8

Reply Mail

Posted February 6th, 2010 in Knowledgebase and tagged , by saturngod

ကျွန်တော့်ဆီကို ရောက်လာတဲ့ mail လေးကို ဒီမှာပဲ reply လုပ်လိုက်ပါတယ်။

မြန်မာယူနီကုတ်နဲ့ပတ်သက်ပြီးpostတွေခဏခဏတင် သတိပေးတဲ့ကိုစေတန်ကို ကျေးဇူးတင်ပါတယ်။ ဇော်ဂျီအကြောင်းကို online ပေါ်မှာရှင်းပြထားတဲ့ resource တွေရှိလို သေချာသိရပေမယ့် Unicodeအကြောင်းကတော့ မတွေ့ရသလောက်ပဲ။

ကျွန်တော်လည်းအရင်postကတည်းက message ရေးချင်နေတာပါ။Unicodeကိုကိုယ်စားပြုဖန်တီးနေ တယ်ဆိုတဲ့ အဖွဲ့အစည်းအကြောင်း သိချင်နေတာနဲ့ ရှာဖတ်နေလို့ပါ။ သူတို့ရဲ့ရည်ရွယ်ချက်လည်း ကောင်းပါတယ်။ဗမာစာကို systematically ဖြစ်အောင် သုည နဲ့ဝ ကို ခွဲခြားနိုင်အောင်၊မြန်မာသဒါနည်း အတိုင်းတည်ဆောက်ထားပုံ စသဖြင့် ကြိုးစားထားပါတယ်။ဒါပေမယ့် Unicode ကို release လုပ် တဲ့ပုံစံကိုတော့သဘောမကျဘူး။ စံတစ်ခုသတ်မှတ်ပြီး Pyramid structure လို အထက်ကနေ အောက်ကို ပြဌာန်းချက်တစ်ခုအနေနဲ့ သတ်မှတ်စေချင်တဲ့ ပုံစံပဲ။User friendly ဖြစ်အောင် မချဉ်းကပ်ဘူး ၊ Information မပေးခဲ့ဘူး။ Computer လောကမှာ Hardware or Software ဖြစ်ဖြစ် User Friendly ဖြစ် တဲ့ကောင်က အောင်မြင်တာပဲလေ။ Unicode နဲ့ Zawgyi က Official hero နဲ့ Outlaw hero ပုံစံဖြစ်နေတယ်။

ဒါနဲ့ကျွန်တော်သိချင်တာလေးရှိလို့သိရင်ဖြေပေးပါအုံး။ကျွန်တော်တို့လိုမျိုးတခြားlanguage တွေ မှာရော ဒီလိုပြသနာတွေ ရှိသလားဗျာ။ နောက်ပြီး ဇော်ဂျီကို Develop လုပ်တဲ့သူ တွေအနေနဲ့ UCS Standard Unicode ကို ချဉ်းကပ်နိုင်မဲ့ နည်းလမ်းရော မရှိနိုင်ဘူးလားဗျာ။ ဗမာစာက Computer မှာ ဖတ်မယ် ရှာမယ်ဆိုတဲ့ အဆင့်ထက်မပိုနိုင်တော့ဘူးလား။ ကျွန်တော်တို့မျက်စောင်းထိုးနိုင်ငံတွေတောင် ကိုယ်ပိုင် Language နဲ့ Win OS တွေ Unicode Standard တွေ ရနေတာကြာပေါ့။ နောက်ပြီး ဒီလိုမျိုးစိတ်ဝင်စားစရာpost တွေတင်ပေးပါဗျာ။

တခြား နိုင်ငံမှာ ဒီလို ပြဿနာ ဖြစ်လားဆိုတော့ ကိုစိုးမင်းရဲ့ blog က comment လေး တစ်ခုကို အရင်ပြပါရစေ။

ကိုစိုး .. ဂျပန် web site ​တွေမှာ ဖွန့် ဘယ်​နှမျိုးသုံးကြလဲ .. ဒီဗမာလိုပဲ ဖွန့်​တွေအများကြီး သုံးကြလား?

