Enough

ကျွန်တော်တို့တွေဟာ တော်တော်လေးကို လောဘကြီးတယ်ဗျ။ လောဘကြီးတယ်ဆိုတာက ပညာ လောဘကြီးကျတာ။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လောဘကြီးမှန်းလည်း ကိုယ်တိုင်လည်း မသိကျတာများတယ်။ ကျွန်တော် ရန်ကုန်မှာတုန်းကဆို စာတော်တော်များများ ဖတ်ဖြစ်တယ်။ သတင်းတွေလည်း အတတ်နိုင်ဆုံးဖတ်တယ်။ ROR ဆိုလည်း လုပ်လိုက်တာပဲ။ python လည်း စမ်း။ php လည်းချ။ java , c# လည်း လုပ်တာပဲ။ စာအုပ်တွေလည်း အကုန်ဖတ်ပဲ။ ဒီရောက်တော့ အဲလို မလုပ်နိုင်တော့ဘူး။ ရုံးဆင်းချိန် ၈ နာရီလောက် အိမ်ပြန်ရောက်တော့ ပင်ပန်းနေပြီ။ news တွေလည်း weekend မှ ပေါင်းဖတ်ပဲ။ ညဘက်ရောက်တော့ ကိုယ်စိတ်ဝင်စားတာလေးတွေ လုပ်ပေါ့။ ( Anime ဇာတ်လမ်းတွဲတွေ ကြည့်တာများတယ် ) ရုံးက ပြန်ရောက်လာရင် ခေါင်းက ဘာမှ စဉ်းစားလို့မရတော့ဘူး။ ခေါင်းအေးအေးလေးနဲ့ ကိုယ်လက်လှုပ်ရှားစရာမလိုပဲ ငြိမ့်ငြိမ့်လေးဖြစ်တဲ့ သီချင်းနားထောင်တာတို့ ရုပ်ရှင်ကြည့်တာတို့လောက်ပဲ လုပ်ဖြစ်တော့တယ်။

တကယ်တော့ လုပ်ချင်တာတွေ အများကြီးရှိပါတယ်။ facebook connect သုံးတတ်ပြီ။ fbml လုပ်ချင်တယ်။ Google API သုံးတတ်ပြီ။ Google API သုံးပြီး အခြားဟာလေးတွေ ရေးကြည့်ချင်တယ်။ RESTful နားလည်ပြီ။ RESTful ကို လက်ရှိ product တွေမှာ ထည့်ပေးချင်တယ်။ နောက်ပြီး Openstreet map လိုမျိုး opensource တွေ OpenID လိုမျိုး API တွေ အရမ်းစမ်းချင်တယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ချုပ်ထိန်းလိုက်ပြီ။ ကျွန်တော်တို့ရောင့်ရဲဖို့ လိုတယ်။ ရောင့်ရဲတာနဲ့ ပျင်းတာ မတူပါ။ ရောင့်ရဲတယ်ဆိုတာ လိုချင်တာတွေအများကြီးထဲမှ အလိုချင်ဆုံးအရာတစ်ခုကို အလိုအပ်ဆုံးအရာတစ်ခုကို ရအောင် ယူတာ။ ဘာမှ မယူပဲ ငုတ်တုတ်ထိုင်နေတာမဟုတ်။ ဒါကတော့ ကျွန်တော့် ခံယူချက်ပေါ့။ ဘာသာရေးနဲ့ မဆိုင်။ ကျွန်တော်တို့ တကယ်လိုအပ်တာ ရုံးမှာ ဘာ technology ပြောင်းသုံးဖို့လိုလဲ။ ရုံးမှာ ဘာ technogloy ကို သုံးဖို့ အဆင်သင့်ပြင်ထားလဲ။ အဲဒါကို လေ့လာဖို့ လိုရင် လေ့လာတယ်။ တနလာင်္နေ့ ရုံးမသွားခင် တနင်္ဂနွေနေ့မှာ ပြီးခဲ့တဲ့ ၁ ပတ်က လုပ်ခဲ့တဲ့ project လေးတွေကို ပြန်စဉ်းစားပြီး ဝေဖန်သုံးသပ်ကြည့်တယ်။ ဘာတွေလိုအပ်လဲ။ ဘာတွေ ပြင်ဖို့လိုလဲ။ ဒါက တကယ်လိုအပ်တာ။ အဲဒီ တကယ်လိုအပ်တာကို အရင် အချိန်ပေးတယ်။ ပြီးတော့ ကိုယ်အလိုချင်ဆုံး ဖြစ်နေတဲ့ အရာတစ်ခု။ လက်ရှိတော့ MZ 2.0 system ပေါ့။ သူ့ကို အချိန်ပေးတယ်။ ဒီလောက်ပဲ တော်ပြီ။ လုပ်ချင်တာတွေ အများကြီး။ ဖြစ်ချင်တာတွေ အများကြီး လက်ရှိ အချိန်မှာ မလိုအပ်သေးရင် မလုပ်တာ အကောင်းဆုံးပဲ။ လက်ရှိ ပစ္စပ္ပုန်မှာ အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ လိုတယ်။ အနာဂတ်တွေ အတွက် အများကြီး တွေးမပူနေတာ အကောင်းဆုံးပဲ။ ကိုယ်အခု ပညာလောဘကြီးပြီး လေ့လာထားတာတွေက နောက် ၂ နှစ်လောက်ဆိုရင် out of date ဖြစ်ရင် ဖြစ်သွားမှာ။ အခုအချိန်က အရင်ကနဲ့ မတူတော့ဘူး။ နည်းပညာတွေက အရမ်းကို မြန်တယ်။ API တွေကလည်း အများကြီး လျှပ်စီးလက်သလို တဖြတ်ဖြတ်နဲ့ တိုးတက်နေတာ အရမ်းမြန်တယ်။ ကိုယ် အများကြီးလေ့လာထားပြီး သုံးဖို့နေရာမရှိရင် အလကားပဲ။ လိုအပ်တာကို လေ့လာပြီး အပြည့်အဝ အသုံးချနိုင်မှသာ တကယ်အဖိုးတန်တာ။ ပညာလောဘ မကြီးနဲ့။ ရောင့်ရဲပါ။ ကိုယ် တကယ်ဘာလိုအပ်လဲ။ သူတို့ကိုယ့်ကို ဘာကြောင့်လိုအပ်တာလဲ။ ကိုယ့်မှာ ဘာ power ရှိလို့ သူတို့ လိုအပ်တာလဲဆိုတာ သိဖို့လိုတယ်။

