What the Future ?

အခုအချိန်မှာ OS တွေ အပြိုင်အဆိုင် ဖြစ်နေကြပြီ။ Windows , Mac , Linux ဆိုပြီး အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ ဒါက desktop ပေါ်မှာ ပြိုင်ဆိုင်မှုတွေပေါ့။ ဒါ့အပြင် hand phone ပေါ်မှာလည်း ပြိုင်ဆိုင်မှုတွေ စပါပြီ။ Google ရဲ့ android ကလည်း စိတ်ဝင်စားစရာပါ။ အကုန်လုံးက သိကြပါတယ်။ Desktop ပေါ်ပြီးရင် Web ပေါ်ရောက်လာမယ်။ application တွေကို web ပေါ်မှာ run မယ်။ ပြီးရင် hand phone နဲ့ web တွဲမယ်။ အဲဒီအတွက် hand phone လောကရဲ့ OS အတွက် စတင်ပြိုင်ဆိုင်နေကြပါပြီ။ android က open handset ဖြစ်ပြီး hand phone OS အတွက် စိတ်ဝင်စားမှု တစ်ခုပါ။ သူအောင်မြင်မယ်လို့လည်း ပြောမရလို့ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း ပြောမရဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ Linux လည်း အောင်မြင်စရာလို့ ထင်ရပေမယ့် Windows လောက်မအောင်မြင်သေးတာအမှန်ပါ။ ဒါပေမယ့် အနာဂတ်အတွက် linux ကို တဖြည်းဖြည်း စိတ်ဝင်စားလာကြပါတယ်။

အကုန်လုံးက hand phone အတွက် OS စျေးကွက်ဆီကို ဦးတည်နေကြပါတယ်။ windows mobile , iPhone , Symbian OS က စျေးကွက်ရှိပြီးသားတွေဖြစ်ပြီး အခု android ကလည်း စတင်ထိုးဖောက်တော့မှာပါ။

ကျွန်တော်တို့ အနာဂတ်ကို မျှော်ကြည့်ရအောင်။ ကျွန်တော်မြင်တဲ့ အနာဂတ်က ကျွန်တော့်အမြင်မှာ။ မဖြစ်နိုင်ဘူးလို့လည်း ဆိုချင်ဆိုပါ။ ကျွန်တော်ကတော့ ကျွန်တော့် အမြင်ကို ပွင့်ပွင့်လင်းလင်း ရေးသားမှာပါ။

အမှန်တိုင်းဆိုရင် ကျွန်တော်တို့တွေဟာ OS ကို အလေးထားလာတာကိုတွေ့ရမှာပါ။ OS ရှိမှ application တွေ အလုပ်လုပ်နိုင်မှာလေ။ ဒါဆို OS မရှိရင် မဖြစ်ဘူးပေါ့။ နောက်တစ်ချက်က internet ။ ကျွန်တော်တို့တွေဟာ ဘယ် OS ပဲသုံးသုံး internet သုံးလို့ရပါတယ်။ အနာဂတ်မှာကော။ OS ရှိမှ internet သုံးလို့ရမှာလား။ OS မရှိပဲ internet connection ချိတ်လို့မရဘူးလား။

အဲဒီအတွက် hand phone ကိုကြည့်ရအောင်။ hand phone OS သေးသေးလေး နဲ့ internet ချိတ်လို့ရတယ်။ နောက်ပြီး အမျိုးမျိုးသော device တွေကလည်း internet ချိတ်လို့ရပါတယ်။ ဒါဟာ စိတ်ဝင်စားစရာနည်းပညာပါ။ ကျွန်တော်တို့ PC တွေကကော windows မတက်လာပဲ…. Linux မတက်လာပဲ… internet သုံးလို့မရဘူးလား။ မရပါဘူး။ အခုချိန်ထိ မရသေးပါဘူး။ တစ်ချို့ device တွေတော့ ကြားဘူးတယ်။ computer မဖွင့်ပဲ email စစ်တာတွေ internet ကြည့်တာတွေ လုပ်လို့ရတယ်တဲ့။ ဒါပေမယ့် လူတွေ သိပ်ဂရုမပြုမိသလို သိသိသာသာ အောင်မြင်မှုလည်း မရခဲ့ပါဘူး။

ကျွန်တော့်အမြင်တော့ နောက်တချိန် PC hardware တွေက windows မဖွင့်ပဲနဲ့ internet တိုက်ရိုက် ချိတ်ဆက်လာနိုင်လောက်ပါမယ်။ ဘာမှ သုံးလို့မရပေမယ့် browser လေးတစ်ခုဖွင့်လို့ရရုံနဲ့ လုံလောက်ပါတယ်။ OS မရှိပဲ ဘာလုပ်မှာလဲလို့ မေးစရာရှိတယ်။

