JSON

ကျွန်တော်တို့တွေအနေနဲ့ JSON (/ˈdʒeɪsɒn/ JaSON လို့အသံထွက်သည်) ကို မသိရင်တောင် XML ကို သိကြမှာပါ။ JSON ဟာလည်း XML လိုမျိုးပါပဲ။ light weight computer data interchange format ပါ။ ကျွန်တော်တို့တွေ XML နေရာမှာ အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။ JSON ကို အရင်က ajax နဲ့ တွဲသုံးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ programming တွေနဲ့ပဲ တွဲပြီး အသုံးပြုလာတယ်။ JSON ကို လက်ရှိ လူသုံးများနေတဲ့ burglish editor မှာ အသုံးပြုထားသလို ကနောင် convertor မှာလည်း json ကိုပဲ အသုံးပြုထားပါတယ်။ နောက်ပြီး web service တော်တော်များများဟာ json ကို အသုံးပြုထားကြပါတယ်။ bitly ရဲ့ api ကို အသုံးပြုပြီးရေးသွားတဲ့ PHP code ကို လေ့လာဘူးတဲ့သူတွေ မှတ်မိကြမှာပါ။ json နဲ့ပဲ အသုံးပြုသွားတာပါ။ ဒါလောက်ဆို json ဘယ်လောက် အသုံးဝင်လဲ ဘယ်လောက်ထိ အသုံးပြုနေကြပြီလဲဆိုတာကို သိနိုင်မှာပါ။ ornagai ရဲ့ api ဟာလည်း json ကိုပဲ ထုတ်ပေးမှာပါ။ json နဲ့ ပတ်သက်ပြီး json.org မှာ သွားရောက်လေ့လာနိုင်ပါတယ်။

json ကို ဘယ်လိုရေးမလဲ။

json က သမာရိုးကျ XML လိုမျိုးပါပဲ။ သူ့မှာလည်း ရေးတဲ့ syntax ရှိပါတယ်။ json ကို စရေးမယ်ဆိုရင်တော့ { နဲ့ စပြီး } နဲ့ ပိတ်ရပါတယ်။ နောက်ပြီး key ကို ဘယ်ဘက်မှာ ရေးပြီး value ကို ညာဘက်မှာ ရေးပါတယ်။ string တွေကို " နဲ့ " ကြားမှာ ရေးပါတယ်။ key တစ်ခုနဲ့ တစ်ခုကို , နဲ့ ခြားထားပါတယ်။ ဥပမာ

{
"data":{
"name" : "json test" ,
"value" : 12345
"address" : "www.saturngod.net"
}
}

အဲဒီဟာက xml နဲ့ဆိုရင် ဒီလိုပေါ့

<data>
<name>json test</name>
<value>12345<value>
<address>www.saturngod.net</address>
</data>

json မှာ ထပ်ပြီး ခွဲချင်ရင်တော့ [ နဲ့စပြီး အပြီးမှာ ] နဲ့ ပိတ်ရပါတယ်။

{"menu": {
"id": "file",
"value": "File",
"popup": {
"menuitem": [
{"value": "New", "onclick": "CreateNewDoc()"},
{"value": "Open", "onclick": "OpenDoc()"},
{"value": "Close", "onclick": "CloseDoc()"}
]
}
}}

အဲဒါကို xml မှာဆိုရင်တော့

<menu id="file" value="File">
<popup>
<menuitem value="New" onclick="CreateNewDoc()" />
<menuitem value="Open" onclick="OpenDoc()" />
<menuitem value="Close" onclick="CloseDoc()" />
</popup>
</menu>

အဲဒါနဲ့ ပတ်သက်တဲ့ example တွေကိုတော့ http://www.json.org/example.html မှာ လေ့လာလို့ရပါတယ်။

Open JSON in firefox

JSON ကို firefox မှာ ဖွင့်လို့မရပါဘူး။ JSON က MIME type ရရပြီးသားဖြစ်ပါတယ်။ application/json ဆိုပြီး တည်ရှိပြီးသားပါ။ ဒါပေမယ့် လက်ရှိမှာတော့ firefox မှာ support မလုပ်သေးပါဘူး။ ကျွန်တော်တို့တွေ json data တွေကို .json ဆိုပြီး သိမ်းကြပါတယ်။ အဲဒါကို firefox မှာ ဖွင့်လို့ရအောင် JSONView addon တစ်ခုထပ်သွင်းရပါတယ်။ အဲဒီ addon သွင်းလိုက်ရင် firefox မှာ .json ဆိုတာတွေကို ဖွင့်ဖတ်လို့ရပြီး ကိုယ့် json format မှန်မမှန်ကို စစ်နိုင်ပါတယ်။

Editor For JSON

JSON အတွက် editor တွေက လက်ရှိမှာတော့ သေသေချာချာမရှိသေးဘူး။ notepad++ မှာဆိုရင်တော့ javascript language နဲ့အတူတူပါပဲ။ Setting > Style Configure -> Javascript မှာ User ext နေရာမှာ json ဆိုပြီး ဖြည့်လိုက်ပါ။ ပြီးရင် Save & Close လုပ်လိုက်ပါ။ Settings -> Preference မှာ File Association Tab မှာ customize ကိုသွားပြီး .json လို့ထည့်ပြီး -> လေးကို နှိပ်လိုက်ပါ။ Registered exts: မှာ .json ဆိုတာလေး ဝင်သွားလိမ့်မယ်။ ဒါဆိုရင် .json file တွေကို double click လုပ်တာနဲ့ notepad++ နဲ့ ပွင့်သွားမှာပါ။

နောက်ပြီး online json editor ကို ဒီမှာ ရနိုင်ပြီး အဲဒါကို download လုပ်ချင်ရင်တော့ ဒီမှာရနိုင်ပါတယ်။

3 thoughts on “JSON

  1. Pingback: Saturngod» Blog Archive » နှစ်ချုပ်

  2. Pingback: Saturngod» Blog Archive » Wow… JSON

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>