ပိုင်းတွေ ERD တွေကို ကောင်းကောင်းသိခဲ့ရတယ်။ စာသင်တုန်း နဲ့ project လုပ်တဲ့ အချိန်နဲ့ မတူတာအမှန်ပဲ။ စာသင်တာက ဒါတွေဒီလိုဆွဲတယ်ဆိုတာလောက်ပဲ သင်ပေးနိုင်တာ။ လက်တွေ့ လုပ်တဲ့အခါမှသာ စာတွေ့နဲ့ ပေါင်းပြီး ဆရာမ နဲ့ သေသေချာချာ ဆွေးနွေးဖြစ်တော့မှ တတ်သွားတာ။
ကျောင်းမှာလည်း ERD , DFD တွေ သင်ပါတယ်။ ဒါပေမယ့် အခန်းထဲမှာ လူ အယောက် ၁၀၀ ကျော်ရှိတယ်။ နောက်ပြီး group ဖွဲ့ထားတာလည်း မဟုတ်။ DSE တက်တုန်းက group ဖွဲ့ထားတော့ ဆရာမကို တစ်ယောက်က သွားမေး ပြီးရင် ကျန်တဲ့လူတွေကို ပြန်ရှင်းပြဆိုတော့ အဆင်ပြေတယ်။ ဆရာမ အနေနဲ့လည်း ကျောင်းသား တစ်ယောက်ခြင်းဆီကို ပြန်မရှင်းပြနိုင်ဘူးလေ။ computer တက္ကသိုလ်မှာက အယောက် ၁၀၀ ကျော်တော့ ဘာအသံမှလည်း သေချာမကြား။ မသင်ဘူးရယ်လို့တော့ မဟုတ်ဘူး။ သင်ပါတယ်။ ကဲ..ထားပါလေ….
OOP ကတော့ ကျောင်းမှာ ရေလည်သင်တယ်။ Java မှာလည်း OOP ။ C မှာလည်း OOP။ နောက်ပြီး OOSD ။ ပြီးတော့ UML ။ OOP ကိုပဲ ၃ နှစ်လောက် သင်လာတာ။ ခက်တာက သင်ထားတာပဲရှိတယ်။ လက်တွေ့ အမှန်အကန် သုံးဖို့ကတော့ မရှိပြန်ဘူးလေ။ ကိုယ်ကလည်း အဲတုန်းက VB.NET ဆိုတော့ သုံးတော့ သုံးပါတယ်။ ဒါပေမယ့် သေသေချာချာ နားမလည်ဘူး။ အခု လုပ်ငန်းခွင် ရောက်တော့မှပဲ မဖြစ်မနေ ပြန်လေ့လာတော့မှပဲ ကျောင်းက သင်ထားတဲ့ စာတွေက လာပြီး အထောက်အပံ့ဖြစ်ကုန်တာပဲ။ နောက်ပြီး လူပျိုကြီး ရေးပေးထားတဲ့ OOP အကြောင်းတွေကလည်း လေ့လာရတာ အဆင်ပြေတယ်။ အခုလုပ်နေတဲ့ project က လုံးဝ OOP။ PHP ပေမယ့် အကုန်လုံးက object ကြီးပဲ။ Page တွေအစ object လို့ပြောရမလိုပဲ။ ဒါနဲ့ ကိုယ်လည်း OOP ကို မဖြစ်မနေလေ့လာတော့မှပဲ သိသွားတာ။ သဘောပေါက်သွားတာ။ စာတွေ့သင်ထားတာတွေက အခုချိန်မှာ အများကြီး လာပြီး အထောက်အပံ့ဖြစ်တာတော့ အမှန်ပဲ။ ကျောင်းမှာတုန်းက မတတ်ပေမယ့် တကယ်လိုအပ်လာပြီဆိုရင် ကျောင်းကဟာလေးက လာပြီး အထောက် အပံ့ဖြစ်တယ်။
အခုအချိန်မှာ စဉ်းစားကြည့်ရင် ကျောင်းက သင်တဲ့စာတွေက အဆင့်မမှီဘူးလားဆိုတော့ မဟုတ်ဘူးဗျ။ အဆင့်မှီတယ်။ course တစ်ခုကို upgrade လုပ်ဖို့ဆိုတာကလည်း မလွယ်တော့ အချို့ဟာလေးတွေတော့ နောက်နည်းနည်းလေး ကျတာတွေ ရှိတယ်။ Project Management ပိုင်းတွေ သင်တာက ဘယ်သူမှ မသုံးတော့တဲ့ management ကို အားပါးတရ သင်နေတာမျိုးပေါ့။ ဒါကလည်း course က ပြဌာန်းထားတာကို။ အနည်းအကျဉ်းလေးပါ။ စဉ်းစားလို့မရတာက ၄ နှစ်တာ ကာလမှာ သင်လိုက်တာကတော့ အများကြီးပဲ။ ဒါပေမယ့် ဘာတွေ တတ်လာသလဲလို့မေးရင်တော့ ဖြေရခက်တယ်။ programming တွေက အပြင်မှာ သင်လည်းရပါတယ်။ SE , UML , Data Analyst စတာတွေကိုလည်း သေချာသင်ပေးလိုက်တာပဲ။ ခက်တာက ဘယ်မှာ သွားသုံးရမှန်းမသိလို့ယောင်ဝါးဝါးဖြစ်ကုန်တယ်လို့ထင်တာပဲ။ third year လောက်ပြီးတာနဲ့ လက်တွေ့ လုပ်ငန်းခွင် ကို Internship လေး ဆင်းလိုက်ရရင်တောင် ကျောင်းက ၃ နှစ်လောက် သင်ထားတဲ့စာတွေက အလကားမဟုတ်ပါလားဆိုတာ သိသွားလိမ့်မယ်။ ခက်တာက ကျောင်းပြီးတာနဲ့ ကျောင်းသားတွေက ဘာလုပ်လဲဆိုတော့ သင်တန်းတွေ ထပ်တက်ကြတာပဲ။ Computer သင်တန်းတွေ စုံနေတာပဲ။ စျေးတွေကလည်း များပါ့။ သင်တန်းအများစုက Logic ကို ကောင်းကောင်းမသင်ပေးနိုင်ဘူးဗျ။ ကျွန်တော်လည်း သင်တန်းတွေ တက်ခဲ့တာပဲ။ Logic ကိုပါ သေသေချာချာ သင်နေမယ်ဆိုရင် သင်တန်းကာလ အတွင်း course က ပြီးဖို့လည်း မလွယ်ဘူးလေ။
တကယ်တန်း ကိုယ်သင်ထားတဲ့ စာတွေ့တွေက အလကား မဖြစ်သွားပါဘူး။ မေ့ရင် မေ့သွားမယ်။ တကယ်လိုအပ်လာပြီဆိုရင် အဲဒီ သင်ထားတဲ့ စာတွေက လာပြီး အထောက်အပံ့ဖြစ်မှာပါ။ ကျွန်တော့်လိုပေါ့။ OOP ကို ဖြစ်နိုင်ရင် ရှောင်ပြီး သုံးခဲ့ပေမယ့် တကယ် OOP လည်း ဖြစ်ရော ၁ ရက်လောက် စာဖတ်လိုက်တာနဲ့ သဘောပေါက်သွားတယ်။ လက်တွေ့ရေးတော့ သိသွားတယ်။ သဘောပေါက်ရုံနဲ့ မရဘူးလေ။ သိသွားဖို့က အရေးကြီးတယ်။ ကျောင်းက အတတ်နိုင်ဆုံးလုပ်ပေးနိုင်တယ်ဆိုတာကလည်း သဘောပေါက်အောင်ပဲ လုပ်ပေးနိုင်တယ်လေ။ ကျောင်းမှာက team work မရှိခဲ့တာကတော့ လုံးဝ ဆိုးရွားတယ်။ team work လေး ကို ကျောင်းမှာ ပထမနှစ်ကတည်းက လုပ်ပေးမယ်ဆိုရင် လုပ်ငန်းခွင်မှာ အဆင်ပြေတယ်။ team work မရှိတော့ team work project တွေ ရောက်ရင် အစပိုင်းတော့ နည်းနည်း ပြဿနာဖြစ်တာပဲ။ သူနဲ့ ကိုယ်နဲ့ညှိပြီး လုပ်ရတာတွေရှိတာကို။ team work အကြောင်းကတော့ နောက်မှပဲ ရေးတော့မယ်ဗျာ။ အခုလည်း ရေးရင်းနဲ့ တော်တော်ရှည်သွားပြီ။ နောက် စိတ်ကူးပေါက်မှပဲ DSE တက်တုန်းက team work အကြောင်းလေး ရေးတော့မယ်။
ကျောင်းတော်က…
MZ က post1 တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ..
