iPhone Market – Part 3

iPhone development မှာ Game တစ်ခုတည်း ရှိလားဆိုပြီး စဉ်းစားစရာ ဖြစ်လာပြီ။ iPhone Development လို့ဆိုလိုက်ရင် iPhone, iPodTouch, iPad စတာတွေ ပါဝင်လာပါတယ်။ တနည်းပြောရင် iPhone တစ်ခုတည်းအတွက်မဟုတ်တော့ပဲ iPodTouch နဲ့ iPad အတွက်ပါ အလုပ်လုပ်နိုင်တယ်လို့ စျေးကွက် အခြား ဖုန်းစျေးကွက်ထက်စာရင် ပိုကြီးတယ်လို့ ဆိုနိုင်တယ်။ အဲဒီတော့ Game စျေးကွက် တစ်ခုတည်းမဟုတ်တော့ပါဘူး။ ကျွန်တော် အပေါ်တုန်းက ပြောခဲ့သလို Active ဖြစ်နေတဲ့အထဲမှာ Book , Entertainment, Eduction, Travel စတဲ့ category တွေ ပါဝင်နေပါတယ်။ နောက်ပြီး iPad စျေးကွက်က ဂျာနယ်တွေ မဂ္ဂဇင်းတွေ စျေးကွက်တစ်လို ဖြစ်လာပါတယ်။

iPhone Development ဆိုတာ Game တစ်ခုတည်းအတွက်မဟုတ်ပဲ အခြား general သုံး application တွေလည်း ရှိပါတယ်။ နောက်ပြီး ကျွန်တော် အပေါ်မှာ ပြောခဲ့သလို news site တွေ သို့မဟုတ် website တစ်ခုအတွက် သီးသန့် ရေးဆွဲလာတာတွေ ရှိတယ်။ အဲဒီအခါမှာ iPhone Development စျေးကွက် တစ်ခုအနေနဲ့ ပေါ်လာပါတယ်။ သတင်း sites တွေ နောက်ပြီး bank တွေဟာ Mobile Development အတွက် iPhone ဆီကို ဦးတည်လာတဲ့အခါမှာ company တွေကို အပ်ထည်သဘောမျိုးနဲ့ အပ်လာတာတွေ ရှိလာတယ်။ အဲဒီလို အပ်ထည် စျေးကွက်တွေ ရှိလာတာနဲ့ အမျှ Developer လိုအပ်ချက်တွေလည်း ပေါ်ပေါက်လာပါတယ်။ အဲဒါကြောင့် အချို့တွေဟာ iPhone Application Submit လုပ်ကြပြီးတော့ ကိုယ့် ရဲ့resume အတွက် ပြင်ဆင်ကြတယ်ဆိုလည်း မမှားပေဘူး။ အခုအချိန်ထိတော့ အဲဒီ စျေးကွက်က ကြီးမားတဲ့ စျေးကွက်မဟုတ်သေးပေမယ့် အလုပ်ဖြစ်တဲ့ စျေးကွက်လို့လည်း ဆိုလို့ရပါတယ်။

iPhone App Market ဟာ App store တစ်ခုတည်းနဲ့ ရပ်တည်နေတာ မဟုတ်ပါဘူး။ Ad hoc လို့ ခေါ်တဲ့ distribution လည်း ရှိပါသေးတယ်။ App store မှာ တင်မရောင်းချင်ဘူး။ Company တစ်ခုအတွက် လုပ်ငန်းတစ်ခုအတွက် Private အနေနဲ့ သုံးချင်တယ်ဆိုရင် Ad hoc distribution အနေနဲ့ ဖြန့်လို့ရပါတယ်။ ပုံမှန် Developer account မှာတော့ Ad hoc ပေါင်း 99 ခုသာ ထည့်လို့ရပါတယ်။ Enterprise account ဆိုရင်တော့ ဘယ်လောက် ထည့်လို့ရလဲတော့ သေချာမသိဘူး။ Company တစ်ခုအတွက် သီးသန့် ရေးပေးရတဲ့ Adhoc တွေလည်း Development လုပ်ပေးနေကြတာတွေ အများကြီးပါ။ Ad hoc ဖန်တီးဖို့ရာမှာလည်း iPhone / iPodTouch / iPad စတာတွေရဲ့ Device ID ကို iPhone Developer site မှာ သွား register လုပ်ပြီး certificate ကို download ချရမှာဆိုတော့ မြန်မာနိုင်ငံ စျေးကွက်အနေနဲ့တော့ မကိုက်သေးဘူးပေါ့။ ပုံမှန်အားဖြင့် Ad hoc တွေ အပ်ထည်တွေက Game တွေ မဟုတ်ကြတဲ့အတွက် iPhone Development မှာ Game တွေသာ ကြီးစိုးနေတယ်ဆိုတာ မဟုတ်ဘူးလို့ဆိုရပါလိမ့်မယ်။ App store စျေးကွက်အနေနဲ့ကတော့ Game တွေက ရောင်းအကောင်းဆုံး စာရင်းထဲဝင်နေကြပေမယ့် စီးပွားဖြစ် လုပ်နေတဲ့ အရာတွေက အခြား Application တွေလည်း ရှိနေပါသေးတယ် လို့ ဆိုရင်း ရှည်မြောလှတဲ့ ဒီဆောင်းပါးကို နိဂုံး ချုပ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>