အနွေးထည် ဝတ်ခွင့်မရှိတဲ့ UCSY

ကောင်းကြသေးရဲ့လားဗျာ….
ကျွန်တော် ကျောင်းကိစ္စတွေ မပြောတာကြာလှပြီ…
ကျွန်တော်တို့ ပါချုပ်မလာတာနဲ့ ဘာပြသနာမှ မဖြစ်တာလည်းပါတာပေါ့…
အဲ..ဒီနေ့တော့ ရောက်ချလာပါရောဗျာ….
ကျောင်းတစ်ခုလုံး စိတ်ညစ်ဖို့ ကံတရားကြီးဆိုက်ရောက်လာသလိုပဲ…

ထုံးစံအတိုင်း uniform တွေလိုက်စစ်ပါလေရော….
ဘယ်လောက်ထိတောင် လိုက်စစ်လဲဆို canteen ပါမကျန်ဗျာ…
လိုက်စစ်တာ….
ထားလိုက်ပါ….ကျောင်းစည်းကမ်းမလိုက်နာလို့ လက်မှတ်ထိုးခိုင်း…
ကျောင်းက ရောင်းတဲ့ ပုဆိုးဝယ်ခိုင်းတာတွေ….
ဒါတွေကတော့ ကျောင်းဘက်ကမှန်နေတယ်လို့တော့ ပြောနိုင်တာပေါ့…

အဲ…ဒီနေ့ second year ကောင်လေးတစ်ယောက်…
ကျောင်းစည်းကမ်းလိုက်နာပါတယ်…
ဆိုးတာလေးတစ်ခုကတော့ အနွေးထည်လေးဝတ်လာမိလိုက်တယ်..
ပါချုပ်နဲ့ လည်းတွေ့ရော…အနွေးထည်ကို သိမ်းသွားပါလေရော….
ကောင်းကြသေးရဲ့လားဗျာ….
ဒါတင် မပြီးသေးဘူး..roll no ပါမှတ်သွားသေးတယ်တဲ့….
ငါတို့ ပါချုပ် အနွေးထည်တွေ လိုက်သိမ်းနေတာ ဘာလုပ်မလို့လဲမသိဘူး….
ပြီးရင် လမ်းဘေးမှာ ချရောင်းဖို့လားမသိဘူး…

မနှစ်ကလည်း ကောင်မလေးတစ်ယောက်…
၀တ်လာတာ မြန်မာဆန်ဆန်လေးပါ….
ပါချုပ်က ဘာပြောလဲထင်လဲ…
ကျောင်းစည်းကမ်းလိုက်မနာဘူးတဲ့…
အဲဒီတုန်းက ဆရာမတွေကတော့ နည်းနည်းကြောင်သွားတယ်…
ဘာဖြစ်လို့လည်းပေါ့….
ကောင်မလေးက ကျောင်း uniform နဲ့ပဲပေါ့….
ဘာပြစ်ချက်ရှိလို့လဲ…ဆိုပြီးတော့ စဉ်းစားကြသေးတယ်…
အပေါ်က အင်္ကျ ီ ထပ်၀တ်လာတယ်တဲ့..ဆိုပြီး
ပါချုပ်က အနွေးထည် သိမ်းသွားရောဗျာ….
ကောင်းသေးရဲ့လားဗျာ….

မနှစ်တုန်းကတော့ အနွေးထည်တွေတော်တော်လေး သိမ်းခံထိလိုက်တယ်…
ဘာလုပ်မလို့လဲမသိဘူး…အနွေးထည်တွေလိုက်သိမ်းပြီးတော့…
စိတ်ညစ်ဖို့ကောင်းတယ်…

ဒါကြောင့် ကျောင်းမှာ စတိုင်ထုတ်ပြီးတော့ပဲဖြစ်ဖြစ်…
နေမကောင်းလို့ပဲ ဖြစ်ဖြစ်….
ငါတို့ ဆရာမကြီးရှေ့မှာတော့ အနွေးထည် ဝတ်မသွားနဲ့…
သိမ်းခံထိသွားမယ်…

UCSY ကျောင်းသားများနှင့် Programmer များသို့

Computer နယ်ထဲမှာ ဝင်ရောက်ဖို့ ဘယ်အချိန်ကဆုံးဖြတ်မိတာလဲ ? လူငယ်တွေက ဘာကြောင့် Computer ကို ဘယ်အချိန်မှာ စ၀င်စားတာလဲ ? ကျွန်တော်တွေးမိတယ်ဗျာ….. ကျွန်တော်ကရော ဘာဖြစ်လို့ Computer ကို ဒီလောက်သဘောကျနေတာလဲ…ကျွန်တော့် Blog ကို ဖတ်တဲ့ သူတွေကော စဉ်းစားမိရဲ့လားတော့ မသိဘူးဗျ…ကျွန်တော် စဉ်းစားမိတာလေးကတော့……

