Why we change layout design ?

iPhone keyboard layout design က ဘာလို့ computer က လက်ကွက်နဲ့ မတူတာလဲ။ ရိုက်ရတာ ပိုခက်သွားတယ်။ စာလုံးတွေက နေရာမတူတော့ ပြန်ရှာနေရတယ်။ အဲလိုမျိုး ပြောကောင်းပြောပါလိမ့်မယ်။

ဘာလို့ မတူတော့တာလဲ။

သင့်အနေနဲ့ zawgyi ကို computer မှာ မရိုက်ဖူးဘူးဆိုပါဆို့။ computer keyboard လက်ကွက်အတိုင်းမြင်လိုက်ရရင် ဘာဖြစ်သွားမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ ကျွန်တော် ကတော့ ပြောမနေတော့ပါဘူး။ ဦးသောင်းစုငြိမ်း ၊ကို Zack ၊ နောက်ပြီး ကျွန်တော် ကျွန်တော်တို့  သေချာ တိုင်ပင်ပြီး layout design ကို ချထားတာပါ။ ကိုရဲမြတ်သူရဲ့ လက်ရှိ ဘုန်းကြီးကျမ်းစာမှာ သုံးထားတဲ့ layout ကိုလည်း အခြေခံလိုက်တယ်။ ပြီးပြီလား ဆိုတော့ မပြီးသေးပဲ release လုပ်လိုက်ရတာပါ။ ကျွန်တော်တို့ စိတ်ကျေနပ်တဲ့ အဆင့်ထိ မရောက်သေးပဲ release လုပ်လိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ zawgyi on cydia ကိုတွေ့ပြီး လိုက်စမ်းရင်းကနေ restore ပြန်လုပ်ရတဲ့လူတွေ ရှိလာတဲ့အတွက်ကြောင့် အခြားလူတွေ အလကား data မဆုံးရှုံးရအောင် အမြန် release လုပ်လိုက်တာပါ။

ကျွန်တော်တို့တွေ အနေနဲ့ သာမာန် ဖုန်း အသုံးပြုတွေကိုပဲ ရည်ရွယ်ထားတယ်။ computer လက်ကွက်အတိုင်းလုပ်ဖို့လည်း မစဉ်းစားဘူး။ က ခ ဂ လောက်ကတော့ လူတိုင်း တတ်ပါတယ်။ ဒါကြောင့် လူတိုင်း အသုံးများတဲ့ စာလုံးတွေကို ရှေ့ဆုံးမှာားလိုက်တယ်။ ပက်ဆင့်တွေကို shift နေရာမှာထည့်လိုက်တယ်။ က နေရာမှာ shift နှိပ်လိုက်တာနဲ့ –္က ဆိုပြီးထား ပါတယ်။ မြန်မာစာမှာ အပေါ်ပိုင်းရှိတဲ့ –ိ –ီ တွေကိုတော့ 123 နေရာမှာ အပေါ်ဘက်တန်းမှာ ထည့်လိုက်တယ်။ –ှ–ူ –ွ စတာတွေကို အောက်ဘက်မှာထားလိုက်တယ်။ ြ– ြ–  စတဲ့ ဘယ်ဘက်ကစတာတွေကို ဘယ်ဘက်မှာ ထားပြီးတော့ –ျ –ျ ကိုတော့ ညာဘက်မှာ ရှိတဲ့အတွက် ညာဘက်ကို ရွှေ့လိုက်တယ်။ အဲလို သဘောတရားလေးနဲ့ အသုံးပြုသူ မှတ်လို့ လွယ်အောင် ထားလိုက်ပါတယ်။ အဲဒီအတွက် ဇော်ဂျီ လက်ကွက် ကျွမ်းသူတွေအတွက် ရိုက်ရခက်ရင်တော့ sorry ပဲဗျာ။ ကျွန်တော်တို့တွေက computer expert တွေကို ရည်ရွယ်တာမဟုတ်ပဲ ဖုန်းသမားတွေကိုပဲ ရည်ရွယ်ထားပါတယ်။ မကျေနပ်ရင် ကိုယ့်ဘာသာကိုယ်ပြင်လို့ရပါတယ်။ http://code.google.com/p/networkpx/wiki/Creating_layout_plist အဲဒီမှာ ဖတ်ပြီးတော့ /Library/iKeyEx/Zawgyi/Layout.plist မှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေတာပြင်လိုက်ပေါ့။ ကျွန်တော်လည်း အဲဒီ စာမျက်နှာလေး ဖတ်ပြီး ကိုယ့်ဘာသာ ရေးလိုက်တာပဲ။ comptuer သမားတွေအနေနဲ့ လွယ်လွယ်လေး ပြင်လို့ရမှာပါ။ ဒါပေမယ့် ဖုန်းသမားတွေ သာမာန် user တွေအတွက်ကတော့ လွယ်တဲ့အလုပ်မှ မဟုတ်တာ။ သူတို့အနေနဲ့ SMS ကို မြန်မာလို ပို့လို့ရရင် လုံလောက်ပြီပဲ။ အဓိကတော့ End Users ကိုပဲ စဉ်းစားတဲ့အတွက် computer expert တွေအတွက် ဝမ်းနည်းပါတယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး ကိုယ့်ဘာသာကိုယ် ရိုက်တတ်သလို ပြင်လိုက်လို့ရပါတယ်ဗျာ။

