Sencha Touch

အခုတလော နာမည်ကြီးနေတဲ့ Sencha Touch ကို စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လို့ အခုစမ်းကြည့်လိုက်တယ်။ တော်တော်မိုက်တာပဲဗျ။ ကိုယ့်မှာ iPad မရှိတော့ iPad view ဘယ်လိုပေါ်လဲဆိုတာကို Simulator နဲ့ပဲကြည့်နေရတယ်။ iPad Simulator က သေးသေးလေး။ Sencha ဆိုတာက ဂျပန် လက်ဖက်စိမ်း လို့ ခေါ်တယ်ထင်တယ်။ သူက jQTouch ထက်သာတာက အများကြီးပဲ။ iPad အတွက်နဲ့ iPhone အတွက် design ကို page တစ်ခုတည်းနဲ့ ဖြစ်အောင် လုပ်လို့ရတာလေးတော့ သဘောကျတယ်။ Code တွေကတော့ weekend မှပဲ လေ့လာတော့မယ်။ အခုတလော လုပ်ချင်တာတွေ အရမ်းများနေတယ်။ အလုပ်မှာလည်း မအားတာနဲ့ တခြားဘာမှ မလုပ်ဖြစ်ဘူး။ အားရင်တော့ ဆံချာ ဆိုတဲ့ဟာလေးနဲ့ Ornagai ကို ပြန်ပြင်မလား စဉ်းစားနေတယ်။


jQTouch က graphic ကော speech ကော နှေးတယ်။ Senchan က ပိုမြန်သလိုပဲ။ ဒါကြောင့် ပြန်ပြင်ဖို့ စဉ်းစားနေတာ။ စမ်းချင်တယ်ဆိုရင် အောက်က link မှာ download ချပြီး စမ်းလို့ရပါတယ်။ iPhone view နဲ့ iPad View တို့ကို Safari နဲ့ ကြည့်ုလို့ရပါတယ်။ Developer Menu လေး on ထားလိုက်ပြီး User Agent မှာ iPhone, iPad စတာတွေ ပြောင်းလို့ရတယ်။ Developer Menu ကို Preference က Advance အောက်မှာ Show Developer Menu ဆိုတဲ့ checkbox လေးကို check လုပ်ပေးလိုက်ရင်ရပြီ။

http://www.sencha.com/products/touch/

Sencha က လူတွေက .NET သမားတွေလားလို့တောင် စဉ်းစားမိလေရဲ့။ ဘာလို့လည်းဆိုတော့ Doc ကြောင့်ပါ။ http://www.sencha.com/deploy/touch/docs/ ကြည့်ရတာ .NET က MSDN Library လိုလိုပါပဲ။ နောက်ပြီး သုံးထားတဲ့ icon တွေက .NET က icon တွေနဲ့ တော်တော်တူတာကြောင့်ပါ။

One thought on “Sencha Touch

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>