Becareful Your Gmail

ကျွန်တော့် သူငယ်ချင်းတစ်ယောက် သူ့ကောင်မလေး email ကို hack လို့ရသွားတယ်။ ဘယ်လိုလုပ်မိလဲမသိတော့ဘူး။ ဒါနဲ့ ကျွန်တော်သိလိုက်ပါပြီ။ forget email ကနေ သွားလိုက်တာပဲ။ ဒါနဲ့ တစ်ယောက်ယောက်ရဲ့ mail ကို စမ်းကြည့်လိုက်တယ်။ ပထမ တစ်ယောက် မရပေါင်။ secondary mail ကိုပို့လိုက်ပါတယ်။ ဒါနဲ့ နောက်တစ်ယောက် ထပ်စမ်းတယ်။ မရ။ secondary mail ကိုသွားပို့တယ်။ နောက်တစ်ယောက်စမ်းတယ်။ ရသွားတယ်။ security question လာမေးတယ်။ သုံးတဲ့ ဖောင်တိန် အရောင်တဲ့။ အရောင်တွေ တစ်ခုပြီး တစ်ခု ၃ ခေါက်လောက်လည်း ထည့်လိုက်ကော မှန်သွားပါလေရော။ new password ထည့်ခိုင်းတယ်။ ဒါပေမယ့် မဖြည့်လိုက်ပါဘူး။

ဒါကြောင့် သိလိုက်တယ်..

၁. gmail account မှာ secondary mail ထည့်ထားသင့်တယ်။

၂. Security question ကို လွယ်လွယ်လေး ဖြေလို့၇အောင် မထည့်သင့်ဘူး။ အရောင်တွေ ဖုန်းနံပတ်တွေပေါ့။ အဲဒါတွေက ဖြည့်ရတာလွယ်တယ်။ ခက်ခက်လေးနဲ့ ကိုယ်မှတ်မိတာလေး ထည့်ထားသင့်တယ်။

အမှန်တိုင်းပြောရင် gmail က ၁၀၀ ရာနှုန်း စိတ်ချရတာမဟုတ်ဘူးနော်…

2 thoughts on “Becareful Your Gmail

  1. ဟုတ်ပါ့ .. ဒါပေမယ့် သုံးသူရဲ့ ဂရုတစိုက် အလေးထားမှုက အရေးပါတယ်ဗျ၊ လွယ်အောင်ပေးထားတာတော့ သူ့အမှားပေါ့လေ .. ။

    ကိုဒီဘီ

  2. ကျေးဇူးပါ ကိုစေတန်ရေ။
    ကျွန်တော့် ဂျီမေးလ်ကို သွားစစ်ရတော့မယ် ။ အဲဒီထဲမှာ အရမ်းအရေးကြီးတဲ့စာတွေ သိမ်းထားတာ ။ အထူးသဖြင့် ကျောင်းကပို့တဲ့စာတွေများတယ် ။ ကျွန်တော်ချက်ချင်းသွားစစ်တော့မယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>