Make RPM Package

RPM package လုပ်ရန်အတွက် အရင်ဆုံး terminal ကိုသွားပါ။ terminal တွင်

$su

ပြီးလျှင် password ထည့်လိုက်ပါ။ အဲဒီအခါ root user ဖြစ်သွားပါလိမ့်မယ်။

# yum groupinstall “Development Tools”

ပြီးတဲ့အခါမှာတော့

# yum install rpmdevtools

ပြီးတဲ့အခါမှာတော့ root ကနေ exit ထွက်လိုက်ပါ။

#exit
$ rpmdev-setuptree

rpm အတွက် tree ဆောက်တဲ့အခါမှာတော့ သင့် user နဲ့ပဲ ဆောက်မှ ဖြစ်ပါမယ်။ root user အနေနဲ့ ဆောက်လို့မဖြစ်ပါဘူး။

ကဲ.. လိုအပ်တာတွေ တော့ သွင်းပြီးပြီ။ RPM ကို စပြီး Build လုပ်ရအောင်။
RPM build လုပ်ဖို့အတွက်တော့ spec file ကို နားလည်ဖို့လိုပါတယ်။ SPEC အကြမ်းကို

http://groups.google.com/group/linux-resource-center-myanmar/web/zawgyi.spec

မှာရယူနိုင်ပါတယ်။
%description ကတော့ ကိုယ့် package အကြောင်းပေါ့။

%files
ကတော့ ကိုယ့် package ထဲမှာပါတဲ့ နာမည်ပေါ့။

spec file ရေးပြီးပြီဆိုရင် တစ်နေရာသိမ်းထားလိုက်တော့။ ပြီးတဲ့ အခါ ကိုယ် သွင်းချင်တဲ့ file တွေကို / အောက်မှာ
ထားသလို စီလိုက်ပါ။ ထားပါတော့ Zawgyi.ttf လေးပဲ သွင်းချင်တယ်ဆိုရင် ပုံမှန်အားဖြင့်

/usr/share/fonts/truetype/
မှာသွားထည့်ရတယ်လေ။ အဲဒီတော့ ကျွန်တော်တို့ ကိုယ့်ဘာသာ ကိုယ် usr folder ဆောက်။
ပြီးရင် usr အောက်မှာ share ဆိုတာ ထပ်ဆောက်။ အဆင့်ဆင့်ဆောက်သွားပြီတော့မှ font ကို ကိုယ်ဆောက်ထားတဲ့
နောက်ဆုံး folder ဖြစ်တဲ့ turetype ဆိုတဲ့ အောက်မှာ ထည့်လိုက်။ ပြီးမှ usr folder ကြီးကို

~/rpmbuild/BUILDROOT/

ထဲမှာထည့်ရပါမယ်။ မထည့်ရသေးခင်မှာတော့ package name အတွက် folder ဆောက်ရမယ်။

အဲဒီ name ကိုတော့ build လုပ်မှပဲ သိမှာလေ။ အဲဒီတော့ အရင်ဆုံး spec file ရှိတဲ့နေရာကို terminal ကနေ သွားလိုက်။

$rpmbuild -bb –clean specname.spec

specname ကတော့ ကိုယ်ပေးထားတဲ့ name ပေါ့။ အဲဒီအခါ ဘယ်နေရာမှာ မတွေ့ဘူးဆိုပြီး error ပြလိမ့်မယ်။

အဲဒီအခါမှာမှ ကိုယ် လုပ်ထားတဲ့ usr ကို ဘယ်နားသွားထားရမလဲဆိုတာကို တွေ့ရမယ်။

ဥပမာ
file not found in
/home/saturngod/rpmbuild/BUILDROOT/zawgyikb-1.1-1.i386/usr/share/fonts/truetype/zawgyi.ttf

ဆိုပြီး error message ပြခဲ့ရင် ကျွန်တော်တို့ BUILDROOT အောက်မှာ zawgyikb-1.1-.i386 ဆိုတဲ့ folder ကို
BUILDROOT အောက်မှာ သွားဆောက်ရမယ်ပေါ့။ ပြီးမှ အဲဒီအထဲ usr ဆိုတဲ့ folder ကိုထည့်ရမှာလေ။
ပြီးမှ ပြန်ပြီးတော့

$rpmbuild -bb –clean specname.spec

ဆိုပြီး ပြန်ပြီး build လုပ်လိုက်တဲ့ အခါမှာတော့ ~/rpmbuild/RPMS/
ဆိုတဲ့ နေရာမှာ သင်လုပ်ထားတဲ့ rpm package လေး တွေ့ရပါလိမ့်မယ်။ ပြသနာများကိုတော့

www.mysteryzillion.org/ မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။


One thought on “Make RPM Package

  1. ကျေးဇူးအများကြီးတင်ပါတယ် ကိုစေတန်။ ကျနော်ခုမှပဲ လာဖတ်ရတာ။ အရမ်းကို အကျိုးရှိပြီး အသုံး၀င်တဲ့ပို့စ်လေးပါ။ :-)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>