ဆရာ ဆရာမတွေအနေနဲ့ thesis လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်သင်ကြားရတဲ့ဘာသာကို ကိုယ့် thesis လောက် အာရုံစိုက်ဖို့ မအားဘူးလေ… ဘာလို့လည်းဆိုတော့ thesis အတွက် စာတွေ အများကြီးဖတ်ရတယ်.. အဲဒီတော့ ကိုယ်သင်ကြားမယ့် ဘာသာ ကို သေသေချာချာ မဖတ်နိုင်ပဲ မနက်ဖြန် သင်မယ်ဆို ဒီနေ့မှ ပြန်ဖတ်.. သေသေချာချာ သင်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တယ်လေ… ဆရာ ဆရာမတွေ အနေနဲ့ thesis လုပ်နေတဲ့အတွက်ကြောင့် ကျောင်းသားတွေကို စာသင်တာ ကောင်းမှာ မဟုတ်တာသေချာတယ်… master thesis က လွယ်တယ်ဆိုပေမယ့် ဖတ်ရတဲ့ စာတွေကတော့ မနည်းပါဘူး.. industry အတွေ့အကြုံမရှိတဲ့အတွက် thesis လုပ်တဲ့အခါမှာလည်း လုပ်ရကိုင်ရတာ ခက်ခဲမှုတွေရှိတယ်.. ဘာလုပ်ရမှန်းမသိဘူး.. နောက်ပြီး supervisor ကလည်း thesis အတွက် ရေးပါသေးတယ်လေ… thesis ကိစ္စကို နောက်မှ ဆက်ပြောတော့မယ်… thesis လုပ်နေရတဲ့ ကျောင်းသား ကျောင်းသူတွေက အမှန်တိုင်းပြောရင် pressure ကများတယ်… သာမာန် ရိုးရိုး အလုပ်မလုပ်ပဲ လုပ်နေတဲ့လူတွေတောင် pressure များနေရင် စာလည်းသင်နေရတဲ့ ဆရာ ဆရာမတွေကလည်း တော်တော်ပင်ပန်းမှာပါ… ဒါကြောင့် စာသင်တဲ့အခါမှာ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်တဲ့ အခါမှာ ရောင်လည်လည်ဖြစ်နေတာပဲ… ရောင်လည်လည်ဖြစ်နေတော့ နားလည်အောင် ဖတ်ဖို့အတွက် အချိန်က သိပ်မပေးချင်ဘူး.. ဘာလို့လည်းဆိုတော့ ဒီမှာက မီးမလာတဲ့ အခက်အခဲ.. internet အခက်အခဲ… မပြည့်စုံတဲ့ Library စတဲ့ အခက်အခဲတွေ အပြင် အခြား မပြည့်စုံတဲ့ အခက်အခဲတွေကြောင့် thesis ကို ဦးစားပေးပြီး thesis အတွက် စာဖတ်တာနဲ့တင် ရောင်လည်လည်ဖြစ်နေတဲ့ ကိုယ်သင်ကြားရတဲ့ စာတွေ ဖတ်ဖို့ အချိန်မပေးနိုင်တော့ဘူးလေ.. .
ကျောင်းမှာ သင်ကြားတဲ့ course ကကောင်းတယ်.. ဒါပေမယ့် သင်ကြားတဲ့ course တွေကို first year ကတည်းက course တွေကို အီလည်လည်နဲ့ ဖြစ်လာခဲ့တော့… course က ဘာမှမဟုတ်တော့ဘူး.. self-study လုပ်နိုင်ဖို့ အရမ်းလိုအပ်တယ်.. ကျောင်းကလည်း self-study လုပ်ဖို့ အားမပေးဘူး.. ဆရာ ဆရာမတွေကလည်း စာသင်ဖို့အတွက် သီးသန့် train လုပ်ထားတာမဟုတ်ဘူး.. first year ကတည်းက အဲလို စလိုက်တော့ နောက်ပိုင်းမှာ တပ်ပျက်တာပဲ.. တနည်းပြောရင် ကျောင်းသားတွေအနေနဲ့ ငယ်စဉ်ကတည်းက ကိုယ်ပိုင် self-study ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မသွင်းထားဘူး.. ဒါတွေကလည်း ငယ်စဉ်ကတည်းက မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း ဆိုင်တယ်.. ဘယ်အရာမဆို ကိုယ်လုပ်မှ ကိုယ်ရမယ်.. ကိုယ်လိုချင်တဲ့အရာတွေကို ဘယ်သူမှ အရန်သင့်လာမပေးဘူး… အဲလိုစိတ်ဓာတ်လေးတွေ မရှိတော့.. သူများ အပြစ်ပုံချ အလုပ်တွေ လုပ်လာကြတယ်.. ကျောင်းမှာလည်း စာသင်တော့လည်း လိုအပ်တဲ့ ဟိုဖြတ် ဒီဖြတ်ပဲ စာသင်တော့ ပိုဆိုးကုန်တယ်… ဟိုဖြတ် ဒီဖြတ် မသင်ရင်လည်း မဖြစ်ဘူးလေ… course က ၁ နှစ်စာဆိုပေမယ့် တကယ်တန်းသင်မယ်ဆို စာအုပ်တွေက ၁ နှစ်နဲ့ မပြီးဘူးလေ… ဒါကြောင့် ၁ နှစ်အတွင်းပြီးအောင် ဖြတ်ပြီးသင်ရမှာပဲ…
ကျောင်းမှာက နိုင်ငံတကာ အဆင့်မမီဘူးဆိုတာ အမှန်ပဲ.. အခြားမကြည့်နဲ့ ကျောင်းလခပဲကြည့်လေ… နိုင်ငံတကာ ကျောင်းလခလည်းမဟုတ်တော့…. ဒီလောက်ပဲရမှာပေါ့… ကျောင်းကားခ တိုးလို့ အော်ကြတဲ့ ကျောင်းသားတွေ တစ်ပြုံကြီး… နိုင်ငံတကာ အဆင့်မီကျောင်းဖြစ်စေရမယ်… ကျောင်းလခ ကလည်း နိုင်ငံတကာ ကျောင်းလခ ဖြစ်သွားမယ်.. ဒါဆို…. အဲဒီအခါ စဉ်းစားကြည့်ပါ… လက်ရှိတက်နေတဲ့လူတွေထဲက ၂၀% လောက်ပဲတက်နိုင်မယ်… နိုင်ငံတကာနဲ့ ယှဉ်ရင် စျေးမများတဲ့ ဆေးကျောင်းကိုတောင် မတက်နိုင်လို့ ကျောင်းထွက်ရတဲ့ ကျောင်းသားတွေ ဒီနိုင်ငံမှာ များနေတာ.. ကျောင်းလခ တွေ စျေးတက်ခဲ့ရင်တော့…..
