Chrome Extension for Web Developer

Aug 18 ထုတ်တဲ့ chromium မှာ မြန်မာစာ ပြဿနာ fix လုပ်ပေးပြီးသွားပြီ ဖြစ်လို့ Safari 5 ကနေ Chromium ကို ပြောင်းသုံးနေတယ်။ အရင်တုန်းက Chromium ကို သုံးရင်း extension အတွက် enable လုပ်ပေးရပေမယ့် အခု version မှာ မလိုတော့ဘူးလေ။ Extension တွေကို တိုက်ရိုက် သွင်းလို့ရတဲ့အတွက်ကြောင့် ပိုအဆင်ပြေပြီး သုံးဖြစ်နေတယ်။ ကျွန်တော်လက်ရှိ သုံးနေတဲ့ Extension တွေကတော့

Chrome SEO

လက်ရှိ site မှာ Google Index လုပ်ထားတာ ဘယ်လောက်လဲ။ ဘယ် search engine တွေက ကိုယ့် sites ကို ဘယ်လောက် Index လုပ်ထားလဲ။ Back link တွေက ဘယ်လောက်ရှိလဲ။ Domain Detail စတာ စတာတွေ အတွက် သွင်းထားသင့်တဲ့ Extension ပါ။ Web Development လုပ်ရင် SEO ကလည်း အရေးပါပါတယ်။

Chrome Sniffer

ဒီ plugin ကတော့ chrome ထဲမှာ ကျွန်တော် တော်တော်ကြိုက်တဲ့ plugin ပါ။ website တစ်ခုကို သွားလိုက်တာနဲ့ ဒီ website က joomla နဲ့လား wordpress နဲ့ လား drupal နဲ့လား … ဘာ CMS သုံးထားလဲဆိုတာကို သိနိုင်တယ်။ jquery , jqueryui , facebook connect , google analystic တွေ သုံးထားလားဆိုတာကိုလည်း သိနိုင်တယ်။ ကိုယ် သဘောကျတဲ့ website က ဘာနဲ့ တည်ဆောက်ထားလဲဆိုတာကို ချက်ခြင်း သိနိုင်တာပေါ့။

Firebug

firefox မှာ firebug က web developer တွေအတွက် မရှိမဖြစ်ပါ။ သို့ပေမယ့် chrome မှာက developer tool ပါပြီးသားဖြစ်လို့ သိပ်မလိုပေမယ့် chrome က developer tool မှာပါတဲ့ html  ထက်စာရင် ကျွန်တော့်အတွက်က firebug html ကြည့်ရတာ ပိုပြီး အဆင်ပြေသလိုပဲ။

JsonView

JSON ကို ရိုးရိုး chrome မှာ ကြည့်လို့မရပါဘူး။ တစ်ခါတစ်လေ json format မှန်မမှန်စစ်ချင်တဲ့အခါ jsonview ထည့်ထားတဲ့အတွက် chrome မှာ ဖွင့်ကြည့်လိုက်တာနဲ့ အဆင်ပြေပါတယ်။

Lorem Ipsum Generator

Lorem Ipsum စာတွေကို Generate လုပ်ဖို့အတွက်ပေါ့။ Design Sample မှာ စာတွေထည့်ရမှာ ပျင်းရင် Lorem Ipsum တွေကို ကျွန်တော်တို့ ထည့်သွင်းပြီး ရေးသားကြပါတယ်။

Pendule

Firefox က web developer toolbar ကို အသုံးပြုဖူးတွေလည်း Pendule ကို သဘောကျမှာပါ။

Resolution Test

Resolution အမျိုးမျိုးအတွက် ပြောင်းပြီး web design ကို ကြည့်တဲ့အခါမှာ တော်တော် အသုံးဝင်ပါတယ်။ ကိုယ့် web design က ဘယ် Resolution မှာ ဘယ်လိုဖြစ်သွားလဲဆိုတာကို စစ်ဆေးလို့ရအောင်ပေါ့။

Web Developer

Firefox က Web Developer Toolbar ပါပဲ။ သူလည်း chrome မှာ သုံးလို့ရပါတယ်။ chrome မှာ သုံးရတာ ကျွန်တော့်အတွက်ကတော့ ပိုအဆင်ပြေတယ်။

XML Tree

chrome က ဘာလို့XML ကို ဖွင့်လို့မရလဲမသိ။ ဒါကြောင့် မဖြစ်မနေ XML အတွက် plugin လေးကတော့ သွင်းထားဖို့လိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>