Python VS PHP

Source code For Zawgyi 2008 TO Zawgyi 2009

Python

import sys,re
ENC='utf8'
def zawgyi2new(d):
	m=open("zawgyi2new_replace.ini").read().strip().decode('utf8').replace("-",'').replace(' ','').split("\n")
	for x in m:
		x=x.split("\t")
		if x[0]in d:
			d=d.replace(x[0],x[1])
	return d
if __name__=='__main__':
	infile=sys.argv[1]
	d=open(infile).read().decode(ENC)
	d=zawgyi2new(d)
	outfile=infile[:infile.rfind(".")]+"_out.txt"
	open(outfile,"wb").write(d.encode(ENC))

PHP

$time_start = microtime(true);
// get contents of a file into a string
$filename = $argv[1];
$handle = fopen($filename, "r");
$d= fread($handle, filesize($filename));
fclose($handle);
$myFile = "zawgyi2new.ini";
$fh = fopen($myFile, 'r');
$theData = fread($fh, filesize($myFile));
fclose($fh);

$theData=str_replace("-","",$theData);
$m=split("\n",$theData);
foreach ($m as $x)
{
	$k=split("	",$x);
	if(strripos($d,$k[0])!=false) 	$d=str_replace($k[0],$k[1],$d);
}
$fp = fopen("convert_".$argv[1], 'w');
fwrite($fp, $d);
fclose($fp);
$time_end = microtime(true);
$time = $time_end - $time_start;
echo "Total ".$time." seconds";

Python က 1 second နဲ့ 3 MB ရှိတဲ့ file ကိုပြီးတယ်။ PHP ကတော့ 29 seconds လောက်ကြာတယ်။ python က ၁၅ လိုင်း။ php က ၂၃ လိုင်း။ အချိန်တွက်တာ မပါရင်တော့ လိုင်း ၁၉ ပေါ့။ ဒီထက်တိုအောင် ထပ်ရေးမယ်ဆိုရင်တော့ ၁၇ လိုင်းလောက်နဲ့ ပြီးတယ်။ ရှင်းအောင် ရေးထားလို့ပါ။ PHP နဲ့ ၁၅ လိုင်းလောက်နဲ့ရအောင် ရေးလို့ရတယ်။ ဒါပေမယ့် ဖတ်ရတာ ရှုပ်သွားမှာဆိုးလို့။

Fixed Zawgyi Keyboard For Ubuntu 8.10

ကဲ… ပြန်ပြင်ပြီးပါပြီ။ 8.04 နဲ့ 8.10 မှာ နေရာလည်း နဲနဲပြောင်းသွားတာကြောင့် ပြသနာတွေ ဖြစ်ကုန်တာပါ။ အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။