ကျွန်တော်ပြောတာ နည်းနည်းများသွားပြီ… တကယ်တန်းတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နေနဲ့.. ကိုယ်တိုင် ကြိုးစား.. တတ်နိုင်ရင် ကျောင်းပြီးတာနဲ့ စလုံးဖြစ်ဖြစ် master စတက်… ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားပေါ့ဗျာ.. အပြစ်တင်နေတာနဲ့ ကိုယ့်ဘဝကြီးက တိုးတက်သွားမှာ မဟုတ်ဘူး… ကိုယ်ပြောနေလို့လည်း သူတို့တွေက ပြင်ဖို့ အခွင့်အရေးရှိအုံးမှ ပြင်လို့ရမှာလေ… ကိုယ်တတ်နိုင်သလောက် ကျောင်းကိုဖြစ်ဖြစ် ပညာလိုချင်သူတွေကို ဖြစ်ဖြစ် ကူညီပေးပြီး ဘဝ အတွက် ရုန်းကန် လှုပ်ရှားကြတာပေါ့ဗျာ..
http://www.mysteryzillion.org/forums/showthread.php?t=4586
သင်ကော ဘာလုပ်မလဲ
ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။  မတတ်ပေမယ့် အခြေခံတွေတော့ ရသွားပါတယ်။ Programming ဆိုတာဘာလဲ HTML ဆိုတာ ဘာလဲဆိုတာ အနည်းအကျဉ်းလောက်သိသွားတယ်။ ဒါပေမယ့် Professional အနေနဲ့ ရပ်တည်တဲ့လူက လွန်စွာနည်းပါးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကကော…..
တစ်ယောက်ကတော့ hons ဆက်မတက်ပဲ လေယာဉ်ကွင်းမှာ အလုပ်ဝင်လုပ်လိုက်တယ်။ လက်ရှိ မလေးရှား air line မှာ အလုပ်ဝင်လုပ်နေတယ်။ လခက ၁ လ $400 ကျော်ဝင်တယ်။ ၂ လ မှာ ၁ ပတ်လောက် မလေးမှာ စာသွားသင်ရတယ်။ မလေးသွားချိန်မှာ သီးသန့် တနေ့ $50 ပေးတယ်။ မိသားစုအတွက် တော်တော်လေးကို အထောက်အပံ့ဖြစ်တယ်။ ညီဆေးကျောင်းသားအတွက် ကျောင်း စရိတ်မပူပဲ ထားပေးနိုင်ခဲ့တယ်။ သူ့အတွက် သူရွေးချယ်တဲ့ လမ်းမှန်သွားတယ်လို့ ဆိုရမလားပဲ။ Hardware ပိုင်းနဲ့ ဘွဲ့ရခဲ့ပေမယ့် အခုအချိန်မှာတော့ harddisk တောင် မဖြုတ်တတ်တော့ဘူး။ Computer နဲ့ အသက်မွေးမယ်ဆိုရင်တော့ အိမ်စရိတ်အတွက် အနိုင်နိုင် ကိုယ့်ထမင်းကိုယ်စားနိုင်အောင် မနည်းကြိုးစားရမလားပဲ။
နောက်တစ်ယောက်ကတော့ မိသားစု လုပ်ငန်းလုပ်တယ်။ စီးပွားရေး အကြောင်းကောင်းကောင်းသိလာတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်လဲ။ လက်ရှိ တကယ်လိုအပ်တာဘာ စပြီး ဆုံးဖြတ်နိုင်စွမ်းတွေရှိလာတယ်။ ကျွန်တော့်အတွက် လုပ်ငန်းနဲ့ ပတ်သက်ပြီး သူ့အကြံဉာဏ်ပဲယူနေရတယ်။ သူလည်း hons ဝင်ရဲ့သားနဲ့ ဆက်မတက်ပဲ မိသားစု စီးပွားရေးကို လုပ်လိုက်တာ မှန်တယ်လို့ ဆိုရမလားပဲ။
နောက်ထပ်သူငယ်ချင်းတစ်ယောက်ကတော့ OJT ဆင်းပြီး အလုပ်ဝင်လုပ်တယ်။ ၁ လမှ ၃ သောင်း ၄ သောင်းပဲရတယ်။ သူက computer မှ computer မစွန့်လွှတ်ဘူးနဲ့တူတယ်။ အခုအချိန်ထိတော့ အိမ်ကို ထောက်ပံ့နိုင်ဖို့ လိုနေသေးတယ်။ OJT ဆင်းတုန်းကတော့ သူ့ပိုက်ဆံတောင် company ကို ပေးရသေးတယ်။
နောက် ၂ ယောက်က compnay တူတယ်။ ဒါပေမယ့် တစ်ယောက်က Master ဆက်တက်တယ်။ နောက်တစ်ယောက်ကတော့ hons ပဲ တက်ပြီး အလုပ်ဝင်လုပ်လိုက်တယ်။ master သမားက master ပြီးမှ Hons သမားရှိတဲ့ အလုပ်ထဲဝင်လုပ်တယ်။ အရင် ဝင်လုပ်တဲ့လူက လခကော ရာထူးပါ မြင့်သွားပြီ။ ၁ နှစ် ဆိုတာလေးပေမယ့် အဆင့်ကတော့ ကွာသွားတာပေါ့။ လခ လည်း ကွာသွားတာပေါ့။ လုပ်သက်နဲ့ ဆုံးဖြတ်သွားတာပဲ။ company ကတော့ လခ ကောင်းတဲ့ company ပါ။ စစဝင်ဝင်ခြင်း master သမားက ၇ သောင်း လောက်ရတယ်။ ဒါပေမယ့် ကားခ ကတော့ တနေ့ ၂၀၀ နဲ့ စီးသွားရတာပေါ့။ hons ပဲ ပြီးထားတဲ့တစ်ယောက်ကတော့ ၁ သိန်း ၄ သောင်း လောက်ရတယ်။ သူလည်း တနေ့ ၂၀၀ ကားခတော့ ကုန်တာပဲ။
သူငယ်ချင်း တစ်ယောက်ကတော့ hons တက်နေရင်း ကျောင်းဆက်မတက်ပဲ air bagan က computer section မှာ ဝင်လုပ်တယ်။ အခုအချိန်မှာတော့ computer section မှာ အကြီးဆုံးဖြစ်နေပြီ။ လခ ကတော့ ၁ သိန်းကျော်ပဲ။ သေသေချာချာ မသိတော့ဘူး။
တချို့ သူငယ်ချင်းတွေကတော့ hons ပြီးတာနဲ့ စလုံးမှာ ကျောင်းသွားတက်ကျတယ်။ အခုအချိန်မှာတော့ သူ့ ဘဝ သူရပ်တည်နေနိုင်ကြပြီ။