နောက်ပြီး education က ပြတ်သွားလို့ မရဘူး။ ဒါကြောင့် ကျွန်တော် အပေါ်မှာ ပြောခဲ့ပါတယ်။ ဘာ technology တွေ ပြောင်းသုံးတော့ မလဲ။ သုံးတဲ့ technology ကို လေ့လာထားဖို့ လိုတယ်။ ပညာဆိုတာ အကုန်တတ်လေ ကောင်းလေလေပေမယ့် လူမှာ လက်ခံနိုင်တဲ့ limit ရှိတယ်။ naruto ကားမှာတောင် ပါသေးတယ်။ jutsu များများတတ်ချင်တဲ့လူဟာ အမှားတွေကို ကျူးလွန်တတ်တယ်။ နောက်ပြီး သူများ jutsu ကို အားကျပြီး လိုချင်တဲ့သူဟာ အားကျတာကနေ မနာလိုတာကိုပြောင်းပြီး အမိုက်မှောင် ဖုံးတတ်တယ်။ ဒါတွေဟာ ကာတွန်းကားထဲမှာပါပေမယ့် တကယ့်ကို သတိပြုစရာတွေပဲ။ ကျွန်တော်တို့မှာ limit ရှိတယ်။ ကိုယ့် limit ကို ကိုယ်သိဖို့လိုတယ်။ သူများ ဒါကို ထွင်လိုက်လို့ အစက အားကျပေမယ့် နောက်ပိုင်း မနာလိုတာတွေ ဖြစ်လာတယ်။ မနာလိုတာဖြစ်ပြီး ကိုယ်လည်း လိုက်မလုပ်နိုင်ရင် ဘေးထိုင်ဘုပြော မကောင်းပြောတာတွေ ဖြစ်လာတယ်။ ဒါတွေက ကိုယ်တိုင်လည်း သိမှာမဟုတ်ဘူး။ ကိုယ်က အမှောင်ဖုံးနေပြီ။ ဒါမျိုးတွေက ကျွန်တော်တို့ နည်းပညာလောကမှာ ဖြစ်တတ်ပါတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက အဲလိုတွေ ဖြစ်ဖူးတာပဲ။ မနာလိုခြင်းဆိုတာ အရမ်းကြောက်ဖို့ကောင်းတယ်။ ကိုယ့်ကိုယ်ကို ကြိုးစားချင်စိတ်ကို ဖျက်စီးနိုင်သလို ကိုယ့်ကိုယ်လည်း ဒုက္ခပေးနိုင်တယ်ဗျ။

