အခု project တစ်ခုအတွက် Mootools မသုံးပဲ jquery ပြောင်းသုံးမလို့လုပ်နေတယ်။ ကျွန်တော်က ပုံမှန် mootols သုံးနေကြပဲလေ။ သူကလွယ်တယ်။ ရေးရတာမြန်တယ်။ နောက်ပြီး demo လေးတွေကနေ အသုံးပြုလို့ရတယ်။ mootools ကိုတော့ လေ့လာဖြစ်တာကြာပြီ။ တချို့ code တွေကို google ကနေရှာပြီး ပြန်ပြင်ရေးနေကြ။ အခုတော့….
jquery နဲ့ နှစ်ပါးသွားဖို့ စဉ်းစားနေပြီ။ ဘာလို့ jquery ပြောင်းတာလဲမေးရင် တော့။ အခုလက်ရှိ supporting အများဆုံးက jquery ဖြစ်နေတယ်။ Mootools က တဖြည်းဖြည်း ကျရိပ်ပြလာပြီ။ jquery နဲ့ Mootools ယှဉ်ကြည့်ရင် mootools က အများကြီး လွယ်တယ်။ ရေးရတာ မြန်တယ်။ jquery ကတော့ နည်းနည်း pro ဆန်သလိုပဲ။ ထင်သလောက်မလွယ်ဘူး။ ဒါပေမယ့် သူက ပိုလုပ်ဆောင်နိုင်စွမ်းရှိတယ်။ သူ့မှာက function တွေပိုများတယ်။ ဒါကြောင့် ရှုပ်တာ။ အခုတော့ jquery ကိုလေ့လာနေတုန်းဆိုတော့ များများစားစားမပြောရဲသေးဘူး။ mootools က ebook က free ရတယ်။ Jquery ကတော့ ရဘူး။ ထုံးစံအတိုင်း 4shared လေးနဲ့ပဲ ဆွဲချရတာပေါ့။ ဘာပဲပြောပြော jquery ကို စမ်းကြည့်လိုက်အုံးမယ်။ project လုပ်နေတုန်း သင်ယူလေ့လောမလို့လေ။ jquery မှာ သူ့ site က plugins တွေတွဲသုံးရင်တော့ တော်တော်လေးကို လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
Pingback: Happy Birthday to 3 Years Old JQuery!! | My Burmese Blog