Install Netbean in Ubuntu

Netbean ကို သွင်းဖို့အတွက် အရင်ဆုံး ကိုယ်သွင်းချင်တဲ့ version ကို http://www.netbeans.org/downloads/index.html မှာ သွားပြီး download ချလိုက်ပါ။ အဲဒီ အခါ .sh file လေးရလိမ့်မယ်။ ကျွန်တော်ကတော့ PHP version လေးကို download ချလိုက်တော့ netbeans-6.7-ml-php-linux.sh လေးရလာတယ်။ အဲဒါမသွင်းခင် ကျွန်တော်တို့ java-runtime သွင်းထားဖို့လိုတယ်။ Java Runtime သွင်းဖို့အတွက် Applications -> Add/Remove… ကိုသွားပါ။ Show : ဆိုတဲ့ combo box လေးမှာ All available Applications ကိုရွေးလိုက်ပါ။ ပြီးရင် Search မှာ Sun Java လို့ရှာလိုက်ရင် Sun Java 6 Runtime တွေ့ပါမယ်။ အဲဒါလေးကို အရင်သွင်းလိုက်ပါ။ ပြီးရင်တော့ ကျွန်တော်တို့ download ချထားတဲ့ .sh file လေးကို သွင်းပါမယ်။

sunjava

Netbean သွင်းရန် download ချထားတဲ့ .sh file လေးကို terminal တွင်

$chmod +x ./netbeans-6.7-ml-php-linux.sh
$bash ./netbeans-6.7-ml-php-linux.sh

အဲဒီ command တွေပြီးသွားရင်တော့ Installation Wizard တက်လာပြီး Next.. Next လေးတွေ နဲ့သွင်းလိုက်ရုံပါပဲ။


3 thoughts on “Install Netbean in Ubuntu

  1. ကိုစေတန်ရေ
    ubuntu ပို့စ်တွေ လာကူးသွားပါတယ် ။

  2. Ko Saturn,
    I go to the link that you pointed.
    But when click download button,the website show this words..
    “You don’t have permission to access /bouncer/index.php on this server.”
    So,why can’t I download this.
    Please reply me if you have time…

    One of your blog reader…
    ye’gyi

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>