Snippets

snippets ဆိုတာက code အတိုအထွာလေးတွေကိုပြောတာပေါ့။ တစ်ခါတစ်လေ code သေးသေးလေးတွေ ကျွန်တော်တို့တွေ တွေ့ထားတာလေးတွေ ရှိတယ်။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ရေးဖြစ်တာလေးတွေ ရှိတတ်တယ်။ ဥပမာ။ jquery 1.4 အသစ်ထွက်တာလေးတွေ code လေးတွေ example လေးတွေနဲ့ ပြထားတယ်။ အဲလိုမျိုးလေးတွေက snippets လေးတွေပေါ့။ code အများကြီး မဟုတ်ဘူး။ သေးသေးလေးလေးတွေ။ Twitter နဲ့ PHP သုံးနည်း code လေးလိုမျိုးတွေပေါ့။ class တစ်ခုလုံးလည်း မဟုတ်သလို စာကြောင်းကလည်း ၁၀ ကြောင်းတောင် မပြည့်တဲ့ code လေးတွေပေါ့။ အဲဒီလိုမျိုး code တွေကို သိမ်းဖို့အတွက် Snippets Management တွေ ရှိလာပါတယ်။ နောက်ပြီး သူများရေးထားတဲ့ snippets လေးတွေ သူတို့မှတ်ထားတဲ့ snippets လေးတွေက တော်တော်အသုံးဝင်တာလေးတွေလည်း ရှိတယ်။ ဥပမာ။။ twitter အတွက် php နဲ့ ချိတ်ရေးတာကို google မှာရှာမယ့်အစား snippet site တစ်ခုမှာ ရှာလိုက်တာက ပိုအဆင်ပြေပြီး လိုချင်တာ တန်းထွက်တာမျိုးတွေရှိပါတယ်။

Windows မှာကတော့ အများကြီးရှိတယ်။ နာမည်ကြီးတာကတော့ Snip-It Pro ဆိုတာရှိပါတယ်။ သူကတော့ free တော့မဟုတ်ဘူး။ free ရတဲ့ ဟာလေးတွေက Air နဲ့ရေးထားတဲ့ Snippely ရှိတယ်။သူ့အကြောင်းကိုတော့ ဒီမှာ ရေးဘူးတယ်။ Windows မှာဆိုရင် codex လည်း free ရတယ်။ နောက်ပြီးတော့ Mac မှာဆိုရင်တော့ Snippetsapp ရှိတယ်။ version 1 မရောက်ခင်ထိတော့ free ပါ။ ဒါတွေက offline သုံးဖို့ပေါ့။ Snippets Program တွေအကြောင်းကို StackOverflow မှာ ပြောထားတာတွေလည်းရှိပါတယ်။

Cloud ထဲမှာဆိုရင်တော့ Evernote မှာ ရေးမှတ်တာ အကောင်းဆုံးပဲ။ offline လည်းရတယ်။ နောက်ပြီး Tag လေးတွေလေး မှတ်ထားလို့ရတယ်။ အဲ.. သူ့မှာကတော့ syntax highlighting တော့ မရဘူးပေါ့။ နောက်ပြီး online မှာဆိုရင်တော့

စတာတွေ ရှိပါတယ်။ အခြား site တွေလည်း ရှိအုံးမှာပါ။ ကျွန်တော်ကတော့ snipplr ကိုပဲ သုံးတယ်။ wordpress အတွက် plugin ရှိသလို snippet တွေကိုလည်း blog ထဲမှာ embed ထည့်လို့ရတာကြောင့်ပါ။ နောက်ပြီးတော့ အဲမှာက search လုပ်ရတာ gist ထက်စာရင် အများကြီးကောင်းတယ်။ code တွေလည်း တော်တော်စုံတာကြောင့်ပါမယ်။ အောက်မှာ ကျွန်တော် example အနေနဲ့ထည့်ပြထားပါတယ်။

WordPress plugin ကို သုံးထားတာ။
[snippet=29415]

မူရင်း embed code ကို သုံးထားတာ။

ကျွန်တော်တို့တွေက code အသစ်တွေ အားလုံးကို ခေါင်းထဲမှာ မမှတ်ထားနိုင်ဘူး။ အဲလိုမျိုး တစ်နေရာတည်းမှာ သိမ်းထားမှသာ တော်တော်လေးကို အဆင်ပြေသွားတာ။ နောက်မို့ဆို မေ့သွားရင် google မှာ ပြန်ရှာရပြန်ကော။ အခုတော့ ကိုယ့် snippet manager မှာ ပြန်ရှာလိုက်ရုံပဲဆိုတော့ အများကြီးအဆင်ပြေပါတယ်။

2 thoughts on “Snippets

  1. မောင်လေး…

    ဗေဒင် မဟောတော့ဘူးလား။ စာလုံးဗေဒင်က စာအုပ်နဲ့လား။ ဘယ်လို ဟောတာလဲ။

    • စာလုံးဗေဒင်က ကျွန်တော် ကိုယ်ပိုင် နည်းပါ။ အားတဲ့နေ့ စာအုပ်လေးရေးပါအုံးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>