နားမလည်နိုင်တဲ့ UCSY

ကျောင်းကိုတော့ နားမလည်တာ အမှန်ပဲဗျ… ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ…. ပထမနှစ်ကတည်းက ဟို အခန်းမပါဘူး.. ဒီအခန်းမပါဘူး… ဟိုဟာ ကျက်စရာမလိုဘူး.. ဟိုကတော့ ပယ်တယ်… ဒီလို ဘောင်ထဲကနေ စာကို အလွတ်ကျက်ပြီး hons အောင်လာခဲ့တာလေ…. တနည်းပြောရင် လွတ်လပ်စွာ ဖတ်ပြီး တွေးခေါ်မှုတွေ.. ဆွေးနွေးမှုတွေ မရှိတော့ဘူးပေါ့… အဲ… Master လည်းရောက်ရော… ကိုယ်တိုင် စာမဖတ်တာ ပြသနာတရပ်လို ဆရာမတွေက စပြောပါပြီ… master မှာ ကိုယ်တိုင် စာဖတ်ရမယ်ဆိုတာတွေကော.. ကိုယ်တိုင်လေ့လာရမယ်ဆိုတာတွေကော… ကျောင်းသားတွေက စာဖတ်အားနည်းတာတွေကော… ဆရာမတွေ မကျေမနပ်ချက်တွေက စုံပါ့… အမှန်တိုင်းဆိုေ ကျောင်းသားတွေကိုယ်တိုင်က ပထမနှစ်ကတည်းက စာဖတ်မှမဖတ်တာ.. ကျက်ပဲ ကျက်လာတာလေ… အဲဒါကို သွားအပြစ်တင်တော့…. အခြေခံမရှိအောင် လုပ်လိုက်တာ ဘယ်သူလဲ… အခြေခံမရိုက်သွင်းထားတဲ့ ကျောင်းကို အပြစ်တင်ရမှာလား… အခြေခံမရှိပဲ မလုပ်တတ်တဲ့ ကျောင်းသားတွေပဲ အသုံးမကျတာလား…. ဘယ်သူ့ အပြစ်မှန်းတော့ မသိပါဘူး…

အဲ.. နောက်တစ်ချက်က တတိယနှစ်က တစ်နှစ်လုံး သင်ပေးလိုက်တဲ့ VB 6 , Java ကိုတော့ second year မှာ နည်းနည်းလေး မဆိုသလောက် GUI ပိုင်းတွေ မပါ… database ချိတ်ဆက်နည်းတွေ မသင်… VB မှာတော့ database ပိုင်းလေးတွေပါသင်တယ်။ အဲ.. Master Thesis ကတော့ VB နဲ့လုပ်လို့ရဘူးတဲ့။ အန်…. သူတို့ ကောင်းကောင်းသင်လိုက်တာ VB လေ…. ထားပေါ့…. out of date ဖြစ်လို့ဆိုပြီး VB.NET ရမလားအောက်မေ့တယ်… မရပါ… C# နဲ့မှ ရမယ်တဲ့… သင်ခဲ့တာက C++ နည်းနည်း Java မဆိုသလောက် သင်ပြီး C# ဆိုတာ ဘာမှန်းတောင် မသိတဲ့ ကျောင်းသား ကျောင်းသူတွေပဲ ညံ့နေတာလား… လုံးဝမသင်ဘူးတဲ့ langauge နဲ့ Thesis လုပ်ခိုင်းတာ အပြစ်လား… အဲ… web ပိုင်းဆိုလို့ HTML နဲ့ Javascript ပဲ သင်လိုက်တာ… CSS ဆိုတာ မသိ… ASP.NET , PHP ,JSP ဆိုဝေး… AJAX ဆိုတာ ဘာကြီးလဲလို့ မေးနေတဲ့ ကျောင်းသားတွေက တစ်ပုံတစ်ပင်…. Theory ပိုင်းတွေကတော့ ကောင်းပါ့… ခက်တာက အလွတ်ကျက်… လက်တွေ့က ဝေးကွာ… ဘာမှန်းကို မသိတော့ ဘယ်မှာ သုံးမရမလဲဆိုတာ ဝေး… ကျောင်းစာတွေကို http://www.mysteryzillion.com/forums/blog.php?b=19 အဲမှာလို သင်ပေးရင်တော့ သဘောပေါက်လွယ်သား…. အမှန်တိုင်းပြောရင် ကျောင်းကို နိုင်ငံတကာ အဆင့်မှီစေချင်တယ်… ဆရာ ဆရာမတိုင်းလည်း မှီချင်မှာပဲ… တစ်ခြား လူမသိနိုင်တဲ့ အခက်အခဲလေးတွေလည်း ရှိကောင်းရှိမှာပေါ့.. တနေ့နေ့ တချိန်တချိန်မှာ နိုင်ငံတကာ အဆင့်မှီ ဖြစ်ကောင်း ဖြစ်လာမှာပါ…