OS ကိုဘာလို့သုံးတာလဲ။ သာမာန် user အတွက် သီချင်း နားထောင် ၊ video ကြည့် ၊ အခွေကူး ၊ ပုံဆွဲ အပြင် အခြား အမျိုးမျိုးသော အရာတွေအတွက်ပေါ့။ Web ပေါ်မှာ အခုအချိန် အရာအားလုံးကို မစွမ်းဆောင်နိုင်သေးပါဘူး။ စွမ်းဆောင်နိုင်လည်း တစ်စုထဲ ဖြစ်မနေသေးပါဘူး။ ဒါလုပ်ချင်ရင် ဟို website သွား။ ဒီ website သွားနဲ့ဆိုလည်း မဖြစ်သေးပါဘူး။

အဲဒီအချိန်ဆိုရင် ကျွန်တော်တို့တွေအတွက် Web OS တွေ တွင်ကျယ်လာကောင်းလာမှာပါ။ Web OS တွေကို သုံးကြည့်တော့ Linux လောက်တောင် မကောင်းသေးတာကို တွေ့ရပါတယ်။ သဘောတော့ ကျစရာဖြစ်ပေမယ့် သုံးရတာ နှေးတယ်။ ကျွန်တော့် connection ကြောင့်လည်း ဖြစ်မှာပါ။ ဒါပေမယ့် အနာဂတ်မှာ အားကိုးစရာဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ connection တွေဟာ ကြောက်ခမန်းလိလိ လျှင်မြင်လာရင် microsoft အနေနဲ့ OS ကြီးကို web ပေါ်တင်ဖို့ စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။ ဒီလို ခိုးကူးခွေတွေကို ထိန်းချုပ်ခြင်းအတွက် web ကနေ အသုံးပြုနိုင်တာ အကောင်းဆုံးပဲ။ ဒါကြောင့် OS တွေကို အနာဂတ်မှာ web ပေါ်ကို ပြောင်းလာနိုင်ပါတယ်။ Web ပေါ်မှာလည်း open source OS နဲ့ ဝယ်သုံးရတဲ့ OS တွေဆိုပြီး ဖြစ်လာနိုင်ပါတယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့ မသိပါဘူး။ internet connection အလွန်ကောင်းဖို့လိုပါတယ်။ ဒါဟာ ကျွန်တော့် အတွေးပါ။

လက်ရှိ web OS များ

eyeOS, YouOS, G.ho.st, Ulteo and
DesktopTwo တွေပါ။

အကုန်လုံးက သူ့ဟာနဲ့သူ ကောင်းပါတယ်။ အမြန်ဆုံးကတော့ eyeOS ပါ။ သဘောအကျဆုံးကတော့ Ulteo နဲ့ desktop two ပါ။ ဒါပေမယ့် သုံးရတာ နည်းနည်း ကြာတယ်။ Ulteo ကတော့ တက်လာဖို့ စောင့်ရတာ အကြာကြီး။ Screnn Shoot ပဲကြည့်လိုက်ရတယ်။ ထပ်ပြီးတော့ သုံးဖို့ကြိုးစားကြည့်ရအုံးမယ်။


Just A Think! part II

ကဲ… ထားပါတော့.. မပြောကောင်းမဆိုကောင်း အမှန်အကန်တွေကိုသာ ဝယ်သုံးနေရပြီဆိုရင်…..
ကျွန်တော်တို့တွေ ဘယ်လိုလုပ်မလဲ…
ရတဲ့လခကဖြင့် ၅ သောင်း… Game ၁ ခွေဝယ်လိုက်တာနဲ့ ပြောင်ရော…
Windows Vista မဝယ်နိုင်တဲ့အပြင် Windows XP အတွက် စုလိုက်ရမယ့်ပိုက်ဆံ…
Computer ၁ လုံးစျေးနှုန်းက ခုန်ထွက်သွားမယ့် ဖြစ်ခြင်း…
Service Center တွေက အဲလောက်ထိမှာ မဟုတ်ပေမယ့် ဝယ်သုံးရမယ့်သူတွေအတွက်က ခေါင်းစား စရာပဲ…

ကျွန်တော့်မှာတော့ ဒီနည်းလေး ရှိတယ်…
ဘာနည်းလဲဆိုတော့ အလကားနည်းပါ…
ဟုတ်ပါတယ်.. Free တို့ Opensource တို့ပဲ ပြောင်းသုံးတဲ့နည်းပါ…
ဒါမှမဟုတ် portable လေးသုံးနိုင်တယ်လေ…
portableapps.com မှာ portable လေးတွေရနိုင်ပါတယ်..

