sPaste

ကျွန်တောှတို့ code တွေကို အခြားသူတွေကို mail နဲ့ပို့တဲ့အခါ အဆင်မပြေတာတွေ ဖြစ်တတ်တယ်။ တစ်ခါတစ်လေ fb , twitter တို့လို မှာ ဖောှပြဖို့ကလည်း ခက်တယ်။ ကိုယ့်စက်ထဲက code တစ်ခုလုံးကိုလည်း blog ထဲမှာ သီးသန့် သွားမရေးချင်ဘူး။ မြန်မြန်ဆန်ဆန်လေး လုပ်ချင်တယ်။ ဒါဆိုရင်တော့ python framework django နဲ့ရေးထားတဲ့ sPaste ရှိပါတယ်။ http://www.copypastecode.com က ကျွန်တောှ့ code တွေကို spam လို့သတ်မှတ်ပြီး တင်ခွင့်မရခဲ့ဘူး။ Continue reading

Online Bookmarking

ကျွန်တော်တို့တွေ browser တွေမှာ အများအားဖြင့် bookmark လုပ်ပြီး အသုံးပြုကြတာများပါတယ်။ ဒါပေမယ့် ပြသနာက ကိုယ့် browser မဟုတ်ပဲနဲ့ အသုံးပြုတဲ့အခါမှာ ကိုယ်မှတ်ထားတဲ့ bookmark တွေမပါရှိတော့တာပဲ။ အဲဒီအခါမှာ Search Engine ကနေ ပြန်ရှာဖွေရတော့တာပဲ။ ဒါအတွက်ကြောင့် ကျွန်တော်တို့တွေဟာ Online ပေါ်မှာ bookmark လုပ်ဖို့လိုအပ်လာတာပေါ့။ အရင်တုန်းကလည်း browser မှာ RSS နဲ့ဖတ်နေပေမယ့် browser မရှိတဲ့အခါမှာ ပြသနာစတာပဲ။ ဒါကြောင့် ကျွန်တော်တို့တွေဟာ နောက်ပိုင်းမှာ google reader လိုမျိုး online rss reader တွေအသုံးပြုလာခဲ့ကြတယ်။

Continue reading

Crossover Chromium

http://www.codeweavers.com/services/ports/chromium/

မှာ google chrom ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာ တော်တော်အဆင်မပြေဘူးဗျ။ မြန်မာ font တွေ input မရဘူး။ textbox တစ်ခုတည်းမဟုတ်ဘူး။ မြန်မာ font နဲ့ wordpress မှာ blog ရေးလို့မရတော့ အဆင်မပြေဘူး။ နောက်ပြီး အတက်နှေးတယ်။ javascript ကတော့ windows အတိုင်းမြန်ပါတယ်။ chrome ကိုတော့ AJAX website တွေ ကြည့်ဖို့အတွက် အသုံးပြုနေပါတယ်။ ဒါပေမယ့် မြန်မာစာ ရိုက်သွင်းဖို့ကတော့ လုံးဝ ကို အဆင်မပြေဘူး။

HaHa U-Ni (Beta)

my.wikipedia.org ကိုကြည့်ရတာ အဆင်မပြေဘူး။ ကိုယ့်စက်ထဲမှာ rendering မရှိဘူး။ နောက်ပြီး font လည်းမရှိဘူး။ စိတ်မပျက်ပါနဲ့။ Unicode 5.1 နဲ့ရေးထားတဲ့ site တွေကို ကြည့်ရတာ အဆင်မပြေဘူးလို့ ငြီးနေလား။ Zawgyi Fun Group ဖြစ်တဲ့ zawgyi.info ကနေ hahauni ဆိုတဲ့ program လေးကို သုံးလိုက်ပါ။ HaHa ဦးနီနော်… Haha ယူနီ ဟုတ်ဘူး။ နောက်မို့ဆို unicode တွေကို ရွှဲ့ပါတယ်လို့ ပြောနေအုံးမယ်။ hahauni မှာ website လိပ်စာထည့်လိုက်။ unicode 5.1 page တွေကို zawgyi နဲ့ပြောင်းပြပေးလိမ့်မယ်။ google chrome နဲ့သုံးဖို့တော့ အကြံပေးချင်တယ်။ google chrome နဲ့မှ မြန်မြန်ဆန်ဆန်ကြည့်လို့ရမှာပါ။ site က javascript တွေ သုံးထားတာ များလို့ပါ။ အခုလက်ရှိမှာတော့ chrome ကသာ javascript တွေကို မြန်မြန်နဲ့အလုပ်လုပ်နိုင်လို့ပါ။ လိပ်စာကတော့ hahauni.zawgyi.info ပါ။

searchme

google လောက်မကောင်းဘူး။ ဒါပေမယ့် site တစ်ခုလုံး flash နဲ့ရေးဆွဲထားတယ်။ ရှာလို့ရတာကို ရိုက်ထည့်လိုက်တဲ့အခါမှ ပေါ်လာတယ်။ အသွင်အပြင် design လှပေမယ့် ကြာတာတော့ အမှန်ပဲ။ နောက်ပြီး ရလာတဲ့ result တွေကို ကျွန်တော်ကတော့ သိပ်မကြိုက်တာအမှန်ပဲ။ result တွေကို display ပြပေးတာလေးတော့ လန်းပေမယ့် flash သုံးထားလို့မကြိုက်ဘူးဗျ။ AJAX ဆိုရင်တော့ မိုက်မှာ။ အခုတော့ flash ကြီးဆိုတော့ နှေးနေတာပေါ့။ စမ်းကြည့်ချင်တဲ့လူတွေကတော့ www.searchme.com ကို သွားပြီးစမ်းလို့ရပါတယ်။ အဓိကတော့ လူအကြောင်းရှာဖို့ လုပ်ထားတဲ့ search engine လို့ထင်တာပဲ။