တိုးတက်အုံးမယ် UCSY

ဒီနေ့ကျောင်းကို သွားဖြစ်သွားတယ်။ ကျောင်းက national thesis ဆိုလို့ စိတ်ဝင်စားလို့ သွားပြီး စုံစမ်းတာလည်း ပါတာပေါ့။ national thesis မဟုတ်ခင်က 2006 က thesis တွေကိုလည်း သူငယ်ချင်း အကူအညီနဲ့ ဖတ်ဖြစ်ခဲ့တယ်။ နှမြောတယ်ဗျာ။ အချိန်တွေကို နှမြောမိတယ်။ thesis ဆိုတာက project အဆင့်သာသာလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ theory တွေ စာတွေကတော့ အများကြီးပဲဗျ။ တကယ်တန်းလုပ်တဲ့ အပိုင်းက project သာသာတောင် မရှိဘူးဗျာ။ နှမြောလိုက်တာ အချိန်တွေကို။ thesis တစ်စောင် အတွက် အချိန်က ၁ နှစ်လောက်ပေးရတယ်။ စဉ်းစားကြည့်လေဗျာ။ ၁ နှစ်ဆိုတဲ့ အချိန်က thesis လေး တစ်စောင် ကောင်းကောင်းလောက်တော့ ထွက်သင့်တာပေါ့။ ဒါမှမဟုတ်လည်း project ထက်သာတဲ့ idea တွေ technology တွေဖြစ်သင့်တယ်လေ။ အခုဟာက ခေါင်းစဉ်ကြီးတွေကသာ လန်ထွက်နေတယ်။ အနှစ်သာရကတော့….. ဟူး…. ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာပါ စုံစမ်းခဲ့ပါသေးတယ်ဗျာ။

ကျွန်တော့်သူငယ်ချင်းက mobile phone နဲ့ ပတ်သက်ပြီး လုပ်ချင်တယ်။ရမလား ။ စမ်းဖို့အတွက် ဘယ်မှာ စမ်းလို့ရမလဲ။ seminar မှာ ပြဖို့ server တွေဘာတွေရနိုင်မလား။ မြန်မာနိုင်ငံမှာကလည်း mobile phone အတွက် Internet ပိုင်းလည်း မပေး။ SMS လေးသာ ပေးထားတယ်။ ဘယ်လိုလုပ်မှာလဲ။ ဖြေလိုက်တဲ့ ဆရာမ အဖြေကတော့ မိုက်တယ်။ အခက်အခဲလေးတွေရှိတယ်တဲ့။ လုပ်ချင်ရင် ကြိုးစားကြည့်ပေးမယ်တဲ့။ PhD တွေလည်း mobile phone အတွက်လုပ်တာတွေ ရှိတယ်။ ပိုပြီးတော့ အကုန်အကျများသွားမှာတော့ သေချာတယ်။ သေရော။ ကျောင်း thesis အတွက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စိုက် ။ ကျောင်းက supporting က မရ။ ထွက်လာပါတော့မယ်။ thesis ကောင်းကောင်း။ ဘယ်လိုလုပ် လုပ်ချင်စိတ်ရှိမှာလဲဗျာ။ အရေးထဲ supervisor က ရစ်သေး။ ပြီးရင် seminar မှာကလည်း ရစ်သေး။ ထားလိုက်ပါ။ seminar မှာကတော့ မဟုတ်လို့ ရစ်တာပဲ။ ကျွန်တော်တောင် thesis တွေကို ဒီနေ့ဖတ်ပြီး ကျွန်တော်ဆိုလည်း မေးခွန်းတွေ မေးမိမှာပဲ။ thesis က project သာသာလေးဖြစ်နေတာကိုဗျ။ ကျောင်းကလည်း thesis လုပ်ချိန်မှာ ဘာ supporting မှ မပေးတော့ ဘယ်သူက လုပ်ချင်မှာလဲ။

