Forum ဆိုတာဘာလဲ….

Forum ဆိုတာ အင်တာနက်ပေါ်မှာဆွေးနွေးပြောဆိုခြင်းပင်….
Forum ဆိုတာ အဓိကအားဖြင့် Topic တစ်ခုကို တစ်ယောက်က ထောင်ထားမယ်ဆိုပါဆို့…
အဲဒီ Topic အောက်မှာ ကိုယ့် အယူအဆတွေ အကြံပေးချက်တွေကို တခြားလူတွေက ၀င်ရောက်ရေးသားတာပဲ…
အဲ…Topic ဘာလို့ထောင်ရမှာလဲ…
ဘာလို့ထောင်ရတာလဲဆို…မေးစရာတွေရှိလို့…တိုင်ပင်စရာတွေရှိလို့…စဉ်းစားစရာတွေရှိလို့…
အကြောင်းအရာပေါင်းမြောက်များစွာ အတွက် Topic တွေရှိလာတာပါ…

ဥပမာ ကျွန်တော်က JAVSCRIPT နဲ့ ပတ်သက်ပြီး မသိတာရှိမယ်…
ကျွန်တော် ဘယ်လိုရေးရမှန်းမသိဘူး… ပတ်၀န်းကျင်မှာလည်း ကျွမ်းကျင်တဲ့လူ မရှိဘူး…
Internet မှာရှာတော့လည်း မျက်စိတွေမူးသွားတယ်.. ဘယ်ဟာကို သုံးရမှန်းမသိတော့ဘူး…
ဘယ်လိုလုပ်မလဲ…

အဲလိုဖြစ်တဲ့အခါဆိုရင် ကျွန်တော်က Webdeveloper Forum ကိုသွားတယ်..
JAVASCRIPT နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်အောက်၀င်လိုက်တယ်..
ပြီးတော့ ကျွန်တော်ပြသနာရဲ့ ခေါင်းစဉ်ကို Topic တင်လိုက်တယ်…
ပြီးတော့ ကျွန်တော်ဖြစ်နေတဲ့ ပြသနာတွေကို ရေးချထားလိုက်တယ်…

နောက်တစ်ရက်နှစ်ရက်လည်းရောက်လာရော ဖြစ်နိုင်ချေတွေ….ဖြေရှင်းချက်တွေ…
သူများတွေ ဝင်ရောက်ရေးသားပေးတာတွေတွေ့ရရော…
အဲဒီဟာတွေကို သေသေချာချာဖတ်…ပြီးတော့ သူတို့ပြောတဲ့အတိုင်းလုပ်ကြည့်…
ရသွားရင် ကျေးဇူးတင်တယ် ဆိုတဲ့စာလေး reply ပြန်ထည့်ခဲ့…
မရရင် အဲလိုလုပ်လိုက်တာ အဲလိုပြသနာလေးတော့ ဖြစ်နေသေးတယ်ဆိုပြီး reply ပြန်ထည့်ခဲ့..
နောက်နေ့ရောကတော့ သူတို့က ထပ်ဖြေပေးကြတာပေါ့…

ဘယ်သူတွေက လာဖြေပေးတာလဲ…
ဘယ်သူတွေက လာဖြေပေးလဲဆို အဲဒီပိုင်းမှာ ကျွမ်းကျင်သူတွေ ၊ ကိုယ့်လိုပြသနာရှိခဲ့ဘူးသူတွေ…
ကိုယ့်လိုပြသနာတက်နေတဲ့သူတွေကလည်း သူတို့လည်း အဲလိုဖြစ်နေတယ်ပေါ့…
ဆိုပြီး reply လုပ်ပေးကြတာပါ…

တနည်းအားဖြင့် Forum ကစိတ်၀င်စားဖို့ကောင်းတယ်…
တချို့အကြောင်းအရာလေးတွေကို သူများတွေဆွေးနွေးထားတာလည်းတွေ ဖတ်ကြည့်ရတာ ဗဟုသုတရတာပေါ့…
နောက်ဆုုံးသတင်းတွေကိုလည်းသိနိုင်တယ်…

မြန်မာ Forum တွေမရှိဘူးလား…
ရှိတာပေါ့… ၁ ခု ၂ခု ထက်မကဘူး… ရှိပါတယ်…
ကျွန်တော်ဆို Forum ကနေတဆင့်…..
မေးရင်း ဖြေရင်း ခင်သွားတဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေဆို အများကြီးပါ…
chat ထက်စာရင်တော့ ကျွန်တော်ကတော့ Forum ပဲကြိုက်တယ်ဗျာ…

Forum တွေကို ဘာနဲ့ဆွဲလည်း..
Web Progamming နဲ့ပဲဆွဲကြတာပါ…
အများအားဖြင့် အသင့်ဆွဲပြီး PhpBB, IPB, vBulleting Forum Software တွေကိုသုံးကြတယ်…
PhpBB က Free ဖြစ်ပေမယ့် ကျန်တဲ့ နှစ်ခုကတော့ မဟုတ်ပါဘူး..
သူတို့အားလုံးက PHP နဲ့ပဲရေးထားတဲ့ Opensoure ပါပဲ…
ဒါကြောင့် မြန်မာလို အသုံးပြုနိုင်အောင် ပြင်လို့ရတာပေါ့…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>