Starting Linux…

လူတွေက Linux ဆိုတာကိုပဲ သိကြတယ်။ ဒါပေမယ့် Ubuntu လို့ပြောလိုက်ရင် ဘာမှ မသိကြဘူး။ အဲလိုပဲ Mandriva , Fedora စတာတွေပြောလည်း မသိကြပါဘူး။ Ubuntu က Linux လို့ရှင်းလိုက်ရင် Fedora က အခြား OS ကြီးလား ဖြစ်သွားကြပြန်ကော။ အမှန်တိုင်းဆိုရင်တော့ Ubuntu, Fedora, Mandriva စတာတွေက distro တွေပါ။ Linux kernel ကို အသုံးပြုထားတဲ့ distro တွေပေါ့။ ဒါဆို ဘာလို့ distro ဒီလောက် အများကြီးဖြစ်နေရတာလဲ။ ဘယ် distro ကို သုံးသင့်လဲ။ ဘာကြောင့် အဲဒီ distro ကိုသုံးရလဲ။ မေးခွန်းတွေက အများကြီးပဲဗျ။ Linux ကို လေ့လာမယ်လို့ ကြွေးကြော်လိုက်တာနဲ့ များပြားလှတဲ့ distro တွေထဲမှာ ဘယ် distro ကိုလေ့လာရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ Linux ကို လေ့လာမယ်လူတွေအနေနဲ့ distro တစ်ုခကို ရွေးချယ်ရတော့မယ်။ အဲလိုရွေးချယ်မယ်ဆိုရင်
၁။ သင့် skill level
၂။ အသုံးပြုမယ့် ရည်ရွယ်ချက်
၃။ package management system
စတာတွေကို ကြည့်ပြီး ရွေးချယ်ရတာပေါ့။

သင့် skill level

Linux Distro တွေအကုန်လုံးဟာ skill level တစ်ခုထဲအတွက် ထုတ်ထားတာမဟုတ်ပါဘူး။ linux ကိုနည်းနည်း သုံးဖူးတဲ့လူတွေ ရှိတယ်။ ကြာကြာသုံးဖူးတဲ့လူတွေရှိတယ်။ အမြဲ သုံးနေတဲ့လူတွေရှိတယ်။ အဲလိုကွဲပြားခြားနားကြတဲ့အတွက် သင်ဟာ Linux ကို ဘယ်လောက်ထိ ရင်းနှီးကျွမ်းဝင်လဲပေါ်မှာ မူတည်ပြီးတော့ distro ကိုရွေးချယ်ရပါမယ်။ စသုံးတဲ့ လူတွေအတွက် Ubuntu က ပြုလုပ်ထားပါတယ်။ အခုမှ စသုံးမယ့်လူတွေကတော့ Ubuntu ကို စသုံးဖို့အသင့်တော်ဆုံးပဲ။ အခြား distro တွေဖြစ်တဲ့ Gentoo သို့မဟုတ် Slackware စတာတွေက Ubuntu နဲ့ ယှဉ်လိုက်ရင် သုံးရတာ နည်းနည်းပိုခက်တယ်။ Ubuntu က အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်ပြီး user control ပိုင်းတွေ user supporting ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ advanced user တွေကတော့ ကိုယ့်နည်းလမ်းနဲ့ ကိုယ်ချဲ့ထွင်ပြီး သုံးချင်ကြတယ်။

အရမ်းလွယ်ကူပြီး အဆင့်ဆင့် သွားနေရတာတွေကို မကြိုက်တာတွေရှိတတ်ပါတယ်။ Linux နဲ့ ရင်းနှီးကျွမး်ဝင်ပြီးသားလူတွေ အနေနဲ့မို့သာ Ubuntu ကို ရွေးချယ်ကြမှာပါ။ စသုံးတဲ့ user အနေနဲ့ ဘာမှန်းမသိပဲ ရွေးချယ်တဲ့အခါ Gentoo ကိုသုံးရင် ပိုကြိုက်ကောင်းကြိုက်သွားမှာပါ။ တနည်းပြောရင် အသုံးပြုလာတာ ကြာလာတာနဲ့အမျှ Linux ကို ရင်းနှီးကျွမ်းဝင်လာမှာပါ။ ဒါကြောင့် distro ကို ရွေးချယ်ရမှာ Linux နဲ့ ဘယ်လောက်ရင်းနှီးဘူးလဲပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်ကြတာပဲ။ Windows သုံးရတာ familiar ဖြစ်နေပြီ ဆိုတဲ့သူတွေကတော့ Mandriva ကိုစမ်းသုံးကြည့်ုလို့ရတယ်။ mandriva ဟာ windows user တွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်ထားတာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် Linux ကို စသုံးပြီဆိုတာနဲ့ ထူးခြားတဲ့အတွေ့အကြုံတွေရသွားမှာပါ။ သုံးရင်းကနေ အမြဲ ဆက်သုံးဖြစ်သွားရင် သင့်ကိုယ်သင် expert တစ်ယောက်လို့ ထင်ကောင်းထင်လာလိမ့်မယ်။ ဒါကြောင့် Linux ကို စမ်းသုံးကြည့်တာတော့ မမှားဘူးပေါ့။