OS

Ubuntu - OS ဆိုရင်တော့ Ubuntu ဖြစ်ဖြစ် တခြား Linux တစ်ခုခုရွေးလို့ရပါတယ်.. ကျွန်တော်ကတော့ Ubuntu ကိုတော်တော် သဘောကျတယ်.. Ubutnu ကို သင် download ချပြီး လွယ်လွယ်ကူကူ install လုပ်ပြီး သုံးနိုင်တယ်လေ… သင် ဝါသနာပါရင်.. သင့် Ubuntu ကိုပါ Live CD နဲ့ installer ပြန်ထုတ်လို့ရပါတယ်.. အဲ.. နည်းနည်းတော့ ပညာပါဖို့လိုတာပေါ့..

Browsers

Firefox - IE ကိုစွဲလမ်းနေတုန်းပဲလား… Firefox က IE ထက်ပိုကောင်းတယ်ဆိုတာ ကျွန်တော် အာမခံရဲပါတယ်… IE လည်း firefox ထက်ကောင်းတဲ့ နေရာတွေ ရှိနေပေမယ့် security ပိုင်းမှာ firefox က IE ထက် စိတ်ချရပါတယ်.. နောက်ပြီး Firefox အတွက် Theme , Plugin တွေက ရွေးချယ်စရာတွေ အများကြီးပါ

Opera - တချို့တွေကတော့ opera ကိုသုံးကြတယ်.. ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ firefox ထက် နှေးတယ်လို့ ခံစားရတယ်..

Email

Thunderbird - Outlook ကိုစွဲလမ်းနေတယ်ဆိုတော့ ခဏမေ့ထားလိုက်ပြီး thunderbird ကို ပြောင်းသုံးကြည့်ပါလား… Firefox ထုတ်တဲ့ company ဖြစ်တဲ့ mozilla ကပဲထုတ်ထားတဲ့ email client တစ်ခုပါ

G mail - Gmail ဖြစ်ဖြစ် အခြား web mail တွေ အများကြီး သုံးနိုင်ပါတယ်ဗျာ…

FTP

FileZilla - တကယ်ကောင်းတဲ့ FTP cleint နဲ့ server တစ်ခုပါ။ ခက်တာက မြန်မာနိုင်ငံမှာ သုံးမရတာပဲ။

Messaging

Pidgin - Pidgin က တော်တော်ကောင်းတဲ့ Messanger တစ်ခုပါ… Gtalk အပြင် အခြား IM တွေပါ သုံးလို့ရပါတယ်..

Multimedia

VLC media play- လှပတဲ့ desing မဟုတ်ပေမယ့် တော်တော်ကောင်းပါတယ်။ DVD , VCD အပြင် MPEG-1, MPEG-2, MPEG-4, DivX, mp3, ogg စတာတွေ တော်တော်များများကိုဖွင့်လို့ရတယ်လေ။ Ubuntu မှာတော့ အဲဒါပဲ သုံးလို့ကောင်းတယ်။

Creative Software

GIMP - Ubutnu မှာ built-in ပါတဲ့ software ပါ။ Photoshop လောက်မကောင်းပေမယ့် သုံးလို့ဖြစ်ပါတယ်။

Blender - Free 3D modeling and animation အတွက်ပါ။ Linux အတွက်ပါရပါတယ်။

CD/DVD

CD/DVD ကူးဖို့အတွက် CD riping အတွက် tool တွေတော်တော်များများကို Ubuntu မှာရှိပြီးသားပါ။ ကျွန်တော်တောင် မေ့နေပြီ။ ကျွန်တော့် Ubuntu ထဲကနေ ပြန်ကြည့်မှဖြစ်မယ်။ နောက်နေ့ ပြန် edit လုပ်လိုက်မယ်။

Compression

WinRar - Unbuntu က winrar အတွက် package ရှိပြီးသားပါ။
Other - အခြား .tar , .tar.gz တို့တွေက Ubuntu မှာ default ပါပြီးသားတွေပါ။

Office Software

Open Office - ဘာမှမပူပါနဲ့။ Office 2007 လောက်မကောင်းပေမယ့် office 97 ထက်တော့ သာတယ်လို့ထင်ပါတယ်။ အခုတောင် မြန်မာလို version ရနေပြီလေ။

PDF Reader - Ubuntu မှာ PDF အတွက် reader တွေပါပြီးသားလေ။ တခြား PDF print ထုတ်ဖို့ ရှိတယ်နဲ့တူတယ်။ သိပ်မသေချာဘူး။

WebDesign

NVU - Dreamweaver လောက်မကောင်းပေမယ့် အလုပ်ဖြစ်ပါတယ်။ HTML အတွက်ပေါ့။ HTML အတွက်တော့ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။