၁၀ တန်းအောင်ရင် လူငယ်တွေ ဘာလုပ်မလဲ? အဲဒီ အချိန်မှာ အိမ်က လူကြီးတွေက လူငယ်တွေ လေလွင့် ပျက်စီးမှာ စိုးရိမ်ကြတယ်…. သင်တန်းတစ်ခု တက်ဖို့ပြောရော…လူငယ်တွေကလည်း နားပူလို့ပဲဖြစ်ဖြစ်…စိတ်၀င်စားလို့ပဲဖြစ်ဖြစ်…Diploma လေးရဖို့ပဲဖြစ်ဖြစ်…. စာမသင်ရင် မနေနိုင်လို့ပဲဖြစ်ဖြစ်….အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ဖြစ်ကြတယ်….အဲဒီ အချိန်မှာ ဘယ်သင်တန်းတက်မလဲ…. လူငယ်ဆိုတာ သိတဲ့ အတိုင်းပဲ popular ဖြစ်တာကို တက်ချင်ကြတယ်… မိန်းကလေးချောချာ ရှိနိုင်မယ်လို့ထင်တဲ့ နေရာကို တက်ကြတာလားရှိတာပဲ… နောက်တာပါဗျာ….တကယ်တန်း ရွေးချယ်ဖို့လုပ်ရော နောက်ဆုံး Computer ကို စတက်ဖြစ်တာပဲ…ဘာကြောင့်လည်းဆို Computer က popular ဖြစ်တယ်… သင်တန်းတွေကလည်း အများကြီး…. Bill Gate က Computer နဲ့ ချမ်းသာသွားတာလည်း အပါအ၀င်ပဲ…. လေ့လာဖို့ကလည်းလွယ်လွယ်လေးလို့ ထင်တာနဲ့ပဲ စတတ်ဖြစ်သွားတာပေါ့…. အဲဒီမှာ စတာပဲ…ဘယ် Field က သင်ချင်တာလဲ…အမှန်တိုင်းဆို သူတို့လေးတွေကလည်း ဘယ် Field တွေရှိသလဲဆိုတာကို မသိကြဘူး…. အဲမှာ သင်တန်းကို သွားစုံစမ်းကြရော…စုံစမ်းတော့လည်း ဘာထူးသွားလဲ…. ဟိုကပြောလိုက်တာတွေကို လုံးဝကို နားမလည်တာ…. C++ , Java , C# , VB , .NET ဘာတွေမှန်းလဲမသိဘူး….အဲ…အဲမှာသိတာလေး တစ်ခုတော့ ရှိတယ်…ဘာထင်လဲ…Java ပေါ့ဗျာ…ဘာဖြစ်လို့လည်းဆို TV ကြော်ငြာမှာ ပါတာကို… ကော်ဖီဆို Java ကော်ဖီ…ဆို Java လေ… အဲဒီမှာ နားမလည်လို့ ထပ်ရှင်းပြရပြန်ကော…Programming ဆိုတာဘာလဲဆိုတာ… ဘယ်လိုရှင်းရှင်း နားမလည်တော့ရင် Game ဆွဲတာ programming တတ်မှရမှာလို့ ပြောကြည့်လိုက်… မိန်းကလေးဆိုရင်တော့ မသိဘူး… ယောကျာင်္းလေးတာဖြစ်ရင်တော့ တတ်မယ် တတ်မယ်ဖြစ်သွားရော… အဲဒါမှ မရသေးရင် Windows , Paint , Microsoft Office , etc တို့ကို programming နဲ့ ရေးတာလို့ထပ်ပြောကြည့်လိုက်…စိတ်မ၀င်စားရင်နေမယ်… လေ့လာကြည့်မယ်ဆိုပြီး တတ်ဖြစ်သွားတာတွေလည်းရှိပါတယ်…တချို့တွေကလည်း Computer Programming ကို မတတ်ပဲ Graphic ပိုင်းကို ၀ါသနာပါလို့ သွားတတ်တာလည်းရှိပါတယ်….အဲဒီအပိုင်းကိုတော့ မပြောတော့ဘူး…..

သင်တန်းတက်ရင်း တချို့တွေက စိတ်ပျက်လာတယ်… တချို့တွေက သဘောကျလာတယ်.. တချို့တွေက ဘာမှန်းကို မသိဘူး… တချို့တွေက ကြိုးစားပြီး လေ့လာတယ်… လေ့လာရင်း ဘာကိုတွေ့လာသလဲဆို Computer လုပ်ငန်းရှင်တွေက အရမ်းချမ်းသာတယ်လို့ မြင်လာတယ်… သူတို့လို ချမ်းသားချင်စိတ်ပေါက်လာတယ်… တစ်နေ့ သူတို့လို အောင်မြင်ရမယ်… အရမ်းချမ်းသာပြီး… နာမည်ကြီး company တစ်ခု ထူထောင်မယ်… ငါတို့ ထုတ်လိုက်တဲ့ product တွေက အရမ်းကောင်းပြီး နာမည်ကြီးလာရမယ်… ငါတို့လည်း အရမ်းချမ်းသာရမယ်… အဲလို စိတ်လေးတွေ မသိမသာ၀င်လာတယ်… လောကမှာ မချမ်းသားချင်တဲ့လူ…. မအောင်မြင်ချင်တဲ့ လူတွေဆိုတာ ဘယ်မှာရှိလို့လဲဗျာ…..

သင်တန်းတွေ တက်ပြီးတော့ Computer University ကို တတ်ချင်လာရော….သူတို့ထင်တာက ကျောင်းမှာဆို ဒီထက်ပိုကောင်းမယ်… ဒီထက်ပိုသိမယ်… ဒီထက်ပိုတတ်မယ်… လို့ထင်ကြတာကို။ ကျောင်းက မကောင်းဘူးတော့ မဟုတ်ပါဘူး… ကောင်းပါတယ်… လက်တွေ့ပိုင်းမရှိဘူး… နောက်ပြီး Theory ပိုင်းတွေကို အလွတ်ကျက်ဖြေရတာ….