အသုံးပြုမယ့် ရည်ရွယ်ချက်

Linux ကို ကျွန်တော်တို့တွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုကြတယ်။ အသုံးပြုတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး distro တွေလည်း ကွဲပြားကုန်တယ်။ Mandriva , OpenSuse, Ubuntu စတဲ့ distro အချို့ဟာ Desktop တွေအတွက် ရည်ရွယ်ပြီး ပြင်ဆင်ပြီး ထုတ်လုပ်ထားကြတယ်။ အခြား distro တွေကတော့ ( Cents OS လိုမျိုးပေါ့ ) server တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ကြတယ်။ အနည်းငယ်တော့ distro ( Debian လိုမျိုး ) distro တွေကတော့ user တွေ configure လုပ်တဲ့ပေါ်မှာမူတည်ပြီးတော့ အားလုံးနဲ့ အဆင်ပြေအောင် ထုတ်လုပ်ကြတယ်။

Desktop-orient နဲ့ server-orient distro တွေက အရေးတော့မကြီးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သင်ကိုယ်တိုင် လိုအပ်တဲ့ function တွေကို LINUX မှာ ထည့်သွင်းနိုင်လို့ပါ။ ဒါပေမယ့် အဲဒီလိုမျိုးထည့်သွင်းဖို့က သာမာန် user တစ်ယောက်အနေနဲ့တော့ သိပ်တော့လွယ်လှတာမဟုတ်ဘူးဗျ။ အချို့တွေကလည်း server ကော desktop ကော နှစ်ခုလုံး ကို ထည့်သွင်းပြီး အသုံးပြုကြတာတွေလည်း ရှိကြတယ်။

Distro အများစုကတော့ graphic driver တွေကို သိပ်မသိကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေအနေနဲ့ online ရှိတာနဲ့ အလွယ်တကူသွင်းလို့ရတယ်လေ။ server version တွေဆိုရင်တော့ GUI ပိုင်းက သိပ်မလိုဘူးပေါ့။ အများအားဖြင့် server version အတွက်ဆိုရင် command mode နဲ့လာကြတာတွေလည်း ရှိကြတယ်။

တကယ်လို့ သင်က server version အတွက်ဆိုရင်တော့ Cents , Debian ,SME Server စတဲ့တစ်ခုခုကို ရွေးလို့ရတယ်။ Desktop ပိုင်းပဲဆိုရင်တော့ OpenSuse, Ubuntu, Feodra, Mandriva စတာတွေ ရွေးလို့ရတယ်။ တကယ်လို့ သင်က hybrid သုံးချင်ရင်တော့ Package Manager တွေကနေ တဆင့် သွင်းရတော့မှာပေါ့။

Package management

ကျွန်တော်တို့တွေ windows မှာဆိုရင်တော့ setup.exe နဲ့သွင်းရတယ်လေ။ ဒါပေမယ့် Linux မှာတော့ package တွေနဲ့ သွင်းရတာဖြစ်သွားပြီ။ package တွေကို လွယ်လွယ်ကူကူသွင်းလို့ရအောင် package manager တွေက ကူညီပေးတယ်။ Package တွေကလည်း distro တွေပေါ်မှာ မူတည်ပြီး ကွဲပြားကြတယ်။

အရင်ကဆို package တွေကို သွင်းရတာ မလွယ်ကူပါဘူး။ နောက်ပိုင်းမှာတော့ package manager တွေပေါ်လာတဲ့အတွက် သွင်းရတာတွေ ပြန်ဖြုတ်ရတာတွေ လွယ်ကူလာပါတယ်။

Package management with Mandriva (urpmi)
Distro တွေပေါ်မှာမူတည်ပြီး package တွေကလည်း ကွာသွားတယ်။ အဲဒီအတွက်လည်း သွင်းရအောင် လွယ်ကူအောင် distro တွေက သူတို့ရဲ့ package manager တွေကို ထည့်သွင်းပေးထားတယ်။ package အမျိုးအစားတွေကတော့



Tool Name Used By
Advanced Packaging Tool (apt-get) Debian, Ubuntu (and its variants), gOS, Linux Mint, Sidux, Knoppix
YUM Fedora, CentOS/Red Hat Enterprise Linux
Yast OpenSUSE
Portage Gentoo
Urpmi Mandriva

Linux ဟာ windows မှာလို အခွေတွေဝယ်နေစရာမလိုဘူး။ software တွေအများကြီး free ရနေပါတယ်။ package manager ကနေ အသင့်ရွေးပြီး သွင်းရုံပဲ။ လွယ်လည်းလွယ်တယ်။ crack လုပ်စရာတွေ မလိုဘူး။ ငွေလည်းမကုန်ဘူး။ ဒါပေမယ့် internet တော့ရှိဖို့လိုပါတယ်။

6 thoughts on “Starting Linux…

  1. အကို red hat က editing အတွက်အဆင်ပြေလား မသိလို့ပါ(ဘာမှမသိတာပါ) နောက်linux တွေအတွက် ဘယ်ဟာ editing အကောင်းဆုံးဖြစ်လဲ (Mac မပါပေါ့။)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>