ယောင်ခြောက်ဆယ် (Mobile Dev)

အခုခေတ်က တော်တော်ယောင်လို့ ကောင်းတဲ့ ခေတ်လို့ ဆိုရမလားမသိဘူး။ Language တွေ ယောင်လို့ ပြီးလို့ Mobile Development လုပ်တော့မယ်ဆိုရင် ထပ်ယောင် စရာတွေ လာပြီ။ Android ကိုလုပ်မလား iPhone ကိုလုပ်မလား။ နောက်ပြီး ၂ ခုလုုံးလုပ်ချင်တယ်ဆိုတဲ့သူတွေလည်း ရှိသေးတယ်။ ဟိုးအရင်တုန်းက Mobile အတွက် Nokia Symbian ပဲရှိတော့ Java လေ့လာပဲ။ အခုတော့ ခေတ်တွေက ပြောင်းသွားပြီ။ Web Developer လည်း Mobile App ရေးလို့ရကုန်တော့ Web Developer တွေလည်း Mobile လိုင်းကို ယောင်တောင်တောင်နဲ့ လွယ်လွယ်လေး ကူးလို့ရနေပြီ။

အရင်ဆုံး ဘာကို Development လုပ်မှာလဲ။ Android လား iPhone လား ။

iPhone Dev

iPhone ကို လိုက်တော့မယ်ဆိုရင်တော့ ပုံမှန် Native အားဖြင့် အရင်ဆုံး Mac ရှိဖို့လိုတယ်။ နောက်ပြီး iPhone SDK ကို download ချပြီး Objective-C လေ့လာဖို့လိုမယ်။ iPhone SDK size က 2GB လောက်ရှိတယ်။ နောက်ပြီး iPhone Developer Account ကို ဝယ်သင့်တယ်။ ဒါမှ Device ပေါ်မှာ စမ်းလို့ရမှာ။ အဲဒီအတွက် $99 ကုန်မယ်။ အဲ… ရောင်းတော့မယ်ဆိုရင်လည်း Bank က swift code ရှိတဲ့ bank ဖြစ်ဖို့လိုတယ်။ နောက်ပြီး App ကို အခုတင် အခု App store မှာ မရဘူး။ သူတို့ Review လုပ်ပြီးမှရမယ်။ အဲဒီအတွက် အချိန် အမြန်ဆုံး ၁ ပတ်။ အကြာဆုံး ၁ လ လောက်တော့ ပေးရမယ်။ Approve မဖြစ်ရင် reject လုပ်လိုက်မယ့်။ အဲ.. ရောင်းရင် ကိုယ်က 70% ပဲပြန်ရမှာနော်။

Android Dev

Java အနည်းငယ်တတ်ဖို့လိုတယ်။ Android SDK ကို download ချပြီး Eclipse နဲ့ တွဲသုံးဖို့လိုတယ်။ SDK ကို စသွင်းကာစမှတော့ တော်တော်စိတ်ညစ်ဖို့ကောင်းတာ ကြုံရလိမ့်မယ်။ SDK သွင်းဖို့ Download အကြာကြီး စောင့်ရလိမ့်မယ်။ Android ကတော့ java ဆိုတဲ့ အသံကြားကတည်းက လေ့ကို မလေ့လာတော့တာ။ လူက ဘာကြောင့်လဲမသိဘူး။ Java ဆိုကတည်းက စိတ်ကို မဝင်စားတာ။ Android Market မှာတင်ဖို့ $25 ပေးဖို့လိုတယ်။ သူလည်း Apple လိုပဲ ရောင်းရင် 70% ပဲ ကိုယ်က ပြန်ရမှာ။ သူက Google Android Market အပြင် Motorola Market လည်း ရှိတယ်။ တကယ်လို့ Market ပေါ်မတင်ပဲ apk file ထုတ်ပြီး ဖုန်းတွေမှာ သွင်းလို့ရတယ်။ iPhone ကတော့ အဲလိုမရဘူး။ အဲဒါကတော့ Android က သာတယ်လို့ ဆိုလို့ရမယ်။

Cross Platform

တစ်ခါရေး ၂ ခုလုံး Run ဖို့ကော မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့။ ကျွန်တော် အပေါ်မှာပြောခဲ့ပါတယ်။ Web Developer တွေအနေနဲ့ App ကို လွယ်လွယ်ရေးလို့ရနေပြီ။ ဘာတွေနဲ့ ရေးလို့ရသလဲ။

