18

iTune with Zawgyi (Win)– Tahoma Zawgyi

Posted December 13th, 2009 in Download and tagged , by saturngod

tahoma ကို overwrite မရသလို installer တွေနဲ့လည်း မရဘူး။ ဒါကြောင့် ပုံမှန် သမာရိုးကျနည်းနဲ့ပဲ လုပ်ရတော့မယ်။ အရင်ဆုံး အောက်က package လေးကို download လုပ်လိုက်ပါ။

Tahoma-Zawgyi

အဲမှာ.. install.bat ပါတယ်။ အဲဒါလေးကို run လိုက်။ အဲဒါက tahoma ကို del လုပ်ပေးပြီး tahoma ကို copy ကူးထည့်ပေးတာ။ xp ဆို restart ချလိုက်ရင် အဆင်ပြေပေမယ့် Vista နဲ့Win 7 ဆိုရင် မရပါ။ အဲဒီအတွက် font နှစ်ခုဖြစ်တဲ့ tahoma.ttf ကို right click နှိပ်။ Popup ထဲမှာ Install font ကို နှိပ်လိုက်ပါ။ ပြီးရင် tahomabd.ttf ကို right click နှိပ်။ Popup ထဲမှာ Install font ကို နှိပ်လိုက်။ ပြီးရင် Logout လုပ်လိုက်။ ပြီးရင် ပြန်ဝင်လိုက်ရင် ရပြီ။

အဒါမှမရရင်တော့ Linux နဲ့ boot တက်။ ပြီးရင် tahoma.ttf နဲ့tahomabd.ttf ကို C:\Windows\Fonts ထဲကို overwrite လုပ်ပေးလိုက်ရင်ရတယ်။

Ready made Installer

http://www.multiupload.com/CI6SEMW09B

အဲဒါလေးကို download ချပြီး သွင်းလိုက်လည်း ရပါတယ်။ ကိုမင်းကျော် က installer ပြန်လုပ်ပေးထားတာပါ။


18 Responses so far.

  1. mk says:

    font နှစ်ခုဖြစ်တဲ့ tahoma.ttf ကို installer လုပ်ပြီးတင်ထားလိုက်ပါတယ်။ http://www.sendspace.com/file/r2bcmo

  2. mk says:

    ကျွန်တော်တော့ Smart Installer သုံးတယ်။ Setup Factory နဲ့လဲရတယ်။ Setup Factory ကဖိုင်ဆိုဒ်ကကြီးနေလို့ Smart Installer ဟာကိုဘဲပို့လိုက်တာ။

    • saturngod says:

      Smart Installer နဲ့ကော သွင်းပြီးပြီလားအစ်ကို... အစ်ကိုပြောတာ smart install maker လား.. အဲဒါနဲ့လည်း မရဘူးအစ်ကိုရ... overwrite လုပ်မရဘူးကြီးပဲပြောလို့ ကျွန်တော် အဲဒီ installer မသုံးတာ.. setup factory တော့ မစမ်းဘူးဖူး.. :D

  3. mk says:

    ကျွန်တောစမ်းကြည့်တာတော့ရသွားတယ်။ သွင်းပြီးပြီးခြင်း system font တွေအားလုံးအဖြူဖြစ်သွားလို့ restart လုပ်လိုက်ရတယ် :)

  4. ကိုဇင် says:

    ကျွန်တော် အစ်ကိုတို့ပြောသလိုနှစ်မျိုးလုံးလုပ်ကြည့်ပါတယ်။ အဆင်မပြေလို့ပါလေးထောင့်တုံးတွေပဲပေါ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲမသိဘူး။ တခြား iTuneမဟုတ်ဘဲ Zawgyi Font နဲ့သုံးထားတဲ့သီချင်းတွေဘယ်လိုSync လုပ်လို့ရမလဲမသိဘူး။

  5. ကိုဇင် says:

    window xp ပါပဲ။ Linuxနဲ့လည်း Boot မတက်တက်လို့ပါ။

    • saturngod says:

      windows xp ဆိုရင် ကိုမင်းကျော်ပေးထားတဲ့ installer နဲ့ရတယ်။ အဲဒါနဲ့သွင်းပြီး restart ချလိုက်ပါ။

  6. ကိုဇင် says:

    မရဘူးအစ်ကို။ ကိုမင်းကျော်ပေးထားတဲ့ installer နဲ့ လဲစမ်းကြည့်ပါတယ်အစ်ကို။ install လုပ်ပြီး၊ restart ချပေမယ့်မရသေးဘူးအစ်ကို။ တခြားiTuneမှာရောsetting changeရဦးမှာလားအစ်ကို။

    နောက်တစ်ခုတော့ရှိတယ်ဗျ။ ကျွန်တော့ window က trial ဖြစ်နေတယ်။ကျွန်တော်ရှာကြံပြီးလုပ်ပေမယ့်မရဘူးဗျ။ 29days left to activation.လို့ ပြောနေတယ်။ Mysteryzillion မှာပေးထားတဲ့  window genuine activation cracker နဲ့ လဲမရဘူးဖြစ်နေတယ်။ အဲဒါကြောင့်တော့မဟုတ်လောက်ပါဘူးနော်။

  7. saturngod says:

    အရင်ဆုံး C:\Windows\Fonts ကိုသွား Tahoma ၂ ခုရှိတယ်။ အဲဒီ ၂ ခုကို ကိုယ့်ဘာသာ ကိုယ်ဖျက်လိုက်။ပြီးတာနဲ့ download ချထားတဲ့ font ၂ ခုကို သွင်းလိုက်။ ပြီးရင် Tahoma ကို double click လုပ်ပြီး ဖွင့်ကြည့်လိုက်။ အဲဒါမှ မရရင်တော့ Ubuntu Live CD နဲ့ boot တက်ပြီး လုပ်ဖို့ပဲရှိတော့တယ်ထင်ပါတယ်။

  8. ကိုဇင် says:

    ရဘူးဗျ။ Tahoma font၂ခုလုံးကို Manual deleteလုပ်လဲရဘူးဗျ။ protected လို့ ပြောနေပါတယ်။ install.bat ကိုrun လဲဒီလိုပဲပြောတယ်ဗျ။ Ubuntu Live CDနဲ့ တော့လုပ်ချင်ဘူးဗျ။ မလုပ်တတ်လို့  နောက်iTune လိုပဲ iPhone ကို songs တွေသွင်းလို့ ရမယ့် တခြားsoftware ရှိဘူးလားဗျ။

  9. Eriz says:

    ရသွားပါပြီ။ ကျေးဇူးအထူးပါ။

    အဲဒီ songbird ဆိုတဲ့ software က "iPod Access for Windows" နဲ့ function တူတူပဲလား ? ကျွန်တော်ကအဲဒါသုံးနေလို့ပါ။ ပြီးတော့ အဲဒီ software လိုမျိုး iPod ကနေ သီချင်းတွေကို PC ပေါ်ပြန်တင်တဲ့ software မျိုး Mac OS မှာသုံးလို့ရမယ့်ဟာရှိပါသလား ?

  10. Thuzar says:

    Cool, brother.. Rate 5. :D

  11. Min Naing says:

    ကျွန်တော်ဘယ်လိုမှထည့်လို့မရတာနဲ့ safe mode ကနေဝင်ထည့်လိုက်တာအဆင်ပြေသွားတယ်.. :)

  12. Tun Win Naing says:

    To replace Tahoma fonts, use Replacer [http://www3.telus.net/_/replacer/] for Windows XP and 2000 and Windows Se7en File Replacer [http://www.xptsp.com/fixit/replacer.php] for Windows 7.

Leave a Reply