taggify

ကျွန်တော် ပြီးခဲ့တဲ့ post က လုပ်ခဲ့သလို လုပ်ထားတာကတော့ taggify အကူအညီနဲ့ပါ။ သူက ဘာတွေ လုပ်ပေးလဲဆိုတော့ ကိုယ့် website မှာ ပုံတွေပါခဲ့ရင် အဲဒီ ပုံလေးတွေကို တစ်ခါတည်း ပြုပြင်သွားပေးပါတယ်။ သူ့ site မှာ သွားပြင်စရာမလိုပဲ ကိုယ့် site မှာ ပြင်လိုက်ရုံပဲပေါ့။

taggify ကိုသုံးမယ်ဆိုရင် လုပ်ရမယ့်အဆင့်တွေက

၁. www.taggify.net တွင် Register လုပ်ပါ။

၂. အဲဒီမှာ ကိုယ့်စိတ်ကြိုက် အရောင်လေးတွေ ရွေးလိုက်။ ပြီးရင် Generate လုပ်လိုက်ရင် HTML code လေးရမယ်။

၃. အဲဒီ code လေးကို wordpress မှာဆိုရင်တော့ Desgin အောက်က Theme Editor ကိုသွားပါ။

၄. Main Index Template (index.php) မှာ အောက်ဆုံးနားက <?php get_sidebar(); ?> အပေါ်မှာ ရလာတဲ့ code လေးကို copy ကူးပြီး paste လုပ်လိုက်ပါ။

၅.  Taggify Editor bookmarklet အခု taggify editor bookmarklet ဆိုတဲ့ link လေးကို right click နှိပ်။ Firefox မှာဆိုရင်တော့ bookmark this link ပေါ့။ IE မှာဆိုရင်တော့ Add To favourit နဲ့တူတယ်။ ကိုယ့်ရဲ့ bookmark ထဲမှာ ထည့်ခိုင်းတာပါ။

၆. ပြီးရင် ကိုယ့် site ကိုသွား။ bookmark ကနေ ခုနကလုပ်ထားတဲ့ book mark လေးကို ပြန်ခေါ်။ ဒါဆိုရင်  box လေးတက်လာမယ်။ taggify.net မှာ လုပ်ထားတဲ့ user name နဲ့ pwd နဲ့ login ဝင်လိုက်ပါ။

၇. ကိုယ့် စိတ်ကြိုက် picture ကို ရွေးပြီး darge ဆွဲလိုက်။ လေးထောင့်လေးတက်လာမယ်။ ပြီးရင် စာရိုက်ဖို့တွေ ပါလာလိမ့်မယ်။ 

၈. ပြီးရင် save သွင်းလိုက်ရုံပါပဲ။

4 thoughts on “taggify

  1. အစ်ကို ခင်ဗျာ …ကျွန်တော်လုပ်ကြည့်တော့ အကုန်ရတယ်ဗျ …ဒါပေမယ့် နောက်ဆုံး အဆင့် ကိုယ့်ဓတ်ပုံကို ထည့်ဖို့ ပြင်ဖို့ Bookmark ကနေ မှတ်ထားတဲ့ဟာလေးကို ယူလိုက်တော့ Username & password တောင်းတယ်ဗျ …အဲဒီအခါ ကျွန်တော် လုပ်လာတဲ့ အကောင့်ကို အမှန်ထည့်တာပဲ ….ဒါပေမယ့် Invilid username & password ဖြစ်နေတယ်ဗျ …အကောင့်လုပ်တာလဲ ၅ ခုလောက်ရှိပြီ …အဲဒီလိုပဲ ဖြစ်နေတုန်း …ဘာများလုပ်တာမှားနေလဲ မသိဘူးဗျ …အဲဒါလေး ကူညီပေးပါဦး ခင်ဗျာ …

    ကျေးဇူးတင်စွာဖြင့်…..

  2. နောက်ရက်မှ ပြန်စမ်းကြည့်လိုက်။ သူက နည်းနည်းကြာတယ်။ register လုပ်တာ ကျွန်တော့် တုန်းကလည်း ချက်ခြင်းမရဘူး။ ၁ ရက်လောက်ကြာတယ်ဗျ။

  3. ကျွန်တော်လည်း wordpress ကိုသုံးနေပါတယ်…။ ဒါပေမယ့် mmwordpress.com က Instruction တွေကို လိုက်လုပ်ကြည့်တာ ဘယ်လိုမှ လုပ်လို့မရဘူးဖြစ်နေတယ်…ခု အစ်ကိုပြောတဲ့ taggify ကို ကြိုက်လို့ လိုက်လုပ်ကြည့်မလို့ ပြင်တော့လည်း ဘာမှားနေလည်းမသိဘူး..ဘယ်လိုမှလုပ်လိုမရဘူးဖြစ်နေတယ်ဗျာ… ကျွန်တော့် blog http://www.kaungkimpyar.wordpress.com ကို တချက်လောက် check ပေးပါလားခင်ဗျာ..နောက်ပြီး ကျွန်တော် email က kaungkimpyar(at) gmail.com ပါခင်ဗျာ… ကျွန်တော့်ကို ကူညီပါဗျာ

  4. သူပေးတဲ့ code ကို Design > Theme Editor > Main Index Template (index.php) ထဲမှာသွားထည့်ရတယ်လေ… ပြီးရင် နောက်ထပ် bookmakr script ကိုတော့ bookmark လုပ်ရတယ်။ ကျွန်တော် အပေါ်မှာ ပြောထားတာကိုတွေ့မှာပါ။ register လုပ်ပြီး ၁ရက်လောက်တော့ စောင့်ရတယ်ဗျ။ ချက်ခြငး်တော့ မရဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>