Devfest 2010

သောကြာနေ့တိုင်းက Devfest ကိုသွားဖြစ်တယ်။ ရုံးက registration လုပ်ပေးထားလိုက်လို့ သွားလိုက်ရတာ။ အစက ရှိမှန်းတောင် မသိ။ ပွဲကတော့ အဓိက HTML5 နဲ့ Chrome အကြောင်းကို အဓိကပါပဲ။ ကျန်တာတွေက ကျွန်တော်လည်း သိပ်ပြီး စိတ်မဝင်စားမိဘူး။ App Engine ဆိုတာကကောင်းပေမယ့် Python သမားမဟုတ်တော့ ဘာမှမဟုတ်ပြန်ဘူး။ နောက်ပြီး Google က Google Storage အသစ်အကြောင်းလေး မိတ်ဆက်သွားတယ်။ နောက်ပြီး သဘောကျတာကတော့ Google Maps V3 API ပဲ။ သူပြသွားတဲ့ မိတ်ဆက်လေးကြည့်ပြီး ရန်ကုန်အတွက် Website လေးရေးကြည့်ရင် ကောင်းမလားလို့တောင် စဉ်းစားမိသေးရဲ့။

Connexis Tower မှာ ပွဲကလုပ်တာပါ။ မနက်စာကော နေ့လည်စာပါကျွေးတဲ့အတွက် တော်တော်အဆင်ပြေတယ်။ သူ့ Agenda က

  • 08:30 – 09:00 – Registration
  • 09:00 – 09:15 – Introduction/Welcome
  • 09:15 – 10:15 – Maps
  • 10:15 – 10:30 – Morning break
  • 10:30 – 11:30 – Chrome/HTML5
  • 11:30 – 12:30 – Social
  • 12:30 – 13:30 – Networking Lunch
  • 13:30 – 14:30 – Apps
  • 14:30 – 15:30 – Demos
  • 15:30 – 15:45 – Evening break
  • 15:45 – 16:45 – Code Lab 1 – Google
  • 16:45 – 17:45 – Code Lab 2 – Google
  • 17:45 – 18:00 – Closing

သို့ပေမယ့်လည်း လူတွေက ၉ နာရီခွဲ လောက်မှာ စုံတော့ ၉ ခွဲလောက်မှ စဖြစ်တယ်။ ပွဲမှာ သဘောကျတာက HTML5 slideshow ပါ။ Google ရဲ့ html5rocks.com မှာ သုံးထားတဲ့ HTML5 slideshow ကိုသုံးထားတာပဲ။ HTML5 နဲ့ Google Maps အကြောင်းတော်တော်လေးသိသွားတော့ သွားရတာ တန်တယ်လို့ ဆိုရပါလိမ့်မယ်။ အဲ.. တန်တယ်ဆိုလို့ အဲဒီပွဲက Free ဗျ။ အကျင်္ ီတထည်လည်း Free ပေးသေးတယ်။ ဘာအကျိုးအမြတ်ပြန်ရမယ်ဆိုတာကို မသိပေမယ့် တော်တော်လေး သဘောကျခဲ့တာအမှန်ပဲ။ အဲ.. နောက်ပြီး ပွဲမှာ ထူးခြားတာက လာတဲ့သူတွေတော်တော်များများက Macbook Pro တွေနဲ့ နောက်ပြီး iPhone သို့မဟုတ် Android ဖုန်းတွေနဲ့ကြီးပဲဗျ။ အဲ.. iPad နဲ့ လာတဲ့သူတောင် ရှိသေးတယ်။

သူ့ပွဲမှာ ပြထားတဲ့ အထဲက အောက်က Link လေးတွေကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ အထူးသဖြင့် HTML5 video ပေါ့။

HTML5 video

http://www.craftymind.com/factory/html5video/CanvasVideo.html

http://www.xanthir.com/video/demo3.html

Google MAP API V3

www.goo.gl/1Mdz

HTML5 + JsAPI + CSS3

http://html5rocks.com

Google MAP API V3 Sample

http://whereiscoffee.appspot.com

http://gmaps-samples-v3.googlecode.com/svn/trunk/

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>