အဓိက ကိုယ် ဘယ်အပိုင်းတတ်ကျွမ်းတယ်။ ကိုယ်က ဘာပိုင်း အဓိကပဲ ဆိုပြီး ခံယူချက်ရှိသင့်တယ်။ ပညာတွေ အများကြီးတတ်တယ်။ ဒါပေမယ့် professional လို့ပြောရလောက်အောင်လဲ မရဲတဲ့ အချိန်ဆို အရမ်းဆိုးတယ်ဗျ။ ကိုယ် သိတဲ့ အသိ တစ်ယောက်ယောက်က တစ်ခုခု ဖန်တီးလိုက်ပြီ။ ဒါဆိုရင် ငါလည်း လုပ်နိုင်တာပဲ ဆိုတဲ့ အသိကြီး ဝင်လာတယ်။ ဒါလုပ်တာ ဘာစမ်းလို့လဲဆိုတဲ့ အသိကြီးဝင်လာတတ်တယ်။ တကယ်လုပ်နိုင်သလားဆိုတော့ စလုံး ရေ စ ဖို့တောင် အချိန်မပေးနိုင်ဘူး။ အဲဒါက ပညာကျိန်စာ သင့်တာပဲ။ ဒါကြောင့် ရောင့်ရဲတာ ကောင်းတယ်။ ရောင့်ရဲတယ်ဆိုတာ ပျင်းတာ မဟုတ်။ ကိုယ့် ဖန်ခွက်ထဲမှာ ခွက်ပြည့်နေရင် ရေ ဘယ်လောက် ထည့်ထည့် ဝင်မှာ မဟုတ်ဘူး။ ရေခွက်ထဲ ဆီဘယ်လောက် လောင်းလောင်း ကြာလာရင် ရေ နဲ့ ဆီ ကွဲသွားမှာပဲ။ ကိုယ်အစွမ်းအစနဲ့ ကိုယ်ပါ။ သူများကို လိုက်ပြိုင်ပြီး ဘဝကြီးဟာ အသက်ရှင်နေရတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ပြိုင်ဆိုင်ပြီး ဘဝကြီးက တနေ့ပြီးတနေ့ ကူးပြောင်းနေရတာ။

ကိုယ်ဘာလုပ်ချင်။ ကိုယ်က ဘာကို ကျွမ်းကျင်လဲ။ ကိုယ်က ဘာနဲ့ ပိုကိုက်လဲဆိုတာကို ရှာဖွေတွေ့ရှိနိုင်ပါစေဗျာ…


8 thoughts on “Enough

  1. စာကတော့ ဘယ်လောက်မှ မရှည်ဘူး – ဒါပေမယ့် ဖတ်ရင်းဖတ်ရင်း ကိုယ့်ကိုယ်များ စောင်းပြောနေသလား လို့တောင် ထင်မိတယ်။ အောက်ဆုံးနားကိုရောက်တော့ တစ်ချိန်တုန်းက ကိုယ်ကိုယ်တိုင် ခံစားခဲ့ဖူးတဲ့ ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်မြင်မိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင် – သူများလုပ်တာဆို – ဘာများဟုတ်လို့လည်းကွာ – ဒီလောက်တော့ ငါလည်း လုပ် – ဖြစ်ပါတယ် ဆိုပြီး – နေရင်းထိုင်ရင်း ကိုယ့်ဘာသာ ဘဝင်မြင့်နေတဲ့စိတ် – သိပ်ကြောက်ဖို့ ကောင်းတယ်။ လူဆိုတာ – နဲနဲလေးပဲ နားလည်ချင်နားလည်မယ် – ဒါမှမဟုတ် အများကြီးလည်း နားလည်ကောင်းနားလည်မယ် – % ဘယ်လောက်ပဲ နားလည်နားလည် အဓိက ကျတာက ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို တစ်ခြားသူ တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ နှိုင်းယှဉ်သုံးသပ်တဲ့ အချိန်မှာ နေရင်းထိုင်ရင်း အလိုလို ဝင်လာတတ်တဲ့ မိမိကိုယ်ကိုယ် အထင်ကြီးစိတ်ကို အခြေခံထားတဲ့ တစ်ပါးသူရဲ့ စွမ်းဆောင်ရည်ကို နှိမ့်ချလိုစိတ် – အဲ့စိတ်က တော်တော်ထိန်းရ သိမ်းရခက်ပြီး ဖျောက်ဖျက်ပစ်ဖို့လည်း တော်တော်လေး ခက်တယ်။ အဲ့စိတ်နောက်ကို လိုက်သွားမိရင် အဲ့လူက ပညာရှင်တစ်ယောက် ဖြစ်လာဖို့ထက် ဝေဖန်ရေးသမား တစ်ယောက် ဖြစ်လာဖို့ပဲ များသွားတယ်။ ဟုတ်တယ်ဗျ – ဒါ တကယ် ပညာကျိန်စာ သင့်တာပဲ ဖြစ်မယ်။ ကျွန်တော်တို့ ရောင့်ရဲနိုင်ဖို့လိုတယ်။ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ သိချင်တာတွေ တတ်ချင်တာတွေကတော့ တော်တော်လေးကို များတယ်။ ဒါပေမယ့် ကိုSaturngod ပြောသလို ရောင့်ရဲနိုင်ဖို့လည်း လိုသေးတယ်။ ကောင်းပါတယ်ဗျာ ဒီပို့စ်လေး – အတွေးအခေါ်တွေ ဆင်ခြင်ရမှာတွေ တစ်နေရာတည်းမှာ စုပြထားတဲ့နေရာ တစ်ခုပဲ …