ကျောင်းက course တွေကတော့ တိုးတက်ပါအုံးမယ်။ ဒါပြီးဒါလာမယ်။ ဒါလာရင် ဒါဖြေပုံစံကြီးဗျာ။ Open မဖြစ်ဘူး။ ဆရာ ၊ ဆရာမတွေအစ internet သုံးလို့မရ။ ကျောင်းသား ကျောင်းသူတွေ မပြောနဲ့ ဆရာ ၊ ဆရာမတော်တော်များများတောင် internet ဆိုတာ ကောင်းကောင်းမသိ။ internet မှာ စာအတွက် လိုအပ်တာတွေကို ဘယ်လိုရှာဖွေရမလဲဆို ဝေလာဝေး။ သုံးတတ်တဲ့ ဆရာ ၊ ဆရာမတွေကတော့လည်း ကျောင်းမှာ ဇိမ်ကျကျလေးမသုံးရ။ သုံးခွင့်ကိုမရှိလို့ပါဗျာ။ IPStar ကြီးကို အလှပြထားတာကြီး။ ဘာလဲဗျာ။ နှမြောဖို့ ကောင်းလိုက်တာ။ နည်းပညာတိုးတက်ရေးဆိုပြီး ပါးစပ်က အော်နေပြီးတော့ ဒီပုံကြီး ဘယ်လိုလုပ် တိုးတက်မှာလဲ။ ပြောခံထိတာတောင် နည်းသေး။ Computer က ကောင်တွေ အပြင်မှာ သင်တဲ့ကောင်လောက်တောင် မတက်ဘူးလို့။ ပြောခံလည်း ထိသင့်တယ်။ Internet မပြောနဲ့ ebook တောင် ဖတ်တာမဟုတ်။ ကျောင်းစာတွေကို အသေပဲ ကျက်။ ပြောင်းလဲတဲ့ နည်းပညာ မပြောနဲ့ ကျောင်းစာအုပ်ထဲက နည်းပညာ ကို မေး ။ သိဘူး။ အဲ.. ခေါင်းစဉ်နဲ့ မေးလိုက်.. တတွတ်တွတ်တော့ ရွတ်ပြလိုက်မယ်။ ဆရာ ၊ ဆရာမတွေလည်း ကြာတော့ လေ့လာ စွမ်းအားတွေ ကျကုန်တာပေါ့ဗျာ။ ကျွန်တော်မေးလိုက်ချင်ပါတယ်။ နည်းပညာကို တကယ်ကော တိုးတက်စေချင်ရဲ့လားဗျာ။ မတိုးတက်စေချင်လည်း ဘာမှ မပြောပါနဲ့လား။ ပါးစပ်က အော်နေပြီး လက်တွေ့က ဘာမှ မချပေးလို့ ကျောင်းသားကျောင်းသူတွေ သူများ ပြောခံထိတာပဲ ရှိတယ်။

နည်းပညာ မတိုးတက်ခင် အရင်ဆုံးတော့ အခြေခံ သင်ရိုး သင်ကြားပုံတွေ ပြောင်းသင့်ချိန်တန်ပြီဗျာ။ အခြေခံ သင်ကြားပုံ မပြောင်းလဲပဲ အဆင့်မြင့် နည်းပညာတိုးတက်ရေးအော်နေရင် မထူးပါဘူးဗျာ။ အရင်ဆုံးတော့ အခြေခံပညာတိုးတက်ပြောင်းလဲရေးကို လုပ်သင့်နေပြီ။ ဒီမှာ Master ပြီးလို့ စလုံးရောက်တဲ့လူတွေ မျက်နှာငယ်တဲ့ကိစ္စတွေလည်း မပြောချင်တော့ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မမြင် အပြစ်မတင်ချင်ပါဘူးဗျာ။ ဒီအချိန်မှာ မွေးမိတာ ကိုယ့်ကံပဲပေါ့။ ကိုယ်လုပ်နိုင်တာလေး လုပ်ပြီးပဲ ပါးစပ်လေး ပိတ်ပြီး ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပါပဲ။ ကျောင်းလည်း ပြီးသွားပြီ။ ဘဝကြီးလည်း စလေပြီ။ မုန်တိုင်းတွေလည်း ကြုံကောင်းကြုံမယ်။ ပျော်ခြင်းတွေလည်း တွေ့ဆုံနိုင်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ ရှင်သန်နေတော့မယ်………….. မျှဝေခြင်းနဲ့ ပျော်ရွှင်တော့မယ်….

