တကယ်ကော ဖတ်ဖြစ်ရဲ့လား

ရန်ကုန်မှာတုန်းကလည်း ဆိုင်မှာ လူငယ်လေးတွေ ebook တွေ ဆွဲတာ ခဏခဏပဲ။ ebook တွေကလည်း စုံနေတာပဲ။ အချို့တွေကလည်း ဘာလုပ်ဖို့ဒီလောက်တောင် ebook တွေဆွဲထားတာလဲလို့ မေးလိုက်ရင် သူငယ်ချင်းတွေလိုချင်ရင်ပေးဖို့တဲ့။ အချို့တွေကျပြန်တော့လည်း download ဆွဲစရာမရှိလို့ ဆွဲကြတာပဲ။ အချို့တွေကျပြန်တော့လည်း ဖတ်မလို့တဲ့။ ဖတ်မလို့ဆိုတော့ နည်နည်းထပ်မေးချင်တာ။ မေးမကောင်းတာနဲ့ ဆက်မမေးတော့တာ။

ရန်ကုန်မှာတုန်းကလည်း စာအုပ်တစ်ခုပြီးဖို့ အချိန်ပေးပြီး ဖတ်ရတာ။ CI တုန်းကလည်း တော်တော်လေးကို အချိန်ပေးပြီး ဖတ်ရတာ။ အားတဲ့အချိန်ဖတ်။ ပြီးရင် ပြန်စမ်းနဲ့ ဖတ်လာရတာပဲ။ ဟိုးအရင်က .NET တုန်းကလည်း အဲလိုပဲ။ ebook တစ်အုပ်ပြီးဖို့ တော်တော်အချိန်ယူရတာ။ သူက စာအုပ်ဖတ်တာနဲ့ မတူဘူး။ မျက်လုံးကလည်း ကြာကြာဖတ်ရင်ကိုက်သေးတယ်။ နောက်ပြီး ဖတ်ရုံနဲ့ မရပြန်ဘူး။ စမ်းရသေးတယ်။ စမ်းရင်လည်း error တွေပါလာပါလေရော။ ပါတာကို ရှင်းရတာနဲ့ တစ်ခါတစ်လေ example တစ်ခုတည်းနဲ့တင် ရွာပတ်နေတာတွေ ရှိတယ်။ အထူးသဖြင့် VS 2003 ကို VS 2005 နဲ့ စမ်းတုန်းကပေါ့။ နောက်ပြီး PHP စာအုပ်ဆိုလို့ မှတ်မှတ်ရရ ၂ အုပ်။ နောက်ပြီး စာမေးပွဲဖြေမယ်ဆိုပြီး Zend စာအုပ်ဝယ်ပြီးဖတ်တာ ၁ အုပ်။ ၃ အုပ်ပဲ ဖတ်ဖူးတယ်။ CI ဆိုလည်း ၁ အုပ်လောက်ပဲ ဖတ်တယ်။ jQuery ဆို ၁ အုပ်တောင် ဖတ်နေတာ မပြီးသေးဘူး။ မအားတာနဲ့။ အခြား အသစ်အသစ်တွေ ပေါ်လို့ သတင်းလိုက်ဖတ်နေတာနဲ့တင် ebook ဖတ်ဖို့ မရောက်ဖြစ်တော့ဘူး။ iPhone SDK လည်း တို့လို့တန်းလန်းနဲ့။ အဲဒါက ဖတ်တာ ပြီးတော့မယ်။ ဒီအပတ် နည်းနည်းအားစိုက်ပြီး အချိန်ပေးဖတ်လိုက်ရင်တော့ ၃ ပတ်လောက်နေရင်တော့ ပြီးလောက်ပြီ။ အခုက စာအုပ်က week end စနေနေ့ ညမှပဲဖတ်ဖြစ်တော့တယ်။အခု Digging into WordPress စာအုပ်လေးလည်း အမြည်းဖတ်ကြည့်တာ တော်တော်မိုက်တယ်။ သိပြီးသားတွေပဲ။ ဒါပေမယ့် သူက သေချာပြန်ရှင်းထားတာ နမူနာယူလို့ ကောင်းလို့ အားရင် ဖတ်ကြည့်အုံးမယ်။ အခြားနေ့တွေက သတင်းတွေ ဖတ်ဖြစ်တာပိုများတယ်။ နောက်ပြီး တိုလီမုတ်စ ဟိုတို့ဒီတို့ စမ်းကြည့်တာတွေလည်း ပါတာပေါ့။ စနေနေ့လောက်ပဲ ဖတ်ဖြစ်တော့ iPad လည်း ဝယ်လို့ရရင်တော့ လမ်းသွားလမ်းလာတော့ ဖတ်ဖြစ်မယ်ထင်သားပဲ။ အခုက လမ်းသွားလမ်းလာချိန်ဆို video ကြည့်လိုက် သီချင်းနားထောင်လိုက်နဲ့။

