Enable Multitasking and Wallpaper in iPodTouch 2G

မနေ့က Jailbreak ရတော့ လူက ထပ်လိုချင်လာပြန်ကော။ ဘာလည်းဆိုတော့ Multitasking ။ iOS 4 ခြင်း အတူတူဘာလို့မရရမှာလဲ။ ဒါနဲ့ရှာကြည့်တော့ 3G အတွက်တွေ့တယ်။ 3G မှာပြောထားတဲ့ file က iPodTouch မှာ မရှိ။ ဒါပေမယ့် နာမည်ဆင်တူ တဲ့ file လေးတော့တွေ့တယ်။ အဲဒါနဲ့ 3G မှာ ပြောထားတဲ့အတိုင်း လုပ်။ ပြီးတော့ restart ချ။ ဟော… မတက်လာတော့ဘူး…

OS က မတက်လာပဲ Apple Logo မှာ ရပ်နေပြီ။ ၂ မိနစ်လောက် စောင့်တယ်။ မတက်လာ။ ဒါနဲ့ Force Restart လုပ်လိုက်တယ်။ Power + Home ကို ဖိထားပြီးတော့ force restart ပြန်လုပ်ရတာပေါ့။ လူက ရင်တထိပ်ထိပ်နဲ့ စောင့်နေတာ။ တက်လည်း တက်လာရော multitask ကော home screen wallpaper ပါရပါလေရော။ Home Screen Wallpaper ထည့်ထားတာ နည်းနည်းလေး သလို ခံစားလိုက်ရတာနဲ့ value ကို false ပေးပြီး ပြန်ဖြုတ်လိုက်တယ်။ ပြီးတော့ restart ချကြည့်တယ်။ OK တယ်။ ဘာပြဿနာမှ မရှိ။ မယုံလို့ထပ် restart ချကြည့်တယ်။ working fine ပဲ။ အခုဆိုရင် ကျွန်တော့် iPodTouch လေး jailbreak လုပ်ပြီးတဲ့အခါမှာတော့ Multitasking လေးရသွားပါပြီဗျာ။

ဘယ်လိုလုပ်ရမလဲ သိချင်ရင် အောက်က link မှာ ဖတ်နိုင်ပါတယ်။
http://www.macforus.com/lang/en-us/multitasking-and-home-screen-wallpaper-in-iphone-3g-and-ipodtouch-2g

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>