ကျောင်း canteen များမပိတ်ပါ

ကျောင်း canteen တွေမပိတ်ပါဘူး..
ဖျက်ပြီး အသစ်ပြန်ဆောက်မှာပါ…
၁ ဆိုင်ကို ၂ ဆိုင်စာ ဖြစ်အောင်ပြောင်းမှာပါ…
ကျောင်းက ဆိုင်တွေ ကျဉ်းကုန်ပါတော့မယ်…
အခုလက်ရှိဆိုင်တွေက ၂ ဆိုင်ဖြစ်တော့မယ်ထင်တယ်..
အောင် ကတော့ နောက်နှစ်ဆို ၂ ဆိုင်ဖြစ်ပြီတော့..
အကျယ်ကတော့ ဒီလောက်ပဲ…
ဒါပေမယ့် ၂ နှစ်ဆိုင်…
ဘာဖြစ်လို့လည်းဆိုရင် ၁ နှစ်ဆိုင်ကို ၂ နှစ်ဆိုင်ဖြစ်အောင် ခွဲဆောက်လိုက်မှာမို့ပါ…

ဘာစီး၀င်တာလဲ…..

ဒီနေ့ ကျွန်တော် ကျောင်းကိုနောက်ကျမှ ရောက်တယ်…
နောက်ကျတာလည်း အကြောင်းရှိပါတယ်…
အစ်မက ခရီးသွားရမှာမို့ ကားဂိတ်ကိုလိုက်ပို့ရတယ်..
ဒါနဲ့ ကိုယ့်ကားနဲ့ ကိုယ်သွားရတာပေါ့…

ကျောင်းရောက်တော့..
တံခါးကြီးပိတ်ထားတယ်…လေ…
ဒါနဲ့…
၀င်ပေါက်နားမှာကားကို ရပ်လိုက်တယ်..
ပြီးတော့ “၀င်လို့ရလား…”
“ဟိုဘက်မှာသွားပြောကြည့်လိုက်….”
ဟိုဘက်လည်းရောက်ရော…
“ကျောင်းတံခါးကို ၉ : ၃၀ ထိဖွင့်ထားပေးတယ်..
အခု ၁၀ နာရီကျော်နေပြီ…
ဘာဖြစ်လို့နောက်ကျတာလဲ…”

“ကျွန်တော် ကားပျက်နေလို့ပါ…”

“ဆင်ဖြေ ကတော့ ပေးလို့၇တာပေါ့…
ဟိုဘက်ကို သွားပြောလိုက်…
ကားနံပါတ်ရယ်…
ခုံနံပါတ်ရယ်…
မင်းတို့က ကျောင်းသားတွေပဲ..
၀င်ခွင့်ပေးမှာပါ…
၀င်ခွင့်မပေးဘူးမပြောပါဘူး..”

“ဟုတ်ကဲ့….”

ဟိုဘက်ကိုသွားခါနီးမှာ…
ကား တစ်ဆီးထပ်ရောက်လာတယ်..
“သမီး.. အဖေရောက်နေပြီ… ဘယ်လိုလာရမှာလဲ..”

