MZ မှ ကိုမိုးဇက်ကို ရေးထားတဲ့ post ကောင်းလေးတစ်ခုပါ။
IPv6 ဆိုတာ IPv4 ထက် Address space 4 ဆကြီးမားပြီး IPv4 ထက် အဆပေါင်းများစွာ များပြားသော IP address အရေအတွက်ကို သတ်မှတ်နိုင်စွမ်းရှိပြီး 128 bit ရှိသော haxadecimal စံနစ်ဖြင့် ဖွဲ့စည်းထားသော အင်တာနက်သုံး IP address တစ်မျိုးပင်ဖြစ်သည် .. IPv4 ဆိုတာ 32 bit ဘဲရှိပြီး decimal စံနစ်ဖြစ်ပါတယ် .. IPv4 က IP address ဘယ်လောက်ပေးစွမ်းနိုင်သလဲဆိုရင် 4,294,967,296 ရှိပါတယ် .. (သန်းပေါင်း4ထောင်ကျော်ပေါ့).. တစ်ချို့သော အကြောင်းကြောင့် အဲဒီ IP အားလုံးကို သုံးခွင့်မရဘဲ သန်း 500 လောက်သော IP များဟာ ဆုံးရှုံးလျက်ရှိပါတယ် .. ဘာကြောင့်လဲဆိုတော့ … IANA က သီးသန့်အရေးပေါ်အတွက်ဘဲဖြစ်ဖြစ် .. public IP အတွက်ဘဲဖြစ်ဖြစ်ဖယ်ထားတာ .. တစ်ခြား .. lookback တို့ .. unspecifie မလုပ်နိုင်တဲ့ IP တွေ(စဆုံး အရေအတွက် ကိုဖယ်ပြီးသုံးလို့မရနိုင်တဲ့ IP တွေပါမယ်) စသည့်ဖြင့်ပေါ့… အဲဒီတော့ .. 2007 ရဲ့စစ်တမ်းအရ 2.4 Billion သော IP များဟာ လက်ရှိသုံးနေကြပြီး .. နောက်ထပ် 1.7 Billion လောက်ဘဲကျန်ပါတော့တယ် … ဒါတောင် တစ်နှစ်ကို သန်း 170 လောက်စီတိုးနှုန်းနဲ့တွက်ရင် .. နောက်ထပ် 6 နှစ် 7 နှစ်လောက်ဆို .. ပေးစရာ IP တွေက ကုန်ပြီဖြစ်ပါတယ် .. ဒါပေမဲ့ .. IPv6 ဘယ်လောက်အထိသတ်မှတ်နိုင်စွမ်းရှိသလဲဆိုရင် .. 340,282,366,920,938,463,374,607,431,768,211,456 အထိတောင် ပေးစွမ်းနိုင်ပါတယ်.. IPv4 နဲ့ IPv6 ကိုယှဉ်ကြည့်လိုက်ရင် အများကြီးကွာပါတယ်..
တတ်နိုင်သလောက်တော့ .. ပြူး(မျက်လုံး)နေအောင်ရေးထားတာဘဲ.. အဲဒါကြီးကို ရေးရတာအရမ်းပင်ပန်းပြီးတော်တော် ရွာလည်တယ်..ဒါပေမဲ့.. နည်းနည်းသိသွားတယ်ဆိုရင်လည်း ..ဘာဘဲဖြစ်ဖြစ် တန်ပါတယ်… နောက်လည်း .. အဲဒါမျိုးတွေရေးမယ်လို့လည်းစိတ်ကူးရှိပါတယ်…ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်..မင်မင်ရယ်