Unicode ဘယ်လိုသုံး

Unicode မြင်ဖို့ကတော့ Font ရှိဖို့ပဲလိုပါတယ်။ Font ရှိရင် မြင်ရပြီ။ ဒါဆိုရင် ဘာ ဖောင့်တွေ ရှိသလဲ ဆိုတာ ကြည့်ရအောင်။

စာဖတ်ဖို့

လက်ရှိ Unicode Font တွေကတော့ ဒီမှာ သွားဖတ်လိုက်ပါ။

ကျွန်တော့် blog sidebar မှာလည်း Font Link ထည့်ထားပေးပါတယ်။

Mac အတွက်ကတော့ ရှင်းတယ်။ ဒီ package ကို Install လုပ်လိုက်ရင်ရပါပြီ။ သို့ပေမယ့် OS X 10.6 တော့ လိုတယ်။ Font ပဲ လိုချင်တယ်ဆိုရင်တော့ ဒါကို download ချလိုက်ပါ။

စာရိုက်ဖို့

Keyboard ကတော့ ဒီမှာ ဖတ်လိုက်ပါ။ ပြဿနာ တစ်ခုကတော့ အဲဒါ သွင်းလိုက်ရင် လက်ရှိ ဇော်ဂျီ keyboard သုံးမရတာပဲ။ NHM writer အတွက် keyboard ကတော့ လက်ရှိ zawgyi keyboard နဲ့ တူအောင် ကိုရာဗီ ပြန်ရေးထားတာပါ။ ဒါမှမဟုတ် အက္ခရာ keyboard ကို သုံးပါ။ ရိုက်ရတာကတော့ ဇော်ဂျီနဲ့ မတူဘူး။ သူ့ကို သုံးမယ်ဆိုရင်တော့ 64 bit လား 32 bit လား ဆိုတာ သိဖို့တော့လိုပါတယ်။

Mac အတွက်ကတော့ keymagic ကို အသုံးပြုပါတယ်။ တော်တော်လည်း အဆင်ပြေပါတယ်။

အခြား

Unicode ကော ဇော်ဂျီကော မြင်ချင်ရင်တော့ Parallel Universe ကို သုံးပါ။ Chrome Extension ပါ။ ဇော်ဂျီတွေကိုပါ unicode ပြောင်းပြီး မြင်ချင်ရင်တော့ One Universe သုံးပါ။ Facebook မှာ စာလုံး မမြင်ရရင် one universe ကို ဖြစ်ဖြစ် Parallel universe ကို ဖြစ်ဖြစ် နှိပ်လိုက်ရင် မြင်ရသွားပါလိမ့်မယ်။

WordPress အတွက်ကတော့ MMUnicode Embed ကို သုံးနိုင်သလို combo box လည်းသုံးနိုင်တယ်။ MMUnicode Embed က comment ကို ကြိုက်တာနဲ့ ရိုက် unicode ပြောင်းသိမ်းပေးတယ်။ font ပဲသွင်းထားတယ်။ keyboard မရှိဘူး။ ဇော်ဂျီပဲ ရှိတယ်ဆိုလည်း ဖြစ်တယ်။ ဇော်ဂျီနဲ့သာ ရိုက်ခဲ့လိုက် သူ့အလိုလို unicode ပြောင်းပေးသွားမှာပါ။ 1.2.2 မှာတော့ jquery conflict တွေရှိသေးတယ်။ wordpress blog တွေက plugin တွေ များလာတာနဲ့ jquery library ခေါ်တာတွေလည်း အရမ်းများလာတယ်။ အဲဒီအတွက် Admin panel ရေးရအုံးမယ်။ သောကြာနေ့ ညမှပဲ ရေးပေးတော့မယ်။

ကျွန်တော် font embed javascript ကို တင်ပေးပါ့မယ်။ အဲဒီ javascript ကို သုံးလိုက်ရင် ဘာမှ ထပ်ဖြည့်စရာမလိုဘူး။ သူ့အလိုလို embed လုပ်သွားမယ်။ လက်ရှိ blogspot သုံးနေတဲ့သူတွေလည်း javascript လေး ဖြည့်လိုက်ရုံပဲ။ အဆင်မပြေတာရှိရင် ပြောပါ။


53 thoughts on “Unicode ဘယ်လိုသုံး

  1. တော်တော်လေးကြိုးစားပြီးတော့ ရိုက်ရလိမ့်မယ်ထင်တယ်။ ဒါကိုတောင် NHM နဲ့ရိုက်လို့အဆင်ပြေနေတာ. ဒိအတိုင်းတော့ တော်တော်လေးရိုက်ရခက်လိမ့်မယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>