မိတ်ဆွေများကြားက Facebook ဆက်ဆံရေး

Facebook က friend ဖြစ်သလို တက္ကသိုလ်လည်း အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရေးထားတာပါ။ တော်တော်လေးကို ကောင်းမွန်ပြီး မှန်ကန်တယ်ဗျ။ အခြား facebook အသုံးပြုသူတွေလည်း ဖတ်သင့်တယ်ထင်လို့ သူ့ဆီက ခွင့်တောင်းပြီး blog မှာ ပြန်လည်တင်ပြလိုက်ပါတယ်။

“Does Facebook loosen social ties among friends?” by khet yint yint ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

လူမှုကွန်ယက်ဖွဲ့ခြင်းဟာ ခုမှပေါ်လာတဲ့ အဆန်းတကြယ် အရာ မဟုတ်ပါ။ ရှေး မှတ်တမ်းတင်နိုင်တဲ့ လူသားသမိုင်းအစလောက်ကထဲက လူမှုအသိုင်းအဝိုင်းချင်း တူရာတူရာ စုဖွဲ့ပြီး ယှဉ်တွဲနေထိုင်လာကြခြင်းဖြစ်သည်။ ခေတ်တွေ သက္ကရာဇ်တွေပြောင်းလာပြီး ယခု စာဖတ်သူတို့ နေထိုင်ရာ လက်ရှိမှာတော့ နည်းပညာ ကျေးဇူးနဲ့ လူမှုကွန်ယက်ဖွဲ့ခြင်းသည်လည်း ပုံစံအသစ်အဆန်းအဖြစ် နေထိုင်မှုပုံစံထဲကို ချဉ်းနည်း ဝင်ရောက်လာပါပြီ။ ဒါဟာ ကမ္ဘာဟာ ရွာကြီးတစ်ရွာကြီး ဖြစ်လာပြီ လို့ လူမှုသိပ္ပံရှင် အပေါင်းတို့ အဓိပ္ပာယ် ဖွင့်ကြတဲ့ ခေတ်တစ်ခေတ်ရဲ့ အသီးအပွင့် တစ်ခုဖြစ်သလို ကြီးကြီးမားမား သရော်ချက်တစ်ရပ်လဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဒီလို ပြောရသလဲ ဆိုတာ အကျဉ်းအားဖြင့် စေ့ငု ကြည့်ရအောင်။

ပေါ်ဦးစ အွန်လိုင်းလူမှုကွန်ယက် တွေရဲ့ ကနဦး ရည်ရွယ်ချက်က တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာဒေသကွဲပြားစွာ အပြားကမ္ဘာမှာ နေထိုင်ကြတဲ့ သူတွေ အချင်းချင်း အွန်လိုင်းအသုံးချ ဝန်ဆောင်မှုများမှတဆင့် သိကျွမ်းစေရေးကို ပိုမိုအားသန်ပါတယ်။ ဒီလိုကြိုးပမ်းမှုတို့ရဲ့ ရလဒ်အဖြစ် လူမှုကွန်ယက်ဆိုတာ တစ်ခေတ်ဆန်းလို့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေထဲအထိ အခန့်သားနေရာယူလာကြပါတယ်။ အင်တာနက်ဆိုတာ ဆင်စွယ်နန်းတော်ထဲမှာသာ အသုံးပြုခဲ့ရာက သူသူကိုယ်ကိုယ် သုံးစွဲနိုင်တဲ့ နေ့စဉ်သုံး ဝေါဟာရ အဖြစ်ရောက်ရှိလာခြင်းကလဲ အဓိက အခန်းကဏ္ဍ အဖြစ်ပါဝင်ခဲ့တာ အသေအချာပါပဲ။ ဒီလိုနဲ့ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတဲ့ တောင်းဆိုမှုနဲ့အညီ နဂိုမူလထဲက ခင်မင်ရင်းနှီးရင်းစွဲရှိထားပြီးသား သူငယ်ချင်းတွေ၊အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို တစ်နေရာထဲ စုစည်းပေးနိုင်တဲ့ facebook ခေါ် အွန်လိုင်းဝန်ဆောင်မှုတစ်ခု ထင်ပေါ်လာပါတော့တယ်။ ဒီမှာတစ်ခု သတိပြုမိစရာ ရှိတာကတော့ ဟိုးတုန်းကလို မသိမကျွမ်းတဲ့သူတွေကို အွန်လိုင်းမှာ စတင် ခင်မင်မှု အစပြုနိုင်အောင် စွမ်းဆောင်ပေးတဲ့ အင်တာနက်ဝန်ဆောင်မှုမျိုးတွေနဲ့ မတူတော့ပဲ facebook ရဲ့ တမူထူးခြားတဲ့အချက်ဖြစ်တဲ့ နဂိုက ခင်ပြီးသား ကျောင်းနေဖက်ချင်း၊ လုပ်ဖက်ကိုင်ဖက်ချင်းတွေကို ရှာဖွေ ပေါင်းစည်းပေးနိုင်တဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

more…

4 thoughts on “မိတ်ဆွေများကြားက Facebook ဆက်ဆံရေး

  1. ကျနော့အနေနဲ့ကတော့ သူ့ရှု့ထောင်ကနေကြည့်ပြီး သူမြင်တာ ပြောတယ်လို့ပဲထင်တယ်။

    ပြီးတော့ တန်ဆေးလွန်ဘေးဆိုသလိုပဲ facebook ကို တော်ရုံသင့်ရုံလောက်သာ သုံးသင့်ပြီး သိပ်ပြီး အလွန်အကျွံမစွဲလမ်းသင့်ဘူးလို့ ဒီပိုစ်က အသိပေးလိုက်သလိုတော့ ဖြစ်သွားတယ်။

    • facebook က စသုံးကာစဆို ပျင်းဖို့ကောင်းပေမယ့် နောက်ပိုင်း တော်တော်အလုပ်ရှုပ်တဲ့ အရာဖြစ်လာတာတော့ အမှန်ပဲ :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>