ကျောင်းတက်တော့ Theory ပိုင်းတွေကို သိလာတယ်… အဲဒါတွေက အပြင်မှာ သင်လို့မရဘူး… အပြင်မှာ သင်လို့ရတဲ့ အပိုင်းတော်တော်များများကို လည်း ကျောင်းမှာ မသင်ဘူး…. Web Programming ကို အခုထက်ထိမသင်သေးဘူး…. Javascript , HTML လောက်ပဲသင်တယ်… Programming ကို VB ကို သေသေချာချာ သင်တယ်… Database နဲ့ ချိတ်တဲ့ အပိုင်းကို Third Year မှာသင်တယ်

…အော်ပြောရင်းနဲ့ လမ်းလွဲလာပြီ….

ကျောင်းပြီးတော့ အလုပ်ထဲဝင်ကြတယ်… အဲမှာ အတွေ့အကြုံယူတယ်… မျှော်လင့်ချက်အတွက် အတွေ့အကြုံက အရေးကြီးတယ်လေဗျာ… တဖြည်းဖြည်း တချို့တွေက အလုပ်မှာ မပျော်ကြတော့ဘူး… အလုပ်ကိုစွန့်လွှတ်…. မျှော်လင့်ချက်လည်း ပြောင်းလဲကြတယ်… တချို့တွေကတော့ မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ပြီး ကြိုးကြိုးစားစားလုပ်ကြတယ်… အတွေ့အကြုံ ရရုံနဲ့ မပြီးသေးဘူး… Company ထောင်ဖို့ဆို ပိုင်ဆံကလိုတယ်… တချို့တွေက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တယ်… တချို့တွေကတော့ မိဘတွေ ဆီကတောင်းတယ်…

အမှန်တိုင်းပြောရင် Computer လောကကနေ ချမ်းသာလာဖို့ဆိုတာ မလွယ်ဘူး…. အရမ်း အပြိုင်အဆိုင်များတယ်… ကိုယ့်လို လူတွေကလည်း အများကြီး…. တခြားလိုင်းလဲ မပြောင်းချင်တော့ဘူး…. နှစ်အများကြီး ဒီထဲမှာ နေခဲ့တာ… Software ရေးဆွဲဖို့ကလည်း အမြဲမကိုက်ဘူး… ဒါကြောင့် Company တွေက ပေါင်းစုံလုပ်တယ်… ရောင်းလည်းရောင်းတယ်.. ပြင်လည်းပြင်တယ်.. Network လည်းဆင်တယ်… ရှင်းရှင်းပြောရင်ဗျာ… အလုပ်လာအပ်ရင် ကို်ယ်လုပ်နိုင်မယ်ထင်ရင်လုပ်တယ်ဗျာ… တလိုင်းထဲမှာ မရှိတော့ဘူး…. အဲဒီအချိန်ရောက်တော့ ငယ်ငယ်တုန်းက သူဌေး ဖြစ်ဖို့ ဆိုတာထက် မရှုံးဖို့… အမြတ်ရဖို့ဆိုတာပဲ စဉ်းစားနိုင်တော့တယ်ဗျာ…..

ကျွန်တော် မေးချင်တယ်… ကျွန်တော်တို့ မျှော်လင့်ထားတဲ့ Computer လောက မြန်မာနိုင်ငံမှာ ပေါ်လာမလား…. ပေါ်ဖို့ဆိုရင် copyright က အရမ်းအရေးကြီးတယ်… ကိုယ်ရေးထားတဲ့ Software က မဖြန့်ရဲတဲ့ ဘဝမှာ ကျွန်တော်တို့နေရတာဗျ… Copyright ပေါ်လာရင်လည်း software တွေရေးဖို့မလွယ်တော့ဘူး… .NET ကိုပဲ US $ 100 ကျော်လောက်နဲ့ ဝယ်မှ ရမှာ…. အင်း ကျွန်တော်လည်း web programming တွေထဲမှာ PHP ပဲလေ့လာတော့တယ်… ဘာဖြစ်လို့လည်းဆို free ရလို့ပဲ… copyright ပေါ်လာမှာ ကြောက်ဖို့မလိုလို့ပဲ……

အမှန်တိုင်းပြောရရင် ကျွန်တော် မျှော်လင့်ချက်ကဘာလဲ… ဘာတွေဖြစ်ချင်တာလည်း… တနေ့ ဘယ်လို ဘဝမှာနေချင်တာလဲ… ဒီလောကမှာ ဆက်ရှင်သန်နေရင် ဒီမျှော်လင့်ချက်က ပြည့်ဝလာမှာလား…. ဘာတွေမှန်းလဲ ကျွန်တော် မသိတော့ပါဘူးဗျာ…

မြန်မာနိုင်ငံက Programmer အဆင့်က သန့်ရှင်းရေးသမားလောက်တောင် အဆင့်မရှိဘူးလားဗျာ….

ကျွန်တော်ပြောချင်နေတာ တော်တော်လေးကြာပြီဗျာ….ဘာလဲဗျာ….Computer ဘွဲ့က သုံးစားမရဘူးလားဗျာ….သုံးစားမရရင်နေ…..ဘွဲ့ရဲ့ သိက္ခာလေးကို တော့ ထောက်အုံးပေါ့ဗျာ… ဘွဲ့က အလကားနေရင်းရလာတ မဟုတ်ဘူးဗျ…၃ နှစ်အချိန်ကုန် ပြီးရလာတာဗျ…