နောက်ထပ် သူငယ်ချင်းတစ်ယောက်ကတော့ company တစ်ခုမှာ ဝင်လုပ်တယ်။ computer company ဖြစ်ပေမယ့် hardware sale company ပဲလေ။ ၆ သောင်းလောက်ပဲ ရပေမယ့် ပစ္စည်းရောင်းတဲ့အပိုင်း အဓိကပဲ။ programming တွေ ဘာတွေ မလိုဘူးလေ။
ညီငယ်တစ်ယောက်ကတော့ web designer အနေနဲ့ ဝင်လုပ်နေတယ်။ master ဆက်မတက်ဘူး။
လူတော်တော်များများ အကြောင်းတွေတော့ ပြောပြီးသွားပါပြီ။ ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းပြီးတာနဲ့ ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ရမှာပဲ။ ကျောင်းက ပညာနဲ့ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကိုယ့်ဘဝအတွက် ရပ်တည်နိုင်ဖို့အတွက် မိသားစုအခြေအနေ ပေါ်မူတည်ပြီး ဆုံးဖြတ်သွားရတာပဲ။ တကယ်တန်း လွတ်လပ်စွာနဲ့ လုပ်ချင်တာလုပ်လို့ ရတယ်ဆိုတာ ကျောင်းသားအရွယ်ပဲ။ ကျောင်းတက်နေတုန်းသာ ကိုယ့် creation တွေ ဖော်ပြလို့ရမယ်။ ဖန်တီးနိုင်မယ်။ ကျောင်းပြီးသွားရင်တော့ ကျောင်းမှာ နေထိုင်ပုံပေါ်မူတည်ပြီး ကိုယ့်ဘဝ ကိုယ့်လမ်းကြောင်းကို လျှောက်ရတာပဲ။ ကျောင်းပြီးသွားတဲ့ သူတွေဟာ အသက်က ၂၀ ဝန်းကျင်ဖြစ်လာတာနဲ့ အညီ မိသားစု အဖေ အမေ တွေကို စဉ်းစားပေးတတ်လာတယ်။ မိဘက တစ်သက်လုံး မကျွေးထားနိုင်ဘူးဆိုတာ နားလည်လာတာနဲ့ အမျှ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကိုယ့်ဘာသာ ကိုယ်အလုပ်ရှာပြီး ဝင်လုပ်ကြတာပဲ။ ကျောင်းတုန်းက အပျော်လွန်ခဲ့တဲ့ လူတွေအတွက်က အဲဒီအချိန်မှာမှ သင်တန်းတွေ တက်သူတွေကတက်။ နောက်ပြီး ကိုယ်နဲ့ ဘာအလုပ်သင့်တော်မလဲ မသိသူကမသိနဲ့ဖြစ်နေတတ်တယ်။
ဘာပဲပြောပြော ကျွန်တော့် ကျောင်းသား ဘဝကို ကျွန်တော် သတိရတယ်။ ကျွန်တော် ဖန်တီးချင်တာတွေကို လွတ်လပ်စွာ ဖန်တီးနိုင်တယ်။ အလုပ်တွေ ငွေတွေ ထည့်စဉ်းစားဖို့မလိုဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို တစ်ညလုံး လုပ်ချင်လုပ်တယ်။ ပိုက်ဆံရတဲ့ အလုပ်တွေ တစ်ခုမှ မလုပ်ခဲ့ဘူး။ ဝါသနာပါတဲ့ဟာတွေကိုပဲ ဖန်တီးခဲ့တယ်။ အခုအချိန်မှာတော့ မိဘကို လက်ဖြန့်တောင်းတဲ့ ဘဝ မရောက်အောင် ကြိုးစားပြီး နေထိုင်နေတယ်။ အခက်အခဲတွေကတော့ ရှိစမြဲပဲ။ ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်ချက်တွေ ချရတာပဲ။ မိဘအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်အောင် ကြိုးစားပြီး နေထိုင်ရတာပဲ။ ရှင်းရှင်းပြောရရင် ရည်းစားနဲ့ လျှောက်လည်ဖို့ မိဘ ဆီကနေ လက်ဖြန့်တောင်းရတာ အလွန်ရှက်ဖို့ ကောင်းတဲ့အလုပ်လို့ မြင်တယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ ကိုယ်ပိုင် creation တွေ မလုပ်နိုင်တော့ဘူး။ ဒါတွေကို ကျွန်တော် ကျောင်းပြီးတဲ့ အချိန်တွေ နောက်ပိုင်းမှာ ကျွန်တော့် post တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ လုပ်ကိုင်တဲ့အခါမှာတော့ professional အဆင့်ကို တဖြည်းဖြည်း တက်လှမ်းလာနိုင်တယ်။ တော်တော်များများကို ရအောင် ဆွဲနိုင်လာတယ်။ တနည်းမရရင် တနည်းရအောင် ကြိုးစားနိုင်လာတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ကတော့ ကျွန်တော့်ဘဝအတွက် အတွေ့အကြုံအများဆုံး ရလိုက်တဲ့ နှစ်ပဲဗျာ။ သေချာတာကတော့ လက်တွေ့ အတွေ့အကြုံကတော့ ကျောင်းမှာ မရနိုင်ဘူး။ ဒါပေမယ့် ဖန်တီးမှု အသစ်တွေ idea အသစ်တွေကတော့ ကျောင်းမှာပဲ ရနိုင်ပါတယ်။
မောတယ်
Computer တက္ကသိုလ်အကြောင်း မရေးတာတောင် တော်တော်လေးကို ကြာခဲ့ပြီ။ ရေးချင်တာတွေ ရှိတယ်။ မရေးသင့်ဘူးထင်လို့ပေါ့။ draft ထဲရောက်နေတဲ့ post တွေအများကြီးပဲ။ publish မတင်ဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အခုအချိန်မှာ ပြောလည်း မောရုံပဲရှိမယ်လေ။ အခုအချိန်မှာ ကျောင်းက အစွန်းရောက် နေပြီ။ မိန်းကလေးတွေဆို ဟိုအကျင်္ ီမဝတ်ရဘူး။ ဒီအကျင်္ ီ မဝတ်ရဘူး။ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ တော်တော်များနေတာကို တွေ့ရတယ်ဗျာ။ ကျွန်တော် ခေတ်က ဘဝဆိုးလှပြီထင်တာ။ အခုခေတ် ကလေးတွေက University နဲ့ state ကျောင်း အတူတူလို့ပဲ ထင်ရလောက်အောင် ဆိုးရွားသွားတယ်။