“အထဲ၀င်လို့ရမလားမသိဘူး…”
“သမီးနေမကောင်းဖြစ်နေလို့လာခေါ်တာ”
“မရဘူး… သမီးကိုပဲ အပြင်ထွက်လာခိုင်းလိုက်ပါ”

“ဂလု”
ဘာပြောရမှန်းတောင်မသိတော့ဘူး…
လူတောင်နင်တင်တင်တောင်ဖြစ်သွားတယ်…
ဟိုဘက်လည်းရောက်ရော..
roll number ကားနံပါတ်ပြောပြီးအချိန်မှာ…

“ခဏခဏ…”
“ပါချုပ်ကားရောက်လာတယ်…”
အဲဒီအချိန်မှာပဲ…
ကျောင်းထိပ်ကို… ကားတစ်စီးထွက်လာတယ်..
ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်လည်းထွက်လာတယ်…
ပါချုပ်ကားက…
ဒီဘက်မှာ ကားနှစ်စီးပိတ်နေတာနဲ့…
ထွက်ပေါက်ဘက်က၀င်ဖို့လုပ်တယ်..
ဟိုဘက်က ကားလာတာနဲ့တိုးတာပေါ့…
ဒါနဲ့ ကားကိုရပ်လိုက်တယ်..
ခပ်၀၀ မျက်နှာပေါက်ဆိုးဆိုးလို့တော့ မပြောချင်ပါဘူး…
ငါတို့ ပါချုပ်ကြီးဆင်းလာတယ်…
ကျောင်းဂိတ်ကို…လာပါလေရော..
ဟိုမှာက ကားနှစ်စီးက ၀င်လို့မရထွက်လို့မရဖြစ်နေတာပေါ့..
ဒါနဲ့ ပါချုပ်ကားက နောက်ဆုတ်ပေးလိုက်တယ်…
ပါချုပ်ကတော့ ဘာတွေပြောနေမှန်းမသိဘူး…
ကျောင်းကား ဂိတ်ကလူကြီးကို…
အဲဒီမှာ ဟိုဘက်ကကားလည်းထွက်လာပါလေရော…
ထိပ်လည်းရောက်ရော…
ကားကို တားလိုက်တယ်..
ပြီးတော့ ကျောင်းသားတွေကော… ဆင်းခိုင်းတယ်…
ဘာတွေ မေးနေမှန်းတော့မသိဘူး…
ဟိုဘက်က ထွက်ဖို့လုပ်နေတဲ့ ကျောင်းသားကျောင်းသူ နှစ်ယောက်ကလည်း အထဲပြန်လစ်သွားတယ်…
တော်တော်ကြာတော့….
ကားပေါ်ကို ကျောင်းသူတွေ ပြန်၀င်ပြီးထွက်သွားပါရော…
ပါချုပ်ကားလည်း ထွက်သွားပါတယ်..
ကျွန်တော့်ကားကတော့ ငုတ်တုတ်ပဲ..
ဘာလုပ်ရမှန်းကိုမသိတာ..
၀င်ခွင့်ကရလားမရလားမသိဘူး..
ပါချုပ်ကား ၀င်ပြီးတော့မှ…
ဟိုဘက်က ကျွန်တော့်လက်ယက်ခေါ်လိုက်တယ်..
ဟိုလည်းရောက်ရော…
“ပါချုပ်ဘာပြောသွားလဲ..သိလား”
“မသိဘူးခင်ဗျ”
“အေး… ၈ နာရီ ၁၅ နောက်ပိုင်း ကားတွေ ၀င်ခွင့်ပေးနေတယ်ကြားတယ်…”
“အဲဒါနဲ့ ပတ်သက်ပြီး ပြောသွားတယ်…”
ငါတို့က ကြားကနေရတာ…
“ပါချုပ်ကားအထဲရောက်မှသွားနော်..”
ဓပြီးရင် ကျောင်းကားကွင်းထဲမှာသွားရပ်….ဓ
“ဟုတ်”
“ကျေးဇူးပါပဲ”
“မင်းတို့ကျေးဇူးက ငါတို့ကို ခေါင်းကျိန်းတယ်ဟေ့”
စိတ်ထဲမှာတော့ စဉ်းစားမိတယ်…
ဓပါချုပ်ဘာစီး၀င်သွားတာလဲတော့မသိဘူး…ဓ
ဒါနဲ့ပဲ… အထဲကို ၀င်လို့ရသွားပါတယ်…
အနောက်က ကားတော့ ထူးမခြားနားပဲ…