Phonegap

လက်ရှိ အလွယ်ဆုံးနဲ့ အမြန်ဆုံး ထွေထွေထူးထူး ဘာမှ လေ့လာစရာမလိုပဲရေးလို့ရတာကတော့ Phonegap ပဲ။ သူက compile ပဲလုပ်ပေးတာလေ။ HTML နဲ့ ရေး။ ပြီးရင် XCode မှာ phonegap template သွင်းပြီး compile လုပ်လိုက်ရုံပဲ။ Android အတွက်ဆိုလည်း Eclipse နဲ့ compile လုပ်လိုက်ရုံပဲ။ HTML ကနေ Phone App ဖြစ်သွားပါလေရော။ Phonegap API အနည်းငယ်တော့ လေ့လာလို့ရတယ်။ SDK ရဲ့ API တွေယူသုံးချင်ရင် phonegap api တွေလေ့လာလို့ရတယ်။ ဒါပေမယ့် အများကြီး မရဘူး။ သူက HTML ကို app ပြောင်းဖို့အတွက်လောက်ပဲ။ မကောင်းတဲ့အချက်ကတော့ compile လုပ်ရင် မလိုအပ်တဲ့ service တွေပါ ထည့်ပြီး compile လုပ်လိုက်တာပဲ။ ရှိသမျှ service တွေအကုန်ထည့်ပြီး compile လုပ်တာတော့ ဆိုးတယ်။

Titanium mobile

သူကလည်း phonegap လိုပဲ။ ဒါပေမယ့် သူက ပိုလေ့လာရတယ်။ Phonegap လို လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အရင်ဆုံး Titanium API ကိုလေ့လာရတယ်။ သူက javascript ပဲ။ သူ့ API က webview object ကနေ html ကို load လုပ်ပြီး phone gap လို လုပ်လို့ရသလို native textbox တို့ button တို့ tab တို့ ဖန်တီးလို့ရတာကတော့ phonegap ထက်သာတယ်။ ဒါပေမယ့် သူကလေ့လာဖို့အတွက် အချိန်ပေးရတယ်။ အခု iPad အတွက်ပါ ရနေပြီ။

Rhomobile

ဒါကတော့ Ruby သမားတွေအတွက်ပေါ့။ Ruby နဲ့ iPhone , Android တွေကို ရေးလို့ရအောင်ပေါ့။ တစ်ခါမှတော့ မစမ်းဘူးဖူး။

Others

အခြား Development တွေက ထွေထွေထူးထူးမရှိပါဘူး။ နာမည်မရှိတဲ့ mobile framework တွေကတော့ အများကြီးပဲ။ နောက်ပြီး ဝယ်ရတဲ့ Dragonfire SDK တို့ anscamobile တို့လိုမျိုးဟာတွေ လည်းရှိသေးတယ်။

Adobe Flash CS5 for iPhone Dev

Adobe Flash CS5 မှာ iPhone အတွက်ရေးလို့ရပြီ။ App store က Native မှလက်ခံမယ်ဆိုလို့ Patch အသစ်ထုတ်ပေးထားတယ်လို့တော့ ကြားတယ်။ တစ်ခါမှတော့ မစမ်းဘူးဖူး။

.NET ?

အခုတလော rumor တစ်ခုထွက်နေတယ်။ WWDC မှာ Steve B တက်မယ်လို့ ကြားတယ်။ VS.NET မှာ iPhone native app ရေးလို့ရတာ ကြေငြာမယ်လို့လည်း ပြောနေကြတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ Android ကို Mono နဲ့ရေးလို့ရတယ်ကြားတယ်။

ကဲ… mobile development အတွက် ဘာကို လေ့လာမလဲ ???


16 thoughts on “ယောင်ခြောက်ဆယ် (Mobile Dev)

  1. Mac ၀ယ်စရာ မလိုုတော့ပါဘူးဗျ.. VS 2010 မှာ iPhone အတွက် ပါလာလိမ့်မယ်။ “the new version of VS will allow developers to write native applications for the iPhone, iPad and Mac OS.” ( http://goo.gl/qEYV ) .. ကိုုယ်တွေ မက်ဘုုတ်၀ယ်ထားတဲ့သူတွေကိုု Steve Job ကြီး သစ္စာဖောက်တာ .. မတရားဘူး.. မိုုးနတ်မင်း ကယ်ပါ :D

    နောက် Mono နဲ့ ရတယ်ဆိုုပေမယ့် အဆင်မပြေတာတွေ အများကြီးပါဗျာ .. native ကတော့ ရှင်းပါတယ်။

    ကျနော်လည်း အရင်တုုန်းက ဖြစ်ချင်လိုုက်တာမှ web developer .. ခုု လုုပ်နေရတာ java နဲ့ android .. :X

    • Update: No, He Won’t လို့ ပြင်ထားတယ်.. အဲဒါက rumor ပဲ.. Steve က ပြောထားတယ်.. xcode နဲ့ compile လုပ်ထားတာမဟုတ်ရင် app store က လက်မခံဘူးလို့ပြောထားပြီးသား.. ဘယ်လို လာမလဲတော့မသိ..

