First App writing using iPhone SDK

အရင်တုန်းက PhoneGap နဲ့ ပဲ ကလိနေတာ ဒီနေ့မှ iPhone SDK ကို ပြန်စဖြစ်တော့တယ်။ stanford က သင်တာက iTuneU နဲ့ subscribe လုပ်ပြီးတော့ iPhone SDK ရေးနည်း သင်နေတာ ပြီးတော့မပြီးသေးဘူး။ ရုံးသွားရုံးပြန်လောက်ပဲ bus ပေါ်မှာ ကြည့်ဖြစ်ရင်း သင်ထားတာ။ အခု RSS reader လေး တစ်ခု စမ်းကြည့်ထားတယ်။ RSS read တာကတော့ ဘယ်ရေးတတ်မလဲ။ Googling လုပ်လိုက်ပြီး XML Parser အလုပ်လုပ်ပုံပါ တစ်ခုတည်း ဖတ်လိုက်ရတယ်။ iPhone SDK ရေးရတာတော့ ရေလည်သဘောကျတယ်။ အရမ်းချစ်ဖို့ ကောင်းတယ်ဗျ။ ဘယ်လိုပြောရမလဲမသိဘူး။ မသိရင် တော်တော်ခက်တယ်။ သိလိုက်ပြန်ရင်လည်း ဟောခနဲ ဟောခနဲ နဲ့ ချက်ခြင်းသိသွားတာ။ အခက်ကြီးရယ်တော့ မဟုတ်ဘူး။ စာအုပ်ဖတ်တာထက် Stanford က သင်ပေးတဲ့ဟာနဲ့ သင်တာ အများကြီးပိုကောင်းတယ်ဗျ။ စာအုပ်ဖတ်တုန်းက အဲလောက် နားမလည်ဘူး။ အခုတော့ Begineer အဆင့်ရောက်လာပြီ။ ဘာလို့လည်းဆိုတော့ ကူးချတတ်နေပြီ။ စာအုပ်ဖတ်တုန်းက အဲလို မကူးချတတ်ဘူး။ code ကြီးပေးထားတာတောင် ဘယ်လို ကူးရမလဲ မသိတာ။ အောက်မှတော့ စမ်းထားတာလေးကို youtube မှာ တင်ထားတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>