ဖွန့်ထက် encoding လို့​ပြောရမယ်။

သူတို့ဖွန့်​တွေက ၂မျိုးလုံး support လုပ်​တယ်​ထင်​တယ်။ ဘာလို့လဲဆို​တော့ စာလုံး​တွေ ထားထားတဲ့ ​နေရာတူပုံမရဘူး။

Japan Windows က SJIS encoding ကိုသုံးပုံရတယ်။

Web site ​တွေက utf8 များတယ်။ ၁ဝဆိုဒ်​မှာ ၆-၇ ဆိုဒ်​က utf8 ဖြစ်​မယ်​ထင်​တယ်။

ဘာလို့လဲဆို​တော့ ဿဥပမာ Flash က utf8 ကလွဲပြီး support မလုပ်​ဘူး။ နာမည်ကြီးဆိုဒ်​တွေက utf8 သုံးရတယ်။

မာ့ခ်

မျက်စောင်းထိုးနိုင်ငံဆိုလို့ ကမ္ဘောဒီးယားကိုပြောပြပါမယ်။ ခမာက 2004 လောက်မှ စပါတယ်။ မြန်မာထက် နောက်ကျတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူတို့က အကုန်လုံးကို support လုပ်ပေးပြီး information အပြည့်အဝပေးထားပါတယ်။

http://www.khmeros.info/drupal612/

http://www.cambodia.org/fonts/

သူ့မှာလည်း traditional font နဲ့ Unicode font ဆိုပြီး ၂ မျိုးရှိပါတယ်။ အများအားဖြင့် Unicode font ကိုပဲ အသုံးပြုကြတာကို တွေ့ရတယ်။ traditional font ကတော့ ဘာလဲတော့ ကျွန်တော်လည်း မစမ်းကြည့်ရသေးပါ။ နောက်ပြီး သူတို့တွေ activities တွေကိုလည်း ပုံမှန်လုပ်တာကို သူတို့ site မှာတွေ့ရတယ်။ ၂၀၀၆ နောက်ပိုင်းတော့ activities တွေ လုပ်တာ မတွေ့ရတော့ဘူး။ အဲဒီ မတိုင်ခင်တော့ တော်တော်လေးကို လုပ်ခဲ့တယ်လို့ ဆိုလို့ရပါတယ်။ နောက်ပြီး Windows, Linux, Mac အကုန်လုံးမှာ ရပါတယ်။ Mac အတွက် font လည်း သီးသန့်ထုတ်ထားပေးပါတယ်။ Myanmar Unicode ကတော့ အခုအချိန်ထိ ထုတ်ပေးနိုင်သေးတာ မတွေ့ရသေးပါဘူး။ နောက်ပြီး ခမာ email , ခမာ browser တွေပါ ဖန်တီးပေးထားတဲ့အပြင် openSUSE 11.2 fully supports Khmer ဆိုတာပါ လုပ်ထားတာကို တွေ့ရပါတယ်။ မြန်မာ Unicode ကော ဇော်ဂျီမှာပါ အဲဒီလို မရှိပါဘူး။

Mac အတွက် font ရှိပြီး rendering ရတဲ့အတွက် iPhone အတွက်လည်း အဆင်ပြေပါတယ်။ http://code.google.com/p/khmeriphone/ မှာ iPhone အတွက် ရေးထားတာရှိပါတယ်။ မြန်မာလိုလည်း အဲလို အကုန်လုံးပြောင်းလို့ရပါတယ်။ သို့သော် ကျွန်တော် စိတ်မဝင်စားပါ။ စိတ်ဝင်စားသူတွေ လေ့လာနိုင်ပါတယ်။ ကျွန်တော်အတွက် ကျွန်တော်ရိုက်လို့ရတဲ့ keyboard လောက်နဲ့ font လောက်ပဲ စိတ်ဝင်စားတယ်။ ကျွန်တော့်အတွက် Localization က သိပ်ပြီး အသုံးမဝင်လှတဲ့အတွက်ကြောင့်လည်း ပါပါတယ်။ စိတ်ဝင်စားသူတွေ khmeriphone ကို လေ့လာလို့ရပါတယ်။ သူလည်း jailbreak လုပ်ပြီး သွင်းနေရတုန်းပါပဲ။ သူတို့လည်း ၂၀၀၉ စက်တင်ဘာလ လောက်မှ ရတာပါ။

