readability on wordpress

ဟိုနေ့က iReader လေး ရေးရင်း iReader မသုံးပဲနဲ့ကော blog တွေမှာ ပေါ်အောင် လုပ်လို့မရဘူးလား လို့စဉ်းစားမိတယ်။ iReader က readability နဲ့ safari reader ၂ ခုကို ပေါင်းထားတာ။ ဒါနဲ့ readability ကို သုံးဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒါနဲ့ wordpress plugin တစ်ခု ကောက်ရေးပြီး လက်ရှိ blog နဲ့ mz blog မှာ စမ်းထားတယ်။ public တော့ မထုတ်သေးဘူး။ public ထုတ်ရင် setting တွေထည့်ရမှာ အလုပ်ရှုပ်လို့။ setting page လေး မရေးချင်လို့ public ကတော့ စိတ်ကူးပေါက်မှပဲ ထုတ်တော့တယ်။ အခု MZ blog နဲ့ ကျွန်တော့် blog ကို pdf ထုတ်ချင်တဲ့သူတွေကတော့ readability ဆိုတာလေးကို နှိပ်ပြီး ဘယ်ဘက်က print နဲ့ ထုတ်လို့ရတယ်။ အဲ.. pdf printer တော့ ရှိဖို့လိုတာပေါ့။

11 thoughts on “readability on wordpress

  1. ကုုိစေတန် ခင်ဗျား

    ကျွန်တော်တခုုလောက် သိချင်လိုု့ပါ။ ကျွန်တော်က php လေ့လာနေတာ ၁နှစ်ကျော်လောက်ရှိပါပြီ။ wordpress ကုုိကျတော့ တခါမှမလုုပ်ဖူးဘူး။ မထင်မှတ်ဘဲ ဒီကုုိရောက်လာတော့ wordpress နဲ့အလုုပ် လုုပ်ရတယ်။ ecommerce ဆုုိဒ် တခုုကုုိ wordpress နဲ့ တစ်ယောက်တည်း လုုပ်ရတော့ ကျွန်တော်လည်း ရွာလည်နေပါပြီ။ အထူးသဖြင့် wp ecommerce plugins မှာ သူ့ရဲ့ ဖုုိင် structure တွေဘယ်တည်ထားမှန်းမသိတော့ ပုုိဆုုိးတာပေါ့။

    ဥပမာ မှာ ကျွန်တော်က shipping value ကုုိ customize ပြန်လုုပ်ချင်တယ်ဆုုိယင် က ဘယ်ဖုုိင်မှာ ရှိနေမှန်းမသိတော့ ရှာရလည်းမလွယ်ပါဘူး။ နောက် wordpress forum တွေမှာလည်း ရှာတာမတွေ့ဘူူး။ အဲလုုိပြသနာတွေက နေ့တုုိင်းလိုုလုုိပါပဲ။

    ကျွန်တော်သိချင်တာက အဲလုုိပြသနာတွေအတွက် reference site တွေများရှိမလား။ ပြသနာကုုိ ဘယ်လုုိဖြေရှင်းနုုိင်မလဲ အကြံဉာဏ်များ ရှိမလားလုုိ့ သိလိုု့ပါ။ ဒီနေရာမှာ personal case လုုိမျိုးဖြစ်သွားယင်လည်း တောင်းပန်ပါတယ်။ ကြံရာမရတော့လုုိ့ပါ။

    • plugin တွေအားလုံးက wp-content/plugins/ ဆိုတဲ့ အောက်မှာ ရှိတယ်။ သူများရေးထားပြီးသား plugin ကို ပြင်ဖို့အတွက် dreamweaver လိုမျိုး search ရှိဖို့လိုတယ်။ ဒါမှ folder ထဲက file တွေအားလုံးမှာ ရှာလို့ရမှာလေ။ wp ecommerce နဲ့ ပတ်သက်ရင်တော့ http://www.instinct.co.nz/e-commerce/docs/ နဲ့ http://getshopped.org/forums/ ကိုသွားပါ။

        • သူတို့နဲ့ ဆိုင်တဲ့ forum မှာပဲ မေးပါ။ plugin တွေက ပြန်ပြင်တဲ့အခါမှာ ကိုယ့်စိတ်ကြိုက်ပြင်ရခက်တာတော့ အမှန်ပါပဲ။

          • ဟုုတ်။ တတ်နုုိင်သမျှတော့ လုုိက်လုုပ်နေပါတယ်။ ကိုုစေတန်ရဲ့ Post ကုုိ
            အရမ်း သဘောကျပါတယ်။ ဆက်လက်အားပေးနေပါတယ်။

  2. ကိုစေတန် ကျွန်တော်တို့ ဖုန်းတွေကနေ တစ်ဆင့်ဖတ်ရင်ရော အဲဒီ readabitily အတွက် zawgyi font ဒါမှမဟုတ် မြန်မာ font တွေတခုမှမရှိပဲ ပေါ်မလားဗျ… font အသေသွင်းထားတာမျိုးလားလို့ မေးချင်တာပါ…

    • စက်ထဲမှာ font ရှိမှ ပေါ်မှာပါ… ဖုန်းထဲမှာ font ရှိမှ ပေါ်မှာပါ..

      • အဲဒါဆို စကားမစပ်ဗျာ… စက်ထဲမှာဖောင့်ရှိစရာမလိုပဲနဲ့ Website မှာ font ပါရင် ဖတ်လို့ရတဲ့ နည်းပညာကို ဘာခေါ်သလဲဗျ…

  3. Your topic readability on wordpress | Saturngod was interesting.I found it on Wednesday searching for or printer.Please Keep posting on or printer.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>