Habari

wordpress လောက်တော့ မကောင်းသေးပေမယ့် ပေါ့ပါး မြန်ဆန်ပြီး အောင်မြင်လာနိုင်တဲ့ project တစ်ခုပါ။ JQuery နဲ့ PHP ကို တွဲသုံးထားပြီး wordpress ထက် ရိုးရှင်းတဲ့ GUI ကို အသုံးပြုထားတယ်။ ဒါပေမယ့် wordpress လောက် theme မများသေးခြင်း နှင့် wordpress ရဲ့ one-click installter လိုမျိုး မရှိသေးတာလည်း မကောင်းဘူးပေါ့။ wordpress ကို ကျွန်တော် ကြိုက်တာက plugin တွေ theme တွေကို download ချစရာမလိုပဲ သွင်းလို့ရတာကို ကြိုက်တာ။ နောက်ပြီးတော့ wordpress ကို online ပေါ်မှာတင် လွယ်လွယ်ကူကူ update လုပ်လို့ရတာကို ကြိုက်တာ။ habari ကတော့ အဲဒါတွေမရှိသေးပေမယ့် ရိုးရှင်းတဲ့ GUI ကြောင့် ကျွန်တော် စမ်းသုံးနေတယ်။ ဘယ်မှာ စမ်းသုံးနေလဲဆိုတာကိုတော့ မမေးနဲ့အုံးနော်။ အခုမှ ကလိနေတုန်းမို့ပါ။ နောက် ဟာဘရီ ကို သဘောကျသွားရင်တော့ ပြောပြမှာပါ။ သူ့မှာက sidebar ထည့်ဖို့အတွက် WordPress လိုမျိုး widget တွေပါမလာဘူး။ နောက်ပြီးတော့ ပြင်ဖို့အတွက် code editor လည်းမပါဘူး။ ftp ကနေ ဝင်ပြင်ပြင်နေရတယ်။ အဲဒါကတော့ လုံးဝမမိုက်တာပါ။ နောက် version တွေပါ ပါလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ habari ကို စိတ်ဝင်စားတယ် စမ်းကြည့်ချင်တယ်ဆိုရင်တော http://www.habariproject.org မှာ download ရယူနိုင်တယ်။ plugin တွေ theme တွေကိုတော့ http://wiki.habariproject.org မှာရနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>