ကျောင်းမှာ သင်ရတဲ့ course တွေက နိုင်ငံတကာ အဆင့်မှီပေမယ့် သင်ကြားပုံက အဆင့်မမှီတော့ ကျောင်းသားတွေ အတွက် ဘာမှ မတတ်ဘူးဖြစ်သွားတယ်။ အချိန်တွေ နှမြောဖို့ ကောင်းတာပေါ့ဗျာ။ ကျောင်းသွားချိန်က မနက်အစောကြီး။ မနက်အစောကြီး စာသင်ရတာတော့ ကောင်းတယ်။ ဒါပေမယ့် ကျောင်းကား ၁ နာရီလောက်စီးလိုက်တော့ စိတ်က ညစ်ညူးသွားပြီ။ မနက်ပိုင်း စိတ်ညစ်ညူးသွားရင် တနေကုန် စာသင်လည်း ခေါင်းထဲမဝင်တော့ဘူး။ ညနေ ကား ၁ နာရီပြန်စီးရတော့ အရမ်းပင်ပန်းပြီး အိမ်ရောက်ရင် အိမ်ချင်လာကော။ ဒါပေမယ့် ကျူရှင်ကို ထပ်သွားရသေးတယ်။ ကျူရှင်မှာ စာထပ်သင်။ ပြီးမှ အိမ်ပြန်။ ပြန်ရောက်တော့ ည ၈ နာရီ လောက်ထိုးနေပြီ။ တနေ့ကို ၁၂ ကျော် အလုပ်လုပ်ရတဲ့ ကျောင်းသားတစ်ယောက်မှာ မနက်ပိုင်း အရမ်းအပင်ပန်းခံရတော့ တနေကုန် စာသင်လည်း မထူးဖူးပေါ့။ ကျောင်းကားစီးရတာ ပျင်းရိခြောက်သွေ့ဖွယ် တကယ်ကောင်းတာ။ ကျောင်းလမ်းကလည်း ဆိုးပါ့။ ခုန်ကလည်း ခုန်။ ယောက်ကျားလေးတွေဆို နေရာမရှိ မတ်တပ်ရပ် စီး။ မနက် အစောကြီး ၁ နာရီလောက် မတ်တပ်ရပ် စီးလာတဲ့ ကျောင်းသားက တနေကုန် ဘယ်လို စာသင်ချင်စိတ်ရှိတော့မလဲဗျာ။ အခုနောက်ပိုင်း ၄၈ အထူးတွေ ရှိတော့ ကျောင်းသားတွေမှာ ကျောင်းသွားကျောင်းပြန် အရင်ကထက်တော့ အဆင်ပြေသွားတယ်။ ဒါပေမယ့်လည်း Fire Road ကြီးကို ဖြတ်ပြီး သွားရသေးတယ်လေ။ အဲဒီ ပင်ပန်းတဲ့ ဒဏ်လေးတော့ ခံနေရစမြဲပဲ။ မပြောချင်တော့ပါဘူးဗျာ။ ပြောရတာ မောတာပဲရှိတယ်။ တချို့ အစွန်းရောက် စည်းကမ်းတွေက ကျောင်းသားတွေရဲ့ ဖန်တီးနိုင်စွမ်း ဉာဏ်ပညာကို ဖျက်စီးလိုက်တယ်။ အဲဒါတွေက လွန်စွာ ဆိုးရွားလွန်းအားကြီးပါတယ်။ ထားပါ…. ကိုယ့်ဘာသာကိုယ် computer တက္ကသိုလ်တက်မှ ဂုဏ်ရှိတယ်လို့ ထင်နေတဲ့လူတွေလည်း ရှိသေးတော့ ပြောလည်း မထူးပါဘူး။ အင်းလေ… တခြား အဝေးသင် major ဘွဲ့တွေထက်တော့ တော်သေးတာပေါ့….. MZ မှာ မေးထားသလို ကျောင်းပြီးရင် ဘာလုပ်မလဲ….. အဲဒီ မေးခွန်းလေးတော့ သေသေချာချာ စဉ်းစားထားသင့်တယ်…
ပါရမီရှင်လော
ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။
နောက်ပြီး ကျောင်းသွားတဲ့လမ်း။ တစ်နှစ်ထက် တစ်နှစ်ထက်တစ်နှစ်ပိုစုတ်လာတယ်။ ကျောင်းသားတွေကလည်း ပိုခံနိုင်လာတယ်။ ကိုယ့်ကားနဲ့ ကိုယ်သွားတာတောင် ဒီလောက်ပင်ပန်းတာ။ BM နဲ့သွားနိုင်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ခံနိုင်ရည်ကလည်း လေးစားစရာပဲ။ တကယ့်ကို ခံနိုင်ရည်ရှိကြတာဗျာ။ နောက်ပြီး နှစ်ကုန်ခါနီးမှ စာတွေထပ်ပို နားမလည်ပဲ ကျက်နိုင်။ ဘာလာလာ တတွတ်တွတ် ရွတ်ဖြေနိုင်တာကလည်း တော်ရုံအစွမ်းမဟုတ်ဘူး။ အဲလို တော်ကြတာဗျ။
ကျွန်တော်ကတော့ အခုခေတ် ကျောင်းသားကျောင်းသူတွေကို လိုက်မမှီတော့ဘူးဗျာ။ စာဆိုလည်း နားမလည်ရင် စာအုပ်တွေ လျှောက်ရှာဖတ်။ အချိန်တွေ ကုန်လိုက်တာ။ Programming ဆိုလည်း လက်တွေ့ မ run ရရင် မကြိုက်တတ်ဘူး။ အဲလိုမျိုးက ကျွန်တော်တို့အပေါ်နှစ်ကတည်းကပါ။ အခုခေတ်ကျောင်းသားကျောင်းသူတွေကို ဘယ်မှီတော့မလဲ။ အဲလိုတော်အောင် လုပ်ပေးနိုင်တဲ့ UCSY ကြီးကလည်း လေးစားဖို့ကောင်းတာအမှန်ပဲဗျ။ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တွေပဲ။ ပင်ပန်းဒဏ်လည်းခံနိုင်တယ်။ programming က စာအုပ်ထဲမှာ အပြီး run နိုင်တယ်။ database တွေကို စာအုပ်ထဲမှာ အပြီးတည်ဆောက်နိုင်တယ်။ တစ်ခါတည်း programming နဲ့ပါ ချိတ်ပြီး run လိုက်သေးတယ်။ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်လေးတွေပဲဗျာ။
စိတ်ကုန်တယ်
အော်… လူတွေ လူတွေ… ကိုယ်ဘာလုပ်နေလို့ ဘာလုပ်နေမှန်းသိရဲ့လားမသိဘူး…
ကိုယ်လုပ်နေတာ ဘာလဲဆိုတာ သိရဲ့လားမသိဘူး…
အခုလည်း UCSY ကို မပိတ် ပိတ်အောင်လုပ်နေပြီ….
အဲလိုလုပ်တဲ့ကောင်မှ တကယ့်ကို ပညာရေးကို ဖျက်ဆီးတဲ့ကောင်တွေ….
နိုင်ငံကို ဖျက်ဆီးတဲ့ကောင်တွေ….