တကယ်လို့ package အဟောင်းသွားထားမိရင်

$sudo apt-get remove zawgyi-keyboard

နဲ့ ပြန်ဖျက်လိုက်ပါ။ ပြီးမှ ဒီဟာ ကို download ချလိုက်ပါ။ ပြီးရင်တော့ Terminal မှာ

$sh install.sh

ကို run လိုက်ရုံပဲ။

အဲ extract လုပ်ထားတာက Desktop ပေါ်က Zawgyi ဖြစ်နေတယ်ထားပါစို့။

ဒါဆိုရင် Terminal မှာ

$cd ~/Desktop/Zawgyi/

$sh install.sh

ဆိုပြီး လုပ်ရမှာပေါ့။ security ပိုကောင်းသွားတဲ့အတွက် ပိုခေါင်းစားသွားရတာပါ။

Webtext editor

http://www.mysteryzillion.org/project/webtext/

နေရာပြောင်းသွားလို့ ရှာမတွေ့တော့မှာဆိုးလို့ ပြန်တင်ပေးလိုက်တာပါ။ .com ကနေ .org ပြောင်းသွားတာပါ။

HaHa U-Ni (Beta)

my.wikipedia.org ကိုကြည့်ရတာ အဆင်မပြေဘူး။ ကိုယ့်စက်ထဲမှာ rendering မရှိဘူး။ နောက်ပြီး font လည်းမရှိဘူး။ စိတ်မပျက်ပါနဲ့။ Unicode 5.1 နဲ့ရေးထားတဲ့ site တွေကို ကြည့်ရတာ အဆင်မပြေဘူးလို့ ငြီးနေလား။ Zawgyi Fun Group ဖြစ်တဲ့ zawgyi.info ကနေ hahauni ဆိုတဲ့ program လေးကို သုံးလိုက်ပါ။ HaHa ဦးနီနော်… Haha ယူနီ ဟုတ်ဘူး။ နောက်မို့ဆို unicode တွေကို ရွှဲ့ပါတယ်လို့ ပြောနေအုံးမယ်။ hahauni မှာ website လိပ်စာထည့်လိုက်။ unicode 5.1 page တွေကို zawgyi နဲ့ပြောင်းပြပေးလိမ့်မယ်။ google chrome နဲ့သုံးဖို့တော့ အကြံပေးချင်တယ်။ google chrome နဲ့မှ မြန်မြန်ဆန်ဆန်ကြည့်လို့ရမှာပါ။ site က javascript တွေ သုံးထားတာ များလို့ပါ။ အခုလက်ရှိမှာတော့ chrome ကသာ javascript တွေကို မြန်မြန်နဲ့အလုပ်လုပ်နိုင်လို့ပါ။ လိပ်စာကတော့ hahauni.zawgyi.info ပါ။

Using Zawgyi download ချတဲ့ အတွက် ကျေးဇူး

မြန်မာနိုင်ငံက တော်တော်များများကတော့ ကျွန်တော့် blog ကို ဖွင့်လို့ ရအုံးမှာမဟုတ်ဘူးဗျ… ဒါပေမယ့် download ချတာကတော့ ၃၅ ထိရောက်သွားပြီ… ကျွန်တော်က အဲလောက်တောင် မမှန်ထားဘူး.. ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့် blog မှာ ဖော်ပြပြီးသားတွေကို ပြန်လည် စုစည်းထားတာမို့လို့ပါ… ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲဗျို့… အားတော့ ရှိသွားတာ အမှန်ပဲ..

Firefox အတွက် Zawgyi Setting နည်းလမ်းသစ်

ကျွန်တော့်ကို ခဏခဏ ပြောနေကြတယ်….
firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး..
တခြား font တွေလည်း မမြင်ရတော့ဘူး..
နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးတဲ့ဗျာ..
ပြောမိတဲ့ ကျွန်တော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး..