အဲ.. ရေးတာတောင် iPad ကြော်ငြာဖြစ်သွားအုံးမယ်။ အခုတလော iPad ရောဂါရနေတာလည်း ပါတာပေါ့။ မြန်မာနိုင်ငံမှာ တော်တော်များများက ebook တွေ အများကြီး ဆွဲချထားပြီး ဘာလုပ်လဲတော့မသိဘူး။ တကယ်ဖတ်တယ်ဆိုလည်း ဖတ်ကောင်းတဲ့ တစ်အုပ်လောက်ကို ဖတ်လိုက်ရတာလောက် အရသာရှိတာ မရှိဘူး။ စာအုပ်တွေ အများကြီး ဟိုနည်းနည်း ဒီနည်းနည်းနဲ့ဆိုရင် ဖတ်ရတာ သိပ်မကောင်းတော့ဘူး။ စာအုပ်တွေ အများကြီး ချတာက တကယ်တန်း အဓိကမကျသလို စာအုပ်တွေ ဟိုဟာနည်းနည်း ဒီဟာနည်းနည်း ဖတ်တာကလည်း အခြေခံမရှိရင် မကောင်းဘူးဗျ။ စာအုပ် တစ်အုပ်မဖတ်ခင်တော့ အရင်ဆုံး site တွေမှာ review လေးတွေ လိုက်ဖတ်ပြီးမှ ဘယ်စာအုပ် ဖတ်သင့်လဲဆိုတာ ဆုံးဖြတ်ရင် ပိုကောင်းမယ်ထင်တယ်။ နောက်မို့ဆို ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်သွားမှာဆိုးလို့ပါ။ တချို့တွေဆိုရင် download ဆွဲရင် PHP,DotNET,Java,Flash အို.. စုံနေတာပဲ။ သူက အချိန်တွေ ဘယ်လိုပေးပြီးဖတ်လဲတော့ မသိဘူး။ အဲစာအုပ်တွေအကုန်ဖတ်ဖြစ်ရင်တော့ တကယ်လေးစားတယ်ဗျာ။

ရှောင်လင်က မေးတယ်။ မြန်မာနိုင်ငံကလူတွေ ဘာလို့ ebook ဒီလောက် အားကိုးရတာလဲတဲ့။ သူက စလုံးမှာ မွေးလာတာဆိုတော့ မြန်မာနိုင်ငံအကြောင်း အပြည့်အစုံမသိတာလည်း ပါမှာပေါ့။ မြန်မာနိုင်ငံမှာက မီးမလာတာရယ် နောက်ပြီး connection မကောင်းတာရယ်ကြောင့် လေ့လာဖို့ အဓိကဆိုလို့ ebook ပဲရှိတယ်။ ebook မှာပဲ လိုအပ်တာတွေ ရှာတာပဲ။ အဲ… အဲလို လိုအပ်တာတွေရှာဖို့ဆို cookbook က တော်တော်ကောင်းတယ်။ နောက်ပြီး သင်တန်းမတက်ပဲ self learning လုပ်ချင်တဲ့လူတွေကလည်း ebook ကိုပဲ အဓိက အားကိုးရတယ်။ ခက်တာက တချို့တွေက self learning လို့ နာမည်ခံပြီး စာအုပ်တစ်အုပ်မှ ပြီးအောင် မဖတ်ပဲ တစ်ခုပြီး တစ်ခု ခုန်နေတာပဲ။ အစက ဖတ်တော့ VB.NET ။ C# ကောင်းတယ်ဆိုတော့ VB.NET မပြီးသေးဘူး.. C# ပြောင်းဖတ်။ C# ဖတ်နေရင်း PHP က ပိုအသုံးများတယ်ဆိုတာနဲ့ PHP ပြောင်းပြန်။ Flash လေးက သုံးရတာမိုက်တယ် ဆိုတာနဲ့ Flash စာအုပ်ကို ပြောင်းဖတ်ပြန်ကော။ အဲလိုမျိုးက ကျွန်တော်လည်း first year က ဖြစ်ဖူးတာအမှန်ပဲ။ တကယ်တန်းတော့ စာအုပ်တစ်အုပ်လောက်ပြီးအောင် ဖတ်လိုက်မယ် စိတ်ထဲမှာ ဒီဟာ ဘယ်လောက်ကောင်းလဲဆိုတာ သိသွားတာ။ PHP စလေ့လာဖြစ်တုန်းက PHP MySQL Visual Quick Guide Pro စာအုပ်လေးနဲ့ စခဲ့တာပဲ။ အစအဆုံးလည်း ဖတ်လို့ပြီးသွားတယ်။ နောက်ပြီး 24 hours PHP လားမသိဘူး။ အဲဒီ စာအုပ်အလှည့်က ပိုပြီး မြန်သွားတယ်။ သိပြီးသားတွေက များတာကို။ အဲဒီစာအုပ်မှာက forum ဘယ်လိုလုပ်ရလဲ။ Gallery ဘယ်လိုလုပ်ရလဲစတဲ့ logic တွေပါတာ တော့တော်တော်မိုက်တယ်။