IT Field & Job

ဒီနေ့ကျောင်းမှာ seminer ပြောရတယ်…
အဲဒီအတွက် အကြမ်းရေးထားတာလေးပေါ့….
တကယ်တမ်း ပြောတဲ့အချိန် အဲလောက်မကြမ်းပါဘူး…
ဒီထဲကနေ အများကြီးလျှော့ပြီးပြောထားပါတယ်…
တခြားလိုအပ်တာတွေလည်း ထပ်ပြောဖြစ်တယ်….
ဘယ်လိုနေလဲတော့ မသိဘူး….
ဒါပေမယ့် ကောင်းကောင်းကြီး အားရပါးရပြောလိုက်တာပဲ…
Continue reading

ဉာဏ်လေးနည်းနည်းသုံးပြီး ဆရာမတွေကို သနားပါအုံးဗျာ..

ဒီနေ့ ကျောင်းသတင်းတစ်ခု VOA radio မှာပါလာတယ်..
ဘယ်ကျောင်းသားလည်းပြောလိုက်တာလဲတော့မသိဘူး…

ကျွန်တော်ကျောင်းသား ကျောင်းသူတွေ ဆရာဆရာမ တွေက ၈:၁၅ ဆိုရင် ၀င်လို့မရတော့ဘူး..
လမ်းလျှောက်၀င်ရတယ်…
ကိုယ်ပိုင်ကားတွေပါတဲ့ကောင်တွေဆိုရင် လှည့်ပြန်ရတယ်…

ဒါပေမယ့် DSA ကလာသင်တဲ့လူတွေကတော့ ကားနဲ့၀င်လို့ရတယ်..
ဘယ်အချိန်ပဲလာလာ… ကိုယ့်ကားလေးနဲ့ ၀င်သွားလို့ရတယ်…

ကျောင်းသားတွေ ဘာကြောင့် ကျောင်းနောက်ကျတာလဲ..
အဲဒီအချက်တွေလည်း ပြောထားတယ်လို့ပြောတယ်..
ကျွန်တော်လည်း မသိပါဘူး…
သူငယ်ချင်းပြန်ပြောတာ…
များများစားစား ကျောင်းအကြောင်းမပြောချင်ဘူး..
အော့နှလုံးနာလွန်းလို့….
ဘာဆိုဘာမှ မပြောချင်တော့တာ…
စိတ်ကုန်တာ အနှုတ်အမှတ်ကိုရောက်သွားပြီ…

second term ကစပြီး ကိုယ့်ကိုယ်ကို UCSY ကလို့ပြောရမှာ ရှက်တယ်…
တခြားနိုင်ငံက ကောင်တွေက ဟန်ပြ နာမည်ခံ ကျောင်းတဲ့ဗျာ..
တစ်ပတ်ကို စက်ချိန် ၁ နာရီ ခွဲပဲရှိတယ်…
ဒါလား ကွန်ပျူတာ တက္ကသိုလ်လားတဲ့…

ကျွန်တော် ဘာပြန်ပြောရမှာလဲ…
ဘာမှ ပြန်ပြောလို့မရဘူး..
မှန်နေတော့ခက်သား…
ဘာမှ ပြန်ပြောလို့မရဘူး…

အခုပုံစံကို ကြည့်ပါအုံး..
၂ ချိန်ဆက်ဆို ဆရာမတွေ သေပြီ…
၃နာရီ ၂၀ မိနစ်တောင် သင်ရတာ…
သေရောပေါ့..
ကျောင်းသားတွေလည်း စိတ်မပါ..
ဆရာမလည်း ပင်ပန်းပေ့ါ..
အဲလောက် ကျောင်းက အထက်ပိုင်းက ဉာဏ်ပြေးတာ…
တော်ပြီ.. စိတ်ကုန်တယ်..