ကျွန်တော် ဇော်ဂျီ keyboard အတွက် ရှာရင်း ခမာ ဟာကို တွေ့မိတာပါ။ NLP အဖွဲ့အစည်းက လူတွေ ကျွန်တော့်ထက် ပိုပြီး အသေးစိတ်သိကြမှာပါ။ ခမာလည်း ၄ နှစ်လောက်ကြိုးစားအားထုတ်ပြီးမှ သူတို့လည်း အဆင်ပြေသွားတာပါ။ မြန်မာ Unicode ကတော့ ၇ နှစ် နီးပါးလောက်ရှိပြီလို့ထင်ပါတယ်။ မြန်မာ NLP က ၂၀၀၃ ခုနှစ် အောက်တိုဘာက စတင်ခဲ့ပါတယ်။ Unicode သမိုင်းကြောင်းကိုတော့ http://wikimyanmar.co.cc/wiki/index.php?title=%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC_%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%B9 မှာ သွားဖတ်ကြည့်နိုင်ပါတယ်။ နိုင်ငံခြားသားတွေကပဲ စတင်ခဲ့ပြီး နောက်ပိုင်းမှ မြန်မာတွေ စတင်လုပ်ဆောင်ခဲ့တာပါ။

ဇော်ဂျီဟာ နိုင်ငံတော် font မဟုတ်ပါဘူး။ နိုင်ငံတော်အနေနဲ့ NLP က ၂၀၀၃ အောက်တိုဘာက ကျပ် သိန်း ၅၀ နဲ့ စတင်ဖွဲ့စည်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း supporting တွေ ပေးနေတယ်လို့ သိရပါတယ်။ supporting ဘယ်လောက်ပဲ ပေးတယ်ဆိုတာကတော့ ကျွန်တော်လည်း မသိပါ။

ဇော်ဂျီအနေနဲ့ Unicode Standard အနေနဲ့ သတ်မှတ်စရာ အကြောင်းတော့ မရှိပါ။ အများသုံးဖြစ်တဲ့အတွက်ကြောင့် စီးပွားရေးအရ ပါလာနိုင်စရာပဲရှိပါတယ်။ သို့သော် စီးပွားရေးအရဆိုသော် မြန်မာနိုင်ငံတွင် Windows တရားဝင်သုံးစွဲမှု Computer သုံးစွဲမှုမှာ စီးပွားရေးအတွက် မက်လောက်စရာမရှိပါ။ ဇော်ဂျီအနေနဲ့ ကိုယ်ပိုင် Localization Linux သာ ဖန်တီးနိုင်ပါတယ်။ သို့သော် Font Code Point ordering ကြောင့် sorting မမှန်နိုင်ပါ။ လက်ရှိ Unicode 5.2 က sorting မမှန်ဘူးဆိုသော်လည်း အများကြီး မမှားပါ။

မြန်မာစာကို ရေးမယ်။ ဖတ်မယ်။ ရှာမယ် အဆင့်အပြင် အခြား အဆင့်တွေက

၁။ စာလုံးစီမယ်။

၂။ ဘာသာပြန်မယ်။

၃။ လက်နဲ့ရေးတာ သိမယ်။

၎။ အသံနဲ့ ပြောတာ သိမယ်။

၃ အချက်နဲ့ ၄ အချက်ကတော့ font နဲ့ မသက်ဆိုင်ဘူးလို့ ဆိုလို့ရမယ်။ အဲလိုပဲ ဘာသာပြန်တာကလည်း font နဲ့ အပြည့်အဝ မသက်ဆိုင်ပြန်ဘူး။ စာလုံး sorting ကတော့ default code point order နဲ့ စီတာ ပိုများပါတယ်။ အဲဒီမှာ ဇော်ဂျီကတော့ unicode လို မမှန်ပါ။ ဥပမာ။ က ခ ကေ လို့ ဇော်ဂျီက စီပေမယ့် unicode ကတော့ က ကေ ခ လို့ စီပါတယ်။ အဲဒါက storing order ကြောင့်ပါ။