သေသေချာချာ တိတိကျကျမဟုတ်ပဲ… ကြားတာလေး တစ်စွန်းစ နှစ်စွန်းစနဲ့ သတင်းရေးတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး…
နောက်ပြီး မဟုတ်မမှန်တွေ မရေးသင့်ဘူး…
ကိုယ့်ကျောင်းအကြောင်းမို့ ကိုယ်သိတယ်…
ကျောင်းကလူတွေ နိုင်ငံရေး စိတ်ဝင်စားတာ မရှိသလောက်ပဲ…
အကုန်လုံးက IQ မမြင့်ရင်နေမယ်… IQ နဲ့ EQ ကတော့ ကောင်းတာသေချာတယ်…
မလွတ်လပ်တဲ့ကျောင်းသားဘဝကို အေးဆေးလွတ်လပ်ပျော်ရွှင်စွာနေတတ်တယ်…
ပေါက်တတ်ကရတွေ မလုပ်တတ်ဘူး…
လုပ်တဲ့ကောင်တွေရှိတော့ ရှိမယ်.. ကိုယ်ဘာတွေလုပ်နေမှန်းမသိတဲ့ IQ နိမ့်တဲ့ကောင်တွေပဲ ဖြစ်မယ်…
ငါးခုန်းမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်မယ့်ကိန်းကို ဖန်တီးနေတယ်….
ကျွန်တော် သတင်းအချို့ကို ကြားရ ၊ website အချို့က မြင်ရတော့ ရယ်ချင်တာအမှန်ပဲ….
ကျွန်တော်က စဉ်းစားတတ်ပေမယ့် မြန်မာနိုင်ငံမှာ မစဉ်းစားတတ်တဲ့လူတွေ တစ်ပုံကြီး…
media က ပြောရင် ဟုတ်တယ်မဟုတ်တယ် မသိဘူး..
မျက်စိမှိတ်ယုံတဲ့ ကောင်တွေက ပုံပင်နေတယ်…
အေးလေး… အများအားဖြင့် အဲလိုလူတွေကလည်း အလုပ်အကိုင်မရှိတော့…
media ပြောတာတွေကို နားယောင်တာပေါ့… တခြား စဉ်းစားစရာ အလုပ်မှ မရှိတာ…
ဘာပဲပြောပြော ကိုယ်လုပ်လိုက်တာ ဘယ်သူတွေ နစ်နာသွားမလဲ…
ဘာတွေ ဖြစ်သွားနိုင်လဲ စဉ်းစားပါ….
သူငယ်ချင်းတစ်ယောက်ပြောသလို…
လက်ကို ကျားကိုက်တဲ့ သတင်းကို…
ခြင်္သေ့ကိုက်ပါတယ်လို့ ရေးလိုက်တယ်…
Editor က မှားနေတယ်လို့ပြောတာ ဖြေရှင်းချက်ပေးတာက…
ခြင်္သေ့ကိုက်ကိုက် ကျားကိုက်ကိုက် သူတို့က မဟုတ်ဘူးလို့ လာငြင်းမှာ မဟုတ်ဘူးတဲ့…
ခက်တာက ကိုက်ခံထိတဲ့လူက ငြင်းချက်ထုတ်မှာတော့ မစဉ်းစားတတ်ကြဘူး…
အခုလည်း အဲလိုတွေ ဖြစ်နေပြီ… စာမေးပွဲလည်း ဖြေရတော့မယ်.. ဘာမှလည်း မဖြစ်စေချင်ဘူး…
အပင်ပန်းခံပြီး ကျောင်းသွားတက်နေရတဲ့လူတွေကို သနားပါ…
ကိုယ်ချင်းစာပါ… ပျော်လို့ တက်နေတာမဟုတ်ဘူး…
ဘွဲ့လေးလိုချင်လို့တက်နေတာ…
ဘွဲ့မရရင် သူတို့တက်တာ အလကားဖြစ်ကုန်မယ်…
ကျောင်းပိတ်သွားရင် သူတို့ တစ်နှစ်လုံးပင်ပန်းတာ အလကားဖြစ်ကုန်မယ်..
ကိုယ်ချင်းစာပါ… မဖွပါနဲ့… စကားကို စ, ကား မလုပ်ပါနဲ့….
သေသေချာချာ ကျောင်းသားတွေ အတွက် စဉ်းစားစေချင်တယ်…
နားလည်ပေးစေချင်တယ်..
ကျောင်းသားဘဝက DBMS
ဒီနေ့မှ ကျောင်းက DBMS စာအုပ်လေးတွေ့လို့ လှန်လျော ကြည့်လိုက်တယ်.. တကယ်ကောင်းတဲ့ စာအုပ်ပဲ… ကျွန်တော် မှတ်ထားတာမှားတာလေးတွေ… အဲ တော်တော်များများ မှတ်ထားတာ မှားနေတာကို တွေ့ရတယ်… အခု ဒီစာအုပ်ကို ဖတ်နေတဲ့သူက UCSY Hons ပြီးတဲ့သူဆို ကျွန်တော်မေးကြည့်ချင်ပါတယ်… Distribution Database , Rational Database အဲဒါတွေက ဘာတွေလဲ… ကျွန်တော့်အထင် တော်တော်များများ သိမှာမဟုတ်ပါဘူး.. ကျွန်တော်လည်း သိတော့သိတယ်.. ဒါပေမယ့် အပြည့်အစုံမသိဘူး.. သိတဲ့ဟာတွေက တချို့အပိုင်းလေးတွေ မှားနေတာတွေ့ရတယ်… CJ.Date ရေးတဲ့စာအုပ်က တော်တော်ကောင်းပါတယ်.. ခက်တာက သူများတွေတော့ မသိဘူး… ကျောင်းတက်တုန်းက စာမေးပွဲနီးရင် ဟိုကနေ ဟိုအထိ… ဒီအပိုင်းမပါဘူး.. ဟိုဟာကို ဖျက်… ဒီကနေဒီအထိပဲ… ဆိုပြီး ကွင်းတွေဝှက်လာတာ.. အဲဒါလေးပဲ ဖတ်လာတာ… အမှန်တိုင်းပြောရင် ဖတ်တော့ ဖတ်လိုက်တာပဲ ရှိတာ.. သေသေချာချာ နားမလည်ဘူး.. သေသေချာချာ နားလည်စရာလည်း မလိုဘူးလေ… စာမေးပွဲက နှိုက်နှိုက် ချွတ်ချွတ်မေးတာလည်းမဟုတ်… ကိုယ်နည်းနည်းပါးပါး ဖောတတ်အောင် နားလည်ရင် အောင်ပြီလေ… (အဲဒါကြောင့်ပဲ DBMS ကို ကြာလေလေ ဝေးလေလေ ဖြစ်လာတာပဲ) မနက်ဖြန်စာမေးပွဲဖြေမယ်ဆို ဒီနေ့ည ကွင်းတွေဝှက်တဲ့အထဲကမှ ကိုယ်နားလည်တဲ့အပိုင်းလေးပဲဝှက်… နားမလည်တဲ့ပိုင်းတွေကို ဖြုတ်…. အဲဒါနဲ့ စာလေးတွေက နည်းနည်းတိုတိုလေးတွေဖြစ်ကုန်ကော.. အဆက်အစပ်တော့ ရှိပါရဲ့ မပြည့်စုံတော့ဘူးပေါ့… အော်… သေသေချာချာ စာဖတ်လို့ရမယ့်နေရာ.. စာဖတ်လို့ကောင်းမယ့်နေရာ ကျောင်းမှာရှိရင်ကောင်းမှာပဲ… သူများတွေပြောပြောနေတဲ့ ကျက်စာတွေကို ကျွန်တော်က DBMS အပါအဝင်အဲလိုလုပ်ခဲ့တော့ အမှတ်နည်းမှာ သေချာတယ်… သူများတွေက ၃ မျက်နှာ ၄ မျက်နှာ ဖြေရတာကို ကျွန်တော့်မှာတော့ ၁ မျက်နှာလောက်ပဲရှိတယ်.. စဉ်းစားမိရင်တော့ ရယ်ချင်တာအမှန်ပဲ.. UCSY က လူတွေ ကျက်အားလား.. ဖတ်အားလား.. မှတ်အားလားတော့ မသိပါဘူး… တကယ်တော်တာတော့ အမှန်ပဲ…. နှမြောဖို့ကောင်းတာက ဖြေပြီး ဘာမှန်းမသိလိုက်တာပဲ… Privileges ဆိုတာ ဖြေတုန်းက သိလိုက်တယ်… အခုတော့ မသိတော့ဘူး.. အဲလိုတွေ အများကြီးပဲ…
ကျွန်တော်လည်း CJ.Date စာအုပ်မှာ SQL အပြင် အခြား syntax တွေပါသေးတယ်.. အဲဒါတွေ ဘယ်မှာသုံးရမှန်းမသိ.. အခုထက်ထိလည်း မသိသေးတာအမှန်ပဲ… အဲ… google မှာရှာလိုက်ရင်တော့ ဘယ်မှာ ဘယ်လိုသုံးလဲဆိုတာကိုတော့ လွယ်လွယ်ကူကူသိနိုင်မှာပါ..