  2. ကံကောင်းလိုက်ထာ… ဘာမှမလေ့လာရသေးသလို ဘာမှလဲ ရေးတတ်ဘူး…. ဘာမှမလုပ်တော့ဘူး… ;)

  3. I am starting to learn on Android and iPhone. Hope if you can recommend me some kind of website for video tutorials and reading materials.

    Thanks a lot

  4. Android application can be also written in Python.
    Like .apk, iPhone application can be also installed as Beta testing application if you know the IDs of the iPhone.

  5. ကိုစေတန် Mono တို့ Flash (Catalyst) for iPhone တို့က အရင်တစ်ခေါက် OS 4.0 မိတ်ဆက်လုပ်တုန်းကတည်းက Steve က လက်မခံဘူးပြောတယ် ကိုစေတန် http://tinyurl.com/y55vxjq Adobe Flash ကပါတာ SDK က တရားမ၀င်ဖြစ်သွားတယ်။ ကျန်တာဆိုလို့ HTML, CSS, Javascript နဲ့ ရေးတဲ့ SDK တွေပဲ တရား၀င်ကျန်ခဲ့တယ်။

    • Flash က အဲဒီပြဿနာအတွက် path ထပ်ထုတ်တယ်ကြားတယ်။ သိပ်တော့ မသေချာဘူး။ Native ဖြစ်ရမယ်ဆိုလို့ Native ဖြစ်အောင် compile ပြန်လုပ်ပေးတယ်လို့ကြားတာပဲ။ သေသေချာချာတော့ မသိသေးဘူး။ ရှာဖတ်ကြည့်လိုက်အုံးမယ်။

  6. ဟုတ်တယ် .. တကယ်တန်း ဘာလုပ်လို့လုပ်ရမှန်း မသိပဲ ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုး ဖြစ်တတ်တယ်။ နောက်ပြီး တကယ့်အသုံးဝင်မည့် ကိုယ့် Thinking နဲ့ ကိုယ့်ရည်ရွယ်ချက်နဲ့ တန်ဖိုးရှိတဲ့ Apps လည်းရေးတတ်ဖို့လိုသေးတယ်။ သူများရေးထားတဲ့ဟာထက် အကောင်းဆုံးဖြစ်အောင် ရေးနိုင်ရင်တော့ တစ်မျိုးပေါ့ .. မရေးနိုင်ရင် Market ထဲ ဝင်တိုးဖို့လည်း ခက်တယ်။

    စေတန်ရေးလိုက်တဲ့ Post အတွက် ဗဟုသုတ အဖြစ်ကျေးဇူးတင်ပါတယ်။

  7. တိုက်ဆိုင်တယ်လို့ ပြောရမယ်။ ခုဏကပဲ boss က iPhone app development အကြောင်းလေး ရှာဖတ်ပြီး သူ့ကိုပြောပြ ခိုင်းတယ်။ (customer တွေနဲ့တွေ့တဲ့အခါ သူပွားရအောင်လို့)။
    အဲဒိအခါမှ နဲနဲသွားတီးမိ ခေါက်မိတယ်။

    ကျနော်လဲ java ဆို JavaScript ကလွဲရင် လုံး၀ကို စိတ်၀င်စားလို့မရဘူး။

    လောလောဆယ် ထွက်နေတဲ့ app တွေတောင် သေခြာလိုက်စမ်းမသုံးဖြစ်တာကြာဘီ အသစ် develop လုပ်ဖို့တော့ အတော်ေ၀းမယ်ထင်တယ်။ ကိုယ်ညဏ်မှီသလောက် လိုက်စဉ်းစားဖြစ်တာတွေ အကုန် လုပ်ပီးသား ဖြစ်နေမယ်လို့ ထင်တာပဲ။ Myanmar market အတွက်ဆိုရင်တော့ တမျိုးဖြစ်မယ်ထင်တယ်။

    မျှော်လင့် နေရတာပဲ

    ဒီ Post အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ဗဟုသုတ အတော်ရလိုက်လို့ပါ

  8. J2ME က iPhone App ရေးလို့မရဘူးလားဗျ
    ကျနော်က ရတယ်ထင်ပီး j2me ဆက်တက်နေတာ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>