ဘွဲ့ရပြီး အလုပ်၀င်တော့မယ်ဆိုရင် လောကကြီးကစတင် စိတ်ညစ်ဖို့ကောင်းလာမှာ အမှန်ပဲ…ကျောင်းတုန်းကနဲ့ မတူတော့ဘူးဗျ….Computer ကဘွဲ့ရပြီးလို့ programmer လေးဝင်လုပ်ရင် ဘယ်လောက်ရမယ်ထင်နေလဲ…. Singapore ကလို လခကောင်းမယ်ထင်နေလား…. ထင်မိရင်တော့ အဲဒီ အတွေးကို မြောင်းထဲပစ်လိုက်တော့…. ဒါက ရန်ကုန်… Singapore မဟုတ်ဘူး…. စ၀င်ခါစ ဆိုရင်တော့ လူငယ်တွေက ပညာသင်ချင်တာရယ် အတွေ့အကြုံရချင်လို့ရယ်…..ဒါကြောင့် အလုပ်လုပ်နေရတာ…. အဲဒါကို လုပ်ငန်းရှင်တွေက သိတော့ သန့်ရှင်းရေးသမားလောက်တောင် လခမပေးဘူးဗျ…. ရေးခိုင်းတာကလည်း အသေအကြေ… ပညာနဲ့ အတွေ့အကြုံအတွက် ကိုယ့်ဘ၀ ၂ နှစ် ၃နှစ်လောက်ကို အငတ်ခံပြီး ရင်းနေရတာဖြစ်နေပြီဗျ….စရတဲ့ လခက တစ်သောင်းခွဲ….စ၀င်ခါစ အဲလောက်ပဲပေးတယ်ထားတော့…. ရေးခိုင်းတာကတော့ အသေအကြေပဲ…ပြီးရင် သူတို့တွေက သိန်း၂၀လောက်နဲ့ပြန်ရောင်း….၁နှစ်ကို ထိန်းသိမ်းဆောင်ရွက်ပေးခ ၁သိန်းလောက်ယူ….ရေးပေးတဲ့ လူငယ်တွေကိုလည်း လခ တိုးပေးမယ် မစဉ်းစား…. ၂ နှစ်လောက်ကြာမှ ရာထူးလေးတိုး…. ဒါတောင် ၂ သောင်းလောက်ပဲရတာ….သန့်ရှင်းရေးသမား လောက်တောင်မရဘူးဗျ…. ကားစပယ်ရာ နဲ့တော့သွားမယှဉ်နဲ့…သူတို့က သန့်ရှင်းသမားတွေထက်စာရင် အများကြီး လခကောင်းတယ်…. ဒါကြောင့် ပညာနဲ့ အတွေ့အကြုံယူ…၂ နှစ်လောက်နေရင် နိုင်ငံခြားထွက်ပြီး ပညာသင်..ကျောင်းပြီးရင် ဟိုမှာပဲနေ အလုပ်လုပ်….အဲဒီလိုဖြစ်တော့ လူကြီးတွေက ပြောတာက ဘာလဲ….ဦးနှောက် ယိုဆင်းမှုဖြစ်တယ် ဆိုပြီးအော်ကြပြန်ကော….နောက်ပြီး တစ်ခါက ဧရာဝတီ ညများ ရုပ်ရှင် ကားမှာ ပါတဲ့စာက… တိုင်းပြည် အတွက် ကိုယ်က ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ မျိုးဆက်နဲ့….တိုင်းပြည်က ကိုယ့်ကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ မျိုးဆက်….ဆိုတဲ့ စကားကိုကြည့်ရင် လူကြီးတွေက တော်တော်လေး နားလည်မှုလွဲနေတယ်ဗျာ…. တခြားမကြည့်နဲ့ Computer သမားတွေ ငတ်နေကြတာ သူတို့ မသိဘူးလားဗျာ… ငတ်ပြီး သေကုန်ရင် တို်င်း့ပြည် အတွက် ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး… တခြားနိုင်ငံမှာ အလုပ်လုပ်နေရင်တော့ မချမ်းသာလာရင်နေမယ်…ဒါပေမယ့် ငတ်ပြီး မသေနိုင်တာတော့ အမှန်ပဲ… ငတ်မသေမှ တိုင်းပြည်အတွက် လုပ်ပေးလို့ရမှာပေါ့ဗျာ…ဘယ်သူမှ ကိုယ့်နိုင်ငံကိုယ် မမေ့ပါဘူးဗျာ…တတ်နိုင်ရင် တိုင်းပြည်အတွက်ပဲ လုပ်ပေးမှာပေါ့….လုပ်ပေးဖို့အတွက် ငတ်မသေဖို့က အရေးကြီးတယ်… ဒီမှာက ဘွဲ့ရ ပညာတတ် Computer ဘွဲ့က ဘာပညာမှ မတတ်တဲ့ စပယ်ရာ မပြောနဲ့…သန့်ရှင်းရေးသမားကိုတောင် မယှဉ်နိုင်တာ… ဦးနှောက်ယိုဆင်းမှု ဖြစ်တာနည်းနေသေးတယ်…. အခုလည်း လုပ်နေပြန်ပြီ….ရတနာပုံ စီလီကွန်တဲ့….ဘယ်လို လာအုံးမလဲမသိဘူး…. Computer သမားတွေ အတွက် အခွင့်အလမ်းလား…ဒါမှ မဟုတ် စျေးပေါပေါနဲ့ပို ခိုင််းစားဖို့ကောင်းလာမယ့် နေရာလားဆိုတာ မပြောနိုင်သေးတာတော့ အမှန်ပဲ…

ဒါကြောင့် အခုချိန်မှာ ကျွန်တော် ကျောင်းတက်နေတာ….ကျောင်းမတက်ပဲ အလုပ်လုပ်မလို့ အလုပ်လုပ်နေတဲ့ သူတွေ ငြီးလို်က်တာနဲ့ ကျောင်းပဲတက်ဖြစ်သွားတာ…. Computer သမားတွေ ဘယ်တော့ မှ လုပ်တဲ့ အလုပ်နဲ့ တန်တဲ့ လခ ရမှာလဲဗျာ….သင်တန်းမှာ ဆရာသွားလုပ်ရင်တော့ Programmer ထက်တော့ လခရလောက်သေးတယ်….. ကျွန်တော်တို့ရဲ့ အနာဂတ်ကဘယ်မှာလဲဗျာ….ဝိုးတိုးဝါးတားနဲ့ပဲ ရှေ့ကို မျှော်လင့်ချက်လေး တစ်ခုကို ဆုတ်ကိုင်ပြီး မရဲတရဲလေး ချီတက်နေရတဲ့ ဘဝလားဗျာ…..