အော်… သေသေချာချာစဉ်းစားမိရင်… အချိန်တွေ… အချိန်တွေ….
နားမလည်နိုင်တဲ့ UCSY
ကျောင်းကိုတော့ နားမလည်တာ အမှန်ပဲဗျ… ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ…. ပထမနှစ်ကတည်းက ဟို အခန်းမပါဘူး.. ဒီအခန်းမပါဘူး… ဟိုဟာ ကျက်စရာမလိုဘူး.. ဟိုကတော့ ပယ်တယ်… ဒီလို ဘောင်ထဲကနေ စာကို အလွတ်ကျက်ပြီး hons အောင်လာခဲ့တာလေ…. တနည်းပြောရင် လွတ်လပ်စွာ ဖတ်ပြီး တွေးခေါ်မှုတွေ.. ဆွေးနွေးမှုတွေ မရှိတော့ဘူးပေါ့… အဲ… Master လည်းရောက်ရော… ကိုယ်တိုင် စာမဖတ်တာ ပြသနာတရပ်လို ဆရာမတွေက စပြောပါပြီ… master မှာ ကိုယ်တိုင် စာဖတ်ရမယ်ဆိုတာတွေကော.. ကိုယ်တိုင်လေ့လာရမယ်ဆိုတာတွေကော… ကျောင်းသားတွေက စာဖတ်အားနည်းတာတွေကော… ဆရာမတွေ မကျေမနပ်ချက်တွေက စုံပါ့… အမှန်တိုင်းဆိုေ ကျောင်းသားတွေကိုယ်တိုင်က ပထမနှစ်ကတည်းက စာဖတ်မှမဖတ်တာ.. ကျက်ပဲ ကျက်လာတာလေ… အဲဒါကို သွားအပြစ်တင်တော့…. အခြေခံမရှိအောင် လုပ်လိုက်တာ ဘယ်သူလဲ… အခြေခံမရိုက်သွင်းထားတဲ့ ကျောင်းကို အပြစ်တင်ရမှာလား… အခြေခံမရှိပဲ မလုပ်တတ်တဲ့ ကျောင်းသားတွေပဲ အသုံးမကျတာလား…. ဘယ်သူ့ အပြစ်မှန်းတော့ မသိပါဘူး…
အဲ.. နောက်တစ်ချက်က တတိယနှစ်က တစ်နှစ်လုံး သင်ပေးလိုက်တဲ့ VB 6 , Java ကိုတော့ second year မှာ နည်းနည်းလေး မဆိုသလောက် GUI ပိုင်းတွေ မပါ… database ချိတ်ဆက်နည်းတွေ မသင်… VB မှာတော့ database ပိုင်းလေးတွေပါသင်တယ်။ အဲ.. Master Thesis ကတော့ VB နဲ့လုပ်လို့ရဘူးတဲ့။ အန်…. သူတို့ ကောင်းကောင်းသင်လိုက်တာ VB လေ…. ထားပေါ့…. out of date ဖြစ်လို့ဆိုပြီး VB.NET ရမလားအောက်မေ့တယ်… မရပါ… C# နဲ့မှ ရမယ်တဲ့… သင်ခဲ့တာက C++ နည်းနည်း Java မဆိုသလောက် သင်ပြီး C# ဆိုတာ ဘာမှန်းတောင် မသိတဲ့ ကျောင်းသား ကျောင်းသူတွေပဲ ညံ့နေတာလား… လုံးဝမသင်ဘူးတဲ့ langauge နဲ့ Thesis လုပ်ခိုင်းတာ အပြစ်လား… အဲ… web ပိုင်းဆိုလို့ HTML နဲ့ Javascript ပဲ သင်လိုက်တာ… CSS ဆိုတာ မသိ… ASP.NET , PHP ,JSP ဆိုဝေး… AJAX ဆိုတာ ဘာကြီးလဲလို့ မေးနေတဲ့ ကျောင်းသားတွေက တစ်ပုံတစ်ပင်…. Theory ပိုင်းတွေကတော့ ကောင်းပါ့… ခက်တာက အလွတ်ကျက်… လက်တွေ့က ဝေးကွာ… ဘာမှန်းကို မသိတော့ ဘယ်မှာ သုံးမရမလဲဆိုတာ ဝေး… ကျောင်းစာတွေကို http://www.mysteryzillion.com/forums/blog.php?b=19 အဲမှာလို သင်ပေးရင်တော့ သဘောပေါက်လွယ်သား…. အမှန်တိုင်းပြောရင် ကျောင်းကို နိုင်ငံတကာ အဆင့်မှီစေချင်တယ်… ဆရာ ဆရာမတိုင်းလည်း မှီချင်မှာပဲ… တစ်ခြား လူမသိနိုင်တဲ့ အခက်အခဲလေးတွေလည်း ရှိကောင်းရှိမှာပေါ့.. တနေ့နေ့ တချိန်တချိန်မှာ နိုင်ငံတကာ အဆင့်မှီ ဖြစ်ကောင်း ဖြစ်လာမှာပါ…
တိုးတက်အုံးမယ် UCSY
ဒီနေ့ကျောင်းကို သွားဖြစ်သွားတယ်။ ကျောင်းက national thesis ဆိုလို့ စိတ်ဝင်စားလို့ သွားပြီး စုံစမ်းတာလည်း ပါတာပေါ့။ national thesis မဟုတ်ခင်က 2006 က thesis တွေကိုလည်း သူငယ်ချင်း အကူအညီနဲ့ ဖတ်ဖြစ်ခဲ့တယ်။ နှမြောတယ်ဗျာ။ အချိန်တွေကို နှမြောမိတယ်။ thesis ဆိုတာက project အဆင့်သာသာလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ theory တွေ စာတွေကတော့ အများကြီးပဲဗျ။ တကယ်တန်းလုပ်တဲ့ အပိုင်းက project သာသာတောင် မရှိဘူးဗျာ။ နှမြောလိုက်တာ အချိန်တွေကို။ thesis တစ်စောင် အတွက် အချိန်က ၁ နှစ်လောက်ပေးရတယ်။ စဉ်းစားကြည့်လေဗျာ။ ၁ နှစ်ဆိုတဲ့ အချိန်က thesis လေး တစ်စောင် ကောင်းကောင်းလောက်တော့ ထွက်သင့်တာပေါ့။ ဒါမှမဟုတ်လည်း project ထက်သာတဲ့ idea တွေ technology တွေဖြစ်သင့်တယ်လေ။ အခုဟာက ခေါင်းစဉ်ကြီးတွေကသာ လန်ထွက်နေတယ်။ အနှစ်သာရကတော့….. ဟူး…. ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာပါ စုံစမ်းခဲ့ပါသေးတယ်ဗျာ။
