Online Bookmarking

ကျွန်တော်တို့တွေ browser တွေမှာ အများအားဖြင့် bookmark လုပ်ပြီး အသုံးပြုကြတာများပါတယ်။ ဒါပေမယ့် ပြသနာက ကိုယ့် browser မဟုတ်ပဲနဲ့ အသုံးပြုတဲ့အခါမှာ ကိုယ်မှတ်ထားတဲ့ bookmark တွေမပါရှိတော့တာပဲ။ အဲဒီအခါမှာ Search Engine ကနေ ပြန်ရှာဖွေရတော့တာပဲ။ ဒါအတွက်ကြောင့် ကျွန်တော်တို့တွေဟာ Online ပေါ်မှာ bookmark လုပ်ဖို့လိုအပ်လာတာပေါ့။ အရင်တုန်းကလည်း browser မှာ RSS နဲ့ဖတ်နေပေမယ့် browser မရှိတဲ့အခါမှာ ပြသနာစတာပဲ။ ဒါကြောင့် ကျွန်တော်တို့တွေဟာ နောက်ပိုင်းမှာ google reader လိုမျိုး online rss reader တွေအသုံးပြုလာခဲ့ကြတယ်။

google ကလည်း bookmark system ကို ဖန်တီးထားပြီးသားပါ။ google bookmarks ဆိုတာလေးပေါ့။ အဲဒီ bookmark system အသုံးပြုရတာ အရမ်းလွယ်ကူပါတယ်။ www.google.com/bookmarks/ ကိုသွား။ ကိုယ် မှတ်ချင်တဲ့လိပ်စာလေးကို add bookmark ဆိုပြီး ထည့်လိုက်ရုံပဲ။ အမှန်တိုင်းဆို အဲဒါက မမိုက်ပါဘူး။ အခု ကျွန်တော့် blog မှာ Share This ဆိုတာလေး တွေ့မှာပါ။ ကိုယ် မှတ်ချင်တဲ့ post ကို Share This ကို နှိပ်လိုက်။ တက်လာတဲ့ အထဲက ကြိုက်တဲ့ bookmarks system လေးကို နှိပ်လိုက်။ ပြီးရင် အဲဒီ site ရဲ့ username နဲ့ password ဝင်လိုက်တာနဲ့ Link နဲ့ နာမည် တစ်ခါတည်း ပါပြီးသားကို တွေ့ရမှာပါ။ အဲလောက်ကို လွယ်ကူပါတယ်။ ကျွန်တော်ကတော့ google account ရှိတော့ google bookmarks ပဲ အသုံးပြုတာပေါ့။ register လုပ်ရတာ ပျင်းတာလည်းပါတာပေါ့။ ပြန်ကြည့်ချင်ရင်တော့ ကိုယ်မှတ်ထားတဲ့ bookmarks system ထဲဝင်ပြီး ကြည့်လိုက်ရုံပဲလေ။ google bookmarks မှာဆိုလည်း bookmarks ကို label နဲ့ခွဲပြီး မှတ်သားထားပေးတယ်။ တချို့ website တွေလည်း bookmarks လေးတွေပါတာကို တွေ့မှာပါ။ ကိုယ်မှတ်သားထားချင်တဲ့ bookmarks ကို ဘာလို့ browser ထဲမှာ မှတ်နေတော့မှာလား။ Online ပေါ်မှာပဲ အချိန်မရွေး နေရာမရွေး ပြန်ကြည့်နိုင်ပြီလေ (အင်တာနက် ပျက်နေရင်တော့မရ)။ ကျွန်တော်တို့အတွက် နောက်ထပ် online ပေါ်မှာ အဆင်ပြေအောင်နေထိုင်လာစေအောင် online bookmarks တွေက ဖန်တီးပေးပါလိမ့်မယ်။

4 thoughts on “Online Bookmarking

  1. ဟုတ်လား။ ကျွန်တော်က blog တွေသိပ်မဖတ်ဖြစ်ဘူး။ ကျွန်တော်သိတာလေးတွေပဲ ကျွန်တော်ရေးတာပါ။ ကျွန်တော် အရင်က post တစ်ခုမှာ ပြောဘူးပါတယ်။ ကျွန်တော့် blog ဆိုတာ ကျွန်တော့် notebook ပါ။ ကျွန်တော်မေ့သွားတာတွေ ပြန်ရှာဖို့ ။ကျွန်တော် မမှတ်မိတာတွေ ပြန်ဖတ်ဖို့။ ကျွန်တော်သိသမျှ အကုန်လုံးကို blog မှာတင်ထားတာပါ။ သူများ blog တွေ ဖတ်ခဲပါတယ်။ အချိန်ပြည့် MZ မှာပဲ post တွေ အကုန်လိုက်ဖတ်ရတာ မအားလို့ပါ။ နောက်ပြီး IT Men ရေးထားတာလည်း အခုမှပဲ ဖတ်ဘူးတယ်။

  2. ကိုယ်ကြိုက်ရာ ရေးလို့ရတာပဲ။ ခိုးမချပြီးရောပော့ဗျာ။ ရယ်ရတယ်။

  3. Tracker ဆိုတဲ့ nick နဲ ့bro.. ခင်ဗျား ကိုစေတန်ကို အထင်သေးနေရင်လည်း သူ ့ရဲ့ ဘလော့ထဲကို ၀င်မကြည့်ပါနဲ ့လားဗျာ။ တစ်မျိုးတော့ မထင်နဲ ့လေ့လာနေရတာ အာရုံနောက်လို ့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>