ဘယ်လိုဖြစ်တာလဲ UCSY

ကျွန်တော်တို့ ကျောင်းကြီးဘာဖြစ်သွားတာလဲ….
ဘာတွေဖြစ်ကုန်တာလဲဗျာ……
Master ခေါ်တာက ၂ ယောက်ပဲ……
ခေါ်တယ်ထင်လား…….. မဟုတ်ဘူးဗျ….၂ ယောက်ပဲကျန်ခဲ့တာ။Hones တစ်ခန်းလုံးပါတယ်ဗျာ။ နောက်ပြီး Hones ကိုဘယ်လောက်ခေါ်လိုက်တယ်ထင်လဲ။ ၇၅၂ ယောက်တဲ့ဗျာ။ ဒါကြောင့် ကြွေးကျန်မပါသေးဘူး။ အားပါး..ပါး…ငါတို့ ပါချုပ်က ဘယ်လိုထိန်းမလဲမသိဘူး။ အဲဒါတောင် အားမရသေးဘူး First Year လေးတွေကို အယောက် ၃၀၀၀ ကျော်တောင်ခေါ်လိုက်တယ်ဗျာ။ ရက်စက်လိုက်တာ။ ကလေးတွေကို ခေါ်ပြီး နှိပ်စက်တာလားမသိဘူး။ တစ်ခန်းကို အယောက် ၂၀၀ မကထားတယ်ဗျာ။ ၁၃၅ ယောက်ကတောင် ပူလို့အိုက်လို့ သေချင်စိတ်ပေါက်နေတာ။ အယောက် ၂၀၀ ဆိုတော့ မတွေး၀ံစရာပဲ။ ၁၃၅ ယောက်ကတောင် ဆရာ ၊ ဆရာမတွေ စာကောင်းကောင်းမသင်နိုင်တာ။ အင်း…First Year လေးတွေကိုတော့ မပြောတော့ပါဘူး။ ဆရာ ၊ ဆရာမတွေ စာဘယ်လိုသင်မလဲဆိုတာကိုမြင်ယောင်ပါတယ်ဗျာ။ အဲဒါတင် မပြီးသေးဘူးဗျ… ကျောင်းမှာက DSA က Computer တွေရှိသေးတယ်။ သူတို့ကလည်း ခပ်များများ… ကျောင်းမှာလူတွေကနည်းတာ မဟုတ်ဘူး…. ပါချုပ်ရယ်…. လူတွေအများကြီးထိန်းနိုင်လို့လားဗျာ… မနှစ်တုန်းကလိုတော့ စည်းကမ်းမထုတ်လိုက်ပါနဲ့ဗျာ… ကျောင်းသားနှင့်ကျောင်းသူ ၃ပေ အကွာမှာနေပါ။ တစ်ခုံတည်း မထိုင်ရတဲ့ဗျာ… ဒီနှစ်လည်း ဘာစည်းကမ်းထုတ်အုံးမလဲမသိဘူး…. အခုကြားတာကတော့ ကျောင်းက canteen မှာ သီချင်းမဖွင့်ရဘူးတဲ့ဗျာ…. အင်း ပြောရင်းပြောရင်း ကျောင်းကို စိတ်ကုန်လာပြီ…တော်ပြီ..တော်ပြီ…ဆက်မပြောတော့ဘူး….နောက်မို့ဆို First Year လေးတွေ ငါ့ Blog ကိုဖတ်ပြီး ကျောင်းကထွက်ကုန်ရင် ငါ့ Blog Banned url အထဲပါသွားအုံးမယ်….