ကျွန်တော့်သူငယ်ချင်းက mobile phone နဲ့ ပတ်သက်ပြီး လုပ်ချင်တယ်။ရမလား ။ စမ်းဖို့အတွက် ဘယ်မှာ စမ်းလို့ရမလဲ။ seminar မှာ ပြဖို့ server တွေဘာတွေရနိုင်မလား။ မြန်မာနိုင်ငံမှာကလည်း mobile phone အတွက် Internet ပိုင်းလည်း မပေး။ SMS လေးသာ ပေးထားတယ်။ ဘယ်လိုလုပ်မှာလဲ။ ဖြေလိုက်တဲ့ ဆရာမ အဖြေကတော့ မိုက်တယ်။ အခက်အခဲလေးတွေရှိတယ်တဲ့။ လုပ်ချင်ရင် ကြိုးစားကြည့်ပေးမယ်တဲ့။ PhD တွေလည်း mobile phone အတွက်လုပ်တာတွေ ရှိတယ်။ ပိုပြီးတော့ အကုန်အကျများသွားမှာတော့ သေချာတယ်။ သေရော။ ကျောင်း thesis အတွက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စိုက် ။ ကျောင်းက supporting က မရ။ ထွက်လာပါတော့မယ်။ thesis ကောင်းကောင်း။ ဘယ်လိုလုပ် လုပ်ချင်စိတ်ရှိမှာလဲဗျာ။ အရေးထဲ supervisor က ရစ်သေး။ ပြီးရင် seminar မှာကလည်း ရစ်သေး။ ထားလိုက်ပါ။ seminar မှာကတော့ မဟုတ်လို့ ရစ်တာပဲ။ ကျွန်တော်တောင် thesis တွေကို ဒီနေ့ဖတ်ပြီး ကျွန်တော်ဆိုလည်း မေးခွန်းတွေ မေးမိမှာပဲ။ thesis က project သာသာလေးဖြစ်နေတာကိုဗျ။ ကျောင်းကလည်း thesis လုပ်ချိန်မှာ ဘာ supporting မှ မပေးတော့ ဘယ်သူက လုပ်ချင်မှာလဲ။
ကျောင်းက course တွေကတော့ တိုးတက်ပါအုံးမယ်။ ဒါပြီးဒါလာမယ်။ ဒါလာရင် ဒါဖြေပုံစံကြီးဗျာ။ Open မဖြစ်ဘူး။ ဆရာ ၊ ဆရာမတွေအစ internet သုံးလို့မရ။ ကျောင်းသား ကျောင်းသူတွေ မပြောနဲ့ ဆရာ ၊ ဆရာမတော်တော်များများတောင် internet ဆိုတာ ကောင်းကောင်းမသိ။ internet မှာ စာအတွက် လိုအပ်တာတွေကို ဘယ်လိုရှာဖွေရမလဲဆို ဝေလာဝေး။ သုံးတတ်တဲ့ ဆရာ ၊ ဆရာမတွေကတော့လည်း ကျောင်းမှာ ဇိမ်ကျကျလေးမသုံးရ။ သုံးခွင့်ကိုမရှိလို့ပါဗျာ။ IPStar ကြီးကို အလှပြထားတာကြီး။ ဘာလဲဗျာ။ နှမြောဖို့ ကောင်းလိုက်တာ။ နည်းပညာတိုးတက်ရေးဆိုပြီး ပါးစပ်က အော်နေပြီးတော့ ဒီပုံကြီး ဘယ်လိုလုပ် တိုးတက်မှာလဲ။ ပြောခံထိတာတောင် နည်းသေး။ Computer က ကောင်တွေ အပြင်မှာ သင်တဲ့ကောင်လောက်တောင် မတက်ဘူးလို့။ ပြောခံလည်း ထိသင့်တယ်။ Internet မပြောနဲ့ ebook တောင် ဖတ်တာမဟုတ်။ ကျောင်းစာတွေကို အသေပဲ ကျက်။ ပြောင်းလဲတဲ့ နည်းပညာ မပြောနဲ့ ကျောင်းစာအုပ်ထဲက နည်းပညာ ကို မေး ။ သိဘူး။ အဲ.. ခေါင်းစဉ်နဲ့ မေးလိုက်.. တတွတ်တွတ်တော့ ရွတ်ပြလိုက်မယ်။ ဆရာ ၊ ဆရာမတွေလည်း ကြာတော့ လေ့လာ စွမ်းအားတွေ ကျကုန်တာပေါ့ဗျာ။ ကျွန်တော်မေးလိုက်ချင်ပါတယ်။ နည်းပညာကို တကယ်ကော တိုးတက်စေချင်ရဲ့လားဗျာ။ မတိုးတက်စေချင်လည်း ဘာမှ မပြောပါနဲ့လား။ ပါးစပ်က အော်နေပြီး လက်တွေ့က ဘာမှ မချပေးလို့ ကျောင်းသားကျောင်းသူတွေ သူများ ပြောခံထိတာပဲ ရှိတယ်။
နည်းပညာ မတိုးတက်ခင် အရင်ဆုံးတော့ အခြေခံ သင်ရိုး သင်ကြားပုံတွေ ပြောင်းသင့်ချိန်တန်ပြီဗျာ။ အခြေခံ သင်ကြားပုံ မပြောင်းလဲပဲ အဆင့်မြင့် နည်းပညာတိုးတက်ရေးအော်နေရင် မထူးပါဘူးဗျာ။ အရင်ဆုံးတော့ အခြေခံပညာတိုးတက်ပြောင်းလဲရေးကို လုပ်သင့်နေပြီ။ ဒီမှာ Master ပြီးလို့ စလုံးရောက်တဲ့လူတွေ မျက်နှာငယ်တဲ့ကိစ္စတွေလည်း မပြောချင်တော့ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မမြင် အပြစ်မတင်ချင်ပါဘူးဗျာ။ ဒီအချိန်မှာ မွေးမိတာ ကိုယ့်ကံပဲပေါ့။ ကိုယ်လုပ်နိုင်တာလေး လုပ်ပြီးပဲ ပါးစပ်လေး ပိတ်ပြီး ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပါပဲ။ ကျောင်းလည်း ပြီးသွားပြီ။ ဘဝကြီးလည်း စလေပြီ။ မုန်တိုင်းတွေလည်း ကြုံကောင်းကြုံမယ်။ ပျော်ခြင်းတွေလည်း တွေ့ဆုံနိုင်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ ရှင်သန်နေတော့မယ်………….. မျှဝေခြင်းနဲ့ ပျော်ရွှင်တော့မယ်….