Zoho

ကျွန်တော်တော့ အခုတလော အကြိုက်ဆုံး application ကိုပြောပါဆိုရင်တော့ zoho ဆိုတာလေးကိုပြောဖြစ်မယ်ထင်တယ်။ သူက web application လေးပါပဲ။ သူက office suite ဆိုရင် ပိုမှန်မယ်ဗျ။ ကျွန်တော်ကတော့ zoho ကို အခုတလော document sharing , စာရင်း sharing တွေအတွက်အပြင် သူငယ်ချင်းတွေရဲ့ computer ထဲဝင်ပြီး ကလိကြည့်တာတွေအတွက်ပါ အသုံးပြုတယ်။ Google သမားတွေကတော့ Google doc ကိုအသုံးပြုကောင်းပြုလိမ့်မယ်။ ကျွန်တော်ကတော့ zoho ပဲ အသုံးဖြစ်သွားတယ်။ ကျွန်တော် google doc ကို အရင်အသုံးပြုနေကြပါ။ zoho ဆိုတဲ့ site လေးကို ဘယ်လိုတွေ့ရှိသွားတယ်ဆိုတာတောင် မမှတ်မိတော့ဘူးဗျ။ wikipedia ကလို့ ထင်ပေမယ့် သူ့မှာ သွားကြည့်တော့လည်း ကျွန်တော် အဲဒီကနေ တွေ့ခဲ့တာမဟုတ်ပြန်ဘူး။ ပြီးမှ မှတ်မိတာကတော့ google reader မှာထည့်ထားတဲ့ Download Squad ကဆိုတာ အခုမှ စဉ်းစားမိတယ်။ zoho မှာ Word, Excel, PowerPoint လိုမျိုး office suite အပြင် အခြား application တွေလည်း ထည့်သွင်းထားတယ်။

Continue reading

ML ပြန်လာပါမယ်

MZ ကတော့ အခု တည်ငြိမ်စပြုလာပါပြီ။ ML ကို ကိုဝင်း ခေါ် ကိုDBA ဆက်လက်လုပ်ဆောင်ပါမယ်။ အခုသူ paypal account နဲ့ ရှုပ်နေတာကြောင့် ခဏလောက်သည်းခံပေးကြပါခင်ဗျား။ မကြာခင်မှာ ML ကို ကျွန်တော်တို့တွေ အသက်ဆက်ပါ့မယ်။

ကျောင်းသားသည်သာ အနာဂတ်

ကျောင်းပြီးသွားတော့မှ သိလာတယ်။ ကျောင်းသားတွေကသာ အနာဂတ်အတွက်ဆိုတာကိုပေါ့။ အခု အလုပ်စလုပ်နေတော့ အရင်တုန်းကလို မအားတော့ဘူး။ ကျောင်းတက်နေတုန်းကလို မလေ့လာနိုင်တော့ဘူး။ တစ်ညလုံး စာတွေ ဖတ် မနက် ကျောင်းသွား။ ကျောင်းကားပေါ်အိပ် ကျောင်းရောက်တော့ ထပ်အိပ်။ ပြီးရင် ညဘက် တစ်ညလုံး ဖတ်လိုက် လေ့လာလိုက် စမ်းလိုက် ပြီးရင် သူများတွေကို ဝေမျှလိုက်။ ညဘက် gtalk မှာ သူငယ်ချင်းတွေ မေးတာဖြေလိုက်။ အဲဒီလိုမျိုး အခုအချိန်မှာ မရနိုင်တော့ဘူး။ မေးသမျှလည်း ဖြေဖို့အချိန်မရှိတော့ဘူး။ MZ ကိုတောင် ဝင်ကြည့်လိုက် လိုအပ်မှ ဖြေလိုက်။ edu မှာ စာသင်ဖို့အတွက် စာတွေ ပြန်ဖတ်ဖို့တောင် မနည်းအချိန်ပေးနေရတယ်။ ကျောင်းသားတွေကသာ အသစ်သစ်တွေ ထွင်နိုင်တာပါ။ ကျောင်းသားတွေကသာ တိုင်းပြည်အတွက် ရတနာပါ။ အခုအချိန်မှာ တစ်ခုခု စမ်းဖို့အရေးမနည်း အချိန်ပေးရတာ။ လုပ်ချင်တာတွေရှိတယ်။ အရင်ကလို အချိန်ပေးပြီး စာဖတ်လို့မရတော့ဘူး။ ညဆို တစ်ခါတည်း အိပ် မနက်ဆို ၈ နာရီလောက်ပြန်ထဆိုတော့ နည်းနည်းလေးအားတဲ့ အချိန်မှာ online တက်လာပြီး အလုပ်တွေလုပ်နိုင်တာလေ။ အဲဒီမအားတဲ့အချိန်မှာ online ပေါ်တက်ပြီး အလုပ်လုပ်တဲ့အချိန်မှာ google မှာ ရှာလို့ရတဲ့ ဟာတွေ လာမေးတာတွေ့ရင်တော့ တော်တော်လေးပေါက်တာအမှန်ပဲ။ google မှာရှာကြည့်လိုက်ပါ။ MZ လည်းတက်လာပြီ။ MZ က တကယ်ကောင်းတဲ့ resource တွေ အများကြီးပါ။ ဘာအလုပ်မှမလုပ်ရပဲ internet ကို မြန်မြန်လေး သုံးရရင်တော့………