ကဲ… ရှိစေတော့… ရှိစေတော့…
ဒီနေ့ ထူးခြားစွာ မီးလာတာနဲ့ ထူးခြားစွာ စမ်းလိုက်တာ ထူးခြားစွာ စိုပြေသွားပါပြီ… ကဲ… firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်… Tools -> Options… -> Content ကိုသွားလိုက်..

Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့…
Advanced… ဆိုတာ ကိုနှိပ်လိုက်…
အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး..
ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့..

ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့…

အခုမှ တကယ့် နည်းသစ် စမှာ…
address bar မှာ

about:config

ဆိုတာရိုက်လိုက်…

serif.x-unicode

ဆိုပြီး Filter မှာ ရိုက်လိုက်…

font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို
Zawgyi-one, Arial ဆိုပြီးပြောင်းလိုက်

ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို
Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်… အားလုံး OK မှာ ဆိုပြေသွားမယ်….
လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ…
တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်..

Linux ဇော်ဂျီ Keyboard

အခု ကျွန်တော် SuSe နဲ့ ဇော်ဂျီအတွက် Linux keyboard ရေးထားတယ်..
တခြားဟာတွေနဲ့တော့ မစမ်းရသေးဘူး..
ကျွန်တော်သုံးတာက SuSe Linux 10 နဲ့ပါ… Linux သမားတွေ စမ်းကြည့်ပေးကြပါ..
အခုတော့ ပက်ဆင့် ရိုက်လို့မရသေးဘူး..
Windows မှာဆို key ၁ ခုမှာ ၄ ကွက် တောင်ရိုက်လို့ရပေမယ့်.. Linux မှာက key ၁ခုမှာ ၃ ကွက်ပဲ နှိပ်လို့ရတယ်…
ဒါကြောင့် ပက်ဆင့်အတွက် keyboard လက်ကွက်ပြန်စီဖို့လိုသေးတယ်..
ပက်ဆင့်တွေ အတွက်ကတော့ windows နဲ့ကွာသွားလိမ့်မယ်..
ရိုးရိုးနဲ့ Shift ကတာ့ အတူတူပဲ..
အခုတော့ ရိုးရိုးနဲ့ Shift ပဲထည့်ထားသေးတယ်.
အကူအညီပေးတဲ့ ဦးရဲမြတ်သူနဲ့ uniburma ကိုကျေးဇူးတင်ပါတယ်..
uniburma ကိုအခြေခံပြီး လုပ်ထားလိုက်တာပါ…

အသုံးပြုရမည့်ပုံကတော့

Root user account နဲ့ဝင်ပါ…

/etc/X11/xkb/symbols ကနေ mm file ကို တနေရာမှာ backup (copy and paste) လုပ်ထားပါ…

ပြီးလျှင် အခု mm file ကို replace လုပ်လိုက်ပါ…

ပြီးနောက်…

Start Bar Panel တွင် Panel အသစ် ထည့်လိုက်ပါ…

Keyboard Indicator ကိုရွေးလိုက်ပါ

ပြီးလှှှှှှျှင် Panel ကို right click နှိပ်ပြီး Open Keyboard Presence ကိုရွေးလိုက်ပါ ။

Layout ကိုပြောင်းပါ
Add လုပ်ပါ… Myanmar ကိုရွေးလိုက်ပါ…

ဒါဆိုရင် Myanmar ဆိုတာ ပေါ်လာပါလိမ့်မယ်…

Group Shift Lock Behavior တွင် Both Alt Keys Together Change ကိုရွေးလို်က်ပါ..
ပြီးလျှင် Close လုပ်ပါ…

အခု third level မှာ key ထည့်သွင်းထား ခြင်း မရှိသေး သဖြင့် ပက်ဆင့်ရိုက်ရန် ပြသနာဖြစ်နေသေးပါသည်။ အမြန်ဆုံး နှင့် လိုအပ်သော ပက်ဆင့်များကို ထည့်သွင်း ပေးသွားပါမည် ။

Alt နှစ်ခုတွဲနှိပ်ကာ keyboard ပြောင်းနိုင်သည်။

Download Here