ပထမနှစ်ကျောင်းသားကျောင်းသူသို့

Computer ကိုလာတာ မကောင်းဘူးလို့တော့ ကျွန်တော်မဆိုပါဘူး။ ဆေးကျောင်းလောက်မကောင်းပေမယ့် ဆေးကျောင်းလောက်ပိုက်ဆံမကုန်တာတော့အမှန်ပဲ။ ဒါပေမယ့် နေရာကတော်တော်ဝေးတယ်ဗျ။ လှော်ကားနားမှာ ။ မြို့ထဲကနေကားစီးရရင် ၁နာရီခွဲလောက်ကြာတယ်။ အဲ ဟိုရောက်ရင် မပြီးသေးဘူး ။ Bus ကားစီးလာတဲ့သူဆိုသေတာပဲ။ ကျောင်းထဲကို ၀င်ဖို့ မထိသထိလမ်းမကြီးမှာ နေပူကျဲသဲထဲမှာ လမ်းလျှောက်ပြီး၀င်ရတာဗျို့။ အရိပ်ရတဲ့ သစ်ပင်ရှိသလားဆိုတာတော့မမေးနဲ့။ မေးရင်တော့ ရှိတယ်လို့ပြောရမှာပဲ။ တစ်ပင်ထဲ။ ဒါတောင် ကျောင်းဆောက်တုန်းက ခုတ်လို့မရတဲ့ အပင်ဆိုလို့ထားခဲ့တာ။ တခြားအပင်တွေကတော့ စိုက်ထားတုန်းပဲ။ ၄ နှစ်လောက်ကြာရင်တော့ နည်းနည်းကြီးလာလောက်ပါပြီ။ ကျောင်းထဲရောက်ရင်တော့ ကျောင်းသားသစ်တွေကတော့ တော်တော်လေးကြိုက်သွားမယ်နဲ့တူတယ်။ ဘာဖြစ်လို့လည်းဆို state ကျောင်းတွေထက်စာရင်ကြီးတယ်။ တခြား University ထက်စာရင်တော့ ကျွန်တော်လည်းမသိဘူး။ canteen က ကျောင်းကားတွေ ရပ်တဲ့ နေရာကနေ နည်းနည်းလေး ထပ်သွားရင်ရောက်ပြီ။ ကျောင်းက အစားအသောက်တွေက စျေးမများဘူး။ ၀ယ်စားရတာတော့တန်တယ်။ ဒါပေမယ့် ကျောင်းကရေက သိပ်မသန့်ဘူး။ သာဓုကန်ကရေလို့ပြောတာပဲ။ ဗိုက်မကောင်းရင် ကျောင်းက ကုန်းဆင်းမသောက်နဲ့။ ကုန်းဆင်းဆိုပြီး အလကားရတဲ့ သောက်ရေကိုပြောတာပါ။ ကျောင်းမှာ အိမ်သာတွေ ကတော့ မဆိုးပါဘူး ။ ကျောင်းဆောက်ပြီးကာစကတော့ ပလန်နေတာပဲ။ အခုတော့ တံခါးတွေမှာ ဂျက်မရှိတော့ဘူး။ ယောကျာင်္းလေး အိမ်သာမှာဆို မှန်မရှိဘူး။ မိန်းကလေးအိမ်သာမှာတော့ ရှိတယ်လို့ပြောကျတာပဲ။ ကျွန်တော်လည်း မ၀င်ဘူးတော့ သေသေချာချာမသိဘူး။ ကျောင်းဆင်းရင်တော့ မိန်းကလေးတွေ အိမ်သာခဏခဏ သွားပုံ အရဆိုရင်တော့ မှန်ထားပေးတယ်နဲ့တူတယ်။ ဒါပေမယ့် အထဲမှာလူတော်တော်များမယ်နဲ့တူတယ်။ တခါတခါ၀င်သွားရင် ထွက်လာဖို့မလွယ်တော့ဘူး။ အကြာကြီးပဲ။ မေးလိုက်ရင်လဲ အထဲမှာ လူများနေလို့ဆိုတာပဲ။

ကျောင်းရောက်ရင် အမှတ်နဲ့ အတန်းခွဲတော့ တချို့တွေက စာကြိုးစားတယ်။ တချို့ကျတော့လည်း ပျော်ပျော်ပါးပါး အတန်းလစ်ရော။ ကျွန်တော်ပြောချင်တာက အတန်းလစ်တာ အရေးမကြီးဘူး။ D Bar မထိအောင်တာနေ။ ကျောင်းမှာ အဓိက က စာမေးပွဲဖြေရဖို့ပဲ။ စာမေးပွဲဖြေရရင် အောင်ဖို့က ၉၉ ရာခိုင်နှုန်းရှိတယ်။ ဒါကြောင့် ဖြေခွင့်ရအောင်လုပ်။ နောက်ပြီး ကျောင်းမှာ စာအရမ်းတော်တာက ဘာလုပ်ဖို့လဲ။ အမှန်တိုင်းပြောရရင် ကျွန်တော် 2 year နှစ်က A ခန်းပဲ။ ဒါပေမယ့် တော်တော်လေး စိတ်ပျက်သွားတယ်။ သူတို့ စိတ်ထဲမှာ ကျောင်းစာပဲရှိတာများတယ်။ ဘာဖြစ်လို့လည်းတော့ မသိဘူးဗျ။ ကျွန်တော် အဲဒီထဲက စာမလုပ်တော့တာ အခုထက်ထိပဲ။ သူတို့ကို ကြည့်ရတာ ပင်ပန်းလွန်းတယ်ဗျာ။ ကျောင်းက Theory ပိုင်းတွေသင်တာပဲရှိတာကို။

ပထမနှစ်မှာ ကျောင်းက အခြေခံလေးတွေသင်တယ်။ Microsoft Word တို့ Excel တို့ပေါ့။ ဒါက စာတွေ့ပဲသင်တာနော်။ လက်တွေ့ စက်ခန်းထဲမှာသွားလုပ်။ မီးပျက်နေရင်တော့ လုပ်လို့မရဘူးပေါ့ဗျာ။ စက်ခန်းထဲ၀င်တာကို Roll Call မှာမယူဘူး။ မ၀င်ချင်ရင်လည်းရတယ်။ ပထမနှစ်ပြီးသွားလို့ Computer နဲ့ ပတ်သက်ပြီးတော်တော်လေးတတ်သွားမယ်လို့တော့မထင်နဲ့။ ဘာမှသေသေချာချာမတတ်ဘူးဗျ။ Theory တော့တတ်သွားတယ်။ Computer ဆိုတာဘာလဲ။ ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့တာလဲ။ Memory တို့ Hard disk တို့ဆိုတာကိုကြားဘူသွားမယ်။ မြင်ဖူးမှာတော့ မဟုတ်ဘူး။ System Unit ကိုဖွင့်ပြြ]
]>

ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ

ကွန်ပျူတာ တတိယနှစ်ပြီးသောအခါ

တစ်နှစ် တစ်တန်း နဲ့ ဘာလိုလိုနဲ့ တတိယနှစ်တောင် အောင်သွားပြီ…..
မအောင်စရာ အကြောင်းလည်း မရှိဘူးလေ ၊ လူတိုင်းကို အောင်နေတာပဲ…
အတင်းကို အအောင်ပေးတာပဲ…
ကွန်ပျူတာက တစ်နှစ် တစ်နှစ်ပြီးသွားတဲ့ လူတွေက မနည်းဘူး….
ဒါပေမယ့် ကွန်ပျူတာ ပညာရှင်တွေတော့ မဟုတ်ကြဘူးဗျ….
ဘွဲ့လက်မှတ် ရမဲ့ သူတွေ..