Dictionary

stardict - stardict ကတော်တော်သုံးလို့ကောင်းပါတယ်။ windows မှာထက် ubuntu မှာ ပိုသုံးလို့ကောင်းတယ်။ အခု မြန်မာလို dictionary ပါရတော့မယ်လေ။

Other

လိုအပ်တာတော်တော်များများကို Ubuntu ရဲ့ package site ကနေ download ဆွဲတ
ာပဲဖြစ်ဖြစ် တခါတည်း online ကနေ သွင်းတာပဲဖြစ်ဖြစ်ရတယ်လေ။
ကျွန်တော်တို့ ဒီလောက်ဆို လုံလောက်ပါတယ်။ PHP ကတော့ Linux အတွက် package တွေရှိပြီးသားလေ။ Database အတွက် MySQL ကလည်း အဆင်သင့်။ ROR လည်း ရေးလို့ရပါ့။ Python လည်း လာထားပဲ။ java လည်း ရပါ့ဗျာ။ C++ ဆိုပြောစရာလိုသေးလား။ တကယ်လို့ Windows က software တွေသုံးချင်ရင်တော့ wine ဆိုတာလေး တော့ သွင်းပေးလိုက်ရုံပါပဲ။ အဲဒါဆို windows က software တွေပါရလာနိုင်ပါတယ်။

အမှန်တိုင်းဆို Windows ဝယ်မသုံးနိုင်လည်း သိပ်ကြောက်ဖို့တော့ မလိုပါဘူး။ အပေါ်မှာ ပြထားတာတွေ အကုန်လုံးက Free တွေပဲ။ အဲ… ခက်တာ တစ်ခုပဲဗျ။ သင့်စက်ကတော့ Ubuntu နဲ့ internet ကောင်းကောင်းသုံးနိုင်ဖို့လိုလိမ့်မယ်။ internet မရရင် Ubuntu က အလကားနည်းပါးလိုပဲ။ သုံးရတာ မပျော်တော့ဘူး။ Internet connection ကောင်းကောင်းနဲ့ဆို မိုက်သလား မမေးနဲ့ဗျာ။ ခက်တာက ကျွန်တော့်မှာ connection မကောင်းတော့ ဆိုးပါ့ဗျာ။


Cartoon ဆွဲမယ်

အပျော်သဘောနော်… နောက်မို့ဆို ပြောအုံးမယ်.. စပ်မိစပ်ရာဘာညာကွိကွတွေ… http://www.toondoo.com အစွမ်းလေ…

http://www.toondoo.com/View.toon?param=179106


Nice Search Engine

web ပေါ်မှာ Google ကိုပဲ ကျွန်တော်တို့ အသုံးပြုပြီး ရှာဖွေနေကြပါတယ်… ဒါပေမယ့် search engine အသစ်တွေက အမြဲ ထွက်ပေါ်နေဆဲပါ… Google ကိုတော့ ကျွန်တော် အပါအဝင် လူတော်တော်များများ နှစ်သက်သဘောကျ အသုံးပြုကြမှာပါ.. အခြား ကျွန်တော် နှစ်သက်တဲ့ search engine အသစ်က chacha.com ပါ… တော်တော်လေးကို သဘောကျမိတဲ့ search engine လေးပါ.. သုံးရတာလည်း မြန်ပါတယ်.. မကောင်းတာကတော့ မြန်မာစာကို ကောင်းကောင်း support မလုပ်တာပဲ… အခု hakia seach ကတော့ မဆိုးဘူးဗျ.. သူကတော့ စကားလုံး word ပေါ်မှာ အဓိက အခြေခံထားတဲ့ ပုံပဲ… Spelling Suggestion လေးက မိုက်တယ်ဗျ… စမ်းကြည့်သင့်တဲ့ site ကောင်းလေးပါပဲ…

 

Cha Cha Search Engine : www.chacha.com
Hakia Search Engine : www.hakia.com


Wiktionary

Dictionary site ပါ။ wikipedia ကပဲ လုပ်ထားတာပါ။ မြန်ပါသည်။ ပြည့်စုံသည်ဟု ဆိုနိုင်သည်။ ကျွန်တော်ကတော့ firefox ရဲ့ Search List ထဲမှာ ထည့်ထားလိုက်ပါတယ်။ RC version ဆိုတာ ဘာမှန်း မသိတာနဲ့ အဲမှာ ရှာလိုက်တော့မှ re-check ဆိုတာကို သိလိုက်ရတယ်။ မှန်မှန်ဆန်ဆန်လေး ရှာလို့ရတော့ မဆိုးဘူးပေါ့ဗျာ။

http://en.wiktionary.org