UCSY မှာ ဘွဲ့ရဖို့ လွယ်တယ်များထင်နေလား…

အင်း… အခု second term ရောက်တော့ ကျောင်းချိန်ကပြောင်းသွားပြီ…
အရင်တုန်းက 9:00 မှစတာ…
အခု ကျောင်းကို ၈ နာရီအရောက်တဲ့ဗျာ..
စိတ်ညစ်တယ်..
မနက်ဆို ၆ နာရီထရတယ်…..
ကျောင်းတောင် မတက်ချင်တော့ဘူး…
အဖေနဲ့ အမေကြောင့်သာ တက်နေရတာ…


အဲမပြီးသေးဘူး…
ပြန်ချိန်ကတော့ ၃ နာရီခွဲ…
တစ်နေ့ကို ၄ ချိန်တောင်သင်ရတာ…
၁ ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင် စာသင်ရတာ…
စိတ်တောင်ညစ်တယ်…
စာသင်ချင်စိတ်က ၄၅ မိနစ်တောင်မခံနိုင်ဘူး…
ကျွန်တော် ကြားဘူးတာတော့ ကျောင်းသား တစ်ယောက်က စာအသစ်ကို မှတ်သားဖို့က ၄၅ မိနစ်ထက် ပိုပြီး မမှတ်နိုင်ဘူးတဲ့…
အဲဒါကြောင့် ကျောင်းစာသင်ချိန်က ၄၅ မိနစ်ပဲထားတာတဲ့…
ငါတို့ UCSY က Computer သမားတွေဆိုတော့ IQ တော်တော်မြင့်တယ်ထင်လို့လားမသိဘူး..
စာသင်ချိန်ကို ၁ နာရီ ၄၀ မိနစ်တောင်ထားတာ…
ကျောင်းဆင်းချိန်က မဆိုသလောက်လေးစောသွားတာပဲရှိတယ်…
အိပ်ရာထချိန်ကတော့ အရင်ထက် ၁နာရီစောထကရတယ်…
မမိုက်လိုက်တာဗျာ… ကျောင်းတော့ ၁ နာရီစောမဆင်းပဲနဲ့…

အဲဒါဘယ်လိုဖြစ်တာလဲဆိုတော့….
မနှစ်က ၀န်ကြီးလာတယ်….
အဲ…ဘာပြောတယ် မှတ်လဲ…
ကျောင်းသားတွေ စာသင်ချိန်က နည်းတယ်တဲ့…
ဆရာ ဆရာမတွေ ကလည်း အချိန်ပြည့်လည်း မ၀င်ကြဘူးတဲ့…
သူဆို မနက် ၈နာရီကတေ ည ၈ နာရီလောက်ထိ အလုပ်လုပ်တာတဲ့…
လေတောင် သေလိုက်ချင်တယ်…
သူရတဲ့ စည်းစိမ်က ဆရာ ဆရာမရတဲ့ စည်းစိမ်ထက် ဆယ်ဆမကတာတော့ ထည့်မပြောဘူး…
ကျွန်တော်တို့ ၀န်ကြီးက အဲလို ဉာဏ်ပြေးတာ….

ဆရာ ဆရာမတွေလည်း သနားပါတယ်ဗျာ…
first term ပြီးကာနီးကဆိုရင် နားချိန်တောင်မရှိဘူး…
ကျောင်းသားတွေရောပဲ…
တချိန်ပြီးတာနဲ့… နောက်ဆရာမ တစ်ယောက်ထပ်၀င်…
နည်းနည်းလေးမှ သေးပေါက်ချိန်တောင် မပေးပဲ… အမုန်းပဲ…
တကယ်ဉာဏ်ကြီးရှင် ၀န်ကြီးနဲ့ ပါချုပ်ပဲ…
ကျောင်းသား ကျောင်းသူ… ဆရာဆရာမတွေ ကို နှိပ်စက်နေသလိုဖြစ်နေတာကို သူတို့တွေ မသိဘူးလား…
ဒီမှာ ကျောင်းသား ကျောင်းသူတွေက ကျောင်းပြီးသာနဲ့ အလုပ်မရရင်နေမယ်… အိပ်ရေးမ၀တာ နဲ့ စိတ်ရောဂါတွေ ဖြစ်ကုန်မလားမသိဘူး…