ကွန်ပျူတာ တက္ကသိုလ်က A ခန်းကလူတွေကတော့ တကယ်တော်တယ်ဗျာ…
စာတော်တော်ကျက်နိုင်တယ်ဗျ…ကျွန်တော်ကတော့ စာကျက်လည်း မကျက်ချင်ဘူး… ကျက်ရမှာလဲ ဝါသနာ မပါဘူးဗျ… ဒါကြောင်း A ခန်းလည်း မရောက်ဘူး…

ကဲ..ဒါတွေထားလိုက်ပါ… တတိယနှစ်ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာ ကောင်းကောင်းမသိတော့ဘူး…. တယောက်တမျိုးပေါ့ဗျာ… တချို့တွေက စင်္ကာပူထွက် ပြီး စာဆက်သင် ၊ တချို့ကျတော့လည်း Hones ဆက်တက် ၊ Hones မ၀င်တဲ့သူတွေက MCSE တို့ ဘာတို့ ဖြေကြနဲ့ ၊ ဘာကြောင့်လည်းဆို သူတို့မှာ Computer Skill ကောင်းကောင်းမရှိကြဘူး ။ သူတို့မှာ ရှိတာက စာတွေ့များတယ်ဗျ… ကျောင်းက အဓိက သင်ပေးတာက Theory ပိုင်း… အဲမှာစတွေ့တာပဲ…လက်တွေ့ ကသေသေချာချာမရှိတော့ လုပ်ငန်းခွင်၀င်တဲ့ အခါ ပြသနာနည်းနည်းတော့ဖြစ်နိုင်တယ်ထင်တယ်ဗျ ၊ ဒါကြောင့် သင်တန်းတွေဆက်တက်ကြတာကြောင့် Myanmar Info Tech ဝင်းမှာ Computer ကလူတွေပဲများနေတယ်… တက္ကသိုလ်နေရာပြောင်းသွားလားမှတ်ရတယ်….

အမှန်တိုင်းပြောရရင် Computer ကပြီးတော့သူတော်တော်များများက တခြား အလုပ်တွေပဲလုပ်ကြတာများတယ်။ ဒီပညာနဲ့တော့ အသက်မွေးတာ တော်တော်လေးရှားတယ်။ မြန်မာနိုင်ငံမှာက ဒီလိုင်းက လခ ကောင်းကောင်းမရတာလဲပါတယ်။ ဒါပေမယ့် programming ဆိုတာဘာလဲ။ OS ကဘယ်လို အလုပ်လုပ်လဲ။ Computer က ဘာတွေလုပ်လို့ရလဲဆိုတာ သိသွားတော့လည်းမဆိုးဘူးလို့ဆိုရမယ်။ ကျွန်တော်ကတော့ ဒီလိုင်းမှာပဲ ဆက်ရှိဖို့များတယ်ဗျ။ ဘာဖြစ်လို့လည်းဆို ကွန်ပျူတာကလွဲရင် ဘာမှ မတတ်ဘူးဗျ။ ဒါကြောင့် ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားရင်း… စဉ်းစားရင်း..

ကွန်ပျုတာ တက္ကသိုလ်

မြန်မာနိုင်ငံကွန်ပျုတာလောကတည်ရှိနေတာ အချိန်တော်တော်လည်းကြာလှပါပြီ။ မြန်မာနိုင်ငံက နိုင်ငံတကာ ကွန်ပျုတာလောနှင့် ယှဉ်ရင်တော်တော်လေးနောက်ကျနေပါပြီ။ ဘာကြောင့်လဲ……။ မြန်မာနိုင်ငံမှာ ကွန်ပျုတာ အခွေတွေကို စျေးသက်သက်သာသာနဲ့ ၀ယ်လို့ရပါတယ်။ လွယ်လွယ်ကူကူလည်း လေ့လာနိုင်ပါတယ်။ ဒါပေမယ့်လိုအပ်တာက အခွေတခုတည်းမဟုတ်ပါဘူး။ တွဲဘက် အသုံးပြုရမယ့် hardware အပိုင်းလည်းရှိသေးပါတယ်။ hardware တွေစျေးကကြီးတော့ တော်ရုံတန်ရုံမ၀ယ်နိုင်ပါဘူး။ ၀ယ်ချင်ရင်လည်း မြန်မာနိုင်ငံမှာ ၀ယ်လို့မရပါဘူး။ အဲဒီအချက်က တော်တော်ဆိုး၀ါးတဲ့ အချက်ပါ။ နောက်ပြီး လေ့လာမှုပိုင်းက pro အဆင့်ကို ရောက်အောင်သင်ပေးနိုင်တဲ့သူ မရှိပါဘူး။ တော်တဲ့သူတွေကလည်းနိုင်ငံခြား ထွက်ကုန်ကျပြီ။ ထွက်တာကလည်း အပြစ်ဆိုလို့မရဘူးဗျ။ သူတို့ပိုက်ဆံနဲ့ သူတို့ပညာရှာတယ်။ ပညာစုံတော့ လခကောင်းကောင်းရပြီး တိုးတက်တဲ့နေရာကိုသွားတာဆိုတော့ သူတို့အပြစ်မဟုတ်ဘူးပေါ့။

