Flowchart

အခုနောက်ပိုင်း ကျောင်းမှာ Flowchart မသင်တော့ဘူးလို့ ကြားတယ်။ ကျွန်တော်တို့တုန်းကတော့ သင်သေးတယ်။ ကျွန်တော် programming မသင်ခင်တုန်းက pseudo နဲ့ flowchart ကို စတင်ခဲ့ရတယ်။ တနည်းပြောရင် အခြေခံကောင်းတယ်လို့ ဆိုလို့ရတယ်။ programming ပထမဆုံး စပြီး သင်ဖြစ်ခဲ့တာက ဗိုလ်တထောင် DSE တက်တုန်းကပေါ့။ အဲတုန်းက Pseudo နဲ့ Flowchart ကို ဆရာမ အေးမွန် သင်ပေးခဲ့လို့ တော်တော်လေးကို နားလည်တယ်သွားတယ်။ အခုနောက်ပိုင်း computer တက္ကသိုလ်ကလူတွေ pseudo ကို မသိ။ flowchart ကို မသိနဲ့။ ကျွန်တော်လည်း ဘယ်လိုပြောလို့ ပြောရမှန်းတော့ မသိ။ programming idea တွေကို ကျွန်တော်ကတော့ အရင်ဆုံး pseudo နဲ့ဖြစ်ဖြစ် flowchart နဲ့ဖြစ်ဖြစ် ရှင်းပြတတ်တယ်။ ဘာလို့လည်းဆိုတော့ လူနားလည်လွယ်လို့ပဲ။ PHP code ကြီး တိုက်ရိုက်ချပြရင် နားလည်မှာမဟုတ်ဘူး။ system ကတော့ ဒီလိုရေးထားတယ်။ ဒီအပိုင်းကို ဒီလိုလေး လုပ်ထားတယ်။ အဲဒါလေးကို flowchart လေးနဲ့ပြလိုက်ရင် ရှင်းလင်းသွားတယ်။ system တစ်ခုလုံး ပေါ်ပေါ်လွင်လွင် လေ့လာလို့ရတာပေါ့။ ဒါပေမယ့် အခုတော့ ကျောင်းက ကလေးတွေကို flowchart ကြီး ချပြရင်တောင် သိပ်နားမလည်ရှာဘူး။

ဒါတွေက ထားလိုက်ပါ။ အခုတော့ algorithm တစ်ခုကို ရှင်းပြစရာရှိတာကို ဘယ်လိုဖတ်ဖတ် နားမလည်ဘူး။ ဒါနဲ့ flowchart နဲ့  ဆွဲပြီး လေ့လာကြည့်တော့ တော်တော်လေး နားလည် သဘောပေါက်သွားတယ်။ ဒီအပိုင်းက ဒါလုပ်တာ။ ဒီအပိုင်းက ဒါလုပ်တာဆိုပြီး ရှင်းရှင်းလင်းလင်းသိသွားတယ်။ pseudo နဲ့ရေးထားတာဆိုတော့ စာတွေ ဖတ်ရင်း အိပ်က ငိုက်လာတာနဲ့ flowchart လေးဆွဲပြီး ရှင်းလိုက်တာ တော်တော်လေးကို ရှင်းသွားတဲ့အပြင် အိပ်ငိုက်ပါ ပြေသွားတယ်။

Flowchart အတွက် Visio ကိုပဲ သုံးတယ်။ အခြား software တွေက လှတာပဲ ရှိတယ်။ Visio လောက် ဆွဲရတာ မမြန်ဘူး။ Visio က ပုံတွေကတော့ မလှဘူး။ ဒါပေမယ့် ဆွဲရတာ အရမ်းမြန်တယ်။ UML ကိုလည်း နောက်ပိုင်း Visio နဲ့ပဲ လုပ်ဖြစ်တယ်။ မြန်လို့ဗျ။ concept draw က လှပေမယ့် ဆွဲရတာ နှေးတယ်။ ကိုယ်လိုချင်တဲ့ design ကို ပြင်နေတာနဲ့ ပုံက မဆွဲဖြစ်တော့ဘူး ဖြစ်သွားတယ်။

Flowchart ဆိုတာ ဘာလဲသိချင်ရင်တော့ wiki မှာ သွားကြည့်နိုင်ပါတယ်။ နောက်ပြီး ဒီပုံ လေးကလည်း flowchart သဘောတရားလေးကို သဘောပေါက်စေတယ်။ ဘာပဲပြောပြော flowchart လေးက အခုအချိန်ထိ အသုံးဝင်နေသေးတယ်။ algorithm အသစ်တွေကို ဖတ်တဲ့အခါ အရမ်းအသုံးဝင်နေသေးတာပဲ။

3 thoughts on “Flowchart

  1. Flow Chart တောင်မသိမှတော့ JSP (jackson structured programming) ဆိုတာ ေ၀းသေးတယ်.. xD

    Flow Chart ဆိုတာကို နားလည်မှ နောက်ပိုင်းမှာ UML ဆိုတာပါ လာမှာပေါ့.. အစကတော့ဟုတ်နေပြီ.. xD

  2. ကွန်ပျတာကျောင်းမှာ သင်ပါတယ် … UML ဆိုပီးတော့.. ကလေးတွေ သိတာ မသိတာကတော့ ဆရာမတွေနဲ့ဆိုင်သလို ကျောင်းသားတွေရဲ့ အားထုတ်မှုနဲ့လည်း ဆိုင်ပါတယ်ဗျာ…..

    • I don’t think so. UML is not same as flowchart. Most of the UML diagram base on OOP and Flowchart is not base on OOP concept. Flowchart is base on pseudo code.

      Flowchart ကို batch 11 နောက်ပိုင်း မသင်တော့ဘူးနဲ့တူတယ်၊

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>