ကျွန်တော်လည်း သိသလောက် မှတ်သလောက်လေး ပြန်ဖြေပေးတာပါ။ အချို့ အချက်အလက်တွေက အနည်းငယ်မှားယွင်းနိုင်ပါတယ်။ online မှာ ရေးထားတဲ့ blog တွေမှာ ရှာဖွေနိုင်ပါတယ်။

ကိုးကား

——

http://www.khmeros.info

http://www.cambodia.org/fonts/?q=early_fonts

http://www.cambodia.org/fonts/

http://wikimyanmar.co.cc/wiki/index.php?title=Myanmar_Unicode_and_NLP_Research_Centre

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC_%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%B9

http://code.google.com/p/khmeriphone/

1 person likes this post.

8 Responses so far.

  1. kom says:

    လာဖတ်သွားတယ်။

    [Reply]

    saturngod Reply:

    ဟုတ် ကျေးဇူးတင်ပါတယ်။

    [Reply]

  2. စိုင်းညီဖြိုး says:

    ကိုစေတန်သိပီးပီလားတော့မသိဘူး
    nokia မှာ မြန်မာဖွန့် တော်တော်အဆင်ပြေသွားပီနော်၊ အောက်ကပို့စ်မှာ တွေ့လိုက်ရတာလေးပါ..
    http://symbianapplications.info/font-how-to-install-myanmar-font/

    တော်တော်မိုက်မယ်ထင်တာပဲ.. ကျတော်တော့ အကိုတစ်ယောက်ရဲ့ n95 မှာသွင်းတာ update error လို့ပြနေတယ်၊ ဘာမှန်းတော့မသိသေးဘူး၊ သူ့ font ကိုဖြည်ပီးတော့တော့ စမ်းကြည့်နေတယ်
    -ဘာရယ်တော့မဟုတ်ပါဘူး၊ သတင်းကောင်းတစ်ခုတွေ့လို့ အကို့ကို ပြကြည့်တာပါ..

    [Reply]

  3. စိုင်းညီဖြိုး says:

    http://symbianapplications.info/en/font-how-to-install-myanmar-font/

    5800 မရှိတာနဲ့ မစမ်းကြည့်ရသေးဘူး၊ သူလုပ်ထားတာတော့ မိုက်ပုံရတယ်
    n95 နဲ့ n85 မှာ သွင်းတော့ update error တဲ့၊

    [Reply]

  4. Yangonese says:

    ဒီလိုပို့စ်မျိုးတွေ တကယ်လိုအပ်နေပါတယ် … ကျေးဇူးပါဗျာ

    [Reply]

  5. Zawgyi font နဲ့  Unicode font အကြောင်းရှင်းပြထားတာ အရမ်း ကောင်းပါတယ်။
    ကိုစေတန် အနေနဲ့  ဘယ်လက်ကွက် ကို ပိုကြိုက်(ပိုသုံး)လဲ မသိဘူး။
    ကျနော် ကတော့ အင်တာနက် ဆိုင်က လာသုံးတော့ Zawgyi-one font ပဲ အသုံးများပါတယ်။ အဲဒါကြောင့်လဲ ကျနော်မှာ font စွဲလေးတော့ နည်းနည်း ရှိတယ်။

    [Reply]

    saturngod Reply:

    အခုတော့ ဇော်ဂျီသုံးပါတယ်။ ဇော်ဂျီ ၂၀၀၈ သုံးပါတယ်။ ၂၀၀၉ သုံးချင်ပေမယ့် mac မှာ အဆင်မပြေလို့ပါ။

    [Reply]

  6. AyeCho says:

    ဒီပြန်စာလေး ဖတ်လိုက်ရတာ ကျေးဇူးတင်ပါတယ်ဗျာ
    ဒီထက်ပိုပီးတော့လဲ ယူနီကုတ်နဲ့ ဇော်င်္ဂျီရဲ့အကြောင်း တွေ သိချင်ပါသေးတယ်
    ….

    [Reply]

Leave a Reply