ကွန်ပျုတာတက္ကသိုလ်မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်ဆိုတာ ကျောင်းသားတိုင်း ဆရာ ဆရာမတိုင်းသိပါတယ်။ ယခုခေတ်မှာ software, hardware, networking, graphic design and animation, audio engineering အပြင် တခြား ကျွန်တော်မသိတာတွေ ရှိပါသေးတယ်။ ကွန်ပျုတာတက္ကသိုလ်မှာကတော့ software, hardware ဆိုပြီး ၂ပိုင်းသာရှိပါတယ်။ ထို့ပြင် software ပိုင်းတွင် programming language များကို သိရုံတတ်ရုံသာသင်ကြားပေးနိုင်သည်။ လက်တွေ့မလုပ်ရသည်မှာ လွန်စွာဆိုးရွားလှသည်။ ထို့ပြင်စာသင်ကြားရာတွင် စာတွေ့သာရှိသည်။ စက်ခန်းထဲတွင် ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့မှာကျောင်းသားတာ၀န်ပင်။ စိတ်မကောင်းစရာကား ကျောင်းသားတော်တော်များများက စက်ခန်းထဲမ၀င်ကြဘူး။ ကျောင်းသားတော်တော်များများက ကျောင်းသာပြီးသွားတယ် သေသေချာချာလုပ်နိုင်သာ တစ်ခုမှမရှိပဲ ဟိုဟာတတ်သလို ဒီဟာတတ်သလိုဖြစ်ကုန်ကြကော။ hardware ပိုင်းမှာလည်း ဆရာ ဆရာမတွေက သင်တာသင်တယ် သူတို့ကိုယ်တိုင်တောင် လက်တွေ့မစမ်းဘူးဖူးဗျ။ တကယ်သင်သာတွေကတော့ ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာ သိရင်တော့တော်တော်ကောင်းပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပေါ့ ။ သူ ကျောင်းပြီးတော့ circuit ပိုင်းလိုက်တဲ့ အခါမှ ကျောင်းကဟာတွေ အသုံး၀င်လာတာသိရတာ။ ဆရာ ဆရာမတွေက ဘယ်လိုနေရာတွေမှာ ဘယ်လိုသုံးတယ် ဆိုတာ မပြောနိုင်တော့ ကျောင်းသားတွေက စိတ်မ၀င်စားဘူးဖြစ်ကုန်ကြတာ။ တကယ်ကျတော့ သင်ရတဲ့ subject တွေကမဆိုးဘူးဆိုရမယ်။ သင်တာမပြည့်စုံဘူးလို့ဆိုရမယ်။

ဒါကလည်း ဆရာ ဆရာမကြောင့်ဆိုလို့မရဘူးဗျ။ ဘာဖြစ်လို့လည်းဆို ဆရာ ဆရာမတွေကလည်း MSc အတွက် အလုပ်ရှုပ်နေတာ ။ စဉ်းစားကြည့်လေ စာလည်းသင်ရ ကိုယ့်စာလည်း ကိုယ်လုပ်ရဆိုတော့ မလွယ်တာအမှန်ပဲ။ ဒါကြောင့် စာတွေကိုလည်း ကိုယ်သင်ထားဘူး သလောက်ပဲ ပြန်သင်နိုင်တယ်။ အသစ်မလေ့လာနိုင်တော့ဘူး။ အမှန်တိုင်းပြောရင် ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် ကသေသေချာချာ ကိုယ့်ဘာကိုယ်လေ့လာတာ အကောင်းဆုံးပဲ။ ဒါဆိုစဉ်းစားစရာ တစ်ခုပေါ်လာတယ်။ “ဘာလို့ကွန်ပျူတာ တက္ကသိုလ်တက်နေတော့ မှာလဲ အပြင်မှာပဲတက်မှာပေါ့” ဆိုသော စကားများမှာ အမှန်မှာ မစမ်းပြေ။ တကယ်လည်းဟုတ်နေပါတယ်။ ကွန်ပျူတာ တက္ကသိုလ်က Theory ပိုင်းတွင် ကောင်းသော်လည်း လက်တွေ့ကတော့ သေသေချာချာမတတ်သာအမှန်ပါ။

အမှန်တိုင်းပြောရရင် ကွန်ပျူတာလောက တိုးတက်ဖို့က ကွန်ပျူတာ စိတ်၀င်စားတဲ့ သူတိုင်း တစ်ယောက်နဲ့ တစ်ယောက် မလျှိုပဲ အတူတူပူးပေါင်းဆောင်ရွက်သင့်တယ်။ အခု မြန်မာနိုင်ငံ ကွန််ပျူတာလောကက ဘာနဲ့တူသလဲဆို ကျွန်တော်တို့ ကစားတဲ့ game ဖြစ်တဲ့Dynasty Warriors 4 ထဲကလိုပဲ အကုန်လုံး ပြန့်ကျဲနေပြီး လူတွေလိုက်စုပြီး ကိုယ့်ပြည်ကိုယ်တည်ထောင် သလိုဖြစ်နေတယ်ဗျ။ လူတော်တွေရှိပါလျက်နဲ့ ရှာရခက်တာလည်းတော်တော်ဆိုးတယ်