  2. I fully approved your description , I also feel like that, what we should do in future , which languages we learn , most languages are distributed by OOP, so not difficult in concept ,but have many diff API. So so.., what we should do….

    • don’t think too much to future. now, most of the languages are not OOP but also MVC. API is not too difficult , it look like connector.

  3. ထပ်တူပဲ ဒါတွေခံစားမိလို့ ရုံးကပြန်လာတိုင်း GG တက်ပြီးတော့ Dota ခုတ်နေတယ် :D … ဒါတောင် အခုညီက Development Company ကိုရောက်နေလို့ (ထင်မိတာကိုပြောတာပါ)… Inhouse IT Team မှာ Programmer ဖြစ်သွားရင် ပိုတောင်ဆိုးသေးတယ်

  4. အရမ်းကောင်းတယ်ဗျာ ..
    စာအရေးအသား ရော တွေးတောထားမှုတွေရော စုံလင်လှပါတယ် ..
    လေးစားပါတယ် ကိုစေတန် …

  5. သိပ်ကောင်းတဲ့ အတွေးပဲဗျာ။ အသိပညာကို အများကြီး ကျယ်ပြန့်စေပါတယ်။ ကိုယ့်ကိုများ စောင်းပြောနေသလားလို့တောင် ထင်မိတယ်။ ကိုယ်တိုင် စဉ်းစားဖူးတဲ့အရာတွေပါ။ ဒါပေမယ့် အခု ကိုစေတန်ရေးထားတာ ဖတ်ရတော့ ပိုပြီး ဆင်ခြင်ခိုင်းသလိုဖြစ်သွားတယ်။ ကိုယ်တို့ဟာ ပညာလောဘကြီးကြတယ်။ ဒါ့ကြောင့် စိတ်ထင်တိုင်း လေ့လာလိုက်တော့ တစ်ခုခုမှာ မကျွမ်းကျင်တော့ဘူး။ ဒါနဲ့ ပတ်သတ်ပြီး ကွန်ဖြူးရှပ်ကပြောဖူးတယ်တဲ့ဗျာ။ သူပြောတာကတော့ .. အတတ်ပညာ အများကြီးတတ်တဲ့သူရဲ့အိမ်မှာ မိသားစု စားဝတ်နေရေး မပြည့်စုံဘူး။ အတတ်ပညာတစ်ခုတည်း တတ်သူအိမ်မှာတော့ စားဝတ်နေရေးပြည့်စုံတယ်..တဲ့ဗျာ။ နောက်ပြီးတော့ ..အတတ်ပညာဆိုတာကို ကြီးတယ်၊ ငယ်တယ်မဆိုသာ၊ ကျွမ်းကျင်အောင် တတ်မြောက်ရင် အတတ်ပညာငယ်ပေမယ့်လဲ ကိုယ့်ကို အများကြီး ကျေးဇူးပြုနိုင်တယ်..လို့လဲ မှတ်သားရဖူးတယ်ဗျာ။ နောက်ပြီး ကိုစေတန်ပြောတဲ့ ..ပညာကျိန်စာမိတယ်..ဆိုတဲ့ စကားလုံးလေးကိုလဲ သိပ်သဘောကျတယ်။ နောက်ဆို အဲဒီစာလေးကို print ထုတ်ပြီး နံရံမှာ ကပ်ထားဦးမယ် စိတ်ကူးတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>