MarkDown Code

ဒီနေ့ မောင်ပြုံးပြောတာနဲ့ MarkDown Editor တစ်ခုဖြစ်တဲ့ WMD ကို စမ်းဖြစ်တယ်။ Markdown ဆိုတာကတော့ HTML WYSIWYG editor လိုမဟုတ်တော့ပဲ text ကိုပဲ MarkDown syntax နဲ့ရေးတာပါ။ WMD ဆိုတာကတော့ Markdown WYSIWYG editor တစ်ခုပါ။ ကျွန်တော်တို့တွေ WYSIWYG editor သုံးလို့ရရဲ့သားနဲ့ ဘာလို့ markdown သုံးမှာလဲလို့ မေးစရာရှိလာတယ်။ ဘာလို့လည်းဆိုတော့ Loading ကြောင့်ပါ။ MarkDown ဟာ WYSIWYG editor တွေထက်စာရင် loading မြန်ပါတယ်။ မြန်မှာပေါ့ text file ကြီးပဲကို။ နောက်ပြီး အခြား website ကနေ စာတွေ copy ကူးပြီးလာတင်တာ မျိုးမကြိုက်ဘူး။ ဒါဆိုရင် MarDown ကို သုံးလို့ရပါတယ်။ နောက်ပြီးတော့ Word နဲ့ ရိုက်ထားတဲ့ စာတွေ copy paste လာလုပ်ပြီးထည့်တာ မကြိုက်တာတို့ နောက်ပြီးတော့ အခြား color တွေထည့်တာ span tag တွေ ထည့်တာမျိုး မထည့်စေချင်ဘူးဆိုရင်တော့ MarkDown က သုံးလို့ အကောင်းဆုံးပဲ။ ဘယ် အခြေအနေမှာ markdown သုံးလဲဆိုတာ အောက်ကပုံကို ကြည့်လို့ရပါတယ်။

http://stackoverflow.com/questions/2138024/why-do-i-need-markdown

Markdown Editor အနေနဲ့ WMD Editor ဆိုတာရှိပါတယ်။ WMD Editor ကို မူရင်း source က 1.0.1 မှာ ရပ်ထားပေမယ့် stackoverflow က ဆက်လက် develope လုပ်နေပါတယ်။ အဲဒါကိုတော့ http://github.com/derobins/wmd မှာ ရယူနိုင်ပါတယ်။ အဲဒီ အထဲမှာလည်း showdown.js ဆိုတာပါပါတယ်။ markdown ကို html ပြန်ထုတ်ချင်ရင် showdown နဲ့ ပြောင်းလိုက်ရုံပါပဲ။ showdown ကို ဘယ်လို သုံးရလဲဆိုတော့

var text = "Markdown *rocks*.";
var converter = new Attacklab.showdown.converter();
var html = converter.makeHtml(text);
alert(html);

MZ အသစ်ရေးတဲ့အထဲမှာလည်း WMD ကိုပဲသုံးဖို့များပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>