ကျွန်တော့်အနေနဲ့ ebook ဖတ်တဲ့အခါမှာပဲဖြစ်ဖြစ် စာအုပ်နဲ့ ဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် စာအုပ်တစ်အုပ်ကိုဖတ်ရင်တော့ အချိန်ပေးပြီး သေချာဖတ်စေချင်တယ်။ တချို့ အပိုင်းတွေက ၂ ခေါက် ၃ ခေါက်လောက် ဖတ်မှ နားလည်တဲ့ အပိုင်းတွေပါတတ်ပါတယ်။ စာအုပ်တစ်အုပ်မပြီးသေးဘူး.. နောက်တစ်အုပ်ဖတ်တာကတော့ သိပ်အဆင်မပြေလှဘူး။ Beginner ကနေ Beginner ပြောင်းနေသလိုပဲ။ အဲ.. လက်ရှိ ဖတ်နေတဲ့ စာအုပ်က အရေးအသားညံ့တယ်။ Logic တွေကလည်း မကောင်း။ ရှင်းလင်းတင်ပြပုံကလည်း နားမလည်။ ဒါဆိုရင်တော့ အခြားစာအုပ်ပြောင်းဖတ်ပေတော့။ ဆက်ဖတ်လို့လည်း ထူးမှ မထူးတာ။ အဲဒီလို ဆက်ဖတ်လည်း မထူးဘူးဆိုရင်တော့ အခြား စာအုပ်တစ်အုပ်ထပ်ရှာပြီး ဖတ်ကြည့်ပေါ့ဗျာ။


5 thoughts on “တကယ်ကော ဖတ်ဖြစ်ရဲ့လား

  1. ဒီစာအုပ်၂ အုပ်ဖတ်ချင်လို့ပါခင်ဗျာ ရှယ်ပေးလို့ရမလားသိဘူးအကိုရေ
    PHP MySQL Visual Quick Guide Pro

    24 hours PHP

  2. တကယ်ဖတ်မှာပါအကိုရေ……………………..
    ကျေးဇူးပဲဗျာ
    ယူသွားပြီ
    နောက်လဲ အမြဲလာမယ်
    မကြောက်ပါနဲ့ ဂျာ
    အကူညီတောင်းရုံလေးပါ
    ဟဟ………………..

  3. တကယ်ကျေးဇူးတင်တယ်နော်အကို
    ပေါ့ပျက်ပျက်လုပ်သွားတယ်
    ထင်မှာစိုးလို့
    နောက်တစ်ခေါက်ကျေးဇူးတင်သွားတာပါ

  4. ဟုတ်တယ်ဗျ…လူငယ်တော်တော်များများကဒီလိုပါပဲ(ကျွန်တော်အပါအ၀င်ပေါ့)..ကျွန်တော်လဲအဲဒီအကျင့်ပြင်ထားရတာသိပ်မကြာသေးဘူး..တကယ်စိတ်ပါတဲ့..နားလဲလည်တဲ့စာအုပ်တအုပ်လောက်ကိုပြီးသတ်အောင်ဖတ်နိုင်ရင်မဆိုးပါဘူး…

    ကျေးဇူးကိုစေတန်ရေ…
    ကိုစေတန့် blog ကိုလာရတာတခုမဟုတ်တခုကတော့အကျိုးရှိတယ်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>