Dropbox with Folder Link

Dropbox သုံးရင် ပြဿနာ တစ်ခု ကြုံရတတ်တယ်ဗျ။ ဥပမာ။။ ကျွန်တော်က project ကို htdocs အောက်မှာ ရေးရတယ်ဗျာ။ အဲဒီအတွက် sync လုပ်ဖို့ အမြဲ copy paste လုပ်မနေချင်ဘူးဗျာ။ ဒါနဲ့ ဒီနေ့ရှာကြည့်လိုက်တော့ dropbox website မှာ ရေးထားတာ တွေ့လိုက်ရတယ်။

Mac OSX နဲ့ Linux တွေဆိုရင်

[lang name="shell"]ln -s /path/to/folder/name_desired_folder/ ~/Dropbox/desired-folder[/lang]

အဲလိုလေး terminal မှာ ရေးလိုက်ရင် ရပါတယ်။ ရမရကို terminal ကနေ cd နဲ့ သွားပြီး ls နဲ့ ကြည့်လိုက်ရင် ရပါလိမ့်မယ်။ ls နဲ့ ကြည့်လို့ရရင် setting မှန်ပြီပေါ့။ ကျွန်တော် symlink နဲ့ လုပ်လို့ရတာတော့ သိတာ ကြာပြီဖြစ်ပေမယ့် စမ်းတာ မရဘူးဗျ။ ဒီနေ့မှ သိတော့တယ်။ ကျွန်တော်က source folder ကို full path မပေးပဲ folder name နဲ့ပဲပေးလိုက်လို့မရဘူးဖြစ်သွားတာ။ ဒါကြောင့် full path ပေးဖို့မမေ့ဖို့လိုတယ်။

Windows

Windows မှာကတော့ JUNCTION ဆိုတဲ့ Utilities သုံးဖို့လိုလိမ့်မယ်။ ဒါမှမဟုတ် Windows Vista နဲ့ Windows 7 ဆိုရင်တော့ MKLINK ဆိုတဲ့ command ကို သုံးလို့ရတယ်။

1. Move your folder to the “My Dropbox” folder.

[lang name="shell"]move ”C:\Path\To\DesiredFolder” ”C:\Documents and Settings\User\My Documents\My Dropbox\”[/lang]

2. Create the symbolic link at the old location.

[lang name="shell"] junction ”C:\Path\To\DesiredFolder” ”C:\Documents and Settings\User\My Documents\My Dropbox\DesiredFolder”[/lang]

or

[lang name="shell"] mklink /D ”C:\Path\To\DesiredFolder” ”C:\Users\Steve\Documents\Dropbox\DesiredFolder”[/lang]

GUI in Windows

Dropbox Folder Sync ကို သွင်းပြီး Right Click နဲ့ Folder Sync လုပ်လို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>