အဲ..ဆက်ပြောရအုံးမယ်…
၈နာရီခွဲ ကျောင်းမရောက်ရင်တော့ သေပြီတာမှတ်ပေတော့…
အရင်ကဆို ၂၁၂ bus ကားကို ကျောင်းထဲ၀င်ခွင့်ပေးလို့ ကျောင်းကို ကျောင်းသားကျောင်းသူတွေက ကျေးဇူးတင်နေကြတာ…
အခုတော့ဗျာ… ထကြောင်ပြန်ပြီ… ပေးမ၀င်ဘူးတဲ့ဗျာ… လဲသာ သေလိုက်ချင်တယ်…
၂၁၂က ကျောင်းထိပ်မှာ ရပ်…
ကျောင်းသားတွေက နေပူကျဲတဲနဲ့ မထိတထိလမ်းမ အရှည်ကြီးကို လမ်းလျှောက်လာရတယ်…
အဲ… အရိပ်ရစရာ အပင်တွေက များမှများ….
လမ်းတစ်လျှောက်လုံးမှာ တစ်ပင်ပဲရှိတယ်…
ပြောကိုမပြောချင်တော့ဘူး…
နှိပ်များစက်နေတာလားမသိဘူး..

အဲဒါတင်မပြီးသေးဘူးဗျာ…
ကိုယ်ပိုင်ကားနဲ့လာရင်တော့ ၈နာရီ၃၀ ဆိုရင်ပေးမ၀င်ဘူး…
ကားကို ထိပ်မှာရပ်ထားတဲ့…
လဲသေလိုက်ပါလား…
ကိုယ့်ကား တစ်ခုခုဖြစ်သွားရင် ကျောင်းက တာ၀န်ယူမှာ မို့လား…
တကယ်… သူတို့ကလည်းပြောမှာပေါ့…
ကျောင်းကို ၈ နာရီ အရောက်လာရမှာ မသိဘူးလားဆိုပြီး…
ဆိုး၀ါးလိုက်တာဗျာ…
state ကျောင်းအတိုင်းပဲ…
အဲထက်တောင် ဆိုးတယ်…
တကယ်… ကျောင်းတက်ရတာကတော့ မလွယ်ဘူး…
UCSY မှာ ဘွဲ့လွယ်လွယ်ရမယ်လို့တော့ မတွေးလိုက်နဲ့တော့…
စာမေးပွဲဖြေရရင်တော့ အောင်မှာ… အောင်အောင်လည်းကြိုးစားလို့ရတာပဲ…
အဲ… ၇၅% မပြည့်မှာပဲစိုးရတယ်… စဉ်းစားကြည့်လေဗျာ…
ကျောင်းကို လာချင်စိတ်ရှိအောင်တော်တော်လေးလုပ်ထားတာကို…
ကျောင်းမှာက ၀တ်ရတာက uniform
နေရတာက state သာသာ…
ပျော်စရာနေရာဆိုလို့ နတ္တိ..
လယ်ကွင်းထဲမှာ ကျောင်းဆောက်ထားတာကိုး…
အခုတော့ပိုဆိုး.. ကျောင်းတက်ချိန်က အစောကြီး…
bus တွေကလည်း အထဲမ၀င်…
အိပ်ရာထ နောက

်ကျရင်တော့ ကျောင်းတောင် မတက်ဖြစ်တော့မယ်အခြေအနေ…
အော် ၇၅% ပြည့်ဖို့မနည်းလုပ်ရမှာ…
UCSY မှာ ဘွဲ့ရဖို့ လွယ်တယ်များထင်နေလား…
စာမေးပွဲဖြေခွင့်ရအောင် အပင်ပန်းခံလိုက်ပါအုံးဗျာ… လို့ပဲ ပြန်ဖြေလိုက်ချင်တယ်..

UCSY နှင့် နွေရာသီ

ဒီနေ့ ကျောင်းစတက်ဖြစ်တယ်…
တကယ်ဗျာ…
လန်ထွက်သွားတယ်…
လယ်ကွင်းကြီး မှာ ထီးထီးကြီးရှိတဲ့ကျောင်းတော်ကြီးကို…

နေက မညှာမတာနဲ့ ပူလိုက်တာဗျာ…
လေပူတွေပဲတိုက်လိုက်တာ…
ခေါင်းကတော့ လုံး၀ကို ကိုက်သွားတာ…
စာသင်ဖို့နေနေသာသာ…
အင်္ကျ ီကိုတောင် ချွတ်ထားလိုက်ချင်တယ်…
စိတ်ကုန်တယ်…
နောက် ကျန်တဲ့ နှစ်ရက် ကျောင်းမသွားတော့ဘူး…
အိမ်မှာပဲနေတော့မယ်…